စကြာဝဋ္ဌာကြီးသည် ခန့် မှန်းထားသည်ထက် စောလျှင်စွာ ပျက်စီးနိုင်ဖွယ်ရှိ

သမန်းကျား၊ ရတနာပုံနေ့ စဉ်

ရူပဗေဒ ပညာရှင်များသည် စကြာဝဋ္ဌာကြီးပြန့် ကား ထွက်မှု ရပ်ဆိုင်းသွားပြီး အတွင်းထဲသို့ ပြန်လည် ကျုံ့ ဝင်လာမည့် နေ့ ရက်ကို တွက်ချက်လျက်ရှိရာ လာမည့် နှစ်ပေါင်း ဘီလီယံပေါင်းများစွာ အကြာ တွင် စကြာဝဋ္ဌာကြီးက အတွင်းထဲ သို့ ပေါက်ကွဲ ပျက်စီးသွားမည်ဖြစ်ပြီး မူလကခန့် မှန်းထားသည် ထက် လည်း စောနိုင်ကြောင်း ထုတ်ပြန်ကြေညာသည်။

လူသားစံချိန် စံညွှန်းအရ နှစ်ပေါင်း ဘီလီယံပေါင်း များစွာဟူသည်မှာ ရှည်လျား လွန်းလှသော်လည်း နက္ခတ် တာရာ အချိန်စကေးအရမူ စကြာဝဋ္ဌာကြီး ပျက်စီးသွားမည့် အချိန်သည် ရုတ်တရက်ဆို သလို ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း၊ ရူပ ဗေဒပညာရှင်များ ရှာဖွေနေသော စွမ်းအင်နက်ကြီးသည် စကြာဝဋ္ဌာ ပျက်စီးစေမည့် အစပင်ဖြစ်ပါကြောင်း၊ လူသားတို့  အနေဖြင့် ယင်းဖြစ်စဉ်ကို မည်သို့ မှကြားဝင် ဟန့်  တားခြင်းပြုနိုင်မည် မဟုတ်ကြောင်း၊ စကြာဝဋ္ဌာကြီး အမှန်တစ်ကယ် အဆုံး သတ်မည့်နေ့ ကို တွက်ချက်နေ ဆဲဖြစ်ကြောင်း ယူကေနိုင်ငံ၊ နော်တင်ဟမ်တက္ကသိုလ်မှ ပရော်ဖက်ဆာ အန်တိုနီယိုပယ်ဒီလာ က ပြောပြ သည်။

စကြာဝဋ္ဌာဟာ အစဉ်သဖြင့် ကျယ်လာနေပါတယ်။ ဒါပေမယ့် အခု သူကျယ်ပြန့် နေတဲ့နှူန်းက သိပ်ကိုမြန်နေ ပါ တယ်။ တစ်နေ့ နေ့ မှာ ကျယ်ပြန့် မှုရဲ့ အဆုံးကိုရောက်သွား ပါလိမ့်မယ်။ စက္ကူချပ်အကြီးကြီး တစ်ချပ်ကို စားပွဲပေါ် ဖြန့် ချလိုက်တဲ့ အတိုင်းပဲ အဆုံးကိုရောက်သွားရင် အတွင်းကိုပြန်လှိမ့်လာမှာပါ။ အဲဒီအချိန်မှာ စကြာဝဋ္ဌာကြီးထဲက ဂြိုလ်တွေဟာ ဘယ်လိုမှ ရပ်တည်နိုင်တော့မှာ မဟုတ်ဘဲ တစ်ခုနဲ့ တစ်ခု တိုက်မိပေါက် ကွဲပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စကြာဝဋ္ဌာကျယ်ပြန့် မှုနှူန်းဟာ ဘာဖြစ်လို့ မြန်လာတာလဲ ဆိုတာ ကိုတော့ ကျွန်တော်တို့  အဖြေရှာနေဆဲ ပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းဟာ ရူပဗေဒလောကမှာကို အခက်ခဲ အနက်နဲဆုံး မေးခွန်းဖြစ်နေပါတယ်ဟု အန်တိုနီယို က ပြောပြသည်။

၁၉၁၇ခုနှစ်က သိပ္ပံပညာရှင်များသည် စကြာဝဋ္ဌာကြီး ကျယ်ပြန့် လာနေသည်ကို မသိရှိခဲ့ကြပေ။ ထိုစဉ်က အိုင်းစတိုင်းက cosmological constant ကို မိတ်ဆက်ပေးခဲ့ပြီး အာကာသ ဟင်းလင်းပြင်၏ လေဟာနယ် သည် တဖြည်းဖြည်းပို၍ကျစ်လျစ်သိပ်သည်းလာနေပြီး ဒြပ်ဝတ္ထုများ တစ်ခုနှင့်တစ်ခု ဟန်ချက်ညီညီ ဆွဲဆောင်စေသည် ဟု ဖော်ပြခဲ့သည်။ နောက် ၁၀နှစ်ခန့် အကြာတွင် နက္ခတ္တဗေဒပညာရှင်တစ်ဦးဖြစ်သူ အက်ဒ၀င်ဟပ်ဘယ် က စကြာဝဋ္ဌာကြီး ကျယ်လာနေသည်ကို တွေ့ ရှိခဲ့ပြီးနောက် အိုင်းစတိုင်းက ၄င်း၏ cosmological constant ကို ပြန်၍ ပယ်ဖျက်လိုက်သည်။ စကြာဝဋ္ဌာကျယ်ပြန့် လာနေသည်မှာ စွမ်းအင် နက်များက လေဟာနယ်ကို တဖြည်းဖြည်း တွန်းရွှေ့ နေ၍ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက ယူဆသည်။

သို့ လျင် စွမ်းအင်နက်များက လေဟာနယ်ကို တွန်းရွှေ့ သောကြောင့် စကြာဝဋ္ဌာကြီး ကျယ်ပြန့် ကားလာနေ လျှင် အဆုံးတွင် ဂြိုလ်များတစ်ခုနှင့်တစ်ခု ဆွဲငင်ထားခြင်း ဟန်ချက် ပျက်သွားပြီး စကြာဝဋ္ဌာကြီးတစ်ခုလုံး ပျက်စီးသွားနိုင် ကြောင်း သုတေသီများက သုံးသပ်သည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...