ကိုယ်ဝန်ဆောင်စဉ် ငါးစားခြင်းက စိုးရိမ်စိတ်ကိုလျှော့ချနိုင်

Written by ပေါက်ပေါက်

Bistol တက္ကသိုလ် (အင်္ဂလန်) နှင့် Federal တက္ကသိုလ် (ဘရာဇီးလ်) တို့ရဲ့ သုတေသီ တစ်ဦးဖြစ်သူ Rio de Janeiro ၏နောက်ဆုံး သုတေ သနပြုချက် များအရ ကိုယ်ဝန်ဆောင်စဉ် ငါးမကြာခဏ စားသူ သည် ငါးလုံးဝ မစားသူထက် စိတ်ပိုင်းဆိုင်ရာ စိုးရိမ် ပူပန်ကြောင့်ကြမှုကို လျော့ပါးစေနိုင်ကြောင်း လေ့ လာတွေ့ရှိ ခဲ့ပါတယ်။ ထိုသုတေသီ Rio de Janeiro က ကိုယ်ဝန်ဆောင် အမျိုးသမီး ၉၅၃၀ ကို ရက် သတ္တပတ် ၃၂ ပတ်ကာလအတွင်း တစ်ဦးချင်းစီရဲ့ စားသောက်ပုံ စာရင်းဇယားကို စာရွက် စာတမ်းမှတ် တမ်းများဖြင့် စနစ်တကျ သုတေသနပြုပြီးနောက် ငါးလုံးဝ မစားခဲ့သူ မိခင်လောင်းများမှာ စိတ်ပိုင်းဆိုင် ရာဖိစီး မှုပြဿနာ ၅၃ ရာခိုင်နှုန်းထိ ရှိလာကြောင်း၊ ကိုယ်ဝန်ဆောင်စဉ် အသားနဲ့ငါးလုံးဝ မစားဘဲ ဟင်း သီးဟင်းရွက် တစ်မျိုးတည်းသာ စားခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုပြဿနာ  ၂၅ ရာခိုင်နှုန်းထိရှိစေ ကြောင်း PLOSONE (ခေါ်) ဆေးဂျာနယ် တစ်စောင်မှာ ဖော်ပြထားပါတယ်။ ဒါတက် မကသေးဘူး။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ စိုးရိမ်ကြောင့်ကြစိတ်ဟာ ရင်သွေးငယ်ကို စိတ်ဖိစီးမှုဖြစ်စေကာ ဉာဏ်ရည်ဖွံ့ ဖြိုးမှု နှေးကွေးစေပါတယ်တဲ့။

အလားတူပင် အမေရိကန်ပြည်ထောင်စုမှာလည်း မိခင်လောင်း ၁၅၀၀ ကို နှစ်ပေါင်း ၃၀ ကြာလေ့လာ မှုမှတ်တမ်းများအရ နံနက်စာ၊ နေ့လည်စာ၊ ညစာ သီးတင်းရက်သတ္တပတ်ကာလအတွင်း ငါးဟင်းလျာ ၁၂ ကြိမ်မျှ စားသုံးခဲ့သော ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ရင်သွေးအပေါ် မာကျူရီ (ခေါ်) ပြဒါးအ ဆိပ်သင့်မှု တစ်စုံတစ်ရာမဖြစ်ပေါ်နိုင်တဲ့အပြင်၊ ကိုယ်အလေးချိန်ကျစေတာကြောင့်လည်း မိခင်များ အတွက် သားဖွားပြီးနောက် ကိုယ်အလေးချိန်တိုးပွားခြင်းအတွက် များစွာအထောက်အကူဖြစ်စေနိုင် တယ်လို့ အမေရိကန် ရိုချက်စတာတက္ကသိုလ် ပြည်သူ့ကျန်းမာရေးသိပ္ပံဌာန ပါမောက္ခတစ်ဦးဖြစ်သူ ပီအိပ်ခ်ျဒီဘွဲ့ရ အက်ဒွင်ဗန်ဆိုသူက အကြံပြုထားပါတယ်။

ထိုအဆိုကို ကမ္ဘာ့အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး (ခေါ်) FDA မှထောက်ခံထားပြီး၊ ကိုယ်ဝန် ဆောင်မိခင်လောင်းများအတွက် အောက်ပါအတိုင်း ထပ်လောင်းအကြံပြုထားပါတယ်။

(၁) မာကျူရီပမာဏ ပါဝင်များပြားသော ငါးကွမ်းရှပ်နှင့် ပင်လယ်ငါးကြီးများ (လုံးဝ) မစားပါနှင့်။ ပင် လယ်စာများဖြစ်ကြသော ဓားရှည်နှုတ်သီးငါး၊ ငါးမန်းနှင့် မက္ကရာယ်ငါးကြီးမျိုးတို့ကိုလည်း မစားသင့် ပေ။

(၂) မာကျူရီပါဝင်မှုနည်းတဲ့ အကြေးခွံပါသော ရေချိုငါးတို့ကို များများစားပေးပါ။

(၃) ပုစွန်ထဲမှာ မာကျူရီပါဝင်မှုနည်းလို့ စားပေးသင့်ပါတယ်။

(၄) မာကျူရီပါဝင်မှုနည်းသော ပင်လယ်စာများဖြစ်ကြတဲ့ ခုံး (ဂုံး) ကောင်၊ ကမာကောင်၊ ယောက် သွား၊ တူနာငါးတို့နှင့် ဆယ်လ်မွန်ငါးတို့ စားပေးပါ။

(၅) ငါးဒန်က သွေးတက်စေလို့ မစားသင့်ပေ။

(၆) ဂက်စ်ပါသော ဖျော်ရည်များ မသောက်ပါနှင့်။

(၇) ကော်ဖီ၊ လက်ဘက်ရည်နှင့် ကိုလာတို့ကဲ့သို့ ကဖိန်းဓာတ်ကိုအခြေခံထားသော ဖျော်ရည်များမ သောက်ပါနှင့်။ များမကြာမီက လေ့လာမှုတစ်ခုအရ ကဖိန်းဓာတ်များလွန်းပါက ကလေးကြီးထွားနှုန်း ကို ထိခိုက်နိုင်ကြောင်း၊ တစ်နေ့ကော်ဖီတစ်ခွက်နေ့တိုင်းသောက်သုံးသော အမျိုးသမီးဟာ သာမန် ကိုယ်အလေးချိန်ထက်လျော့သော ကလေးမွေးဖွားနိုင်၍ အန္တရာယ်ပိုများကြောင်း၊ ဒါကြောင့် ကိုယ်ဝန် ဆောင်များအနေဖြင့် ကဖိန်းဓာတ်ပါသော ဖျော်ရည်သောက်သုံးမှုကို သိသိသာသာလျော့ချပစ်စေလို ကြောင်း သိရပါတယ်။

(၈) ဓာတုချွတ်ဆေးများသုံးပြီး ပြန်လည်သန့်စင်ထားသော ဂျုံမှုန့်ဖြင့်ပြုလုပ်ထားသည့် အစားအစာများ ကိုရှောင်ပါ။

(၉) သကြားဓာတ်ပါဝင်မှုများသော အစားအသောက်များကို လျှော့ချနိုင်သမျှ လျော့ချစားသုံးပါ။

(၁၀) သိပ္ပံနည်းအရ အတည်ပြုထားခြင်းမရှိသေးသော်လည်း ဇာတိပ္ဖိုလ်သီး ပါဝင်မှုများသော အစား အစာကို စားခြင်းကသန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

(၁၁) မချက်ပြုတ်ရသေးသော ငါးစိမ်းများမှာလည်း အစာအဆိပ်သင့်စေသည့် ဗက်တီးရီးယားနှင့် ပိုးမွှားများပါဝင်နေ၍ မစားသင့်ပေ။

(၁၂) ရေခဲရိုက်ထားသော (သို့) မီးကျပ်တိုက်ထားသော ပင်လယ်စာများကိုလည်း မစားပါနှင့်။

(၁၃) စည်သွပ်ထားသော ပင်လယ်စာကိုတော့ အနည်းငယ်မျှလောက်သာ စားပေးနိုင်ပါသည်။

(၁၄) အပူကောင်းစွာ မပေးရသေးသော နို့များကိုရှောင်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းနို့ထဲတွင် ရင် သွေးကို အဆိပ်ဖြစ်စေနိုင်သော (သို့) ရောဂါကူးစက်စေနိုင်သည့် အချင်းတိုင်းမှဖြတ်သန်းဝင်ရောက် နိုင်သော အစာအဆိပ်ဖြစ်စေသည့် ပိုးများပါဝင်နေလို့ပါဘဲ။

(၁၅) လတ်ဆတ်သော ကြက်ဥ၊ ဘဲဥများကိုသာ ရွေးချယ်တတ်ပါစေ။

ကြေးမုံသတင်းစာ
ဧပြီလ (၁၅) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...