UK နှ​င့် Australia ရှိ​ တ​က္က​သိုလ်များ​မှ B.Sc (Hons) in Biomedical Science ဘွဲ့​​ကို ​စင်ကာ​ပူ​တွ​င် တ​က်ေ​ရာ​က်နို​င်

တက္ကသိုလ် ဝင်တန်း (သို့) IGCSE အောင်မြင် ထားသူများ အနေဖြင့် စင်ကာပူ PSB Academy ၏ အထင်ကရ မေဂျာတစ်ခုဖြစ်သော Australia La Trobe University မှ တိုက်ရိုက် ချီးမြှင့်သည့် B.Sc (Hons) in Biomedical Science ကို စင်ကာပူနိုင်ငံ တွင် တက်ရောက်နိုင်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံရှိ PSB Academy သည် စင်ကာပူ အစိုးရမှ ချီးမြှင့်ထားသော 4-years Edu Trust ဆုကို ရရှိထားပြီး စင်ကာပူနိုင်ငံ၏ လူကြိုက်အများဆုံး နံပါတ်သုံးနေရာတွင် ပုဂ္ဂလိကကျောင်းအဖြစ် သုံးနှစ် ဆက်တိုက် သတ်မှတ်ခြင်း ခံရသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။

ကျောင်းဝင်းထဲ၌ အားကစားကွင်းများ၊ ကျန်းမာရေးလေ့ကျင့်ရေးခန်းမများ၊ စာအုပ်ဆိုင်များ၊ Canteen များ၊ အင်ဂျင်နီယာနှင့် သက်ဆိုင်သော လက်တွေ့ခန်းများ၊ ဆေးပညာနှင့်ဆိုင်သော လက်တွေ့ခန်း များ၊ IT Lab များအစရှိသော ခေတ်မီသင်ကြားမှု သင်ယူမှု အထောက်အကူပြုအစ္စည်းများနှင့် Business, Engineering IT, Toursim & Hospitality, Life Science & Biomedical ဘာသာရပ်များ ကိုနိုင်ငံတကာ အဆင့်မြင့် သင်ကြားပေးလျက်ရှိပါသည်။

ထို့ပြင် UK ရှိ Coventry University, Edinburgh Napier University, University of London, Australia ရှိ University of Newscastle, La Trobe University, University of Wollongong အစ သော တက္ကသိုလ် ကြီးများနှင့် ချိတ်ဆက် ထားသောကြောင့် ကျောင်းပြီးပါက ဘွဲ့ရကျောင်းသားအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုနှုန်း အထူးမြင့်မားသော ကျောင်းတစ်ကျောင်း လည်းဖြစ်သည်။

ယင်း PSB Academy တွင်သင်ကြားပို့ချသော နိုင်ငံခြား တက္ကသိုလ်များ၏ အဆင့်မီ ဘာသာရပ်များကို တက်ရောက် ဆည်းပူးလိုသော ကျောင်းသားများသည် အခြေခံပညာ အထက်တန်းအဆင့် (သို့) IGCSE ကိုသင်ယူပြီးမြောက်ရန် လိုအပ်ပြီး IELTS ၅ ဒသမ ၅ ရရှိထားရမည် ဖြစ်သည်။ ဆယ်တန်း အောင်မြင်ပြီး ထားသူများသည် Diploma (Year-1) မှ စတင်တက်ရောက်ရန် လိုအပ်ပြီး ကျန်ရှိသော Bachelor Year အတွက် Singapore Campus ဒါမှမဟုတ် UK နှင့် Australia ရှိတက္ကသိုလ်များသို့ လည်း ဆက်လက် တက်ရောက်နိုင်သည်။

PSB Academy ၏ Diploma Program များကို မြန်မာနိုင်ငံတွင် လုံးဝဖွင့်လှစ်ထားခြင်းမရှိဘဲ Singa-pore Campus သို့သာသွားရောက် ပညာသင်ကြား ရမည်ဖြစ်သည်။

ကျောင်းသားများ၏ ပညာအရည်အချင်း ရမှတ်ပေါ်မူတည်ပြီး ဘာသာရပ် ကင်းလွတ်ခွင့်များကို လည်း လျှောက်ထားနိုင်သည်။

တက်ရောက်လိုသူများနှင့် အသေးစိတ်သိရှိလိုသူများ လပြည့်ဝန်းတာဝါ ပထမထပ်ရှိ EDUVISION Worldwide Education Specialist သို့စာရင်းပေးသွင်းနိုင်သည်။

ကြေးမုံသတင်းစာ
မတ်လ (၅) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...