ရွှေရောင်ဝင်းစေ နုပျိုစေ

ဆည်းဆာ ချိန်ဖြစ်၍ ပြာလဲ့သော ကောင်းကင်ပြင် ကြီးထဲတွင် ပုစွန် ဆီရောင် တိမ်တိုက်များက ဟိုတစ်စု သည်တစ်စုဖြင့် လှပစွာ တည်ရှိနေ ၏။

အထပ်နှစ် ဆယ်မြင့်မားသော ဆာကူရာ တာဝါ အပေါ်ဆုံး ထပ်တွင် Cafe Bistro တည်ရှိ၏။

ဒေါက်တာ ပွင့်သက်တင်သည် ကာပူချီနို တစ်ခွက်ကို ဇိမ်ခံ သောက်ရင်း Cafe Bistro မှနေ၍ အဝေးသို့ ငေးကြည့်နေ၏။

အဝေးမှ ရန်ကုန်မြစ်ကို မှုန်ပျပျသာမြင်နေရ၏။

အာရုံက တခြားရောက်နေ ၍ သူငယ်ချင်းတစ်သိုက်ဝင်လာ သည်ကို မသိလိုက်ပေ။

ငယ်သူငယ်ချင်းများဖြစ် ကြသော ဒေါက်တာယုစန္ဒာ၊ ဒေါက်တာတင်တင်ဦးနှင့် ဒေါက်တာမြမြအေးတို့သည့် တိတ်တဆိတ် ချဉ်းကပ် လာကြ၏။

ဒေါက်တာပွင့်သက်တင် အား စလို နောက်လို၍ဖြစ်၏။

အနီးသို့ ရောက်သောအခါ အနားကပ်၍ 'ဟိတ်'ဟု အော် လိုက်၏။

ဒေါက်တာပွင့်သက်တင် သည် လန့်သွားပါက ယောင်တတ်၏။

''အမလေး Robbins ဖတ် ပါတယ်တော့''

''ဝါး ဟားဟားဟား''

''ကြည့်စမ်း ယု၊ ယူကိုး၊ ဟွန်း၊ လန့်သွားတာပဲ''

''ဟဲ ဟဲ၊ပွင့်ကရယ်ရတယ်၊ ယောင်တာတောင် Robbins ထည့် ယောင်တယ်''

''သြော်-ဒီလိုလေ၊ဆယ်နှစ် ကျော်ပေမယ့် မေ့မရဘူး။ယူသိ သားနဲ့''

''ကဲပါ သိပါတယ်။ ယူက သီချင်းကြိုက်တတ်လို့ အခွေဝယ် လာတယ်။နန်းတော်ရှေ့ဆရာတင် သီချင်းတွေ လည်းပါတယ်''

''ဟိုမင်းဂံဘုတ်ရွာက အ သားအရေ ရွှေလိုဝင်းတဲ့ ရွာသူ ချောချောလေးအကြောင်း သီချင်း ရောပါလား''

''ပါပါတယ်၊ မင်းဂံဘုတ် သူတွေများ အသားအရေတယ်လှ ဆိုပဲ''

''ဟေ့-ဟိုရှေ့ကစကတ်အ တိုနဲ့ ကောင်မလေးကို ကြည့်စမ်း၊ မင်းဂံဘုတ်သူလိုပဲ အသားအရေ လှလိုက်တာ၊ အိုင်လည်း သူ့လို လှချင်တယ်''

''လှချင်ရင် နည်း ရှိတယ်၊ တို့ကို မုန့်ကျွေးရင် ပြောပြမယ်''

''လှဖို့ပဲလိုတယ်။ ယူကြိုက်တာစား၊ ကာပူချီနိုလည်းတိုက်မယ် ကိတ်မျိုးစုံလည်းမှာပေးမယ်။ နီဂရိုးပီကေ စားချင်လည်းရတယ်။ ရှာဝယ်ပေးမယ်''

''ဒါဆိုဟုတ်ပြီ၊ ရောဂါဗေဒပါမောက္ခကြီးက မလေးရှားကနေ ပို့လိုက်တဲ့ ဆောင်းပါးတစ် စောင်ပါလာတယ်။ တို့ရှင်းပြမယ်။ အရေပြား အလှအတွက် နည်းပေါ့ ကွာ''

''ဟုတ်ပြီ ရှင်းပြလေ။ ကာ ပူချီနိုသောက်ရင်း နားထောင်တာ ပေါ့''

''ပထမအစားအစာက ထောပတ်သီးကွ။ ထောပတ်သီးမှာ ဗီတာမင်တွေ၊ သတ္ထုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါတယ်၊ အရေအပြားတွန့်တာအတွက် ကောင်းတယ်။ ထောပတ်သီး ဖျော်ရည်သောက်ပေါ့ကွာ''

''ကောင်းတယ်။ အိုင်လည်း ထောပတ်သီးကြိုက်တယ်''

''ဒုတိယ ဖရဲသီးကွ၊ ဖရဲသီးက ရေဓာတ်ပါတယ်။ အရည်ရွှမ်းတယ်။ ဒီအသီးက အဆိပ်အ တောက်ပြေစေ တယ်။ အစိမ်းစားလည်းရတယ်၊ ဖျော်ရည်လည်းရတယ်''

''ခုနွေရာသီဆိုတော့ အ တော်ပဲ''

''တတိယ စတော်ဘယ်ရီကွ၊ ခုဆိုစတော်ဘယ်ရီပေါ်ချိန်ပဲ နွားနိုနဲ့ ရောသောက်ရင်ကောင်း တယ်။ စတော်ဘယ်ရီမှာ သံဓာတ် ပါတယ်၊ ဗီတာမင်တွေပါတယ်။ အ ရေပြားအတွက်ကောင်းတယ်''

''ဟုတ်ပြီ။ စတော်ဘယ်ရီ ကြိုက်တယ်''

''စတုတ္ထက ကန်စွန်းရွက် ကွ၊ ဒီအရွက်က Natural Antibiotic ပဲ၊ Skin Blemish တွေကို လျော့ပါးစေတယ်၊ အရေပြားကိုအ နာ ကျက်စေတယ်၊ ဒီအရွက်မှာ ဗီတာမင်အေနဲ့စီပါတယ်၊ တို့စား လည်းရတယ်။ ချဉ်ရည် ဟင်းချက် စားလည်းရတယ်''

''တို့ကမှိုနဲ့ရောပြီးကြော်စားမယ်''

''ပဉ္စမက Bell Pepper ကွာ။ Bell Pepper ကို Capsicum ကို့လည်းခေါ်တယ်။ Collagen ထုတ်လုပ်မှုကို အားပေးတယ်၊ အ ရေပြားနဲ့ ဆံပင်ကိုလှစေတယ်။ ဆံ ပင်ကို လှစေတယ်ဆိုတော့ မင်းဂံ ဘုတ်သူ လိုဖြစ်နိုင်တယ်''

'' ပိတုန်းရောင်ကေသာ ပေါ့ကွာ''

'' ဟုတ်တယ်၊ ဆမဋ္ဌက ကောက်နှံကွ၊ ကောက်နှံကို နို့နဲ့ ရောသောက်လည်းရတယ်၊ ကောက်နှံမှာ ဗီတာမင် ဘီနဲ့ အီးပါတယ်၊ ပြီးတော့ သတ္ထုဓာတ်တွေ ဖြစ်တဲ့ ပိုတက်ဆီယမ်ရယ်၊ ကယ် လ်ဆီယမ်ရယ်၊ မဂ္ဂနီဆီယမ် ရယ် ပါတယ်။ အသားဓာတ်လည်း ပါတယ်။ အရေပြားလှစေတယ်''

''နံနက်စောစောစားရင် ကောင်းတယ်။ နွားနို့နဲ့ရောစား မယ်''

''သတ္တမက ရွှေဖရုံသီးကွ၊ ရွှေဖရုံသီးကလည်း အရေပြားလှ စေတယ်။ ရွှေဖရုံသီးကို ဟင်းချက် စားလို့ ရတယ်၊ ရွှေဖရုံသီးအစေ့က လည်းကောင်းတယ်''

''ဆေး(၁)မှာတုန်းက Lecture တက်ရင်း ကွာစေ့တွေခိုး စားခဲ့တာ မှတ်မိတယ်ကွ ဟဲဟဲ''

''တို့လည်း မှတ်မိတာပေါ့။ Field Trip ဆင်းတော့ ဦးအဝှာ -ဒေါ်ကျို့ အချဉ်ထုပ်တွေဝယ်ပေးတဲ့ လူလည်း မှတ်မိတာပဲ''

''ဟဲဟဲ၊ ယူက အကုန်မှတ် မိနေတာပဲ''

''ဟုတ်တယ် မှတ်မိတယ်။ ကဲ-ဆက်ပြောဦးမယ်။ အခွံမာသီး လည်းစားပေးရမယ်။ Almond စား ပေးရမယ်''

'' Almond က ဘာတွေ ကောင်းလဲ''

''Centre for Disease Control and Prevention က လေ့လာထားတာရှိတယ်၊ Almond က Free Rasical ဖယ်ရှားပေးတယ်။ Oxidative Damage ကို လျော့ပါးစေတယ်၊ စီးကရက် သောက်လို့ အရေပြားပျက်စီးတာ ကို အသင့်အတင့် သက်သာစေ တယ်တဲ့''

''စီးကရက်က အရေပြား ပျက်စီးစေတာပဲ။ ခုခေတ်မှာတချို့ မိန်းကလေးတွေ စီးကရက်သောက် ကြတယ်၊ အရေပြားလှချင်ရင် စီး ကရက်မသောက်ရဘူး''

''ဟုတ်တယ် ရှောင်သင့် တယ်။ Almond အကြောင်းဆက် ပြောဦးမယ်။ Almond မှာ Flavonoids တွေ ပါတယ်၊ ဗီတာမင်အီးပါ တယ်။အရေပြားလှစေတယ်Almond စားပေးရမယ်''

''ဟုတ်ပြီ၊ စားမယ်''

''အရေပြားလှဖို့ Omega-3 လည်းလိုတယ်၊ ငါးစားပေးရ မယ်''

''နီရဲတဲ့ အသားတွေရှောင် ပြီး ငါးစားမှပဲ''

''ငါးကလည်း Oily fish မှ ကောင်းတာ''
''ဘယ်လို ငါးမျိုးလဲ ပြော ပြပါဦး''

''Sardine ရယ် Salmon ရယ်၊ Mackerel ရယ်၊ Anchevy ရယ် စားရမယ်။ လွယ်လွယ်မှတ် ချင်ရင် ငါးသေတ္တာငါးသာ မှတ်ထားလိုက်ကွာ''

''ဟုတ်ပြီ။ လွယ်လွယ်ပဲ မှတ်တော့မယ်''

ထိုသို့ စကားကောင်းနေစဉ် ဒေါက်တာကျော်ဆွေသိန်း ရောက်လာ၏။

''ဟာ-ပွင့်တို့ပါလား။ဒကာ တွေ့ပြီ။ ကာပူချီနိုပူပူကလေးတစ် ခွက်တော့ ချီးမြှောက်နီးမှပဲ။ ပွင့်တို့ ဒါနမြောက်အောင်ပါ။ ဟဲ ဟဲ''

''ရပါတယ် ချီးမြှောက်ပါ ကုသိုလ်လည်း လိုချင်ပါတယ်''

''ဟုတ်ပြီ။ တယ်လည်း အလိုက်သိသကိုး''

''ဆရာကျော် ဘယ်ကလာ တာလဲ။ ပျာရီးပျာရာနဲ့''

''ညောင်ရမ်း ဆေးတိုက်က အပြန်ဝင်လာတာ။ Bistro ကို သူ ဌေးကြီး ဦးဥာဏ်အုန်း လာတတ်တယ်''

''သူဌေးကြီးကို ဘာအ တွက်တွေ့ချင်တာလဲ''

''သူဌေးကြီးက စင်္ကာပူ ခဏခဏ သွားတယ်၊ ညောင်ရမ်း ဆေးတိုက်က သူနာပြုဆရာမလေးက သိပ်လှ ချင်တာ။ အရေပြား လှတဲ့ဆေးတွေ ခဏခဏ ရှာခိုင်းတယ်။ ရန်ကုန်မှာ ရနိုင်သမျှ အကုန်ဝယ်ပေးပြီးပြီ။ ဒါလည်း စိတ်တိုင်း မကျသေးဘူးတဲ့။ စင်္ကာပူက ဝယ်ပေးတဲ့''

''ဒါနဲ့ ဆရာကျော်သူဌေး ကြီးနဲ့ကပ်လိုက်ပြီး ပစ္စည်းဝယ် မယ်ပေါ့''

''ဟုတ်တယ်။ သူနဲ့ကပ် လိုက်ရင် ခရီးစရိတ်၊ ဟိုတယ်စရိတ်တွေ သက်သာသွားမယ်လေ။ ဟဲဟဲ သူဌေးကြီး ဒါနမြောက် အောင် လို့ပါ''

''ထားပါတော့။ ဦးဥာဏ် အုန်းကလည်း အလှူအတန်းရက် ရောပါတယ်''

''ဆရာကျော်ကိုပြောရဦး မယ်၊ မင်းဂံဘုတ်ရွာသူဆိုတာ ကြားဖူးတယ်မဟုတ်လား''

''ဟာ-ကြားဖူးတာပေါ့ ၊ အ သားအရေသိပ်လှတယ်လို့ဆို တယ်''

''သူနာပြု ဆရာမလေးကို မင်းဂံဘုတ်ရွာသူလေးလို မလှစေ ချင်ဘူးလား''

''ဟာ-လှစေချင်တာပေါ့''

''ကျွန်မတို့မှာ နည်း ကောင်းရှိတယ်''

''ဟုတ်ပြီ။ နည်းကောင်း လေးမစပါ''

''အလကား မရဘူး၊ ဥာဏ် ပူဇော်ခဆိုတာ ရှိတယ်''

''ဟာ-ရပါတယ် ပူဇော်မှာ ပါ''

''တစ်ပတ်တစ်ခါ နာမည် ကြီး မုန့်ဟင်းခါးတွေကျွေးရမယ်။ မြောင်းမြ ဒေါ်ချိုရယ်၊ တင်တင် အေး ရယ်၊ ကျော်ကြားရယ်၊ ရွှေဥ ရယ်၊ ဇကာကြီးရယ် စုံအောင်ကျွေး ရမယ်''

''ရပါတယ် ကျွေးပါ့မယ်။ ဝါးခယ်မမုန့်ဟင်းခါးတို့၊ ဟင်္သာတ မုန့်ဟင်းခါးတို့ စားချင်ရင်လည်း နေ့ချင်းပြန် ခရီးထွက်ပြီးဝယ်ကျွေးမှာ ပါ''

''ဟာ-ဟုတ်ပြီ။ ဒါဆိုနည်း ကောင်းပေးမယ်၊ သဘာဝထွက် ကုန်တွေစားရမှာပါ။ ကဲ-မှတ်စုစာ အုပ်နဲ့ မှတ်ပေတော့''

''ရပြီ မှတ်မယ်''

''အသားအရေ ရွှေရောင်ဝင်းဖို့အတွက် ထောပတ်သီး၊ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ ကန်စွန်းရွက်၊ Bell Pepper ကောက်နှံ၊ ရွှေဖရုံ သီး၊ Almond Oily fish ဒါတွေစားပေးရမယ်၊ ဆေးဝါးတွေ အားမကိုးနဲ့။ သဘာဝအစားအစာ က အကောင်ဆုံးပဲ''

''ဟာ-ဟုတ်ပြီ။ ဒီစာရင်း အတိုင်းဆရာမလေးကိုအချိန်ဇယား ဆွဲပြီး ကျွေးမယ်၊ ဒါမှ မင်းဂံဘုတ် ရွာသူလိုလှမှာ''

''ဆရာကျော်လည်း ကတိ တည်ပစေနော်''

''ဟာ-စိတ်ချ၊ ကတိတည် ပါတယ်။ ခုဒီဝိုင်းကို ရှင်းပေးဦးမှာ''

''ဟာ-ကောင်းလိုက်တာ၊ဒါ ဆိုကိတ်မုန့်ထပ်မှာဦးမယ်''

''မှာမှာရတယ်၊ မှာသာ မှာ''

ဒေါက်တာကျော်ဆွေ သိန်းသည် အသားအရေ လှပစေ သော နည်းကောင်းရရှိပြီ ဖြစ်၍ ဆရာမလေးအား မျက်နှာလုပ်နိုင် ပြီဖြစ်၏။

''ပွင့်ကိုတစ်ခု အကူအညီ တောင်းရဦးမယ်။ ကျွန်တော်က ဈေးဝယ်ရတာ မကျွမ်းဘူး၊ ဒီသ ဘာဝပစ္စည်းတွေ ပွင့်လိုက်ဝယ်ပေး ပါလား''

''ဟာ-ရတာပေါ့။ တစ်အုပ် စုလုံး လိုက်ဝယ်ပေးမယ်လေး၊ ဟဲ ဟဲ''

''ဟိုက်''

ဒေါက်တာကျော်ဆွေသိန်း စိတ်ထဲမှ ရေရွတ်လိုက်ခြင်းဖြစ်၏။

ဈေးထဲရောက်ပါက ရခိုင်မုန့်တီ၊ လက်သုပ်စုံ၊ မုန့်ဟင်းခါး၊ ရွှေရင်အေး၊ သာကူ စသော စား သောက် ဖွယ်ရာမျိုးစုံကို တဝတပြဲ စားကြမှာသေချာ၏။

ပစ္စည်းဝယ်ရာတွင် ကုန် ကျစရိတ်ကျသင့်မှာထက် စား သောက်စရိတ်ပိုဦးမှာဖြစ်၏။

''ဘာလဲ မလိုက်ရဘူး လား''

''ဟဲဟဲ လိုက်ရပါတယ်။ တစ်အုပ်စုလုံးဆိုတော့ ပိုကောင်း တယ် ဟဲဟဲ''

ထိုအုပ်စု စိတ်ကောက် သွားပါက အခက်တွေ့မည်ဖြစ်ပြီး မျက်နှာကို ပျားရည်ဆမ်းထားသလို ပြုံး၍ပြောလိုက် ရ၏။

ဒေါက်တာကျော်ဆွေသိန်း ရင်ထဲမှာကား ကုလားဘုရားလှည့် သလို ရင်ခုန်နေရလေတော့၏။

အောင်(ဆေး-၁)

ရည်ညွှန်းချက်။ ။ မလေးရှား နိုင်ငံထုတ် Star သတင်းစာမှ Dr.Chen Tai Ho ရေးသားသော "Feed your Skin" ဆေးပညာ ဆောင်းပါးကို မှီငြမ်း ကိုးကားပါသည်။

ဈေးကွက်ဂျာနယ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...