မိမိကိုမိမိ အရည်အသွေး အစစ်ခံလိုက်သော AIS

ကမ္ဘာ တစ်လွှားတွင် ဖွင့်လှစ်ထားသော International School များအတွက် ပညာ သင်ကြားနေကြသော ကျောင်းသူကျောင်း သားများ၏့ အရည်အသွေး အစစ်အမှန်ကို စစ်ဆေးသော ကမ္ဘာ့အဆင် မှီ Test များတွင် International School of Acccess ( I S A ) စာမေးပွဲသည် ကမ္ဘာ အသိအမှတ်ပြု Test ဟုလူသိ များပေသည်။ 

ကျနော်တို့ Ayeyarwaddy International School သည် ယခုစာသင်နှစ်တွင် အဆိုပါ Test ကို Grade 3 မှ Grade 10 အထိ ကျောင်းသူကျောင်းသားများအားလုံးကို ၀င်ရောင်ဖြေဆိုစေ ခဲ့ပါသည်။

ယခုနှစ် စာမေးပွဲကို ဖြေဆိုခဲ့သော ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကျောင်းပေါင်း၂၂၆ ကျောင်းရှိပြီး…. 

၁။ အာရှတိုက်မှ ၉၅ ကျောင်း
၂။ ဥရောပမှ ၇၁ ကျောင်း
၃။ အာဖရိက နှင့် အရှေ့ အလယ်ပိုင်းနိုင်ငံများမှ ၄၂ ကျောင်း
၎။ အမေရိကန် မှ ၁၆ ကျောင်း ပါဝင်ဖြေဆို ခဲ့ပါသည်။ 

မြန်မာနိုင်ငံ ကိုယ်စား ရန်ကုန်မှ Yangon International School ( Y I S ) နှင့် မန္တလေး မှ AIS ပါဝင်ခဲ့ပါသည်။

AIS မှလွှဲ၍ ကျန်သောကျောင်းအားလုံးနှီးပါး English Native Speaker ကျောင်းသား ၂၅% အထက်ရှိသော ကျောင်းများဖြစ်ကြပါသည်။ 

AIS အတွက် သတင်းကောင်းမှာ….အဆိုပါ ၂၂၆ ကျောင်းနှင့် နိုင်းယှဉ်လိုက်သောအခါ …
Native Speaker 0% ဖြစ်သော မန္တလေးမှ AIS ၏ ကျောင်းသူကျောင်းသားများသည်…

Math တွင် အလယ်အထက်အဆင့်
Writing တွင် အလယ်အဆင့် နှင့်
Reading တွင် အလယ်အောက် အနည်းငယ် အဆင့် ရရှိပါသည်။

ဤ အဆင့်ထိ ရနိုင်လိမ့်မည်ဟု လုံးဝမမျော်မှန်း ရဲခဲ့ပါ။
နှောင်စာသင်နှစ်တွင် Reading ကိုပိုမို အာရုံပြု ကြိုးစားရပါမည်။

မည်သို့ပင်ဆိုစေ မိမိကိုယ်မိမိ စမ်းစစ်ရဲသော AIS သည် ခရီးအဝေးကြီး လျှောက်ရပေအုံးမည်။

Aung Ko Latt
https://www.facebook.com/profile.php?id=100008712392309&fref=photo
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...