ကော်ဖီအနည်းငယ် ပုံမှန်သောက်သူတွေ သွေးကြော ပိုမိုသန့်ရှင်း

Health Updates Journal No. 163

တစ်နေ့လျှင် ကော်ဖီအနည်း ငယ်သောက်သုံးခြင်းဖြင့် နှလုံးရော ဂါဖြစ်နိုင်တဲ့ အန္တရာယ် တစ်ခုအဖြစ် သိရတဲ့ သွေးကြောတွေ အတွင်းသွေး ခဲမှုကို ရှောင်လွှဲနိုင်တယ်လို့ ကိုရီး ယားသုတေသီတွေက ပြောတယ်။

သုတေသီတွေက အမျိုးသား၊ အမျိုးသမီး ၂၅ç၀၀၀ ဦးကို လေ့လာ ခဲ့တာဖြစ်ပြီး၊ ၎င်းတို့ရဲ့ အလုပ်နေ ရာတွေမှာ ပုံမှန်ကျန်းမာရေးစစ် ဆေးမှု ခံယူသူတွေဖြစ်တယ်။

သုတေသီတွေရဲ့ လေ့လာ တွေ့ရှိချက်တွေကြောင့် ကော်ဖီ သောက်ခြင်းဟာ နှလုံးကျန်းမာရေး အတွက် ကောင်း၊ မကောင်း အချေ အတင်ပြောဆိုမှုကို ပြန်လည်ဖြစ်ပွား စေခဲ့တယ်။

နှလုံး ကျန်းမာရေးအပေါ် ကော်ဖီရဲ့အကျိုးသက်ရောက်မှုကို လေ့လာပါက ရှုပ်ထွေးမှုများစွာ ရှိ တယ်။ တချို့သော လေ့လာမှုတွေက ကော်ဖီသောက်သုံးခြင်းနဲ့ နှလုံးအန္တ ရာယ်တွေကြား ဆက်စပ်ကြောင်း ဖော်ပြတယ်။ အဲဒီအန္တရာယ်တွေမှာ ကိုလက်စထရော ဒါမှမဟုတ် သွေး တိုးခြင်းတွေ ပါဝင်တယ်။ အခြားလေ့ လာမှုတွေမှာတော့ ကော်ဖီသောက် သုံးခြင်းဖြင့် နှလုံးအတွက် ကာကွယ်မှု အချို့ ရှိတယ်လို့ ဖော်ပြကြတယ်။

ယခုလေ့လာမှုမှာ သုတေသီ တွေက နှလုံးသို့သွေးပို့လွှတ်တဲ့ နှလုံး သွေးကြောတွေအတွင်း ရောဂါမှန် သမျှကို ရှာဖွေစစ်ဆေးခဲ့တယ်။ နှလုံး သွေးကြောရောဂါဖြစ်နေပါက နှလုံး သွေးကြောနံရံတွေအတွင်း အဆီ တွေက တဖြည်းဖြည်း စုဝေးဖြစ် ပေါ်ကာ သွေးခဲသွားလေ့ရှိတယ်။

အခုလေ့လာမှုအတွင်း သုတေ သီတွေက နှလုံးသွေးကြောရောဂါ တွေ ဖြစ်ပေါ်လာခြင်းရဲ့ အစောပိုင်း သဲလွန်စတစ်ခု ရှာဖွေဖို့ နှလုံးသွေး ကြောတွေရဲ့ နံရံတွေအတွင်း ကယ် လ်စီယမ်တွေ အနည်ကျမှုကို လေ့ လာစစ်ဆေးခဲ့တယ်။

လေ့လာမှုအတွင်း ပါဝင်တဲ့ ကိုရီးယားအလုပ်သမား တစ်ဦးတစ် ယောက်မျှ နှလုံးရောဂါရှိတဲ့ လက္ခ ဏာမပြပေမယ့်လည်း ဆယ်ဦးလျှင် တစ်ဦးမှာ ကယ်လ်စီယမ် အနည်ကျမှု တွေရှိကြောင်း သုတေသီတွေ စစ် ဆေးတွေ့ရှိခဲ့တယ်။

အဲဒီနောက် သုတေသီတွေက ကော်ဖီပုံမှန်သောက်သူတွေရဲ့ ကျန်း မာရေးစစ်ဆေးမှုရလဒ်တွေနဲ့ နှိုင်း ယှဉ်လေ့လာပြီး ဆေးလိပ်သောက် ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ပုံနဲ့ မိသား စုနှလုံးရောဂါ ရာဇ၀င်တွေလို နှလုံး ရောဂါဖြစ်နိုင်တဲ့ အချက်တွေကို ထည့်သွင်းတွက်ချက် လေ့လာခဲ့ တယ်။ တစ်နေ့လျှင် ကော်ဖီအနည်း ငယ်သောက်သူတွေမှာ ကော်ဖီကို အဲဒီထက်ပိုပြီး သောက်သူတွေ ဒါမှ မဟုတ် လုံးဝမသောက်သူတွေထက် နှလုံးသွေးကြောတွေအတွင်း ကယ်လ် စီယမ်အနည်ထိုင်မှုပိုနည်းပါးကြောင်း သုတေသီတွေ လေ့လာတွေ့ရှိခဲ့ တယ်။

ညွှန့်လွင် (စက်မှုတက္ကသိုလ်)

Ref; Reuters
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...