လက်ဗေဒင်


ကဲ ဒီစာကိုဖ တ်နေတဲ့ကောင်လေး၊ ကောင်မလေး ကတော့ ကံကောင်းသွားပြီလို့ မှတ်လိုက်ပါနော်။

လက်လေးကိုကြည့်ပြီး ကိုယ့်က ဘယ်လိုလူဖြစ်မလဲ ဆိုတာကို ကြည့်ကြရအောင်။ မိသားစု၊ သူငယ်ချင်းတွေနဲ့လည်း စမ်းကြည့်လိုက်ကြ ရအောင်လား။

★★ လက်သည်းကြွယ်က လက်ညှိုးထက် ရှည်လျှင်၊ သင်ဟာ ပျော်ပျော်နေတတ်ပြီး လူချစ်လူခင် ပေါများသောသူ (A)

★ အမြဲတမ်း သင့်ရဲ့ပတ်ဝန်းကျင်မှာ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းများ ရှိပြီး လူချစ်လူခင်ပေါများ ပါလိမ့်မယ်။ 
★ ဒါပင်မဲ့ တခါတလေ အရိပ်အခြေကို မကြည့်တတ်လို့ အဆူခံရတတ်ပင်မဲ့လည်း သင်ကတော့ ရည်ရွယ်ပြီးလုပ်တဲ့ ကိစ္စတော့ မဟုတ်ပါ။
★ ပြသာနာကို ဖြေရှင်းရာတွင် ကျွမ်းကျင်ပြီး အင်ဂျင်နီယာ၊ ပညာရှင်တွေ ဖြစ်ပါလိမ့်မယ်။

★★ လက်ခလယ်ပြီးလျှင် ဒုတိယအရှည်ဆုံးက လက်ညှိုးဖြစ်သောသူဟာ ၊ အမြဲတမ်း ယုံကြည်မှုအပြည့်ရှိပြီး လူအများ၏ အားကိုးလေးစားခြင်းကို ခံရသူ (B)

★ အမြဲတမ်း မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဘာအလုပ်မဆို နောက်လှည့်ကြည့်စရာမလို အားလုံးကို ပြီးမြောက်အောင်မြင်အောင် လုပ်ပေးသူ။
★ အများနဲ့ ပူးပေါင်းဆောင်ရွက် တာထက် တစ်ယောက်တည်း လုပ်ရတာကို သဘောကျသူ။
★ အလုပ်တွင် အာရုံစိုက်နေချိန်မှာ အနှောက်အယှက်ပေးလျှင် အလွန် စိတ်ဆိုးတတ်သူ။
★ သူရဲ့လုပ်ကိုင်ပုံအတိုင်း ခွင့်ပြုပေးထားလျှင် အားလုံး အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။
★ လက်ရှိအခြေအနေအပေါ်မှာ ကျေနပ်ခြင်းမရှိပဲ ဒီထက်ကောင်းအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ရှိသူ။

★★ လက်သည်းကြွယ်နဲ့ လက်ညှိုးက အရွယ်တူနေလျှင်၊ ပြသာနာကိုမေ့ထားပြီး ငြိမ်းချမ်ရေးကို အလေးထားသူ (C)

★ လူအများကို တည့်အောင်ပေါင်းနိုင်ပြီး ရန်ဖြစ်ခြင်းကို မုန်းသောသူ။
★ တတ်နိုင်ရင် အေးအေးဆေးဆေးပဲ နေချင်တယ်။
★ ဒါပင်မဲ့ သူစိတ်တိုရင်တော့ ကြောက်စရာကောင်းတာကြောင့် သတိထားပါ။

Chelmo Team
Credit. tabi-labo
Credit Photo. tabi-labo
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...