Music Button for iOS 7&8+ (Jailbreak)


Jailbroken iDevice တွေအတွက် သီချင်း (all audios) များအားလုံးကို Tap တစ်ချက် ခေါက်ရုံဖြင့် Music App ဖွင့်ရန် မလိုပဲ လက်ရှိ သုံးနေသော screen ပေါ်မှာ Playlist နှင့်အတူ ရှေ့နောက် သီချင်းရွေးချယ်ခြင်း၊ အသံ အတိုးအလျှော့ လုပ်နိုင်မည့် Tweak အကောင်းစားလေး တစ်ခုကို ဖော်ပြပေး လိုက်ပါတယ်.... 

MusicButton လို့ အမည်ပေးထားတဲ့ Cydia App ကို BigBoss က ထုတ်လုပ်ထားပြီး (Paid App) အနေနဲ့ ရောင်းချထားပါတယ်။
"MusicButton" ကို iOS 7 & 8+ iDevice များ အားလုံးတွင် အသုံးပြုနိုင်ပြီး Activator နဲ့လည်း ကောင်းမွန်စွာ တွဲဖက်သုံးနိုင်ပါတယ်။ Activator နဲ့ တွဲပြီး မသုံးလည်း Music App ကို ဖွင့်ပြီး တစ်ခုခုကို ဖွင့်လိုက်တာနဲ့ Music App ကို ပိတ်လိုက်သော်လည်း screen ရဲ့ ဘယ်ဘက်ထောင့်မှာ "Play/Pause" icon နှင့် music ကို control လုပ်နိုင်ပါလိမ့်မယ်..။ 


Activator နဲ့ တွဲဖက် အသုံးပြုခြင်းအားဖြင့် သီချင်းဖွင့်လိုသောအခါ Music App ကို သီးသန့် သွားဖွင့်ရန် မလိုတော့ပဲ မိမိ Set လုပ်ထားသည့် (ဥပမာ Status bar ကို Single Tap) ခေါက်လိုက်ရုံနဲ့ "Music Button" ပေါ်လာမှာ ဖြစ်ပြီး သီချင်းဖွင့်နိုင်ပါလိမ့်မည်။ 

**Install MusicButton** 

FREE သွင်းယူနိုင်ရန် Cydia တွင် Source အဖြစ် "repo.biteyourapple.net/" ကို သွင်းပါ။
သွင်းယူပြီးပါက Cydia -> Search တွင် MusicButton လို့ ရိုက်ရှာပြီး Install လုပ်နိုင်ပါပြီ။ 

Respring လုပ်ပြီးသည့်အခါ Home screen ၏ Settings ထဲတွင် MusicButton ကို တွေ့ရှိနိုင်ပါမည်။ 
Activator နဲ့ တွဲသုံးလိုပါက Activator သို့ ဝင်ရောက်ပြီး မိမိ စိတ်ကြိုက် Set လုပ်ပါ။ 


**Playlist ဖော်ရန်**
'Play' icon ကို ဖိပြီး ညာဘက်သို့ ဆွဲပြီး အောက်ဖက် Screen မဆုံးထိ ဆွဲချပါ။ 

**Next/Previous သွားရန်**
'Play' icon ကို ညာဘက် တစ်ချက်ဆွဲ (Next) ၊ ဘယ်ဘက် တစ်ချက်ဆွဲ (Previous) 

**Play icon နေရာရွှေ့ရန်**
'Play' icon ကို စိတ်ကြိုက်နေရာမှာ ထားနိုင်ရန် icon ကို long press ဖိထားပြီး နှစ်သက်သော နေရာသို့ ရွှေ့နိုင်ပါမည်။ 


Credit; မိုးသိကြား
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...