" ငါးဖယ်ဆုပ်ဟင်း"

***... ငါးဖယ်ဆုပ်ဟင်း ချက်ရန် လိုအပ် တာလေးတွေ…

1. ငါးဖယ်ခြစ် – 500 g (၃၂ ကျပ်ခွဲသား)
2. chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (1 tsp)
3. garlic powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (1 tsp) (သို့) ကြက်သွန်ဖြူ ၅ တက်
4. ginger powder – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (2 tsp) (သို့) လက်မအရွယ်ခန့် ဂျင်း
5. ဆီ – 1/3 cup (80 ml)
6. ပါးပါးသေးသေးလှီးထားသော ကြက်သွန်နီ – 1 cup (250 ml) ခန့်
7. ငါးငံပြာရည် – 1/4 cup (60 ml)
8. ခရမ်းချဉ်သီး – 2 cups (500 ml) ခန့် ( နူးအောင်ပြုတ်ကာ အခွံခွါထားပါ။)
9. အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
10. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
11. ငါးမဆလာ (fish curry powder) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
12. ရေနွေး – 1 1/4 cups (310 ml)
13. chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
14. ၁ လက်မအရှည်ခန့် လှီးထားသော နံနံပင် – လက်တစ်ဆုပ်စာခန့်
15. ၂ ခြမ်းကွဲ လှီးထားသော ငရုတ်သီးစိမ်း – ၅ တောင့်

#. ငါးဖယ်ခြစ်၊ chicken powder (1 tsp)၊ garlic powder (1 tsp) နှင့် ginger powder (2 tsp) တို့ကို ရောပြီး ငါးဖယ်ခြစ် မာပြီးကျစ်လာအောင်ထောင်းပါ။

#. မာပြီးကျစ်လာလျှင် လက်ကိုရေဆွတ်ပြီး ထမင်းစားဇွန်း ၁ ဇွန်းခွဲစာခန့် မိမိနှစ်သက်ရာပုံလုပ်ပါ။

#. ဆီပူထဲထည့်ကာ အပြင်သားတင်းကာ ရွှေဝါရောင်ဖြစ်ရုံကြော်ပြီး ဆီစစ်ဆယ်ထုတ်ထားပါ။ (အရမ်းကျက်အောင်ကြော်ပါက ချက်သောအခါ ကျစ်သွားတတ်ပါတယ်။)

#. ဆီပူထဲ ထည့်ကြော်ထားသော ကြက်သွန်များ ရွှေဝါညိုရောင်ပြောင်းလာလျှင် ငါးငံပြာရည်ထည့်ကာ စက္ကန့် ၃၀ ခန့်မွှေကြော်ပေးပါ။

#. ပြီးလျှင် ပြုတ်ပြီးအခွံခွါထားသော ခရမ်းချဉ်သီးများထည့်ကာ ကြေသွားအောင် မွှေကြော်ပေးပါ။

#. ခရမ်းချဉ်သီးကြေလျှင် အရောင်တင်မှုန့် ၊ နနွင်းမှုန့် နှင့် ငါးမဆလာထည့်ကာ စက္ကန့်အနည်း ငယ်မွှေကြော်ပါ။

#. ရေနွေး နှင့် chicken powder ထည့်ကာ ဆူလာအောင် တည်ထားပါ။

#. ဆူလာလျှင် ငါးဖယ်ဆုပ်များထည့်ကာ အိုးအဖုံး ဖုံးပြီး ၅ မိနစ်ခန့် တည်ထားပါ။

#. နံနံပင် နှင့် ငရုတ်သီးစိမ်းထည့်ကာ ၄-၅ ခါမွှေပေးပြီးလျှင် ငါးဖယ်ဆုပ်ဟင်းလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...