ဘ၀မှာ အမြဲ အမှတ်တရ ရှိခဲ့တဲ့ ကျနော် ရိုက် သော ဓာတ်ပုံများ ..... ( ၁ )

ကျနော် ဓာတ် ပုံ ဆရာ ဖြစ် လာ တာ အ တော် လေး ထူး ဆန်း ပါ တယ်... ငယ် ငယ် ကတည်း က ၀ါ သ နာ လဲ မပါ ဘူး.... ဒါ ပေ မဲ့  အကြောင်း အမျိုး မျိုး ကြောင့် ဓာတ်ပုံ ဆရာ ဖြစ် လာ တယ် ပေါ့ ဗျာ.... ခု ချိန် ထိ ကျနော် ကြိုးစား ပြီး ရိုက် တယ်.... လေ့  လာ နေ ဆဲ ပါ...... အခု ဒီ နှစ် အပိုင်း အခြား လေး မှာ ဓာတ် ပုံ ရိုက် ၀ါ သ နာ ပါ တဲ့  လူ တော် တော် များ များ တွေ့  လာ ရ တယ်.... တချို့  တွေ ရိုက် တာ ကောင်း တယ်... တချို့  တွေက ပစည်း တွေ သိပ် အား ကိုယ် တယ်... တချို့  တွေ က ဖို တို ရှော့  အား ကိုး တယ်.... အမျိုး မျိုး ပေါ့... ဒါ က တော့ ကိုယ် ရိုက် တဲ့  လိုင်း ပေါ် မူ တည် ပြီး ကွဲ သွား ကြ တာ ပဲ ကိုး ...... အဲ့ တော့ အခု နောက် ပိုင်း ကျနော့် လဲ ၀ါသနာ ရှင် တွေ က လာ လာ မေး ကြ တယ်.... သူ တို့  ကို ကျနော် က သိ သ လောက် လေး ပြော ပြ တယ်.... တချို့  ကျ တော့ လဲ ကျနော့်  ကို မ မေး ရဲ လို့  မ မေး ကြ တဲ့  လူ တွေ လဲရှိ တယ် တဲ့... ထား ပါ... အခု ကျနော် ရေး ချင် တာ က ကျနော် ရိုက် ခဲ့ တဲ့  ဓာတ် ပုံ လေး တွေ တဲ မှာ ကျနော် အတွက် ယနေ့  တိုင် အောင် အမှတ် တရ ရှိ နေ တဲ့  ပုံ တွေ အကြောင်း ပါ.... ကျနော် ကြွယ် တာ မ ဟုတ် ဘူး လို့ေ တာ့ အရင် ဦး ဆုံး ပြော ပါ ရ စေ..... ကျနော် အတွေ့  အကြုံ တွေ က အခု မှ ရိုက် မဲ့ လူ တွေ အတွက် အသုံး ၀င် မယ် ထင် လို့  ပါ....

ကျနော် ဓာတ် ပုံ ဆရာ ဘ၀ အ စ ပိုင်း ပေါ့ ဗျာ.... မြန်မာ နိုင် ငံ ဓာတ် ပုံ အသင်း မှာ သင်တန်း တက် ပြီး ၈ လ လောက် အကြာ မှာ အကြီး တန်း ရောက် ပြီး အကြီး တန်း ဓာတ်ပုံ ပြိုင် ပွဲ တွေ စ စ ချင်း ပြိုင် နေ တုန်း အချိန် ... သင်တန်း တက် တုန်း ကတော့ ဆရာတွေ သင် ပေး တာ လေး တွေ ကို ခေါင်း ထဲ မှတ် ပြီး တကိုယ်တော် ခရီး ထွက် ဓာတ် ပုံ ရိုက် တဲ့ အချိန် က ပေါ့ ဗျာ... အဲ့ တုန်း က အင် တာ နက် က နေ သူ များ ရိုက် တဲ့ ပုံ တွေ ကြည့် ပြီး အား ကျ နေ တဲ့  အချိန်.... ဧရာဝတီတိုင်း ဟသာတ မြို့  ကို ခရီး ထွက် ပြီး အဲ မြို့ နား က တလုတ်ထော် ဘုရား ပွဲ ကို ဓာတ် ပုံ သွား ရိုက် တာ.... ဟသာတ မြို့  က နေ ဆိုင် ကယ် နဲ့  နာရီဝက် လောက် သွား ရ မယ် ထင် တယ်.... ဆောင်း တွင်း ကြီး ညနေ သုံး နာ ရီ လောက် ဆိုင်ကယ် ကယ် ရီ နဲ့  လစ် တာ... လမ်း က လဲဖုန် လမ်း ကြီး ...ဖုန်းတွေ ဆို တာ တသော သော ပဲ..... လမ်း မှာ လဲ ကုန် တင် ဘတ်စ် ကား တွေ အား ကြီး ဖြတ် ဖြတ် သွား တာ လူ လဲ ဖုန်း တ သော သော ထဲ ဆိုင်ကယ် နဲ့  လစ် တော့ မျောက် ရုပ် ကလေး ကို ဖြစ် ရော ပဲ ..... ဖုန်း တသော သောနဲ့  လမ်း တ လျောက် ပိန်း ပိတ် အောင် ကို ဖြစ် နေ တော့  ဆိုင် ကယ် လဲ အရမ်း မ မောင်း ရဲ ဘူး.... ဒါ နဲ့  ဖြည်း ဖြည်း ဖြည်း ဖြည်း မောင်း နေ ရာ က တ နေ ရာ ရောက် တော့ ညနေ စောင်း နေရောင် က တစောင်း လေး ထိုး နေ တာ.... ကား တွေ က ဖြတ် ဖြတ် မောင်း သွား တော့ ဖုန် ထ တာ ပေါ့ ဗျာ.....သိပ် လှ တာ ပဲ.... နေ ရောင် က ၀င် ခါ နီး ဆို တော့ နီ ကျင် ကျင် အရောင် လေး ... လှ လွန်း လို့  ထိုင် ကြည့် နေ တာ... ဒီ နေ ရာ မှာ ငါ တော့ ဓာတ် ပုံ ရိုက် မယ် ပေါ့ ... Subject လေး ဘာ လေး ထည့် ရိုက် မယ် ပေါ့ အနီး အနား လိုက် ရှာ တာ ပဲ...ဒါ ပေမဲ့  ရောက်တဲ့ နေရာ က ရွာ တွေ နဲ့  လဲ ဝေး ကျနော် နဲ့  ကျနော့် ဆိုင် ကယ် ကယ် ရီ သများ ကို ဂျာ နယ် ၂ ယောက် ပဲ ရှိ တယ်....ဆိုက် ကယ် ကြီး လဲထည့် ရိုက် ရ မှာ မ နိမ့် ဘူး အဲ့  အချိန် မှာ လေ က လဲ တိုက် တော့ ချမ်း က လဲ ချမ်း .... ပြီး တော့ ဖုန် တွေ က လဲ ပြယ် ပြယ် သွား တယ် လေ တိုက် လွန်း လို့ ... ခဏ စောင့် ကြည့် မယ် ဆို ပြီး စောင့် နေ တာ နာ ရီ ၀က် လောက် ကြာ တယ် ဘယ် သူ မှ ကို မ လာ တာ.... ကျနော် ဆိုင်ကယ် သမား က တော့ ကျနော့် ကို စိတ် ရှည် လက် ရှည် စောင့် ပေး ပါ တယ်..စောင့်ရင်း သကာလ တနာ ရီ လောက် ကြာ တော့ နေ က ၀င် တော့ မယ် ...နေရောင်က ကျနော် ကြိုက် တဲ့ ၇ိုက် ချင် တဲ့ နေရာ က နေ လစ် တော့ မယ်.... ဒါ နဲ့  ကံ ကောင်း ချင် တော့ နွား လှည်းလေး တစီး ဖြည်းဖြည်း ဖြည်း ဖြည်း လာ နေ တာ အဝေးက နေ မြင် နေ ရ တယ်.... ကျနော် က လဲ စိတ် တွေ လှုပ် ရှား ပြီး ပုံ ကောင်း လေး ရ တော့ မယ် ဆို တော့ ပျော် တာ ပေါ့ ဗျာ..... လက် တွေ တောင် တုန်တယ်.... ဘာ လို့  ဆို ကျနော် မှာ သူ များ တွေ လို ဓာတ်ပုံ ကောင်း ကောင်း လေး တွေ တပုံ မှ မရှိ သေး တဲ့  အချိန် ဆို တော့ အရမ်း ပျော် ပြီး စိတ် လှုပ် ရှား ပြီး ပျော် တာ ပေါ့ ဗျာ ( အခု အချိန် ပြန် တွေး ရင် ပြန် ပျော် နေ သေး တယ် )

ဒါ နဲ့  ကျနော် က နွား လှည်း လေး လာ နေ တော့ ရိုက် တာ ပေါ့ ဗျာ.... ဒါ ပေ မဲ့  ဗျာ ကျနော် ရိုက် နေ တုန်း ကား က မဖြတ် တော့ ဖုန် တွေ က လစ် ကုန် ရော...နွား လှည်း လာ တာ က လဲ ဖြည်း ဖြည်း လေး ဆို တော့ ဖုန်း က မ ထ.... ဘယ် လို မှ မ လှ ဘူး ဖြစ် နေ ရော... ပြသနာ ပဲ ပေါ့... နွား လှည်း က တဖြည်း ဖြည်း ကျနော့် နား ရောက် လာ တော့ ဘယ် လို မှ ရိုက် လို့  မ ရတော့ ဘူး ... ဖုန်း မှ မ ရှိ တာ ... နွား လှည်း မောင်း တဲ့  အကို ကြီး ကို အကျိုး အကြောင်း ပြော ပြီး ကား လာ တဲ့  အချိန် ထိ စောင့် ပါ ဆို တော့ သူ က ရတယ် တဲ့ ... ဒါ ဆို အို ကေ ပေါ့.... ကျနော် က ဟို ဘက် အနောက် ကို ပြန် သွား ပေး ပါ လို့  အဲ့ မှာ စောင့် နေ ကား လာ တော့ ကျနော် အချက် ပေး မယ် အကို မောင်း လာ ခဲ့ ပေါ့.. အို ခေ ပေါ့.... ဒါ ပေ မဲ့ ဗျာ ကား က ဆယ့် ငါး မိနစ် လောက် ထိ တစီး တောင် မ လာ ဘူး..... မ လို ချင်တဲ့ အချိန် ကျတော့ လာ လိုက် တာ... လူ လဲ ဖုန်း တလုံး လုံး နဲ့  မျောက် ကို ဖြစ် ရော... အခု လို တဲ့ အချိန် ကြ တော့ တ စီး တောင် မ လာ ဘူး... ဒါ နဲ့  စိတ် ရှည် လက် ရှည် စောင့် နေ တုန်း နွား လှည်း မောင်း တဲ့ အကို ကြီး က လှမ်း အော် တယ် ဟေ့လူ မရိုက် သေး လဲ ပြန် မယ် တဲ့ သူ က အိမ် ပြန် ပြီး မိသားစု ခေါ် ပြီး ဘုရား ပွဲ သွားမ လို့  နောက် ကျတော့ မယ် ဘာညာ ဆို ပြီး ပွား ရော... ကျနော် ဆိုက်ကယ် သမား လဲ သူ့  နား သွား ပြီး ချော့ မော့  ပြီး နောက် ထပ် ဆယ့် ငါ့ မိနစ် စောင့် ခိုင်း ထား ရ တယ်.... ဒါ တောင် ပွ စိ ပွ စိ နဲ့  ကျနော့် ကို ပွား နေ တာ ဗျာ ... ကျနော် လဲရိုက် မယ့်  ဆက် တင် တွေ ဘာ တွေ ကင် မရာ မှာ ချိန် ပြီး စောင့် နေ တာ ပေါ့... နေ က လဲဝင် ခါ နီး ဆို တော့ Manual ဆက် တင် ထား ပြီး Shutter speed ကို အမြဲ ချိန်း နေ ရ တယ်.... နေ ရောင် က တဖြည်းဖြည်း ဖျော့  ပြီး ၀င် တော့ မှာ လေ... ရိုက် ရ မဲ့ ပုံ က လဲ Tele 70 ~ 200 mm f/2.8 အလေး ကြီး ကင် မရာ က အဲ့ တုန်း က Canon EOS 40D လေး.... ISO က လဲ အများ ကြီး တင် လို့  မ ရ ဘူး Noise ထ မှာ ကြောက် လို့  ISO 200 ပဲ ထား တယ်... ပြီး တော့ အပါ ချာ လဲ 5.6 လောက် ပဲ...ဒါ တောင် Shutter speed က 1/200 ...ကျနော် က စိတ် လော ကြီး နေ တော့ လက် တုန် နေ တာ... Shutter speed 1/200 ဆို တော့ အချိန် မ ရွေး Hand Shake ၀င် နိုင် တာ လေ..... ကဲ့ ကိုယ့်  ဖက် က တော့ အကုန် အသင့်  ပြင် ပြီး ရိုက် မယ် ဆို ပြီး ရယ် ဒီ လုပ် ထား တာ.... ကျနော် ရဲ့  ဆိုက် ကယ် ကယ်ရီ အကို ကြီး ကို တောင် ဒီ ပုံ ရိုက် ပြီး ပြန် မယ် လို့  ဘုရား ပွဲလဲ မသွား တော့ ဘူး .... တ ပုံ ရ ရင် ကျေနပ် ပြီး ဆို ပြီး စိတ် ရှည် လက် ရှည် စောင့် နေ တာ ... အဲ့ နေရာ မှာ ကျနော်စောင့် နေ တဲ့ အချိန် စု စု ပေါင်း တစ် နာ ရီ ခွဲ လောက် အကြာ မှာတော့ ကုန် ကား ကြီး တစီး အရှိန် ပြင်း ပြင်း လာ နေ တာ တွေ့  တော့ ကျနော် လဲ ကျနော့် လှည်း သမား ကို အသင့် ပြင် ထား လှမ်း အော် ကား ကြီး ကျနော့် ဘေး က ဖြတ် သွား တော့ အချက် ပြ သူ က လဲ လှည်း ကို မောင်း လာ ရော ကျနော် လဲ ဒီ တခါ ပဲ ရ နိုင် မဲ့  အခွင့် အရေး ကို လက် လွတ် မ ခံ ပဲ အသာကုန် ရိုက် တာ ပုံ ၂၀ ကျော် တယ်.... ကား ကြီး က သူ့  ဖုန် လုံး နဲ့  ပျောက် သွား တာ လဲ ကျနော် ကံကောင်း တယ်.... အဲ့ နေ ရာ မှာ ရိုက် ခဲ့ တာ ပုံ ၂၀ ကျော် မှာ နောက် ဆုံး တ ပုံ ပဲ ကောင်း တာ .... ဘာ လို့  ဆို အစ ပိုင်း က နွား လှည်း သမား က ဖုန်း လုံး ထဲ မှာ ရောက် နေ တာ ... နောက် ဆုံး ပုံ က ပဲ ဖုန် လုံး ထဲ က ထွက် လာ တာ ရ လိုက် တာ..... ရိုက် လဲ ပြီး ရောကျနော် က ၀မ်းသာ အား ရ ထ ခုန်း တာ အဲ့ နွား လှည်း သမား လဲကျ နော့်  ကို အူကြောင် ကြောင် ကောင် ဆို တဲ့ ပုံ စံ နဲ့  ကြည့် ပြီး မကျေ မနပ် ပွ စိ ပွစီ ပြော ပြီး လစ် သွား ပါ လေ ရော ... ည နေ ၃ နာ ရီ ခွဲ ကတည်း က ရိုက် ဖို့  ကြံ တဲ့ ပုံ လေး ဟာ ညနေ ငါး နာ ရီ ၁၅ မိနစ် မှာ အကောင် အထည် ဖော် ပြီး ရိုက် နိုင် ခဲ့ ပါ တယ် .... အဲ့ ပုံ လေး ရ တော့ တည လုံး အိပ် မပျော် ဘူး .... ကင် မရာ LCD လေး ကို သွား သွား ဖွင့် ကြည့် ပြီး ပုံ Focus ပြတ် ရဲ့  လား ..... Hand Shake ၀င် ရဲ့  လား ဆို ပြီး လက် တော့ လဲ မပါ တော့ ရန်ကုန် ရောက် မှာစက် ထဲ ထည့် ပြီး ကြည့် မှ ရ မှာ ကိုး .. ရန် ကုန်ကို ပြန် လာ တဲ့ လမ်း တလျောက် လိုင်း ကား ပေါ် မှာ လဲ တစိမ့်စိမ့် ကြည့် လာ သေး တာ ဗျ .....အဲ့အချိန် တုန်း က နိုင် ငံတကာ ပြိုင် ပွဲတွေက လဲရှား တော့ ကျနော် ၀င် ပြိုင် ချင် တဲ ပြိုင် ပွဲ တခု ရှိတယ် ဗျ http://www.dailydigitalphoto.com အဲ့ တုန်း က ကျနော့် အတိုင်း အတာ နဲ့  ဆို ဆရာ ကြီး ပဲ ပြိုင် ပွဲကိုး ဗျ....အဲ့ မှာ Photo of the day ရပြီး ဆု ကြီး တခု ရခဲ့ သေး တယ်.... အခြား ပွဲ တွေလဲ ဆု တွေ ရ သေး တယ်...... ပြ ပွဲ မှာ တင် ရောင်း တုန်း က လဲ ၁၀ ပုံ ရောင်း ရ လို့  အခု ဆို ကျနော် ဒီ ပုံ ကို Limited Edtion အနေ နဲ့ ထား ပြီး မ ရောင်း တော့ ဘူး .... ပြ ပွဲ တွေ ထပ် လုပ် ရင် တော့ ပြ တော့ ပြ ဖြစ် မယ် ထင် တယ်...ဒါ ပေ မဲ့  မရောင်း တော့ ဘူး... နောက် ဆုံး တပုံ Print ထုပ် ပြီး သား ဘောင် ထဲ ပြီး သား တ ပုံ ရှိ တာ လဲ သူငယ် ချင်း ကို လက် ဆောင် ပေး လိုက် ပြီ....

ပြော ချင် တာ က တော့ ကျနော် ကံ ကောင်း ခဲ့ တယ် ပေါ့..... စိတ် ရှည် လက် ရှည် စောင့် ခဲ့ တာ လဲ ပါ တယ်....ဒါ ပေ မဲ့ အတွေ့  အကြုံမ ရှိ တော့ လော နေ တာ... ကံကောင်း လို့  ရခဲ့ တာ ပေါ့.... လက်တွေ တုန်း ပြီး Hand shake သာ ၀င် ခဲ့ ရင် တော့ ခဲလေ သ မျှ လစ် သွား မှာ ပဲ.... စ စ ချင်း ရိုက် တဲ့ သူ တွေကို ကျနော် ပြော ချင် တာ က တော့ ကိုယ် အကြိုက် တွေ့  ပြီ ဆို အချိန် ပေး ပြီး စိတ် အေး အေး ထား ပြီး သာ တ ပုံ ကောင်း ရိုက် ပါ... ကိုယ် သွား ရိုက် ချင် တဲ့ နေရာ မရောက် သေး လဲ ပတ် ၀န်း ကျင် ကို အမြဲမပြတ် ကြည့် ပါ ... ခံစား ပါ.... ကိုယ် ကြိုက် ပြီ ဆို အချိန် ပေး ပြီး သာ ရိုက် ပါ.... ပုံ ကောင်း တ ပုံ ရ ပါ လိမ့်  မယ်.... အဓိက က တော့ ရှိ တဲ့  အခြေအနေ နဲ့  အလင်းရောင် ရယ် Subject ရယ် ကို အချိုး ညီ ညီ လေး ပေါင်း စပ် လိုက် ရင် ဘယ်ပြိုင် ပွဲ မဆို ၀င် ပြိုင် တိုင်း ဆု ရ တဲ့  ပုံ ကောင်း တပုံ ရလာ ပါ လိမ့်  မယ်... သည်း ခံ ပြီး ဖတ် ပေး တဲ့ အတွက် အား လုံး ကို ကျေးဇူး ပါ ခင် ဗျ

PS::: ကျနော့် အား အမြဲ တစေ အစစ အရာရာ ကူညီ ပေး သော ဟသာတ က အရင်းနှီးဆုံး သူငယ်ချင်း ( အဲ့ လို လေး ပဲ သုံး လိုက် တော့ မယ် နော် :P ) ကြီး အား ဒီ ပုံ လေး အတွက် အစဉ် အမြဲ ကျေးဇူး တင် လျက်.....



Credit: Ko Aung Pyae Soe
https://www.facebook.com/apsoe
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...