ဆေးဘဲဥ ရွှေပဲရွက်နှင့် ကြက်ဥ အမြှုပ်ကြော်

***... ဆေးဘဲဥ ရွှေပဲရွက် နှင့် ကြက်ဥ အမြှုပ်ကြော် အတွက် လိုအပ် တာလေးတွေ…

1. ရွှေပဲရွက် (snow pea leaves) – 250 g (၁၆ ကျပ်သား) ခန့်
2. ဆေးဘဲဥ – ၂ လုံး (ဗူးခွံမှာ ကတော့ salted duck egg (preserved) လို့ ရေးထားပါတယ်။)
3. ကြက်ဥ အကာ – ၂ လုံး
4. ဆီ – 1/4 cup (60 ml)
5. ပါးပါးသေးသေး လှီးထားသော ကြက်သွန်ဖြူ  အတက်ကြီး – ၅ တက်
6. chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရွှေပဲရွက်များကို အရိုးရင့်များဖယ်ပြီး အညှာခြွေကာ ရေဆေးထားပါ။

ဆေးဘဲဥများကို ၈ စိတ်ကွဲလှီးထားပါ။

#. ကြက်ဥအကာ ၂ လုံးကို မွှေသည့်စက် ဖြင့် အမြှုပ်များဖြစ်သွားအောင် ၁ မိနစ်ခန့်မွှေပေးပါ။

(လက်မွှေတံ whisk ဖြင့်လည်း အမြှုပ်ဖြစ်အောင် ခလောက်နိုင်ပါတယ်၊ whisk ကို အသုံးပြုပါက ဇလုံကိုစောင်းပြီး ခလောက်ရပါမယ်၊ အကာ ၂ လုံးအတွက် ၂ မိနှစ်ခွဲခန့်ကြာပါတယ်။)

#. အမြှုပ်ခွက်ကို မှောက်ချကြည့်လို့ လုံးဝ မကျလာပဲ ကပ်နေလျှင် ကြက်ဥအမြှုပ်ရပါပြီ။

(အကယ်၍ ကြက်ဥအရည်များကျန်သေးလျှင် ချောပြီး ကျလာနိုင်၍ ဖြည်းဖြည်းချင်း မှောက်ချကြည့်ပါ။)

#. ဆီ ပူလျှင် ကြက်သွန်ဖြူထည့်ပြီး high heat ဖြင့် စက္ကန့် ၃၀ ခန့် မွှေကြော်ပေးပါ။ (ရွှေဝါရောင်ဖြစ်အောင် ကြော်ရန် မလိုပါ။)

#. ပြီးလျှင် လှီးထားသော ဆေးဘဲဥထည့်ကာ စက္ကန့် ၃၀ ခန့် ခပ်ဖွဖွ မွှေကြော်ပေးပါ။

#. ရွှေပဲရွက် နှင့် chicken powder ထည့်ပြီး အထက်အောက်လှန်ကာ

#. အရွက်များနွှမ်းရုံ ကြော်ပါ။ (အရွက်စိမ်းစိမ်းလေး ရစေရန် မီးပြင်းဖို့ လိုပါတယ်။)

#. အရွက်များနွှမ်းသည်နှင့် ချက်ချင်း ပန်းကန်တစ်ချပ်ထဲ ခပ်ထုတ်ကာ ထွက်လာသောအရည်များကို အိုးထဲချန်ခဲ့ပြီး မီးအပူရှိန်ကို အနိမ့်ဆုံး (low heat) သို့လျှော့ချပေးပါ။

#. ထိုအရည်ထဲ ကြက်ဥအမြှုပ်ကို ထည့်ကာ စက္ကန့် ၃၀ ခန့် ခပ်ဖွဖွ မွှေကြော်ပေးပါ။ အရမ်းကြေသွားအောင် မမွှေရပါ။

#. ပြီးနောက် မီးဖိုမှ ဖယ်ကာ ကြော်ပြီးသည့်ရွှေပဲရွက်များဖြင့် ခပ်ဖွဖွ ရောမွှေ၍ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...