သတိပြုဖွယ် ကွမ်းအန္တရာယ်

နွေနေ့လယ်ခင်းဖြစ်၍ ရာ သီဥတုပူပြင်းနေ၏။

ဒေါက်တာကျော်ရွှေသိန်း သည် Royal Jade ဆိုင်လေးသို့ ရောက်ရှိနေ၏။

ထိုဆိုင်လေးသည် ပုဇွန် တောင်မြို့နယ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင် ABC Mart နှင့် မျက် နှာချင်းဆိုင်တွင် တည်ရှိ၏။

ထိုဆိုင်သို့ ဧည့်သည်များ လာမည်ဖြစ်၍ စောင့်မျှော်နေ၏။

မကြာမီ ဒေါက်တာပွင့် သက်တင်၊ ဒေါက်တာ ယုစန္ဒာ၊ ဒေါက်တာ တင်တင်ဦးနှင့် ဒေါက် တာမြမြအေးတို့ရောက်ရှိလာ၏။

''ပွင့်တို့ရောက်ပြီပဲ။ ဆရာ ဆွေနောက်ကျနေပြီ''

ဒေါက်တာ တင်မောင်ဆွေ တစ်ဦးတည်းသာ မရောက်သေး ပေ။

''ဆရာကျော်၊ဘာတွေရ လဲ ပြောပါဦး''

''မြန်မာ့ရိုးရာ ဟင်းလျာ တွေရတယ်။ ထိုင်းစာ၊ တရုတ်စာ လည်းရတယ်။ သဘာဝ သစ်သီး ဖျော်ရည်မျိုးစုံလည်းရတယ်''

''နာမည်ကြီးတာ တစ်ခု နှစ်ခုလောက်ပြောပြပါလား''

''ပုစွန်ကင် ထိုင်းဆော့စ်က နာမည်ကြီးပဲ၊ ဒီဟင်းလျာမှာ ပု စွန်၊ပျားရည်၊ ငရုတ်သီးစိမ်း၊ နံနံ ပင်၊ ကြက်သွန်ဖြူ၊ ဆလတ်ရွက် တွေနဲ့ စီမံထားတယ်။ ချက်ပုံချက် နည်းက အရင်ဆုံး ပုစွန်ကိုဆီပူ ထိုးတယ်၊ ပြီးတော့ပျားရည်လောင်း တယ်၊ ပြီးမှ ငရုတ်နှစ်နဲ့ရောတယ်၊ အရသာက ချိုစပ်အရာသာပဲ၊ ပုစွန်စားလိုက်တာနဲ့ ပျားရည် အနံ့ မွှေးမွှေးလေးနဲ့ ငရုတ်သီးအစပ် အရသာလေးကို ခံစားရမှာဖြစ်ပါ တယ်။ ဒီဟင်းကို ထမင်းနဲ့ တွဲစား လည်းရပါတယ်''

''ဒါဆို ပုစွန်ကင်ထိုင်း ဆော့စ်မှာပေးပါ''

''ရပါတယ်၊ မှာပေးမယ်။ နောက်တစ်ခုက ကြက်တောချက် ဟင်းချိုပါ၊ ခဝဲသီး၊ပြောင်းဖူး၊ ထိုင်း ပင်စိမ်း၊ ကြက်ပေါင်၊ သံပုရာသီး တွေသုံးပြီးချက်တာ၊ စစချင်း ကြက် ပေါင်ကို ကြက်သွန်ဖြူနဲ့ ဆီပူ တိုက်လိုက်တယ်၊ ပြီးမှအသီးအ ရွက်တွေထည့်တယ်၊ အချိုမှုန့်နည်း နည်းထည့်သုံးတယ်၊ အဓိကက ကြက်သားမှုန့်သုံးတယ်၊ အရသာ က ချဉ်ငန် စပ်အရသာ၊ ဟင်းအ ရည်မှာ ထိုင်းပင်စိမ်းပါလို့ အနံ့မွှေး တယ်၊ အရသာကလည်း တစ်မျိုး ထူးခြားတယ်''

''ဒါဆို ကြက်တောချက် ဟင်းချိုလည်းမှာပေးပါ''

''ရပါတယ်။ ပွင့်တို့ထမင်း ပါတွဲစားရအောင် ထမင်းဖြူလည်း မှာထားပါတယ်''

''ဟုတ်ပြီ၊ သဘာဝသစ်သီး ဖျော်ရည်တစ်မျိုးမျိုးလည်းမှာပေး ပါ''

''ရပါတယ်။ ဒါနဲ့ ဗေဒင် ဆရာကြီးအလ္လကပ္ပဆရာမဲ ဘယ် လိုနေသေးလဲ''

''မသက်သာပါဘူး၊ ခုဆရာဆွေ အဲဒီရောက်နေတယ်၊ ဆရာမဲရောဂါက ခံတွင်းကင်ဆာ ပဲ၊ ကင်ဆာကျိတ်ကပါးကို ဖောက် ထွက်နေ တယ်၊ ရုပ်ကကြောက်စ ရာကြီးဖြစ်နေတယ်၊ သွားတွေမြင် နေရတယ်၊ လူကလည်း အရိုးပေါ် အရေတင်ဖြစ်နေပြီ''

''ဆရာမဲက ကွမ်းသိပ်စား တယ်၊ ခံတွင်းကင်ဆာက ကွမ်းနဲ့ ဆက်စပ်နေတယ်''

''ဆရာကျော်က ဗဟုသုတ စုံတယ်၊ ရှင်းပြပါဦး''

''တစ်ကမ္ဘာလုံးမှာ ကွမ်းစားတဲ့ လူကမနည်းဘူး၊ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ဆယ်ပုံတစ်ပုံက ကွမ်းစားနေကြတယ်၊ ကွမ်း က ကော်ဖီ လို၊ နစ်ကိုတင်းတို့လို စွဲလမ်း စေတယ်၊ အထူးသဖြင့် လုပ်ငန်း ခွင်က လုပ်သားတွေစားကြတယ်၊ အဝေးပြေးကားမောင်းရင်း စားရင် နိုးကြားနေစေတယ်၊ ကြာလာတော့ ခံတွင်းကင်ဆာဖြစ်စေတယ်''

''ကြောက်စရာကြီးပါလား''

''လူတွေက ကျန်းမာရေး ဗဟုသုတနည်းတော့ မကြောက်ကြ ဘူး၊ Taiwan မှာဆိုရင် အတော်စား ကြတယ်တဲ့၊ Taiwan's Chewing Gum လို့ တောင်တင်စားခေါ်ဝေါ် ကြတယ်။ ခံတွင်းကင်ဆာဖြစ်ကြ လွန်းလို့ ထိုင်ဝမ်အစိုးရက ကျန်း မာရေးပညာပေးလုပ်ငန်းတွေ ဖိဖိ စီးစီး လုပ်နေရတယ်တဲ့''

''လုပ်သင့်ပါတယ်''

''ကွမ်းမှာက ရိုးရာဓလေ့ ကိုလိုက်ပြီး တစ်တိုင်းပြည်နဲ့ တစ် တိုင်းပြည် ကွာခြားတာရှိတယ်၊ ပါ လေ့ပါထရှိတာက ထုံးရယ်၊ ကွမ်း ရွက်ရယ် Cardamon ရယ်၊ Cinnamon ရယ် Tobacco ရယ် ပါ တတ်တယ်''

''ဟုတ်ကဲ့ ဆရာကျော်''

''International Agency for Research on Cancer ဆိုတဲ့ သုတေသနအဖွဲ့ကြီးကလေ့လာ ထားတာရှိတယ်၊ ကွမ်းမှာ ကင်ဆာ ဖြစ်စေတဲ့ Carcinogen ခေါ်တဲ့ ဓာ တုဒြပ်ပေါင်းတွေပါတတ်တဲ့''

''ဟုတ်ကဲ့ ဆရာကျော်''

''ထုံးကလည်း အရေးပါတဲ့ နေရာမှာရှိတယ်။ခံတွင်းထဲမှာ ပွန်း ပဲ့ရှနာဒဏ်ရာ သေးသေးကလေး တွေ ဖြစ်စေတယ်။ ဒီဒဏ်ရာတွေ ကနေ ကင်ဆာဖြစ်စေတဲ့ ဒြပ် ပေါင်းတွေက ကိုယ်ထဲဝင်သွား တာတဲ့။ ထုံးကလည်း အန္တရာယ်ရှိ တယ်''

''စားတဲ့လူတွေက ဒါကိုမ သိကြဘူးနော်''

''ဟုတ်တယ်၊ မသိကြဘူး။ Professor Hahn Ling Jiunn ဆို တာက ကင်ဆာပါရဂူပဲ၊ သူက National Taiwan University Hospital က ပါမောက္ခကြီး။ သူက ပြောတယ်၊ ကွမ်းစားတဲ့ လူတစ်ရာ မှာ ငါးဆယ်လောက်က ကွမ်းဟာ ကင်ဆာဖြစ်စေတယ် ဆိုတာ မသိ ကြဘူးတဲ့၊ မသိကြလို့လည်း စား နေကြတယ်တဲ့၊ ကမ္ဘာပေါ်မှာ ခံ တွင်း ကင်ဆာဖြစ်နှုန်းဟာ Taiwan က အများဆုံး စာရင်းထဲမှာ ပါနေ တယ်တဲ့။ Top two or three in the world တဲ့''။

''ဒီမှာလည်း မသိကြသေး ဘူးနော်''

''ဟုတ်တယ်၊ မသိကြသေး ဘူး။ Qiu Zhen Huang ဆိုတဲ့ ကင်ဆာလူနာ အကြောင်း ပြောပြမယ်၊ သူက ကွမ်းစားတယ်၊ ခံတွင်း ကင်ဆာ ဖြစ်လာတယ်၊ သူ ကဆယ်နှစ် လောက်ကွမ်းစားခဲ့တယ်၊ သူက လုပ်ငန်းခွင်မှာ သူ များစားတော့ လိုက်စားတယ်။ နှစ် ပေါင်း များစွာကြာတော့ ကင်ဆာ ဖြစ်လာတယ်''

''ဟုတ်ကဲ့ ဆရာကျော်''

''သူရဲ့ ဘယ်ဘက်ပါးမှာ အပေါက်ဖြစ်လာတယ်၊ ကင်ဆာ ကျိတ်က ဂေါက်သီးဘော်လုံး လောက်ကြီးလာတယ်။ စားသမျှ အဲဒီ အပေါက်ကနေပြန်ထွက် တယ်။ Mr Qiu ဟာ အတော်ခံစား ရတယ်''

''သနားစရာပဲ''

''သူဟာ ရုပ်ပျက်ဆင်း ပျက်ဖြစ်နေတယ်၊ ရှက်လို့ လူကြားထဲ မထွက်ရဲဘူး၊ သူ့လို လူနာတွေလည်း Taiwan မှာ အများကြီးပဲ၊ တစ်နှစ် တစ်နှစ်မှာ ခံတွင်းကင်ဆာ လူနာသစ် ငါးထောင်ကျော်ရှိ တယ်။ အဲဒီလူနာတွေထဲမှာ ၈ဝ%ကနေ ၉ဝ% လောက်က ကွမ်းစားတယ်''

''ဟုတ်ကဲ့ဆရာကျော်''

''စစချင်းတော့ ပါးစပ်ထဲမှာ အဖုသေးသေးကလေးစဖြစ်တယ်၊ တချို့က အဖြူရောင်၊ အချို့က အနီရောင်၊ နောက်တော့ ကြီးလာတယ်၊ အသားကောင်း တွေ စားသွားတယ်၊ ပါးပေါက်ထွက် တယ်၊ Grotesque Flesh Eating Tumour ဖြစ်လာတယ်''

''အတော်ဆိုးတဲ့ ရောဂါပါ လား''

''ဟုတ်တယ်ဆိုးတယ်၊ လူနာတွေဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်၊ ခန္ဓာကိုယ်ပျက်စီးသလို စိတ်ဓာတ်လည်း ထိခိုက်တယ်၊ စိတ်ကျရောဂါဖြစ်လာတယ်၊ အ တော်ဆိုးတဲ့ ရောဂါပဲဗျ''

''ကုလိုက်ရင်ရော''

''ကုပြီးရင်တောင် နဂိုအ ခြေအနေပြန်မရဘူး။ Professor Hahn ကပြောတယ်၊ ကုပြီးရင် လည်းလူနာဟာ မပြုံးနိုင် မရယ် နိုင်ဘူးတဲ့။ Basic Function တွေမလုပ်နိုင်ဘူးတဲ့။ ရောဂါအခြေအ နေကိုလိုက်ပြီ အောက်မေးရိုးကို ဖြတ်ပစ်ရလို့တဲ့။ ရုပ်ဆင်း အင်္ဂါချို့ ယွင်းသွား ပါတယ်တဲ့''

''ဆိုးလိုက်တာနော်''

''ဟုတ်တယ်ဆိုးတယ်။ Mr Qiu က ကံကောင်းတယ်၊ ကင်ဆာ ကို ခွဲစိတ်ကုသနိုင်တယ်၊ ပါးကို လည်း Reconstructive Surgery လုပ် ပြီး ပြုပြင်နိုင်ခဲ့တယ်၊ ဒါပေ မယ့် ကင်ဆာလူနာအများစုက ကံမကောင်းရှာဘူး။နဂိုလိုပြန်မ ဖြစ်ဘူး''

''ဟုတ်ကဲ့ ဆရာကျော်''

'' Taiwan အစိုးရက ကင်ဆာပြဿနာကို ဖြေရှင်းဖို့ကြိုးစား နေတယ်၊ ရောဂါက နုတုန်းကုရင် လွယ်တယ်၊ ဒါကြောင့် နုစဉ်မှာသိ ရအောင် ကြိုတင် စစ်ဆေးရေးတွေ ကို အခမဲ့လုပ်ပေးနေတယ်၊ မသင်္ကာစရာ ရောဂါလက္ခဏာ တွေ့ရင် အခမဲ့စစ်နိုင်တယ်''

''ကောင်းတယ် ဆရာ ကျော်''

''ပြီးတော့ လူတွေကွမ်း ဖြတ်ချင်ရင် ဖြတ်လို့ရအောင် စီ စဉ်ပေးတယ်၊ ကွမ်းကဆေးလိပ်လို ပဲ၊ စွဲတတ်တယ်၊ အလွယ်နဲ့ဖြတ် လို့ မရဘူး။အကူအညီလိုတယ်၊ သူ တို့ဆီမှာကွမ်းဖြတ်ချင်ရင် ကူညီ တယ်''

''ကောင်းတယ် ဆရာ ကျော်

''သူတို့ အစီအစဉ်တွေ အောင်မြင်တယ်။ ၂ဝ၁၃မှာ ကွမ်း စွဲသူ လူတွေအားလုံးမှာ တစ်ဝက် က ကွမ်းပြတ်သွားတယ်၊ ဒါပေ မယ့် လွယ်လွယ်နဲ့မအောင်မြင်ဘူး၊ အတိုက်အခံတွေရှိတယ်၊ အခက် အခဲတွေရှိတယ်''

''တစ်ဝက်ပြတ်လည်း မ ဆိုးဘူးပေါ့''

''ပြီးတော့ ကွမ်းစိုက်တဲ့ စိုက်ပျိုးရေးသမားတွေကို ကူညီ တယ်၊ ကွမ်းအစား တခြားအပင် စိုက်ခိုင်းတယ်၊ စိုက်ချင်အောင် မက်လုံးပေးတယ်၊ ကွမ်းပင် မရှိရင် ကွမ်းမရဘူး၊ ဒါလည်းကွမ်းပြတ် အောင် တစ်နည်းတစ်လမ်းလုပ် တာပဲ''

''နည်းယူစရာပဲနော်''

''ထိုင်ဝမ်လိုပဲ အိန္ဒိယနဲ့ ယိုးဒယားမှာလည်းလုပ်နေတယ်၊ ကွမ်းစွဲတဲ့လူတွေ ကွမ်းပြတ်အောင် ပေါ့''

''လုပ်သင့်ပါတယ်''

''တစ်ဦးချင်းကြိုးစားဖြတ် သင့်သလို နိုင်ငံအစိုးရကလည်း ပံ့ ပိုးသင့်တယ်၊ ကွမ်းဖြတ်ခြင်းဟာ ကင်ဆာရောဂါကို ကြိုတင်ကာ ကွယ်တာပါပဲ''

''ဆရာမဲသာ ကွမ်းမစားခဲ့ ရင် ကင်ဆာဖြစ်များမှာ မဟုတ် ဘူး''

''ဟုတ်တာပေါ့။ ကင်ဆာမ ဖြစ်ဘဲ ကျန်းမာနေမှာပဲ''

ထိုစဉ် ထိုင်းစားသောက် ဖွယ်ရာများ ရောက်ရှိလာ၏။

''ကဲ-သုံးဆောင်ကြဦး။ စား စရာတွေစုံနေပြီ။ သဘာဝသစ်သီး ဖျော်ရည်တွေလည်းပါတယ်''

ထိုစဉ် ဒေါက်တာလင်း နိုင်ထွန်းဦးဆောင်သော ဧည့်သည် တစ်စု ရောက်ရှိလာပြန်၏။

''ဟာ-ဆရာလင်းကြွပါ။ အတော်ပဲ ဆရာလင်းက မန္တလေး တုန်းက ဧည့်ဝတ်ကျေထားတယ်။ ခုဧည့်ခံပါရစေ''

''ဟာ-ဟန်ကျတယ်ဗျာ၊ ပုစွန်ကင်ထိုင်းဆော့စ်နဲ့ ကြက် တော့ချက်ဟင်းချိုနာမည်ကြီးလို့ ဒီ ဆိုင်လာတာဗျ''

''ဟုတ်တယ်ဆရာလင်း၊ အဲဒီနှစ်မျိုးက နာမည်ကြီးတယ်။ ကျွန်တော်မှာပေးမယ် ထိုင်ကြပါ''

''ကျေးဇူးပဲ ဆရာကျော်''

ဒေါက်တာ လင်းနိုင်ထွန်း နှင့်အတူ ဒေါက်တာမြမြဝင်း၊ ဒေါက်တာ သီတာမိုးကြည်၊ ဒေါက် တာ ဝင်းနီလာနှင့် ဒေါက်တာ မိုး မိုးခင်တို့ပါလာ၏။

ထိုစဉ် ဒေါက်တာပွင့်သက် တင်က အနားကပ်၍ တိုးတိုးက လေးပြောလိုက်၏။

''ဆရာကျော်၊ Bill ရှင်းဖို့ အဆင်ပြေပါမလား''

''ရပါတယ် ပွင့်ရယ် မပူပါနဲ့''

ဟန်ကိုယ်ဖို့လုပ်၍ ဧည့်သည်များရှေ့တွင် ငွေအလုံအ လောက်ပါသယောင် ပြောလိုက်ပေမယ့် တကယ်တော့ ပထမဝိုင်း အတွက် သာ ပါလာ၏။ ဒုတိယဝိုင်း အတွက် မလုံလောက်ပေ။

ထိုစဉ် ကယ်တင်ရှင် ရောက်လာ၏။

ကယ်တင်ရှင်က ရာဟု မောင်မောင်။

သူက ဆိုင်မန်နေဂျာကို တစ်စုံတစ်ရာပြောလိုက်၏။

စားသောက်၍ ပြီးစီးသည် အထိ Bill ရောက်မလာတော့ပေ။

စားသောက်ပြီးစီးသောအ ခါ တစ်အုပ်စုလုံး ခပ်သွက်သွက် ထပြန်ခဲ့ကြလေတော့၏။ 


အောင် (ဆေး-၁)

ရည်ညွှန်းချက်။ ။ BBC News မှ "Asia's Deadly Secret:The scourge of the betel" Nut ဆေးပညာဆောင်းပါးကို မှီငြမ်း ကိုးကားပါသည်။
http://www.zaygwet.com/healthy.php?id=293
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...