Xiaomi ထုတ် Mi/Redmi ဖုန်းတွေမှာ Google Play နဲ့ Google Service App တွေ အလွယ်ဆုံးသွင်းနည်း



Xiaomi ကထုတ်တဲ့ Redmi/MI ဖုန်းတွေမှာ Internation ROM မဟုတ်ရင် China ROM တို့ Developer ROM တို့လိုမျိုး တင်ထားရင် Google Play ကဲ့သို့သော Google Service App တွေ မပါတတ်ပါဘူး။ ယင်းသို့သော ဖုန်းတွေမှာ Google Play နဲ့ Google Service App တွေ အလွယ်ဆုံး သွင်းနည်းကို တင်ပြပေးချင်ပါတယ်။ Xiaomi မှနောက်ဆုံး ထွက်ရှိထားတဲ့ Xiaomi Mi Note (2015) ဖုန်းအထိ ဒီနည်းနဲ့ကောင်းစွာ အလုပ်လုပ်တာကိုတွေ့ရပါတယ်။

အရင်ဆုံး Google Installer app ကို Download ရယူပါ။

Download “Google Installer”

ယင်း app ကိုဖုန်းမှာ install လုပ်လိုက်ပါ။ ပြီးလျှင် ယင်း Google Installer app ကိုဖွင့်လိုက်ပါ။ Google Play ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်။ Install ကိုနှိပ်ပါ။



Google Play Requires Google Service FrameWork to Work ဆိုတဲ့ Message လေးပေါ်လာပါမယ်။ Ok ကိုနှိပ်ပါ။



နောက်ထပ် စာမျက်နှာတစ်ခုကိုရောက်ရှိ သွားပြီး Google Service Framework app သုံးခုနဲ့ Google Play app တစ်ခုကို List အနေနဲ့တွေ့မြင်ရပါမယ်။ ယင်း List ရဲ့အောက်က ဖုန်းပုံစံလေးနဲ့မြှားလေးပါတဲ့ icon လေးကိုနှိပ်ပါ။ “Install Google Services Framework , Google Acc Manager and 4 apps now” ဆိုတဲ့ Message လေးပေါ်လာပါမယ်။ Continue ကိုနှိပ်ပါ။



Google Service Framework နဲ့သက်ဆိုင်တဲ့ app များကို ဖုန်းမှာ သွင်းပါလိမ့်မယ်။ ပြီးပြီဆိုရင်တော့ Google Play app ကိုဖုန်းမှာ စတင်သုံးလို့ရပါပြီ။ အကယ်လို့ အပေါ်ကအဆင့်များကို လုပ်ပြီးတာတောင် Google Play app က ဖုန်းမှာပေါ်မလာသေးဘူး ဆိုရင်တော့ Google Installer app ထဲကိုနောက်တစ်ကြိမ်ပြန်ဝင်ပြီး Google Play ဆိုတဲ့ app လေးကို Install လုပ်လိုက်ရုံပါပဲ။ Google Service Framework များကို သွင်းပြီးဖြစ်တာကြောင့် အသင့်စသုံးလို့ရပါပြီ။
အခြား Google Service app တွေဖြစ်တဲ့ Gmail တို့ ၊ Maps တို့ကဲ့သို့သော app တွေကိုလည်း Google Installer app ထဲကနေတစ်ဆင့် သွင်းနိုင်ပါတယ်။

အားလုံးပဲအဆင်ပြေကြပါစေ။

သက်နိုင်စိုး (Myanmar Mobile App)
http://www.facebook.com/thetnaing.mmas 
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...