နေလောင်ကာကရင်မ် ရွေးချယ်နည်း လမ်းညွှန်

နွေရောက်ပါပြီ။ နေရောင်ထဲမှာ ပါလာတဲ့ ခရမ်း လွန်ရောင်ခြည်ဟာ အရေပြားရဲ့  အနက်ရှိုင်းဆုံး အထိ ထိုးဖောက် ၀င်ရောက်ပြီး၊ အရေပြား ဆဲလ်တွေကို တိုက်ခိုက် ပါတော့တယ်။ ဒါကြောင့် တနေ့ တခြား သိသိသာသာ ပူနွေးလာတဲ့ ကမ္ဘာကြီး အတွက် သင့်အသား အရေကို ခရမ်းလွန်ရောင်ခြည် အန္တရာယ်မှ ကာကွယ်ထားဖို့  လိုအပ်ပါတယ်။

UV rays ဆိုတာ…
ခရမ်းလွန်ရောင်ခြည် လို့ ခေါ်နေတဲ့ Ultraviolet (UV) မှာ UVA နှင့် UVB ဆိုပြီး ၂-မျိုးရှိပါတယ်။ (၁) UVA က “အိုမင်း ရင့် ရော်ခြင်း” ကိုဖြစ်စေတဲ့အပြင်၊ အရေပြားအောက်ခြေရှိ collagen ကို ပျက်စီးစေကာ
အသား အရေ အဖတ်လန်ခြင်း၊ ခြောက် သွေ့ ခြင်း နှ င့် အရွယ်မတိုင်မှီ အရေပြား အိုမင်းခြင်းကိုဖြစ်စေ ပါတယ်။ (၂) UVB က “နေလောင်ခြင်း” ကိုဖြစ်စေတာကြောင့် ဖြစ် နိုင်ရင် နံက် ၁၀း၀၀ နာရီမှ ညနေ ၄း၀၀နာရီအတွင်း နေပူဒဏ်မခံရင် အကောင်းဆုံးပါဘဲ။ ခရမ်းလွန်ရောင်ခြည်ဒဏ် သက်သာစေဖို့ နေ ပူထဲ ထွက်တဲ့အခါမှာ (က) ချည်သား အ၀တ်အထည် ချောင်ချောင် ပွပွတွေကိုသာ ၀တ်ဆင်ပါ။ (ခ) အရောင် ဖျော့ဖျော့လေးတွေ ရွေးဝတ်ပါ။ (ဂ) ဦးထုပ်-ထီးဆောင်းပါ။ (UV ကာကွယ်တဲ့ ရောင်ပြန်ထီးတွေက လုံခြုံမှုကိုပေးပါတယ်) (ဃ) မျက်စိအမြင်အာရုံ တစ်ခုလုံးကို ဖုံးအုပ်ပေးနိုင်တဲ့ နေကာ မျက်မှန်ကြီးကြီး တပ်ပါ။ (င) နေပူခံကရင်မ် တွေလိမ်းပေးပါ။ (စ)ရာဘာဖိနပ်တွေ မစီးပါနဲ့ ။

Sunscreen ဆိုတာ …
Sunscreen ဆိုတာ နေလောင်ဒဏ် ကာကွယ်ပေးတဲ့ ကရင်မ်တစ်မျိုးပါ။ အကယ်၍ Sunscreen ကရင်မ်ကို ကြိုတင်လိမ်းထားတဲ့ အခါ၊ ထိုကရင်မ်က ခရမ်းလွန်ရောင်ခြည်တွေ အရေပြားထဲသို့ ဝင်မလာအောင် ဆီးကြိုစုပ်ယူပြီးတော့၊ ပြင်ပသို့ ပြန်ကန် တိုက်ထုတ်ပေးတဲ့အတွက် အသားအရေပေါ် မလိုလားအပ်တဲ့
အမဲစက်ပြောက်တွေ၊ အရေပြားတွန့် ခြင်းတွေ ဖြစ်မလာစေတော့ပါဘူး။ Sunscreen ကရင်မ်ကို မိတ်ကပ်အောက်ခံအဖြစ် သုံးနိုင်ပါတယ်။ သို့ သော် အလှကုန်ဈေးကွက်ထဲမှာ ရောင်းနေတဲ့ Sunscreen အများစုဟာ UVB ကို ကာကွယ်ရန်အတွက်သာ အဓိကထား ထုတ်လုပ်လေ့ ရှိတာကြောင့်၊ ပစ္စည်းဝယ်တဲ့ အခါ ဗူးခွံပေါ်မှာ ‘ PA + ’ စာတန်းပါ တဲ့ အမျိုးအစားကိုရွေးဝယ်ခြင်းဖြင့် UVA နှင့် UVB ၂-မျိုးစလုံးကို ကာကွယ်ပေးပါလိမ့်မယ်။

SPF နံပါတ်တွေ ဆိုတာ…
UVB ကြောင့် အသားအရေ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တဲ့ နေလောင်ကာကရင်မ်၏ စွမ်းဆောင်နိုင်မှု အဆင့်အတန်းကို Sun Protection Factor(SPF) နံပါတ်တွေဖြင့် စံညွှန်းထား သတ်မှတ်လေ့ ရှိပါတယ်။ ဥပမာအားဖြင့်…SPF 50 ကို လိမ်းထားတဲ့သူ ဟာ၊ နေလောင်ကရင်မ် လုံးဝ မလိမ်းတဲ့သူထက် ခရမ်း လွန်ရောင်ခြည်ဒဏ်ကို အဆ ၅၀ ကာကွယ် ရာရောက်တယ်လို့  အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် SPF ပမာဏများတဲ့ နေလောင်ကာ ကရင်မ် လိမ်းထားနိုင်လေ အသားအရေကို ပိုမိုကာကွယ်နိုင် လေပါဘဲ။

UVA ပါဝင်မှု ဆိုတာ…
အလှကုန် ပစ္စည်းတွေအတွက် UVA ကို PA လို့ နာမ်စား သုံးစွဲခေါ်ဝေါ်လေ့ ရှိပါတယ်။ UVA အကွာအကွယ် ပါဝင်နှုန်း အနည်းအများ ပမာဏကိုတော့ ကရင်မ်ဗူး ခွံတွေပေါ်မှာ PA+ (သို့ ) PA++ (သို့ ) PA+++ စသည်ဖြင့် ဖော်ပြ လေ့ ရှိပါတယ်။ “ + ” ပါ ၀င်မှုများလေ နေရောင်ခြည်ကြောင့် အသားအရေ အိုမင်းမှုကို
ပိုမိုကာကွယ်နိုင်လေ ပါဘဲ။ နေလောင်ကာကရင်မ် ရွေးချယ်နည်း နေလောင်ကာကရင်မ်တွေကို အိမ်ပြင်သို့  မထွက်ခင် အနည်းဆုံး မိနစ် ၂၀ ခန့် အလို ကြိုလိမ်း ထားပေးရပါမယ်။

(က) မွေးရာပါ အသားမည်းသူများအတွက်
အသားမည်းသူတွေမှာ သဘာဝတရားကြီးရဲ့ လက်ဆောင်အဖြစ်၊ အသားအရောင်ဖျော့ သူတွေထက် အသားအရေ ဖွဲ့ စည်း ကြံ့ ခိုင်မှု သိပ်သည်းဆ ပိုရှိနေကြပါတယ်။ ဒါကြောင့် SPF 10 PA+ (သို့ ) SPF 15 PA+ လောက်သာသုံးပေး နိုင်ပါတယ်။

(ခ) ရုံးတက် ကျောင်းတက်သူများအတွက်
များသောအားဖြင့် ရုံးတက် ကျောင်းတက်သူများဟာ နေပူထဲ တစ်နေကုန် မထွက်ကြရပါဘူး။ ရုံး သွား ကျောင်းပြန် အချိန် လောက်သာနေပူထဲ ထွက်ရပြီး၊ ကျန်တဲ့အချိန်တွေမှာ နေရိပ်ထဲ(သို့ မဟုတ်)air con အအေးခန်းထဲ နေရသူ များဖြစ်တာကြောင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ရာနှုန်းပြည့် မခံရ၍ SPF 24 PA++ (သို့ ) SPF 30 PA+ အမျိုးအစား ကရင်မ်ကို နေ့ စဉ် လိမ်းပေးရုံနဲ့ လုံလောက်ပါပြီ။

(ဂ) နေ့ စဉ် နေပူထဲ မကြာခဏထွက်နေရသူများအတွက်
ခရမ်းလွန်ရောင်ခြည်သင့် ခံရသူဖြစ်တာကြောင့်၊ မျက်နှာအစ ခြေဖျားအဆုံး နေလောင်ကာ ကရမ် လိမ်းပေး ထားသင့်ပါတယ်။ ထိုသူများအတွက် အသင့်တော်ဆုံး ကရင်မ်များမှာ SPF30 PA++ (သို့ ) SPF 50 PA+++ တို့ ဖြစ်ပါတယ်။

(ဃ) အလည်အပတ် ဈေးဝယ်ထွက်သူများအတွက်
အလည်အပတ် ဈေးဝယ်ထွက်သူတွေ၊ ဘုရားသွားကျောင်းတက် သူတွေက နေရိပ်ထဲဝင်လိုက်၊ နေပူ ပူအောက်ရောက်လိုက် ဖြစ်တာကြောင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ရာနှုန်းပြည့် မခံ ရသော်ငြား၊ နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။ အိမ်ပြင် မထွက် ခင်ကတည်းက SPF 30 PA++ ကို ကြိုလိမ်းသွားပါ။

(င) အားကစား လိုက်စားသူများအတွက်
ဥပမာ နေပူပူအောက် စက်ဘီးစီးသူများ၊ တာဝေးအပြေးသမားများ၊ တောင်တက်သူများဟာ ခရမ်း လွန်ရောင်ခြည်ကို အပြည့်အ၀ ခံစားရတဲ့အပြင် ချွေးထွက်လွန်သူများဖြစ်တာကြောင့် မိမိအသားအရေကို
ကောင်းစွာ မစောင့်ရှောက်နိုင်ပါက အရေပြား ပျက်စီးတတ်ပါတယ်။ ကံမကောင်း သူများအတွက် အရေပြား ကင်ဆာအထိ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် နေလောင်ကာကရင်မ်ကို လိမ်းလေ့လိမ်းထ မရှိတဲ့  နားရွက် အနောက်ဖက်ကိုလည်း ချန်မထားသင့်ပါဘူး။ နေရောင်ခြည်နှင့် ထိတွေ့  မှုအများဆုံးနေရာဖြစ်တဲ့ 
နှာခေါင်း နှင့် လက်မောင်း အပေါ်ဖက်ပိုင်းတွေကို ကရင်မ်ပို၍လိမ်းပေးပါ။ အိမ်မှထွက်ခင် SPF50 PA+++ ကို တစ်ကိုယ်လုံး လိမ်းပေးရုံသာမက၊ ကရင်မ်ဗူးကို မိမိနှင့်အတူ တပါတည်းဆောင်ထားပြီး နေပူထဲ ထွက်ရှိမှုကြာချိန်ပေါ် မူတည်၍ ၂-နာရီ ၃-နာရီခြား တစ်ကြိမ် ကရင်မ် ထပ်မံလိမ်းပေးပါ။ (လှေလှော် ရွက်တိုက်သူများ၊ ရေကူးသူများက water proof sunscreen SPF50 PA+++ ကို ရွေးချယ် သုံးစွဲပါ)

(စ) အပမ်းဖြေ ကမ်းခြေထွက်လည် သူများအတွက်
နေလောင်ဒဏ်အပြင်၊ ရေလောင်ဒဏ်ပါ ခံစားရတာကြောင့် ရေစိုခံနေရောင်ခြည်ကာ ကရင်မ် အမျိုး အစားဖြစ်တဲ့ (water proof sunscreen) ကိုသာ ရွေးချယ်ပေးပါ။ SPF50 PA+++ ကိုသုံးပါ။ ထို့ ထက် ပမာဏများတဲ့ နေလောင်ကာ ကရင်မ်ကို သုံးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ (မဟာသင်္ကြန် ရေကစားသူများ ကျားမအားလုံး သုံးစွဲသင့်တဲ့ နေလောင်ကာ အမျိုးအစား ဖြစ်ပါတယ်)

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေရှင်။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

C@promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...