ဘီလျံနာ သူဋ္ဌေးတစ်ယောက်ဖြစ်ဖို့ ဘာဘွဲ့တွေရဖို့ လိုသလဲ

ကမ္ဘာပေါ်က အောင်မြင်နေကြတဲ့ ဘီလျံနာ သူဋ္ဌေးကြီးတွေကို လေ့လာခဲ့တဲ့ စစ်တမ်း တစ်ရပ်က သူတို့တွေ ဘယ်လို ပညာရေးမျိုး လေ့လာ လိုက် စားပြီး အောင်မြင်မှု ရယူနိုင်ခဲ့ သလဲဆိုတဲ့ လျှို့ဝှက် ချက်ကို ထုတ်ဖော် တင်ပြခဲ့ပါတယ်။

ဒီစစ်တမ်းအရ ချမ်းသာကြွယ်ဝပြီး အောင်မြင်နေတဲ့ ဘီလျံနာ သူဋ္ဌေးကြီးတွေ ဘယ်လိုဘွဲ့တွေ ယူခဲ့သလဲ ဆိုတာ လေ့လာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ စစ်တမ်းမှာ ငါးရာခိုင်နူန်းကျော် ဒါမှမဟုတ် ၂၂ ရာ ခိုင်နူန်းသော ဘီလျံနာကြီးတွေက အင်ဂျင်နီယာ ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ကြပြီး ၁၂ ရာခိုင်နူန်းက စီးပွားရေး လုပ်ငန်းဘာသာရပ်၊ ၉ ရာခိုင်နူန်းက အနုပညာ ဘာသာရပ်တွေနဲ့ ဘွဲ့ယူခဲ့ကြပြီး စီးပွားရေးနှင့် ဆိုင်တဲ့ ဘွဲ့တွေ၊ သင်္ချာဘာသာရပ်ဘွဲ့ ယူကြတာ နည်းပါးတယ် ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ကျောင်းတွေရှိတဲ့ သင်ကြားမှု ဘာသာရပ်တွေကို အားပေး ထောက်ခံတဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေကနေ ဘီလျံနာ သူဋ္ဌေးကြီးတွေ မြောက်မြားစွာ မွေးထုတ်ပေးနိုင်ခဲ့ တယ်လို့လည်း စစ်တမ်းက ကောက်ချက် ချထားပါတယ်။

ဒီစစ်တမ်းဟာ ဖိုဘီးစ်မဂ္ဂဇင်းမှာ ပါဝင်ခဲ့တဲ့ ကမ္ဘာ အချမ်းသာဆုံး သူဋ္ဌေးအယောက် ၁၀၀ စာရင်းမှာ ပါဝင် ခဲ့တဲ့ သူတွေကို စီးပွားရေးလုပ်ငန်း အချင်းချင်း တိုက်ရိုက် ဆက်သွယ်ဝယ်ယူတဲ့ နည်းဗျူဟာကို အခြေခံပြီး ရလဒ်ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ တချို့ဘီလျံနာ သူဋ္ဌေးတွေဟာ ငွေရှာဖို့အတွက် တက္ကသိုလ် ပညာရေးကို လက်လွှတ်ခဲ့ရသလို တချို့ဆိုရင်လည်း ကျောင်းက ထွက်ခဲ့ ရတာတွေတောင် ရှိခဲ့ပါတယ်။

ဖိုဘီးစ်မဂ္ဂဇင်းရဲ့ အချမ်းသာဆုံး စာရင်းမှာ ဘီလီဂိတ်က နံပါတ် ၁ နေရာမှာ ရပ်တည်နေပြီး ဖေ့ဘွတ် ၀က်ဆိုက် တည်ထောင်သူ မာ့ခ်ဇူကာဘတ် ဆိုရင်လည်း အယောက် ၁၀၀ စာရင်းမှာ အငယ်ဆုံးဖြစ်ခဲ့သလို သူတို့နှစ်ဦးစလုံး ဟားဘတ် တက္ကသိုလ် တက်ရောက် ခဲ့ပေမယ့် ပညာရေး ဆုံးခန်း မတိုင်ခဲ့ကြပါဘူး။

စစ်တမ်းက နောက်ထပ်ပြောတဲ့ အချက်တစ်ချက် ကတော့ အချမ်းသာဆုံး အယောက် ၁၀၀ ရဲ့ သုံးပုံတပုံဟာ ဘွဲ့မရခဲ့သလို ဒီလူတွေရဲ့ ပျမ်းမျှ ချမ်းသာကြွယ်ဝ မှုကတော့ အင်ဂျင်နီယာနဲ့ ဘွဲ့ရခဲ့ သူတွေထက် ပိုနည်းပါး တာပဲ ဖြစ်ပါတယ်။

Ref - Mirror
http://www.planet.com.mm/detail/27512/World
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...