အင်တာနက်နဲ့ ခေတ်ရေစီးကြောင်း

ယနေ့ကမ္ဘာကြီးကို အလွှမ်းမိုးဆုံး အရာမှာ အင်တာနက်ဖြစ် တယ်ဆိုတာ လူတိုင်း လက်ခံကြ ပါလိမ့်မယ်။ လူမှုရေး၊ ပညာရေး၊ စီးပွားရေး ၊နိုင် ငံရေး ၊ကျန်းမာရေး အစရှိတဲ့ ကဏ္ဍမျိုးစုံမှာ အင်တာနက်ဟာ မရှိမဖြစ်ခေတ်ရေ စီးကြောင်း တစ်ခုပါ။ လူကြီး ၊ လူငယ် အရွယ်မရွေး အင်တာ နက်ရေစီးကြောင်းကြီး ထဲမှာ မျောပါနေကြပြီး ကမ္ဘာကြီး ကိုခြေဆန့်နေကြတာမှာ ကမ္ဘာကြီးဟာ ရွှာလိုပါဘဲ။ လူတွေဟာ စိတ်အထွေထွေ ၊ ခံယူချက် အထွေထွေ နဲ့ အင်တာနက် ရေစီးကြောင်းထဲမှာ သွားလာနေကြရာ တစ်ချို့ က ကောင်းကျို အတွက် အသုံးပြု နိုင်သွားကြပြီး တစ်ချို့ က မလိုလားအပ်တဲ့ သက်ရောက်မှုတွေနဲ့ ရင်ဆိုင်ကြုံ တွေ့သွား ရသူတွေလည်း ရှိကြပါတယ်။ အင်တာနက်က အသုံးပြု တဲ့နယ်ပယ်ကို လိုက်ပြီး အကျိုး ပြု မှု နဲ့ သက်ရောက်မှုတွေ ပေးသွားတာဘဲဇြစ်ပါတယ်။

ပညာရေးနယ်ပယ်

ပညာရပ် တစ်ခုကိုလေ့လာလိုက်စား လိုသူတွေအနေနဲ့ အင်တာနက် ဟာ အသုံးဝင်လှပါတယ်။ မိမိသင်ယူလို၊ သိလိုတဲ့ပညာရပ်တစ်ခုကို အင်တာနက်မှာ ရှာဖွေလေ့လာနိုင်ပြီး တိုးတက်ရေးအတွက် အဆင်ပြေလှပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ ပညာရေးကိုလေ့လာလိုက်စား သူများဟာ အွန်လိုင်းက တစ်ဆင့်လေ့လာ သင်ယူနေကြပြီဖြစ်ပါတယ်။ မောက်စ်လေး တစ်ချက်ရွေ့၊ ကလဲ့လေး တစ်ချက်နှိပ် လိုက်ရုံနဲ့ အချိန်ကုန်သက်သာစွာ မိမိလိုအပ်တာတွေကို ရှာဖွေဆည်းပူးနိုင်ခြင်းဘဲဖြစ်ပါတယ်။ ပညာရေး ဟာ လူသားတွေအတွက် အခြေခံလိုအပ်ချက်ဖြစ်သလို တန်ဖိုးတစ်ရပ်အနေနဲ့ အားထုတ် လုပ်ဆောင်ရတဲ့ အရာလည်းဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံတိုးတက်ဖွံ့ဖြိုးဖို့အတွက် ပညာရေးကို အခြေခံရသလို ပညာရပ် အပေါ်မှီတည်ပြီးမှ အကောင်အထည်ဖော်ဆောင်ရွက် သွားရတာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်း ရှိနိုင်ငံအရပ်ရပ်မှာ ပညာရေးကို အခြေခံ တစ်ရပ်အနေနဲ့အားကိုးပြီး မိမိတိုင်းပြည်ကို ကာ ကွယ်စောင့်ရှောက် ကြသလို မျိုးဆက်သစ်လူငယ်တို့ကိုလည်း ပညာရပ်တွေ ဆက်လက်ဖြန့်ကျက် သင်ကြားပေးနေကြခြင်းဖြစ်ပါတယ်။အင်တာနက် ဟာ လူမျိုးမရွေး၊ အသားအရောင်မရွေး လူသားအားလုံး ကို ပညာရပ်ဆိုင်ရာတိုးတက်စေဖို့ အကျိုးရှိရှိ သက်ရောက်မှုပေးနေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် ကာလမှာ လူသားတို့အတွက် အင်တာနက် ဟာ လူသားတွေကို များစွာတိုးတက် ထွန်း ကားစေခြင်းဘဲဖြစ်ပါတယ်။

ကျန်းမာရေးနယ်ပယ်

ကျန်းမာရေးကဏ္ဍမှာလည်း ဆေးပညာရှင်တို့ဟာ အင်တာနက် ရဲ့အကူအညီကို ရယူပြီးလေ့လာ ဆည်းပူးနိုင်ကြပါတယ်။ အင်တာနက် မှာ သူ့ရဲ့သက်ဆိုင်ရာ နယ်ပယ်ကိုလိုက်ပြီး ဝက်ဆိုက်တွေများစွာ ရှိနေရာ မိမိသိလိုတဲ့ ရှာလိုတဲ့သတင်းအချက်အလက်ရှိနိုင်တဲ့ ဝက်ဆိုက်ကို သွားရောက်ရှာဖွေ လိုက်ခြင်းဖြင့် မိမိအတွက် အလွယ်တကူ အထောက်အကူရရှိစေခြင်းဘဲဖြစ်ပါတယ်။ ဒါဟာ အင်တာနက်ရဲ့ ခေတ်ရေစီးကြောင်းတစ်ခု အနေနဲ့ လောကသားတွေကို အထောက်အကူပြုနေခြင်း ဘဲဖြစ်ပါတယ်။

စီးပွားရေးနယ်ပယ်

စီးပွားရေးလုပ်ငန်းများ မှာလည်းလူတွေအနေနဲ့ အပူတပြင်း သွားလာလှုပ်ရှားစရာ မလိုဘဲ အင်တာနက်ကို အသုံးပြု ပြီး စီးပွားလုပ်နိုင်ခြင်းဘဲဖြစ်ပါတယ်။ လူတွေအနေနဲ့ အချိန်ကိုကောင်းစွာ ချွေတာလာနိုင်ကာ အွန်လိုင်းမှ တစ်ဆင့်ဈေးဝယ်ခြင်း ၊ အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းခြင်း ၊ အွန်လိုင်းမှ တစ်ဆင့်စီးပွာရေး လုပ်ခြင်း အစရှိတဲ့ အချိန်ကုန် လူသက်သာမှုတွေ များပြားလာခြင်းဘဲဖြစ်ပါတယ်။ တစ်ချို့လုပ်ငန်းတွေ အနေနဲ့ နိုင်ငံရပ်ခြား၊နယ်မြေခြားကိုသွားပြီး ဆုံတွေ့ စည်းဝေးစရာမလိုဘဲ မိမိနိုင်ငံကနေပြီး ကိုယ်စီကိုယ်စီ ဗွီဒီကင်ချက်တင်နဲ့ တွေ့ဆုံဆွေးနွေးကာ အချိန်ကိုချွေတာခြင်း၊ လူအင်အားကိုချွေတာခြင်းအတွက် အသုံး ချကြပါတယ်။ အွန်လိုင်းက ကြော်ငြာခြင်း ၊ အွန်လိုင်းက ဈေးကွက်ရှာဖွေခြင်း ၊ အွန်လိုင်းမှာ စာဖတ်ခြင်း အစရှိတဲ့အွန်လိုင်းခေတ်ရေစီးကြောင်းမှာ လူတွေဟာ မိမိဘဝတိုးတက်ရေးအတွက် အကျိုးရှိရှိ အသုံး ချနိုင်ကြခြင်းဘဲဖြစ်ပါတယ်။

လူမှုရေးနယ်ပယ်

လူမှုရေးနယ်ပယ်မှာလည်း တစ်ယောက်နဲ့တစ်ယောက် လွယ်ကူစွာတွေ့ဆုံနိုင်ဆုံးအရာဟာ အွန်လိုင်း ဘဲဖြစ်ပါတယ်။မိတ်ဆွေအချင်းချင်း ၊ ရင်းနှီးခင်မင်သူတွေအချင်းချင်း ၊ ချစ်သူတွေအချင်းချင်း ၊ မိဘ နဲ့သားသမီးဆွေမျိုးတွေကြား ပြောဆိုဆက်ဆံကြရာမှာ နိုင်ငံခြား၊နယ်မြေခြားနေပမယ့် လူချင်းအနီး ကပ်တွေ့ဆုံနေရသလို ပြောဆိုဆက်သွယ်နိုင်ခြင်း ၊ ကိစ္စ တစ်ခုအပေါ် မိသားစုစုံလင် အုပ်စုဖွဲ့ချက် တက်ပြောဆိုကြခြင်း ၊ သူငယ်ချင်းအုပ်စုလိုက်ဝိုင်းဖွဲ့ပြောဆိုနိုင်ခြင်း ဖြင့် ကွန်ရက်တို့က အားလုံးချိပ် ဆက်နေကာ အရာရာဟာ လွယ်ကူနေခြင်းဘဲဖြစ်ပါတယ်။ သတင်းအချက်အလက်တွေဟာ လျင်မြန် လွန်းနေကာ လူသားတွေအတွက် အွန်လိုင်းရေစီးကြောင်းဟာ လွှမ်းမိုးမှုအားပြင်းလှပါတယ်။

တစ်ချို့လူငယ်တွေအနေနဲ့ အင်တာနက် ကို အလွန်အကျွံဖြစ်နေကြရာ ထမင်းမေ့၊ဟင်းမေ့သုံးစွဲကာ အရာအားလုံးကိုမေ့လျော့ပြီး အင်တာနက်မှာ နစ်မျောစီးဝင်နေကြတာတွေလည်းရှိပါတယ်။ ကာလကြာရှည် သုံးဖန်များလာတဲ့အခါ လူ့ခန္ဓာဇီဝဖောက်ပြန်မှုအရ ဦးနှောက်မှာ သက်ရောက်သွားကာ ဦးနှောက်မှာ အကျိတ်တည်ခြင်း ၊ ဦးနှောက်ဖွဲ့စည်းမှုကို ထိခိုက်ပျက်စီးလာစေခြင်းဘဲဖြစ်ပါတယ်။ဒါကြောင့် လူကြီး မိဘတွေဟာ မိမိတို့ရဲ့သားသမီးတို့ရဲ့ သုံးစွဲမှုအနေအထားကိုကြည့်ပြီး အလွန်အကျွံသုံးစွဲမှုထဲ မရောက် ရှိသွားစေဖို့ သတိပေးဖို့လိုပါတယ်။

ဒါပေမယ့် နိယာမတရားအရ ဘယ်အရာမှာမဆို ကောင်းကျိုး ၊ဆိုးကျိုး ဒွန်တွဲပါရှိနေမှု ဘဲဖြစ်ပါတယ်။ ဆင်ခြင်တုံတရားကို မှီခိုသူတွေအနေနဲ့ ကောင်းကျိုးတရားကို ရယူပြီး ဆိုးကျိုးတရားတွေကို လိမ္မာ ပါးနပ်စွာ ရှောင်ရှားနိုင်တတ်ကြပါတယ်။ အဓိကကတော့ ပြုလုပ်သင့်တာကို ပြုလုပ်ပြီး ၊ ရှောင်ကြဉ် သင့်တာကို ရှောင်ကြဉ်ခြင်းဖြင့် ကြုံတွေ့နိုင်တဲ့ဆိုးကျိုးတွေကို ပါးနပ်စွာ ရှောင်ကြဉ်နိုင်ကြခြင်း ဘဲဖြစ် ပါတယ်။

ဥပမာ- မကောင်းမှုကိုမွေ့လျော်သူတွေအနေနဲ့ မကောင်းမှု အရာတွေကို အင်တာနက်က ရယူပြီး လူတွေ ကို ဒုက္ခပေးခြင်း ၊ နည်းပညာကို အသုံးပြုပြီး အင်တာနက် အကူအညီကို ရယူကာ ပြစ်မှုကျုးလွန်ကြခြင်း၊ တရားမဝင် အရာတွေကိုပြု လုပ်ကြခြင်း ၊ စီးပွားပြိုင်ဘက်ကို အလဲထိုးခြင်း ၊ ခြိမ်းခြောက်ခြင်း ၊ ဖောက်သည် ပျက်အောင် ဖျက်ဆီးခြင်း ၊ငယ်ရွယ်သူ၊ အတွေ့အကြုံနည်းသူတွေကို ဖြားယောင်းခြင်း၊ အွန်လိုင်းမှ တစ်ဆင့် ငွေညှစ်ခြင်း အစရှိသည်တို့ဖြစ်ပါတယ်။ အင်တာနက်မှ တစ်ဆင့် စိမ့်ဝင်လာတဲ့ မကောင်း မှုတွေကြောင့် လူမှုလောကမှာ ပျက်စီးဆုံးရှုံးရ သူတွေလည်း များစွာ ရှိပါတယ်။

အဓိကကတော့ အင်တာနက်ခေတ်ရေစီးကြောင်းမှာ စီးမျောနေကြတဲ့ လူတိုင်းဟာ ဘယ်အရာမဆို လွယ်လင့်တကူ မယုံကြည်မိဖို့နဲ့၊ မိမိရဲ့ တစ်ချက် သတိပေါ့လျော့မှုဟာ တစ်ခါတစ်ရံမှာ မထင်မှတ်ဘဲ မိမိဘဝကို တိုက်စားသွားနိုင်ကြောင်းသတိချပ်နိုင်ဖို့လိုပါတယ်။ အင်တာနက်ဟာ မိမိစီးပွားရေ၊ ပညာရေး၊ တိုးတက်ရာတိုးတက်ကြောင်းအတွက် အသုံးချဖို့အဆင်ပြေပေမယ့် မကောင်းမှု ဒုစရိုက်သမားတွေ ကို ရှောင်ရှားပြီး အယုံမလွယ်မိစေဖို့ အရမ်းကိုအရေးကြီးပါတယ်။ ဒါဟာ အင်တာနက်ရေစီးကြောင်းထဲမှာ စိမ့်ဝင်နေတဲ့ အဆိပ်သင့်မှုတွေဖြစ်ပါတယ်။ ရေကြည်ရာ ၊မြက်နုရာကိုရှာဖွေပြီး မိမိတိုးတက်ရေးအတွက် ကြိုးစားကြရာမှာ ဘယ်အရာကမိမိအတွက် ဆေးဘက်ဝင်ပြီး ဘယ်အရာကဖြင့် မိမိကို အဆိပ်သင့်စေနိုင် တယ်ဆိုတာ သတိရှိရှိခွဲခြားနိုင်ခြင်းဖြင့် အင်တာနက်ရဲ့ခေတ်ရေစီးကြောင်းမှာ ဘေးကင်းစွာ စီးမျောနိုင် ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Yangon Life
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...