Google I/O မှာ ဘာတွေ မြင်တွေ့နိုင်မလဲ

Google I/O ကို စောင့်ကြည့်မယ့် သူတွေ ရှိပါသလား ခမျာ… ရင်ခုန်စိတ် လှုပ်ရှားဖွယ်ရာများ Google အမာခံ ပရိတ်သတ်များ အတွက် ဖြစ်ပေါ်နေပါပြီ။ 

မြန်မာပြည် စံတော်ချိန်နဲ့ ဆိုရင် မေလ ၂၈ ရက်နေ့ ည ၉ နာရီနောက်ပိုင်းစပြီး ညသန်းခေါင် အတော်နက်မယ့် ပွဲလေးပါ။ Google I/O ဆိုတာ တစ်နှစ်တစ်ကြိမ် Google မှ ကျင်းပပြုလုပ်တဲ့ Developer Conference ဖြစ်ပြီး Google ရဲ့ ထုတ်ကုန် အသစ်တွေ၊ နည်းပညာ အသစ်တွေကို မိတ်ဆက်ပါတယ်။

ဒီနှစ် မြင်တွေ့နိုင်ဖွယ် ရှိတဲ့ ရှိတဲ့ Google ထုတ်ကုန် အသစ်များကတော့ –

Android M

Android L (5.0 Lolipop) ထွက်ရှိပြီး သကာလ နောက်ထပ် ထွက်ရှိမယ့် Andriod OS ဗားရှင်းက ဘာဖြစ်မယ် ဘယ်လို ထူးခြားချက်တွေ ပါမယ် ဆိုတာ Android lover တို့ စောင့်ကြည့်နေကြ ပါတယ်။ Android M လို့ပဲ အမည်ပေး ထားသလား အခြား ဘယ်လို စားစရာ သို့မဟုတ် ကစား စရာ အမည်နဲ့ ထွက်လာ မလည်းတော့ မသိရသေးပါ။

အသစ်အသစ်သော စမတ်နာရီများ

Moto 360 ရဲ့ Google ရဲ့ အောင်မြင်တဲ့ စမတ်နာရီ ဖြစ်ပါတယ်။ Style နဲ့ အသွင်အပြင်မှာ ပြောစရာမရှိအောင် လှပပြီး Android User များ အကြိုက်တွေ့ခဲ့ ပါတယ်။ ကျနော့မှာ အဲ့ဒီ ၃ သိန်း၊ ၄ သိန်းတန် Moto 360 ဝယ်ဖို့ ပိုက်ဆံစုနေတုန်း အသစ်ကလည်း ထွက်တော့မယ် ဆိုတော့ အသစ်ပဲ လိုက်ရမလား Moto360 ကိုပဲ ဝယ်ရမလားဆိုတာ ဇဝေဇဝါ ဖြစ်နေဆဲ..။

Modular စမတ်ဖုန်း (Project Ara)

အစိတ်အပိုင်း အားလုံးကို တစ်စစီ ဖြုတ်လိုက်၊ တပ်လိုက်၊ ဆက်လိုက် လုပ်လိ့ ရမယ့် စမတ်ဖုန်း ထွက်ရှိမယ်လို့ သတင်းပြေးနေပါတယ်။ တကယ်လည်း ဖြစ်လာဖို့ များပါတယ်။ Google ရဲ့ Modular Project (Project Ara) က လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက သတင်းပေါက်ခဲ့ပြီး ပြည်သူတွေကို တရားဝင် မချပြနိုင်သေးပါဘူး။ ဒီတစ်ခါတော့ ဖြစ်လာမယ်လို့ မျော်လင့်ထားကြ ပါတယ်။

Google Nexus ဖုန်း အသစ်

Google Nexus 6 လို့ အမည်ပေးထားတဲ့ Moto နဲ့ ပေါင်းထုတ်တဲ့ စမတ်ဖုန်း ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး စမတ်ဖုန်း ထိပ်တန်း စာရင်းထဲမှာ ပါဝင်နေပါတယ်။ နောက်ထွက်မယ့် ဗားရှင်းက ဘာဖြစ်မယ် ဘယ်လို ပုံစံ ရှိမယ်။ ဘယ် ကုမ္ဗဏီနဲ့ ပူးပေါင်းထုတ်မယ် ဆိုတာ အားလုံး Wonder ဖြစ်နေဆဲပါ။ ဒီပွဲမှာ ပါဝင်ပြသ ထုတ်ဖော်ခြင်း ရှိမရှိ မခန့်မှန်းနိုင်ပါ။ သူ့အတွက် သီးသန့် တစ်ပွဲလည်း ဖြစ်ကောင်း ဖြစ်သွား နိုင်ပါတယ်။

Google Glass 2.0

Google အောင်မြင်သလောက် ကျရှုံးတဲ့ Product တစ်ခုရှိပါတယ်။ ယင်းကတော့ Google Glass ပါ။ သူ့ကို Google က ဆက်လုပ်မှာတော့ ကြိမ်းသေ ပါတယ်။ အကြောင်းကတော့ Glass ဘက်ကို သွားတဲ့ Competitor တွေက ရှေ့ပြေးနေပြီကိုး..။ Glass ဟာ တစ်ချိန်မှာ အခြားသော စမတ် ပစ္စည်းများကို အစားထိုးမယ်လို့လည်း နည်းပညာ ကုမ္ဗဏီများ ယုံကြည်ထားပါတယ်။ 2.0 ဗားရှင်းမှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရအောင်..။

Google Cardboard

Virtual Reality ဟာ Microsoft ဟာ အားလုံးကို ကျော်လွန်သွားပါပြီ။ Google Cardboard ဆိုတာ လက်ဖြစ်ပစ္စည်းလေးတွေနဲ့ 3D ကြည့်ဖို့ လုပ်ထားတဲ့ ပစ္စည်းလေး တစ်ခုသာသာပါ။ အဲ့ဒါကို VR device တစ်ခုဖြစ်အောင် လုပ်လာနိုင်မယ်ဆိုရင် သင်ဘာပြောမလဲ။ ဈေးသက်သာတဲ့ သုံးဘက်မြင် show အပြင် collarborative လုပ်လို့ရတဲ့ device တစ်ခုကို လူတိုင်း မျော်လင့်နေတာ အမှန်တရားပါ။

ဒီလိုတွေ ရေးလို့ စာရေးသူကို Google လော်ဘီလုပ်တယ်လို့ မထင်လိုက်ပါနဲ့။ သူ့ရဲ့ Open Source Product များကြောင့် နည်းပညာ နဲ့ လူမှု ဘဝမှာ အထောက်အကူပြုမှု များစွာ ဖြစ်ပေါ်စေလို့ပါ။ သူ့မှာလည်း အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ကဲ… Google I/O ကို စောင့်ကြည့်လိုက်ကြ ရအောင်…

အောင်ခမ်း (MMAS)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...