အမျိုးသမီးတွေ စိတ်ကျရခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကုစားနိုင်မလဲ

စိတ်ကျမှုဟာ တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ အထူး သဖြင့် ယောကျာ်းလေးနဲ့ မိန်းကလေးတွေမှာ မတူ ညီတတ် ပါဘူး။ မိန်းကလေးတွေ ဟာ ယောကျာ်းလေးတွေ ထက်ပိုပြီး စိတ်ကျလွယ် ပါတယ်။ မိန်းကလေးတွေရဲ့ စိတ်ကျရတဲ့ အကြောင်းရင်းနဲ့ လက္ခဏာတွေ ဟာ ယောကျာ်းလေးတွေ စိတ်ကျရတဲ့ အကြောင်း ရင်းနဲ့လည်း မတူညီပါဘူး။

စိတ်ကျမှုဟာ ဆိုးရွားပြင်းထန်လှတဲ့ အခြေအနေ တစ်ရပ်ပါပဲ။ အခန့်မသင့်ရင် ဘ၀ရဲ့အစိတ်အပိုင်းတိုင်းကို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ စိတ်ကျနေတဲ့အတွက် လူမှုဆက်ဆံရေး၊ အချစ်ရေး၊ အလုပ် အကိုင်နဲ့ ယုံကြည်ချက်တွေကို ထိခိုက်လာနိုင်ပါတယ်။ မိန်းကလေးတစ်ယောက် အတွက်တော့ စိတ်ကျ တယ်ဆိုတာ ပုံမှန်ပါပဲ။ အမျိုးသား စိတ်ကျန်းမာရေး အဖွဲ့အစည်းရဲ့ အဆိုအရတော့ မိန်းကလေး ရှစ်ယောက် မှာ တစ်ယောက်ဟာ တစ်နေရာရာ၊ တစ်ချိန်ချိန်မှာ စိတ်ဓါတ် ကျနေနိုင်တယ်လို့ သိရပါတယ်။

ဝမ်းနည်းနေမယ်၊ အပြစ်ရှိတယ်လို့ ခံစားနေရမယ်၊ ပင်ပန်းနေမယ် ဆိုရင်တော့ စိတ်ကျလာနိုင်ပါတယ်။ သတင်းကောင်းကတော့ စိတ်ကျတာကို ကုသလို့ရပါတယ်။ မိန်းကလေး တစ်ယောက်နဲ့ ပတ်သက်တဲ့ စိတ်ကျမှုနဲ့ အကျိုးသက်ရောက်မှုတွေကို နားလည်လာတာနဲ့ပဲ စိတ်ကျမှုကို ကိုင်တွယ်ဖြေရှင်း လာနိုင်မှာပါ။

မိန်းကလေးတွေ စိတ်ကျရခြင်း အကြောင်းတွေကတော့

ပုံမှန်လည်ပတ်နေကျ အရာတွေပေါ်မှာ စိတ်ဝင်စားမှု နည်းလာတာ၊ စိတ်ကျေနပ်မှုနည်းလာတာ
အပြစ်ရှိတယ်လို့ ခံစားရတာ၊ မျှော်လင့်ချက်မရှိတာ၊ ကိုယ့်ကိုကိုယ် အရေးမပါဘူးလို့ ထင်လာတာ
သေချင်စိတ်ပေါက်တာ
အအိပ်မမှန်တာ (အလွန်အကျွံအိပ်တာ၊ အိပ်ချိန်နည်းတာ)
အစားမမှန်တာ၊ ကိုယ်အလေးချိန်ပြောင်းလဲ လာတာ
အာရုံစူးစိုက်ဖို့ ခဲယဉ်းနေတာ
ပင်ပန်းပြီး အင်အားမရှိဖြစ်နေတာ စတာတွေပဲဖြစ်ပါတယ်။

ဥပမာအနေနဲ့ပြောရရင် ဆောင်းရာသီမို့လို့ နေရောင်ကောင်းကောင်း မရတာနဲ့ပတ်သက်ပြီး စိတ်ကျတာမျိုး က မိန်းကလေးတွေမှာ အဖြစ်များတယ်။

မိန်းကလေးတွေရဲ့ စိတ်ကျလက္ခဏာပြမှုက တမူထူးလှပါတယ်။ ဒီလိုတစ်မူထူးတဲ အချက်တွေကတော့ အအိပ်နည်း၊ အစားနည်း၊ ပေါင်ချိန်လျော့တာတွေထက် အလွန်အကျွံအိပ်တာ၊ အစားအရမ်းစားတာ၊ (အထူး သဖြင့် အဆီဓာတ်များတာတွေကို စားတာ)၊ ကိုယ်အလေးချိန် တက်လာတာတွေဖြစ်ကြတာပါပဲ။ စိတ်ကျ တာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် အပြစ်တင်နေတတ်တာ မိန်းမတွေမှာ အဖြစ်များပါတယ်။ စိတ်ကျမှုနဲ့ ပတ်သက်ပြီး မိန်းကလေးတွေနဲ့ ယောကျာ်းလေးတွေရဲ့ ခြားနားချက်တွေကို ခုလိုဖော်ပြပေး လိုက်ပါတယ်။

မိန်းကလေး

ကိုယ့်ကိုကိုယ် အပြစ်တင်
ဝမ်းနည်း၊ စိတ်မပါ၊ အရေးမပါဘူးလို့ ခံစားရ
စိုးရိမ်၊ ကြောက်
အချင်းပွားမှုတွေကို ဘယ်နည်းနဲ့မဆိုရှောင်
စကားပြောနည်း၊ စိတ်လှုပ်ရှားလွယ်
အဆီးအတားမရှိတော
လက်မှိုင်ချရတာ ပျော့ညံ့တယ်လို့ထင်
အစားစား၊ သူငယ်ချင်းတွေနဲ့တွေ့၊ အချစ်နဲ့စိတ်ဖြေ

ယောကျာ်းလေး

တခြားလူတွေကို အပြစ်တင်
ဒါသထွက်၊ စိတ်ဆိုး မာန်ဆိုးဖြစ်၊ အတ္တကြီး
သံသယဖြစ်လွယ်၊ ချင့်ချိန်
စကားများ၊ ရန်ဖြစ်
ဂနာမငြိမ်၊ အိပ်မပျော်
အရာရာ စီမံချင်တယ်
စိတ်ပျက်လက်ပျက် စကားတွေပြောလွယ်
အရက်သောက်၊ ရုပ်ရှင်ကြည့်၊ အားကစားလုပ်၊ ကာမနဲ့စိတ်ဖြေ

မိန်းကလေးတွေ စိတ်ကျရခြင်း အကြောင်းအရင်းတွေကတော့

ဇီဝဗေဒဆိုင်ရာနဲ့ ဟော်မုန်းတွေကြောင့်ဖြစ်ပြီး ရာသီမလာခင်အခက်အခဲ၊ ကိုယ်ဝန်ဆောင်ရတာ၊ မျိုး မအောင်တာ၊ ကလေးမွေးပြီးတဲ့ အချိန်မှာစိတ်ကျ၊ သွေးဆုံးချိန်အခက်အခဲ၊ ကျန်းမာရေး မကောင်းလို့ စတာတွေကြောင့်ပဲဖြစ်ပါတယ်။

စိတ်ပညာပိုင်းအရ ကြည့်မယ်ဆိုရင်တော့ ခံစားလို့မကောင်းတာတွေနဲ့ မုန့်လုံးစက္ကူကပ်နေတာ၊ အလုပ်၊ အိမ်၊ကျောင်း စတာတွေမှာ စိတ်ဖိစီးမှုများနေတာ၊ ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်ပြီး စိတ်မကျေမနပ် ဖြစ်နေ တာတွေကြောင့် စိတ်ကျလာတယ် လို့ပြောရမှာပါပဲ။

စိတ်ဓာတ် ကျနေတာကိုသိရင် ကိုယ်ကိုယ်တိုင် ကုသလို့ရပါတယ်။

ဘယ်လို ကုသရမလဲဆိုတော့

သင်ခံစားနေ ရတာတွေကို ယုံကြည်လို့ရတဲ့ တစ်ယောက်ယောက် ကိုပြောပြလိုက်ပါ။ လူမှုဆက်ဆံရေး ကိစ္စတွေမှာ ပါဝင်ချင်စိတ် မရှိဘူးဆိုရင်တောင် အားတက်သရောပါဝင် ဆောင်ရွက်လိုက်ပါ။ တက်တက် ကြွကြွ လှုပ်လှုပ်ရှားရှားနေပါ။ တစ်နေ့အနည်းဆုံး ရှစ်နာရီ ဆက်တိုက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါ။ တစ်နေ့ တာ အတွင်းနေရောင်ရတဲ့နေရာမှာ အချိန်နည်းနည်းနေပေးပါ။ စိတ်တင်းအားတွေကို ဖြေလျှော့နိုင် တဲ့ လေ့ကျင့် ခန်းတွေ လုပ်ပေးပါ။

ရာသီမလာခင်မှာဖြစ်တတ်တဲ့ စိတ်ကျမှုပြ လက္ခဏာများ

ဝမ်းနည်း၊ မျှော်လင့်ချက်မဲ့
စိတ်ဖိစီးမှုများ
စိတ်ချောက်ချား
စိတ်ခံစားမှု အပြောင်းအလဲမြန်၊ အငိုလွယ်
စိတ်ပျက်လွယ်၊ ဒေါသဖြစ်လွယ်
အချစ်ရေးနဲ့နေ့စဉ် လှုပ်ရှားမှုတွေအပေါ် စိတ်မ၀င်စား
ပြဿနာကိုတွေးပူ
အားနည်း
အစားစားဖို့ အာသာပြင်းပြ၊
ကိုယ့်စိတ်ကို ကိုယ်ထိန်းမနိုင် သိမ်းမရဖြစ်၊
ရင်သားတွေနာမယ်၊ ခေါင်းကိုက်မယ်၊ ကြွက်သားတွေ နာမယ်စတာတွေပါပဲ။

Ref: Helpguide
ဟန်နီ
Myanmar Online News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...