ထမင်းကို အအေးခံစားလျှင် ကယ်လိုရီ ထက်ဝက်ကျော်လျော့နဲ

သမန်းကျား၊ ရတနာပုံနေ့ စဉ်

ထမင်းသည် ကယ်လိုရီများပြား သည့်အတွက် ၀မ်းဗိုက်ပိုင်း အဆီစုစေခြင်း၊ အ၀လွန်စေခြင်း တို့ ကို ဖြစ်စေ နိုင်ရာဝယ် အုန်းရည်ဖြင့် ချက်ကာ ရေခဲသေတ္တာ ထဲတွင် နေ့ တစ်ဝက် ခန့် အအေးခံ ထားခြင်းဖြင့် ထမင်းတွင် ပါသော ကစီဓါတ်ကို ခြေဖျက်ရန် အချိန်ပိုယူရသည့်အတွက် ခန္ဓာကိုယ်အနေဖြင့် ကယ်လိုရီကိုဖြည်းဖြည်း ချင်းသာ စုပ်ယူနိုင်မည် ဖြစ်သည့် အတွက် ကယ်လိုရီ မူလ ထက် ၆၀ ရာခိုင်နှူန်း လျော့နဲသွားစေ မည်ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ သုတေသီများက ဆိုသည်။

ကစီဓါတ်ကြွယ်ဝသော ထမင်းကဲ့သို့ စားစရာများသည် ကာဗိုဟိုက်ဒရိတ်ကြွယ်ဝပြီး စွမ်းအင်အရင်း အမြစ်ကောင်းများ ဖြစ်သည်။ ကာဗိုဟိုက်ဒရိတ်ကို စားသောက်လိုက်လျှင် အစာခြေစနစ်က သကြား ဓါတ်ဖြစ်သွားအောင် ခြေဖျက် ပြောင်းလဲပစ်သည်။ သကြားဓါတ်ပြောင်းလဲပြီးနောက် ပိုလျံနေသေးသော ကာဗိုဟိုက်ဒရိတ်ကို ခန္ဓာကိုယ်က သိုလှောင်ထားသကဲ့သို့  လိုအပ်လျှင် ဂလူးကို့ စ်ဖြစ်အောင် အသွင်ပြောင်းပေးသည်။ သို့ သော် သွေးတွင်းဂလူးကို့ စ် များလွန်းလျင် အဆီဖြစ်သွားကာ ခန္ဓာကိုယ်နေရာ အနှံ့  အဆီစုဝေးသွားမည်ဖြစ်သည့်အတွက် ၀လာခြင်းဖြစ်ကြောင်း သုတေသီများက ရှင်းပြသည်။

သို့ ဖြစ်ရာ သိပ္ပံပညာရှင်များက အစားအစာများပါ အဟာရအာနိသင်ကို ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် ခန္ဓာကိုယ်က စုပ်ယူမည့် ကယ်လိုရီပမာဏကို ထိန်းချုပ်ကာ ၏သွေးတွင်း သကြားဓါတ်နှင့် ဂလူးကို့ စ် ပမာဏကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်း စမ်းသပ်ခြင်းဖြစ်ရာ ထမင်းတစ်အိုးကို အုန်းရည်အနည်းငယ် ခပ်ပြီး တည်ကာ ကျက်သွားလျှင် အအေးခံခြင်း ဖြင့် ကြောင်း သိရသည်။

ယခင်ကလည်း ယူကေသုတေသီများက ပါစတာခေါက်ဆွဲကို ချက်ပြုတ်ပြီး အအေးခံလျှင် ဂလူးကို့ စ်ဖြစ် ပွားမှုနှူန်း လျော့နဲကြောင်း အထောက်အထားခိုင်လုံစွာဖြင့် ပြသခဲ့ပြီးဖြစ်ရာဝယ် ယခုအခါ သီရိလင်္ကာ နိုင်ငံသုတေသီများ ကလည်း ထမင်းကိုအအေးခံခြင်းဖြင့် ကာဗိုဟိုက်ဟရိတ်ပမာဏကို ထက်ဝက်ကျော်လျော့ ချနိုင်ကြောင်း တွေ့ ရှိ ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့  ဆန် ၃၈မျိုးကို အမျိုးမျိုး စမ်းသပ်ချက်ပြုတ် ခဲ့တာပါ။ အုန်းရည်နဲ့ ချက်လိုက်တဲ့ ထမင်းကို တမနက်ခင်း လောက် အအေးခံထားလိုက်ရင် ကာဗိုဟိုက်ဒရိတ် ၆၀ ရာခိုင်နှူန်းလျော့ပြီး ဒီနည်းဟာ ထမင်းရဲ့ ကာဗိုဟိုက်ဟရိတ် ပမာဏကို အများဆုံးလျော့ချနိုင်တဲ့ နည်းဖြစ်ပါတယ်ဟု သုတေသီတစ်ဦး က ပြောပြသည်။

ထမင်းတစ်အိုးထဲကို အုန်းရည် တစ်ဇွန်းလောက်ခပ်ပြီး မိနစ် ၄၀လောက် တည်ထားလိုက်ပါ။ ပြီးရင် ၁၂နာရီကြာ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ ကာဗိုဟိုက်ဒရိတ် ၆၀ရာခိုင်နှူန်း လျော့နဲသွား မှာဖြစ် ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...