ဘ၀မှာ အမြဲ အမှတ်တရ ရှိခဲ့တဲ့ ကျနော် ရိုက် သော ဓာတ်ပုံများ ..... ( ၃ )
Wednesday, August 12, 2015
ဒီ တခေါက် တော့ မိုး ရာသီ လာ ခါ နီး နေ ပြီ ဆို တော့ မိုး တွင်း မှာ ဓာတ် ပုံ ရိုက် ခဲ့ တဲ့ အတွေ့  အကြုံ လေး တွေ ပြောပြ ပါ ရ စေ..... တခါသား ကျနော် ပုဂံ ကို ကိုယ် ပိုင် ဓာတ် ပုံ ခရီး ထွက် ဖြစ် တယ်.... သွား တာ တော့ ဆောင်း တွင်း ကြီး.... ဒါ ပေ မဲ့ အချိန် အခါ မဟုတ် မိုး ရွာ တာ နဲ့  ကြုံ ရော.... မနက် ၈ နာ ရီ လောက် ရောက် တော့ မိုး တွေ အုံ့  နေ တာ.... မိုး အုံး တယ် ဆို တာ ကျနော် အကြိုက် ဆုံး အခြေ အနေ ပါ ... ဘာ လို ဆို တိမ် မဲ မဲ ကြီး တွေရှိ လို ....ကျနော် က အဲ့ လို တိမ် မဲ မဲ ကြီး တွေ နဲ့  ပု ဂံဘုရား တွေကို Long Exposure ရိုက် ချင် တာ ကိုး .... ဒါ မဲ့ အခု တ ခေါက် မိုး အုံ့  တာ က ကောင်း ကင် တ ပြင် လုံး ဖွေး ဖွေး ဖြူ နေ တဲ့ တိမ် တွေ က ကာ ထားတာ ကိုး .... နေ အလင်း ရောင် လဲမ ထွက် သ လို မိုး က လဲ ဖွဲ ဖွဲ လေး တွေ ကျ လို့ ..... ရောက် ရောက် ချင်း ဆောက် နဲ့  ထွင်း ဆို သလို ပေါ့ ဗျာ... ဒါ နဲ့ ဟို တယ် မှာ နား ပြီး တော့ တ ရေး တ မော အိပ် ... နေ့ လည် စာ စား ပြီး ည နေ နေ အ၀င် လေး ထွက် ရိုက် တာ ဘာ မှ ရိုက် လို့  ကို မ ရ တာ..... နက် ဖြန် တော့ မိုး မ ရွာ လောက် ပါ ဘူး လေ ဆို ပြီး စိတ် ချ လက် ချ အိပ် တာ ပဲ... မနက် လဲ လေး နာ ရီ လောက် ကို ဟို တယ်ကို ကား မှာ ထား တာ.... ကား ဆရာ က မိုး ရွာ ရင် ရော လာ ရမ လဲ တဲ့  ကျနော် လဲ ဘယ် လို အ ခြေ အနေ ပဲဖြစ် ဖြစ် လာ ဗျာ ဆို ပြီး မှာ လိုက် တာ ပေါ့  ဗျာ....
ကျနော့် စိတ် ထဲ မှာ မိုး ရွာ လဲမထူး ဘူး ဘာ ပဲဖြစ် ဖြစ် ရိုက် မယ် ပဲစိတ် ပိုင်း ဖြတ် ထား တယ်.... ည အိပ် ခါ နီး ဆို မိုး လေး က တ ဖျောက် နှစ် ဖျောက် ရွာ ပါ ရော ဗျာ... မနက် အခြေ အနေ မကောင်း မှန်း လဲသိတယ်... ဒါ ပေ မဲ့ မ ထူး ဘူး ...မိုး ရွာ တော့ မိုး ရွာ တဲ့ ပုံ ရိုက် မယ် ပဲ စဉ် စား ထား တာ လေ... မရိုက် လို့  လဲ မဖြစ် ဘူး လေ... ပိုက် ဆံတွေ က ကုန် နေ ပြီ ကိုး .....ဟိုတယ် ထဲ အိပ် နေ လဲ ဘာ မှ ထူး တာ မှ မဟုတ် တာ... မနက် လေး နာ ရီ ခွဲ လောက် မှာ ဟိုတယ် က စ ထွက် ပြီး ကျနော် မနက် နေ ထွက် မဲ့ လော က ဦး လျှောင် ကို သွား တာ ပေါ့.. ကျနော် မှာ အကျင့် တ ခု ရှိ တယ်.... နေ ထွက် ခါ နီး အလင်း ရောင် လေး ပေါ် မှာ က ၆ နာ ရီ ကျော် မှ ဒါ ပေ မဲ့ ကျနော် က ဘယ် တော့ ပဲဖြစ် ဖြစ် ရိုက် တဲ့ နေ ရာ ကို ၁ နာ ရီ ဒါ မှ မဟုတ် ၂ နာ ရီ ကြို သွား တယ်... ကိုယ် ရောက် ဖူး တဲ့ နေရာ ပဲဖြစ် ဖြစ် မ ရောက် ဘူး တဲ့ နေ ရာ ပဲ ဖြစ် ဖြစ် ကိုယ် ဘာ ကို ရိုက် မ လဲဆို တာ အမြဲတမ်း စောစော စီး စီး သွားရှာ တယ်... ဥပမာ ဗျာ... ကိုယ် မ ရောက် ဘူး တဲ့ နေရာ တ ခု ဆို ပါ တော့.... ဒီ နေ ရာ က နေ ထွက် သိပ် လှ တယ် ပေါ့..... ကျနော် က နေ ထွက် ကို မ ရိုက် ခင် နေ့  မှာ အဲ့ နေရာ ကို သွား ကြည့် တယ်... ဘယ် လို ရိုက် မယ် ဆို တာ စိတ် ကူး တယ်... ဒါ ပေ မဲ့  ရာသီဥတု က အမြဲ တူ နေ တာ မှ မဟုတ် တာ... တ ခါ တ လေ နေ ထွက် တဲ့ ဘက် က မ လှ ပဲ ...သူ နဲ့  ဆန့်  ကျင် ဘက် က လှ ရင် လဲလှ လာ နို်င် တယ် လေ... ကျနော် တော့ အဲ့  လို အခြေ အနေ ခဏ ခဏ ကြုံဘူး တယ်.... ဒါ ကြောင့် စော စော ကြိုသွား တယ်... ကိုယ် ရိုက် မဲ့ နေ ရာ ကို လေ့  လာ တယ်.... ကိုယ် ရိုက် မဲ့ နေရာ ရဲ့  အရှေ့  အနောက် တောင် မြောက် အကုန် ပတ် ကြည့် တယ်... ပုဂံကျတော့ ဘုရားစေတီ တွေ က အရပ် မျက် နှာ အစုံ ကို ရှိ နေ တာ ကိုး ...ပြီး တော့ မီးထွန်း ထား တဲ့ ဘုရား တွေ ဆို တာ လဲ ပတ် ပတ် လည် ပဲကိုး ဗျ......... ကျနော် ရိုက် မဲ့ ဘုရား ကို ရောက် တော့ အ ပေါ် တက် Tripod ထောက် ပြီး 70 ~ 200 Tele lens ( ပုဂံ မှာ နေ၀င် နေထွက် ကို Tele lens နဲ့  ရိုက် ရတာ အကြိုက် ဆုံး ပါ.... ) တပ် ပြီး ဘုရားပတ် လည် ကျနော် ပတ် ကြည့် ပြီး နည်းနည်း လင်း လာ မဲ့ အချိန်ကို စောင့် နေ တာ ပေါ့ ဗျာ.... ငါး မိနစ် ဆယ် မိနစ် လောက် လဲကြာ ရော မိုး က ဖွဲ ဖွဲ လေး ကျ လာ ရော... ကျနော့်  သူငယ်ချင်း က ထီး ယူ လာ တော့ ထီးဖွင့် ပြီး ကင် မရာကို မိုး ထား တာ ပေါ့ ဗျာ... အဲ့ အချိန် မိုး ရွာ စေ တဲ့ တိမ် လေး တွေ က နိမ့် နိမ့် လေး တွေ ဗျာ.... မီး ထွန်း ထား တဲ့ ဘုရား ပတ် လည် ၀ိုင်း နေ တာ ကို လှမ်း တွေ့  လိုက် တာ ... သိပ် လှ တာ ပဲ ...ကျနော် လဲ သူငယ် ချင်း ကို ပြော ပြီး အချိန် ခဏ လေး ပဲရ မှာ မြန် မြန် ရိုက် ကြ တာ ပေါ့... အဲ့ အချိန် မိုး ဖွဲဖွဲ လေး ကျ တာ လဲဂရု မစိုက် နိုင် ဘူး ..... ထီး လဲ မကိုင် နီုင် ဘေး နား လွင့်  ပစ် ပြီး ရီုက် တာ ပေါ့ ... တကယ့်  ခဏ လေး မှ ခဏ လေး ပါ.... ကျနော် လဲလေး ငါး ပုံ ရိုက် ပြီး လေ အရမ်း တိုက်တော့  တိမ်တွေ လဲ လစ် သွား တာ ပေါ့ ဗျာ.....မိုး လဲ တိတ် သွား ပြီး တော့ ခဏ နေ တော့ အလင်း ရောင် လေး တဖြည်း ဖြည်း မြင် ရ ပြီး နေအထွက် ရိုက် တာ ကောင်း ကင် က မ နေ့  က အတိုင်း ပဲ တ ပြင် လုံး ဖြု ဖွေး နေ တာ နေ လဲမထွက် နဲ့  ဘယ် လို မှ မလှ တော့ တာ နဲ့  ဟိုလ် တယ် ပြန် ပြီး နား ရ တာ ပေါ့ ဗျာ.... နေ ထွက် မ ရ တော့ ဘာ ရိုက် ရ မှန်း မသိ ဖြစ် နေတော့ ပုဂံ ဘုရား ထဲ ၀င် ပြီး လူ ပုံ Portrait တွေ စိမ် ပြေ န ပြေ သာ ရိုက် ခဲ့ ရတဲ့ အမှတ် တရခရီး လေး တခု ပေါ့  ဗျာ....
ကျနော် က အခု မှ ဓာတ် ပုံ ရိုက် မဲ့ သူ တွေကို ပြော ချင် တာ က ဓာတ် ပုံ ရိုက် ဖို့  ခရီး ထွက် ပြီ ဆို ကိုယ် ရောက် နေ တဲ့  နေရာ ရဲ့  နေ၀င် နေထွက် ကို မဖြစ် မ နေ ရိုက် ပါ ... ပြီး တော့ ရိုက် မဲ့ နေရာ ကို ၂ နာ ရီ လောက် ကြိုတင် သွား ပါ... အချိန် ယူ ပါ...မိုး ရွာ လို စိတ် မ ညစ် ပါ နဲ့  ... မိုးရွာ လို့  လှ နေ တာ မျိုး တွေ လဲ ရှိ တတ် ပါ တယ်... တကယ် လို့  နေ့  လည် နေ့  ခင်း ဘာ မှ ရိုက် လို မ ရ အောင် မိုး ရွာ နေ ရင် လဲ Indoor မှာ လူ ပုံ Portrait တွေ ရိုက်လို့  ရ ပါ တယ် ဆို လေး မျှ ဝေ ချင် တာ ပါ.... အပိုင်း ၃ ပြီး ပြီ...... အပိုင်း လေး မှ စ ပြီး နောက် ပိုင်း ဟာ တွေက စာအုပ် ထဲ မှာ သာ ဖတ် ကြ ပါ လို့ ကြေငြာ ပါ ရစေ .....
Credit: Ko Aung Pyae Soe
https://www.facebook.com/apsoe
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>
ကျနော်သိတဲ့ Landscape Filters တွေ အကြောင်း အပိုင်း ( ၁ )
Wednesday, August 12, 2015
Filter တွေ အကြောင်း ရေး ပါ ဆို လို့  ကျနော် Landscape Photography မှာ အသုံး ပြု နေ တဲ့ Filter တွေ အကြောင်း ရေး လိုက် ပါ တယ် .... ကျနော် အသုံး ပြု နေ တဲ့ Filter တွေ က တော့
( 1 ) Singhray Grad RevND .4
( 2 ) Singhray Grad ND Soft-step.4
( 3 ) Singhray Grad ND Hard-step.4
( 4 ) Singhray Grad ND Soft-step.3
( 5 ) Singhray Solid ND 4 f-stop
( 6 ) Singhray LB ColorCombo
( 7 ) Lee Big Stopper
တို့ ပဲ ဖြစ်ပါ တယ် ခင် ဗျာ.... Filter တွေ က အဲ့  လောက် ရှိရင် ကို အတော် လေး ကို အသုံး ၀င် နေ ပါ ပြီ ...
Filter တွေ မ ရှိ ပဲ လဲ Landscape ရိုက်လို့  ရပါတယ် ခင် ဗျာ...ဒါ ပေမဲ့ ကိုယ်ရိုက် ချင် သ လို ကိုယ်လို ချင် သလို ရိုက် ဖို့  က တော့ Filter လေးတွေရှိတော့ ပို ပြီး တော့ အဆင်ေ ပြ တာပေါ့ ဗျာ .... Filter နဲ့  ရိုက်တာ နဲ့  မပါ ပဲ ရိုက် တာ ဘာကွာ သ လဲ ဆို ရင် ကျနော် ပုံ လေးတွေနဲ့  ယှဉ် ပြီး တော့ ရှင်း ပြ ပါ့ မယ်..... Landscape Photography မှာ ဘာ လို့  Filter ကို အသုံး ပြုရ သ လဲဆို တော့ ဥပမာဗျာ ကျနော် တို့  ပုဂံမှာ နေ၀င်နေထွက် အချိန်ကို ဓာတ် ပုံ ရိုက် ကြမယ်ဆို ပါ ဆို့  နေမထွက်မီ တိမ်တွေ တောက် ပြီး လှ နေ တာ ကို ကြုံဖူး ကြ မှာ ပေါ့ ဗျာ... မျက် လုံး ထဲ မှာ တော့ အရမ်း လှ နေ တယ် လေ...ပြီးတော့ ပုဂံ က စေတီတွေ ကို Subject လုပ် ပြီး ဓာတ် ပုံ ရိုက် လို်က် တယ် ဆို ပါ စို့  ..... ကောင်း ကင် က အရမ်းလှပြီး ဘုရားတွေက မဲ သွား တာ တို့  ဘုရား တွေ ကို လင်း အောင် ရိုက် ရင် ကောင်းကင် ကြီးမှာ လှနေတဲ့  တိမ်တွေက အရမ်း ကြီး လင်းသွား ပြီး အရောင်တွေ မ ပေါ် ပဲ over exposure ဖြစ် သွားတာ တို့  ရိုက် ဖူး ဖြစ် ဖူး ကြ မှာ ပါ...အဲ့  ဒါ ဘာ လို့  လဲဆို တော့ Grad ND filter အသုံး မပြု လို ့ ပါ ပဲ ..... Grad ND ဆို တာ ဒီလို ပုံ စံ လေး ပါ
အပေါ် ကို မဲ ပြီး အောက် ကို တဖြည်း ဖြည်း မှိန် သွား တာ မျိုး ပေါ့ .....အစော က ပြော ခဲ့  သလို ပေါ့ တိမ် တွေ တောက် တဲ့  အချိန်မှာ အဲ့ ဒီ့  Filter လေးကို အပေါ် မှာ ခံ ထား လိုက် တော့ ကောင်း ကင် က exposure နဲ့  မြေကြီး က exposure နဲ့  ညီ သွား တာ ပေါ့ ဗျာ... ဥပမာဒီပုံ လေး ကို ကြည့် ကြည့် ပေါ့ ဗျာ
ဘယ် ဘက် က ပုံ က Singhray Grad ND .4 HardStep သုံး ထား တဲ့ ပုံ ပါ....ညာဘက်က ပုံ ကေ တာ့ ဘာမှ မသုံး ထား ပဲ ရိုက် ထား တာ ပါ.. ဒါ က ဥပမာ ပေါ့ ဗျာ.... ကျနော် မှာ က တိမ်တောက် တဲ့ အချိန် မှာ Filter ပါ တာ နဲ့  မ ပါ တာ စမ်း ရိုက် ပြ ထား တဲ့ ပုံ မရှိ လို့  ရှိ တဲ့ ဟာ တွေ သုံး လိုက် ရ ပါ တယ်.... ဒါ က အကြမ်း ဖျင်း ပေါ့ ဗျာ... ဒီ လောက် ဆို Grad ND အကြောင်း အနည်း ငယ် တော့ သိ မယ် ထင် ပါ တယ်.... ပုံ သေး နေ တာ ကို တော့ ခွင့် လွတ် ကြ ပါ.... နောက် ထပ် ပု ဂံ ပုံ လေး ကို လဲ ကြည့် ကြည့် ပါ အနည်း ငယ် နာလည် လာ ပါ လိမ့် မယ်...
1) Singhray Grad RevND .4
ဒီ Filter က တော့ နေ၀င်နေထွက် အချိန်မှာ ပဲ သုံး လို့  ရ ပါ တယ်....အရမ်းအသုံး ၀င် ပြီး တကယ်ကောင်း တဲ့ result ကို ရ ရှိ စေ ပါ တယ်.... Singhray Grad Rev ND က Grad ND filter နဲ့  ပုံ စံ အ တူ တူ ပါ ပဲ ... အပေါ်အမဲ အောက် အဖြူ ပါ ..ဒါ ပေ မဲ့  Singhray Grad Rev ND က အမဲ က နေ အဖြူ အဆုံး သတ် ခါ နီး ကြား မှာ နည်း နည်း လေး ပို မဲ ပါ တယ်... ဘာ လို့  လဲဆို တော့ နေ၀င် နေ ထွက်တွေ က မိုးကုတ် စက် ၀ိုင်း က နေ ပဲ ၀င် သွား ကြ တာ ကိုး ..အဲ့  တော့ နေ၀င် နေ ထွက် မှာ မိုး ကုတ် စက် ၀ိုင်း နား မှာ ပို ပြီး အလင်း ရောင် များ ကြ တာ ကိုး....Grad Rev ND သုံး လိုက် တော့ ပို ပြီး အဆင် ပြေ သွား တယ် ပို ပြီး တော့ correct exposure ကို ရရှိ စေ နိုင် ပါ တယ်... သာမန် Grad ND နဲ့  ရိုက် ရင် တော့ မရ ဘူး တော့ မ ဟုတ် ပါ ဘူး ဒါ ပေ မဲ့ Grad rev ND လို တော့ Detail expoure မရ စေ နိုင် ပါ ဘူး .... Grad Rev ND က .1 , .2 , .3 , .4 ဆို ပြီး အမျိုး မျိုး ရှိ ပါ တယ် ...ဒါ ပေ မဲ့ ကျနော် တို့  နိုင် ငံ က ရာသီဥတု နေအလင်း ရောင် ပြင်း တော့ .4 လောက် နဲ့  မှ အဆင် ပြေ ပါ တယ်...ကျနော် လဲ .4 ပဲ အသုံး ပြု ပါ တယ်....ပုံလေးတွေကြည့် ကြည့် ပါ ...Singhray Grad rev ND.4 သုံး ပြီး ရိုက် ထား တာ ပါ
ဒီ ပုံ လဲ Grad rev ND .4 နဲ့  Long exposure ရိုက် ထားတဲ့  ပုံ ပါ
( 2 ) Singhray Grad ND Soft-step.4
( 3 ) Singhray Grad ND Hard-step.4
( 4 ) Singhray Grad ND Soft-step.3
ဒီ Filter တွေ က တော့ နေမထွက် ခင် နေထွက် ပြီး ချိန် နေ့ ခင်း ပိုင်း ည နေ ပိုင်း နဲ့  နေ ၀င် သွား ပြီး တဲ့ နောက် မှာ သုံး တဲ့  Filter တွေ ပဲ ဖြစ် ပါ တယ် .... Grad Rev ND ပြီး ရင် ကျနော် အသုံး အ များ ဆုံး Filter တွေ ပဲ ဖြစ် ပါ တယ် ....ဒီ Soft-step ရယ် Hard-step ရယ် ဘာ များ ကွာ လဲဆို တာ ပုံ မှာ ကြည့် ကြည့် ပါ Soft -step က တော့ ဘုရား တို့  သစ်ပင် အုပ် တို့  တော တောင် တွေ တို့  စ တဲ့ မိုးကုတ် စက်ဝိုင်း အပေါ် အထိ ချွန် ထွက် နေ တဲ့ အရာဝတ်ထု တွေကို ရိုက် တဲ့  နေရာ မှာ အသုံး ပြု ပြီး တော့ Hard-step က တော့ Seascape ရိုက် တဲ့ နေ ရာ တို့  မိုး ကုတ် စက် ၀ိုင်း အပေါ် ထိုး ထိုး ထောင် ထောင် ဖြစ် မ နေ တဲ့ နေရာတွေ မှာ အသုံး ပြု ပါ တယ်.... ဘာ လို့  ဘုရားတွေ ချွန် ချွန်တက် တက် အရာ ၀တ် ထု တွေကို ရိုက် ရင် Soft -step သုံး ရ လဲ ဆို တော့ အဲ့ ထိ ချွန် ချွန် တက် တက် အရာ လေးတွေ ကို မ မဲ သွား စေ ချင် လို့  ပါ .... ကျနော် ပြော တာ ရှုပ် သွား လား...Soft-step က အ ပေါ် က နေ အောက် ကို တဖြည်း ဖြည်း မဲ ရာ က ဖြူလာ တော့ ထိပ် ပိုင်း လေး မမဲ သွား တော့ ဘူး ပေါ့ ဗျာ... Hard - Step က ကျ တော့ အပေါ် က နေ အောက် ကို တိ က မဲ ရာ က နေ ဖြူ သွား တော့ ချွန် ချွန် တက် တက် ဖြစ် နေ တဲ့ အရာ လေး တွေကို မဲ စေ တာ ပေါ့ ဗျာ.... ဒါ ပေ မဲ့ ဒါ က တော့ ပုံ သေ နည်း မ ဟုတ် ပါ ဘူး ဗျာ.. တခါ တလေ လဲ တော တောင် တွေ ရိုက် တဲ့ အခါ ကျနော် Hard-step သုံး ပါ တယ်... အ တိ အကျ မ မှတ် ထား ကြ ပါ နဲ့  အချိန် ရယ် ရာသီဥတု ရယ် အလင်း ရောင် ရယ် ကို သာ ချိန် ဆ ပြီး ရိုက် ကြ ပါ........ ပုံ သေးနည်း ရိုက် ချက် ဆို တာ တော့ မရှိ ပါ ဘူး ကျနော် အောက် မှာ ပုံ လေး တွေ န မူ နာ ပြ ထား ပါ တယ်...
ဒီ ပုံ က Singhray Grad ND .4 Hard-step နဲ့ ၇ိုက် ထား တာ ပါ
ဒီပုံ က Singhray Grad ND . 3 soft-step နဲ့ ရိုက် ထား တာ ပါ
ဒီ ပုံ က တော့ Singhray Grad ND.4 Soft-step သုံး ပြီး ရိုက် ထား တာ ပါ
Singhray Grad ND. 3 Soft -step နဲ့  ရိုက် ထား တဲ့ ပုံ ပါ
ကျန် တဲ့ Filter တွေ ကို အပိုင်း ( ၂ ) ဆက် လက် ရှုစား ဖတ် ကြ ပါ လို့  ......
Credit: Ko Aung Pyae Soe
https://www.facebook.com/apsoe
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>
ပဲပိစပ်ဆီ (Soybean Oil) စားသုံးမှုကလည်း စဉ်းစားစရာများ ဖြစ်လာ
Sunday, August 09, 2015
စားအုန်းဆီများမှာ ပြည့်ဝဆီများ ပါဝင်သည့်အတွက် ကျန်းမာရေး နှင့် မသင့်တော်သည်ကို လူတိုင်း သိပြီး ဖြစ်သည်။ သို့သော်လည်း ပဲပိစပ်ဆီ က သင့်ကို စားအုန်းဆီ၊ သကြား ဓာတ်တို့ထက် ပို၍ ၀စေနိုင် သည်ကိုမူ သိချင်မှ သိပေးလိမ့်မည်။
University of California မှ ပြုလုပ် ခဲ့သော လေ့ လာမှုအရ ပဲစိစပ်ဆီ က စားအုန်း ဆီ၊ ဖရက်တို့စ် သကြား၊ (ဆိုဒါနှင့် အသင့်စား အစာများတွင် တွေ့ရ သည့် သကြား) တို့ထက် ပိုပြီး အ၀ လွန်မှုကို ဖြစ်စေသည်ဟု သိရသည်။ လေ့လာမှုကို စမ်းသပ်ခန်းတွင်း ကြွက်များတွင် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး၊ ပဲပိစပ်ဆီများသော အစားအစာများ စားသုံးသောကြွက်များက အခြား ဖရက်တို့စ်သကြား၊ စားသုံးဆီများ သော အစာစားသုံးသော ကြွက်များ ထက် အ၀လွန်မှုနှင့် ဆီးချို ပိုဖြစ် ကြောင်း တွေ့ရသည်။
ပဲပိစပ်ဆီများသော အစာ အစားသည့် ကြွက်များက စားအုန်းဆီ များသော အစာစားသည့် ကြွက်များထက် ကိုယ်အလေးချိန် ၂၅% ပိုတိုး ပြီး၊ ဖရက်တို့စ် သကြားစားသော ကြွက်များထက် ၉% ပိုတိုးကြောင်း သိရ သည်။ ထို့ပြင် ပဲပိစပ်ဆီက ကြွက်များ၏ခန္ဓာကိုယ်တွင်းရှိ ဗီဇ ဆဲလ်များကို ပြောင်းလဲစေပြီး ဆေး များ၏ အာနိသင်များနှင့် သဘာဝ အဆိပ်အတောက်များ၏ အာနိသင် များကို တုန့်ပြန်မှုသည် ပြောင်းလဲ သွား ခဲ့ကြောင်း တွေ့ခဲ့ရသည်။
အကယ်၍ လူသားများနှင့် ကြွက်များ တုန့်ပြန်မှု တူညီပါက လူသားများတွင်လည်း ယင်းကဲ့သို့ ပြဿနာများဖြစ် လာနိုင်ကြောင်း ထောက်ပြခဲ့သည်။ လေ့လာသူများ က ၎င်းတို့အနေဖြင့် နှလုံးသွေးကြော ရော ဂါ ဖြစ်နိုင်ခြေပေါ်သို့ အစားအသောက်၏ သက်ရောက်မှုကို မလေ့လာသေးကြောင်း၊ အသီး အရွက်ဆီများ စားသုံးခြင်းက အ၀လွန်ခြင်း၊ ဆီးချိုတို့နှင့် ဆက်စပ်နေ သော်လည်း နှလုံးသွေးကြောရောဂါ အ တွက် ကောင်းကျိုးများ ရနိုင်သေး ကြောင်း ပြောကြားခဲ့သည်။ ယခုလေ့ လာမှုအား PLOS ONE စာစောင်၌ ပုံနှိပ်ဖော်ပြခဲ့သည်။
ဖိုးသောကြာ
Ref; ANI
Health Updates Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>
Sony Z2 & Z3 ရဲ့ Lollipop version 5.0.2 ကို အလွယ်တကူ Root လုပ်ကြမယ်
Sunday, August 09, 2015
Sony Z2 & Z3 ရဲ့ Lollipop version 5.0.2 ကို Root လုပ်နိုင်ရန်အတွက်ကတော့
လွယ်ကူပါတယ်။ အရင်ဆုံး လိုအပ်တာလေးကို Download ရယူလိုက်ပါ။
ပေးထားတာလေးတွေ Download ရယူပြီးရင်တော့ စပြီး Root ရအောင်။
အရင်ဆုံး apk လေးတွေကို install လုပ်လိုက်ပါ။ အားလုံး install လုပ်ပြီးရင်တော့
King Root apk ကိုဖွင့်လိုက်ပါ။ ပြီးရင် တရုတ်စာသားလေးနဲ့ Root ဆိုတာလေး
ပေါ်လာပါမယ်။ အဲဒါလေးကို နှိပ်လိုက်ပါ။ apk မှာ အလုပ်လုပ်ပေးနေပါမယ်။
100% ပြည့်ရင် finish ပြပါမယ်။ ဘာမှမနှိပ်ပါနဲ့ ပြန်ထွက်လိုက်ပါ။ ပြီးရင်
Busybox apk ကို ဖွင့်လိုက်ပါ။ box တစ်ခုပေါ်လာပါမယ်။ allow နှိပ်ပေးလိုက်ပါ။
ပြီးရင် install ဆိုတာကိုနှိပ်လိုက်ပါ။ Success ပြရင် ပြန်ထွက်လိုက်ပါ။
XZRecovery apk ကို ဖွင့်လိုက်ပါအုံး … ပြီးရင် install recovery ဆိုတာကိုနှိပ်လိုက်ပါ။
box တစ်ခုကျလာပါမယ်။ allow ကိုနှိပ်ပေးလိုက်ပါ။ သူ့ပာာသူ အလုပ်လုပ်သွားပြီး
ဖုန်းမှာ power shutdown ဆိုတာပြပါမယ်။ ခဏစောင့်ပေးလိုက်ပါ။ recovery mode ထဲကို
ရောက်သွားပါမယ်။ install ဆိုတာကိုနှိပ်လိုက်ပါ။ down ထားတဲ့ SuperSU.zip လေးကို
လိုက်ရှာပြီး install လုပ်ပေးလိုက်ပါ။ အလုပ်လုပ်ပေးနေပါလိမ့်မယ်။ done ဆိုပြီးပြရင်
reboot system now ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Root လုပ်ခြင်း
ပြီးဆုံးပါပြီ။ 
မြန်မာစာထည့်လိုသူများကတော့ ကိုဆိုင်းခိုင်တင့် ရဲ့ Lollipop zawgyi installer.exe လေးနဲ့
မြန်မာစာကို အဆင်ပြေပြေ ထည့်သွင်းအသုံးပြုနိုင်ပါတယ် ခင်ဗျာ။
Ko Htoo ( MMAS ) 
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
အပြည့်အစုံသို့ >>
Steve Job ရဲ့ ပန်းသီးမှာ ပဲ့နေတဲ့ တစ်ကိုက်နဲ့ သမီးလေး Lisa
Sunday, August 09, 2015
Steve Job ဟာ နည်းပညာလောကမှာ ပြတ်ပြတ်သားသား အနိုင်ယူပြီး အောင်မြင်မှုတွေ ရရှိပေမယ့် သူ့ရဲ့ လူမှုရေး ကိုယ်ရေးကိုယ်တာ ဘဝကတော့ ရှုပ်ထွေးမှု အနည်းငယ် ရှိပါတယ်။ ယင်း ဖြစ်ရပ်ကို The bite in the Apple ဆိုတဲ့ အမည်နဲ့ စာအုပ်ကိုလည်း သူ့ရဲ့ ရည်းစားဟောင်းက ထုတ်ရေးခဲ့ပါသေးတယ်။ ဖြစ်ပုံက ဒီလိုပါ။
၁၉၇၂ ခုနှစ်မှာတုန်းက Steve Job ဟာ အသက် ၁၇ နှစ် အရွယ်ဖြစ်ပြီး ရွယ်တူ ကောင်မလေးဖြစ်သူ Chrisann Brennan နဲ့ ချစ်ကြိုက်ကြပါတယ်။ အထက်တန်းကျောင်းမှာ ဖြစ်ပါတယ်။ တက္ကသိုလ် တက်တော့လည်း ဆက်ချစ်ကြပေမယ့် ချစ်သူ သက်တမ်းငါးနှစ်ပြည့်ပြီးတဲ့အခါမှာ Steve Job ဟာ သူမကို လမ်းခွဲလိုက် ပါတယ်။ Brennan ဟာ ကိုယ်ဝန်ရှိပြီဖြစ်ကြောင်း တာဝန်ယူပေးပါလို့ ပြောတာကြောင့် လမ်းခွဲလိုက်ခြင်း ဖြစ်ပါတယ်။ Steve Job ဟာ သူနဲ့ ရတဲ့ ကလေးမဟုတ်ကြောင်း တာဝန် မယူနိုင်ကြောင်း ပြောပြီး လမ်းခွဲခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတော့ Brennan ဟာ သမီးလေး Lisa ကို တစ်ယောက်တည်း မွေးရပါတော့တယ်။ သမီးလေး Lisa ကို သူ့သမီးမဟုတ်ဘူးလို့ လက်တွေ့မှာ ငြင်း ခဲ့ပေမယ့် Steve Job ဟာ ပစ်မထားနိုင်ပါဘူး။ Apple ကုမ္ဗဏီ စတင်ဖွံဖြိုးတိုးတက်စအချိန် ဝင်ငွေ အတော်အသင့်ရှိလာတော့ Brennan နဲ့ သမီးလေး နေဖို့ အမေရိကန်ဒေါ်လာ ၄သောင်းတန် အိမ်နဲ့ ကား နှစ်စီးကို ပေးပါတယ်။ Lisa ကို အမည်စွဲပြီးတော့ Lisa အမည်ရ ကွန်ပြူတာကိုလည်း ထုတ်ခဲ့ ပါသေးတယ်။
နောက်တော့ စတိဗ့်ဂျော့ဟာ Laurene Powell လို့ အမည်ရတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး သားသမီး ၃ ဦးတောင် ထွန်းကားပါတယ်။ ဒါပေမယ့် Lisa ဟာ သူ့ရဲ့ သမီးကြီး အဖြစ်နဲ့ပါ။ ၂၀၀၅ ခုနှစ် Apple အနေနဲ့ iPod ကို စတင်မိတ်ဆက်လိုက်တဲ့အချိန် Apple ကုမ္ဗဏီဟာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ဗဏီဖြစ်သွား ပါတယ်။ Steve Job ဟာလည်း ဘီလျံနာ ဖြစ်သွားပါတယ်။ အဲ့အချိန်ရောက်တဲ့အခါ ရည်းစားဟောင်းဖြစ်သူ Brennan ဟာ ငွေကြေး အဆင်မပြေကြောင်း၊ ကလေးကိုလည်း ခက်ခဲတဲ့ ဘဝမှာ မွေးခဲ့ရကြောင်း ယင်း အခက်အခဲနဲ့ နာကျင်မှုများအတွက် ဖြေသိမ့်ရန် အမေရိကန်ဒေါ်လာ သန်း ၃၀ ထောက်ပံ့စေလိုကြောင်း ဆက်သွယ်ပြောဆိုခဲ့ပါတယ်။ ၂၅ သန်းက သူမအတွက် ဖြစ်ပြီး ၅ သန်းက သမီးလေး Lisa အတွက်ဖြစ်ကြောင်း ဆိုပါတယ်။ Steve Job အနေနဲ့ Lisa ကို ဟားဗက် တက္ကသိုလ်တက်တော့ မှပဲ ကျောင်းစရိတ်ကို ထောက်ပံ့ပါတယ်။ ဒီတော့ အရင်က မိခင်ဖြစ်သူက ပင်ပန်းစွာ ကျွေးမွေးခဲ့ရကြောင်း ဆိုပါတယ်။
၂၀၀၅ ပြီးတော့ သက္ကရာဇ် ၂၀၀၉ ခုနှစ် အရောက်မှာလည်း အီးမေးလ် နောက်တစ်စောင်ပို့ပြီးတော့ ထပ်တောင်းပါတယ်။ ဒေါ်လာ ၁သောင်းလောက် လအနည်းငယ်စာ ထောက်ပံ့ပေးပါပေါ့။ အတော်လေး ဆင်းရဲနေပြီဖြစ်ကြောင်း Brennan က ဆိုပါတယ်။ ဘာကြောင့်မို့ Steve Job ဟာ မပေးတာလည်းလို့ စိတ်ဝင်စားကြပါတယ်။ မီဒီယာတွေအပေါ် သူပြန်ဖြေတဲ့စကားကတော့ Blackmail တွေကို သူ ပြန်မဖြေပါလို့ ဆိုပါတယ်။ Blackmail ဆိုတာ ခြိမ်းခြောက်ငွေတောင်းတဲ့ ငွေလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ စတိဗ့်ဂျော့ အနေနဲ့ အခြိမ်းခြောက်ခံရသလို ခံစားရတာကြောင့် သူ့အနေနဲ့ Brennan ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။
လူတွေထူးဆန်းစွာမေးခွန်းထုတ်တာက ဘာကြောင့်မို့ ရည်းစားဟောင်းဖြစ်သူ Brennan က တရားဆွဲပြီးငွေမတောင်းတာလဲပေါ့။ စတိဗ့်ဂျော့အနေနဲ့လည်း လုံးဝ ဂရုမစိုက်တာ မဟုတ်ပဲ ကြာကြာတစ်ခါ သမီးလေး Lisa ကို သွားရောက် ကြည့်ရှုရှာပါတယ်။ စတိဗ့်ဂျော့ ကွယ်လွန်တဲ့ ၂၀၁၁ ခုနှစ်မှာလည်း သူ့ဘေးမှာ သမီး Lisa ဟာ ရှိနေခဲ့ ပါတယ်။ Steve Job ဟာ ကင်ဆာနဲ့ ကွယ်လွန်ခဲ့တာပါ။ Lisa ကတော့ ယနေ့မှာ အသက် ၃၀ ကျော်ပြီး အိမ်ထောင်ကျနေပါပြီ။ ရည်းစားဟောင်း Brennan ကတော့ ယခု အသက် ၆၀ ကျော်သွားပါတယ်။ Lisa ရဲ့ အမေ ဖြစ်ပါတယ်။ Steve Job ကွယ်လွန်တော့ Brennan ဟာလည်း စာအုပ်တစ်အုပ်ထုပ်ပါတယ်။ The Bite in the Apple လို့ အမည်ရ ပါတယ်။ သမူ အနေနဲ့ စတိဗ်ဂျော့ဟာ ရက်စက်တတ်သူ တစ်ယောက်အဖြစ် ရှုမြင်ပြီး သူမဟာ Steve ရဲ့ ရက်စက်မှုကို ခံရတဲ့ သားကောင် တစ်ကောင်ပမာ သဘောထားပြီး စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ ယခု ထွက်ရှိမယ့်Steve Job ရုပ်ရှင်အသစ်မှာလည်း Steve Job ရဲ့ အချစ်ဇာတ်လမ်းကို အတော်လေးထည့်သွင်း ဖော်ပြ ပေးထား ပါတယ်။
ဒီတော့ လေ့လာသိရှိလိုက်ရတာကဗျာ။ Steve Job ဟာ ရက်စက်တတ်တဲ့သူလားပေါ့။ အဲ့လိုပြောရင်လည်း မှားနိုင်ပါတယ်။ သူ့သမီးကို ချစ်တဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် Brennan ကို မချစ်ဘူးလားပေါ့။ အထိုက်အလျောက် ရက်စက်တတ်သူ ဖြစ်ပါလိမ့်မယ်။ သူ့လိုပဲ စမတ်ကျပြီး ကမ္ဘာကျော် အောင်မြင်တဲ့ သူအချို့ဟာ နောက်ကွယ်မှာ ရှုပ်ထွေးတဲ့ လူမှုရေး ပြဿနာတွေ ရှိနေတတ်ပါတယ်။ လူတိုင်းတော့ မဟုတ်ပါဘူး။ မတ်ဇူကာဘတ်တို့ အတွဲဆိုရင် အတော်လေး ရိုးရှင်းပြီး ကြည်နူး ဖွယ် ကောင်းပါတယ်။ ဒီတော့ Steve Job ဟာ Morality အရ ကြည့်မယ်ဆိုရင် ကောင်းတဲ့ သူတစ်ယောက် လား၊ ကြိုးစားဖို့ လိုနေသေးတဲ့ သူတစ်ယောက်လား ဆိုတာကို လေ့လာကြည့်ဖို့အတွက် ကိုယ်သာ သူ့နေရာမှာဆို ဘယ်လိုဖြေရှင်းမလဲလို့ အတွေးတွေ ဝင်နေမိ ပါတယ်။
Dailymail
အောင်ခမ်း (MMAS)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
အပြည့်အစုံသို့ >>
Lollipop Firmware ( 5.0.1 ) For Samsung SM-N915F
Wednesday, August 05, 2015
Samsung Galaxy Note Edge ( SM-N915F ) အတွက် Lollipop Firmware တောင်းထားတဲ့ အကိုအတွက်
လွယ်လွယ်ကူကူ Download ရယူနိုင်ရန် Dev-Host.com ကနေပြီး ပြန်လည် မျှဝေပေးလိုက် ပါတယ်။
တောင်းထားတဲ့ အကိုရော လိုအပ်တဲ့သူတွေရော ရယူလိုက် ပါခင်ဗျာ။
Download Here >>> Lollipop Firmware For SM-N915F
Ko Htoo ( MMAS )
 --------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
အပြည့်အစုံသို့ >>
ကျနော်သိတဲ့ Landscape Filters တွေ အကြောင်း အပိုင်း ( ၂ )
Tuesday, August 04, 2015
ကျနော်သုံး တဲ့ Filter တွေ အကြောင်း က ပြော စ ရာ နည်း နည်း ပဲ ကျန် ပါ တော့ တယ်.... ကျနော် လဲ မအား တာ နဲ့  စာ ရေး ပျင်း တာ နဲ့  အတော် လေး ကြာ သွား ပြီ...
ဒီ အပိုင်း မှာ တော့ ကျနော် Singhray LB Color Combo အကြောင်း လေး နည်း နည်း တော့ ပြော ချင် တယ် ..... LB Color Combo ဆို တာ LB Natural Polarizer နဲ့  LB Color intensifier နှစ် ခု ကို ပေါင်း ထား တာ ပါ... LB ဆို တာ က Lighter , Brighter ဆို တဲ့  အဓိပယ်ပါ ... သူ က ဘယ် လောက် အသုံး ၀င် လဲ ဆို ရင် Close-ups photography မှ စ ပြီး Outdoor compostion တွေ အထိ အသုံး ၀င် ပါ တယ်... ဒါ ပေမဲ့ ကျနော့်  အတွေ့  အကြုံအရ လူ ပုံ ရိုက် လျှင် ဖြင့် သိပ် အသုံး မ၀င် လှ ဘူး ခင်ဗျ..... Polarizer က တော့ အလင်း ပြန် တာ တွေ ကို လျော့  ချ ပေး တယ် ကောင်း ကင် အပြာ ကို ပို မို ပြာ စေ တယ် .... ရေ တခွန် ရိုက် လျှင် အလွန် အသုံး ၀င် တယ် ... LB Color intensifer က တော့ အရောင် တွေ ကို Dramatic ဖြစ် စေ တယ်..... သူ က ရှိ ပြီး သာ အရောင် တွေ ကို ပို မို စို ပြေ စေ တာ ပေါ့ ဗျာ.... ရှင်း ပြ ရ တာ ခက် တယ် ဗျာ... ဥ ပ မာ ကို ပုံ လေးတွေ နဲ့  ပြ တာ ပို သိ သာ စေ တယ် .....
ဒီ ပုံ က Color Combo မသုံး ပဲ ရိုက် ထား တဲ့ ပုံ
ဒီ ပုံ က တော့ Color Combo သုံး ပြီး ရိုက် ထား တာ ပါ
ဒီပုံ က Color Combo or Polarizer နဲ့  ရိုက် မှ ဒီ လို ပုံ ထွက် တာ ပါ...ဒီ အတိုင်း ဆို ရင် တော့ ဒီ လောက် အရောင် တွေ မ စို ပါ ဘူး
ဒီ ပုံ က တော့ Color Combo ပါ ပဲ ရိုက် ရင် တကယ် ဒီ လောက် လှ မှာ မ ဟုတ် ပါ ဘူး မနက် နေ ထွက် driect light မှာ ၇ိုက် ထား တာ ပါ
ဒီ ပုံ က လဲ မ နက် နေ မ ထွက် ခင် Color Combo ရယ် Singhray rev ND . 4 ရယ် တပ် ရိုက် ထား တာပါ
ဒါ လေး Color Combo ကြောင့် ဒီလို လေး ကြည့် ကောင်း သွား တာ ပါ
Color Combo or Polarizer က against the light ကို ရိုက် ရင် မသိ သာ ပါ ဘူး ဗျ..... Direct light တို့  side light တို့  ကို ရိုက် ရင် အရမ်းသိသာ ပါ တယ်...... Color Combo မ၀ယ် နိုင် ရင် တောင် Polarizer လောက် ဆို လဲ ရ ပါ တယ် ခင် ဗျ......
Color Combo 77mm ကျနော် က တော့ 82 mm normal ring သုံး ပါတယ်
ကဲ ဒါ ဆို ရင် တော့ နည်း နည်း တော့ ရှင်း သွား လောက် ပါ ပြီ နော် ...ကျနော် ဒီ တ ခါ ကျနော် အရမ်း ကြိုက်တဲ့ အခု ထိ လဲ ရိုက် နေ တဲ့  Long Exposure Photography အကြောင်း လေး ပြော ပါ ရစေ.... ကျနော် က seascape ရိုက် တာ ကြိုက် တယ်.... ကမ်း ခြေ မှာ ကျောက် ဆောင် တွေ ကို ရိုက် ရ တာ ကြိုက် တယ်.... LE လို့ သုံး ပါ ရ စေ ဗျာ... LE ရိုက် မယ် ဆို ကျနော် အကြိုက် ဆုံး က တော့ မိုး ရာ သီ ပဲ ဖြစ် ပါ တယ်.... Cloudy ဖြစ် နေတာ တို့  မိုး တိမ် မဲ မဲ ကြီး တွေ ရှိ နေ တာ တို့  ဆို ကျနော် က အရမ်း ကြိုက် ပါ တယ်.... မိုး တွင်း ဆို တော့ ကမ်း ခြေ သွား ရင် လူ လဲရှင် တယ် အရမ်း လဲ လှပါ တယ်.... LE ဆိုတာ shutter speed ကို ပုံ မှန် ရိုက် နေ တဲ့ အခြေ အနေထက် ပို ပြီး ကြာ သွား အောင် ND ဖီလ်တာ ခံ ပြီး ရိုက် ကူး တာ လို့  ပဲအကြမ်း ဖျင်း ပြော ရ အောင် ဗျာ... ကျနော် က တော့ Big Stopper ကို သုံးပြီး ရိုက် ပါတယ်... Big stopper မသုံး ခင် မှာ ကင် မရာ ကို ထရိုင် ပေါ့ ပေါ် တင် ကိုယ် ရိုက် မယ့်  Composition အရင် ရှာ ကြိုက် ပြီ ဆို ရင် FOCUS ကို ပြတ် အောင် ဖြတ် ပြီး ရင် Lens မှာ Auto Focus က နေ Manual Focus ကို ထား ပေါ့ ဗျာ...ပြီး မှ Big Stopper ကို Lens အ ရှေ့  မှာ တပ် ပြီး ရိုက် ပါ တယ်...ဘာ လို့  ဆို Lee Big stopper က ပိန်း ပိတ် အောင် မဲ နေ တော့ လန်း အ ရှေ့  မှာ တပ် ရင် ဘာာ မှ မ မြင် ရလို့  ပါ ပဲ...Auto Foucs လဲ မရ တော့ ဘူး လေ.. ပုံ ကို ကြည့် လိုက် ပါ ဗျာ ဘယ် လို တပ် လဲ ဆို တာ...ပထမ ပုံ က လို တဲ့ ဟာ...၀ယ် ရ မဲ့ ဟာ တွေ ပါ... ဒုတိ ယပုံ က ဘယ် လို တပ် ပြီး ရိုက် တယ် ဆို တာပြ ထား တာ
LE ရိုက် မယ် ဆို ပ ထ မ ဆုံး ၀ယ် ရ မဲ့ ဟာ က တော့ Adaptor ring ရယ် Filter holder ရယ် ပါ
ဒါ က ကျနော် တို့  LE ကို ဘယ် လို ရိုက် လဲ ဆို တာ ပြ ထား တာ ပါ
ND filter မှာ ကျနော် အရင် သုံး တာ က HOYA ND 400 ဖြစ် ပြီး နောက် ပိုင်း တော့ Lee Big stopper ကို သုံး ပါ တယ် ..သူ က shutter speed ကို 8 stops လောက် ချ လို့  ရ တယ်... ဥပမာ ဗျာ... မိုး အုံး နေ တဲ့ အချိန် မှာ ပေါ့ apature 11 နဲ့  shutter speed က 1/3 sec လောက် ရ နေရင် ND Big stopper ခံ လိုက် ရင် apature 11 မှာ ပဲ shutter speed က ၂ မိ နစ် ၃ မိ နစ် လောက် ဖြစ် သွား တယ်....ကျနော် စ စ ရိုက် ချင်း က တော့ တပုံ မှ ကို မ ကောင်း ဘူး.... များ များ ရိုက် မှ တဖြည်း ဖြည်း နဲ့  exposure ကို ချိန် တက် လာ တာ.... ဖော် မြူ လာ တွေ လဲ ရှိ ပါ တယ်.... အနီး စပ် ဆုံး လဲ မှန် တယ်...ဒါ ပေ မဲ့ ရာသီဥတု အလင်း ပေါ် မှာ မူ တည် ပြီး ပုံ သေ တော့ မှတ် လို့  မ ရဘူး ဗျ...... များ များ ရိုက် မှ များ များ သိ လာ မှာ..အောက် မှာ ပုံ လေး တွေ နဲ့  ပြ ထား တယ်.... အော် LE ရိုက် ရင် လေ Cable release ရယ် Tripod က မရှိ မ ဖြစ် ပါ ....ကျနော့် ရိုက် နည်း က လွယ် ပါ တယ်... အမြဲ တမ်း ISO ကို 50 မှာ ထား တယ် apature ကို 22 ထား ပြီး ရိုက် လေ့ ရှိ ပါ တယ်... ဒါ က တော့ နေ့ ခင်း နဲ့  ညနေ နေ မ၀င် ခင် မှာ ပါ ..နေ ၀င် သွား ရင် တော့ ISO နဲ့  apature ကို ပြောင်း ပြီး ကစား ပါ တယ်... Shutter speed ကို အများ ဆုံး လေး ငါ မိနစ် အ ထိ ပဲ ရိုက် တော့ တယ်... ငါး မိနစ် မကျော် အောင် သတိ ထား ပြီး ISO နဲ့  apature ကို ကစား ပါ တယ် .. လို အပ် ရင် နေ ၀င် သွား တာ နဲ့  Big stopper ကို ဖြုတ် ပြီး ကျနော့် မှာ Singhray ND solid filter 4 stops ရှိ ပါတယ်...အဲ့ ဒါ ပဲ သုံး တော့ တယ်.. ဘာ လို့  ဆို Big stopper က နေ ၀င် သွား ရင် exposure ကို အရမ်း လျော့ ချ တော့ တ ခါ တ လေ ၇ မိ နစ် ၈ မိ နစ် လောက် ထိ ရိုက် ရလို့  ပါ ... ကျနော် က လဲ အဲ့  ဒါ ကို မကြိုက် တာ ပါ... Big stopper က နေ့ လည် ခင်း နဲ့  ည နေ နေမ၀င် ခင် အ ထိ ပဲ အသုံး ၀င် ပါ တယ်...
Singhray solid ND .4 stops
ဒါက ကျနော် စစချင်း သုံး တဲ့ HOYA ND400 သိပ် အကြိုက် ကြီး မဟုတ်ဘူး
ဒါ က အ ခု သုံး နေ တဲ့  Lee Big stopper ကျနော့် အတွက် က တော့ Seascape ရိုက် ရင် မ ရှိ မ ဖြစ် ပဲ
ဒါ က တော့ Big stopper ပါ ရင် ဘယ်လို မ ပါရင် ဘယ်လို ပေါ့ exposure ချိန် လို့  ရအောင် လို့ 
ဖုန်း ထဲ ထည့် လို့  ရ တဲ့ ဆော့ ၀ဲလ် လဲ ရှိ တယ်
ဒါက Cable release ပါ...
ပထမ ပိုင်း မှာ ကျနော် နည်း နည်း ရေး ထား တာ အ ခြေ ခံ ထက် ကျော် နေ တယ် ထင် လို့  ဒီ မှာ တော့ အ သေး စိတ် ရှင်း ပြ ထား ပါ တယ် ... ဖီလ်တာ မ ပါ ပဲ နဲ့ Landscape ပဲ ဖြစ် ဖြစ် Long Exopsure ပဲ ဖြစ် ဖြစ် ရိုက် တဲ့  အ ခါ အဆင် မ ပြေ လောက် ပါ ဘူး .. HDR ရိုက် လို့  ရ ပေ မဲ့ အရသာ ကွာ ပါ တယ်..... ကျနော် က တော့ Filter တွေ သုံးပြီး ရိုက် ရ တာ ကို ကြိုက် တယ် ... Long Exopsure ရိုက် တိုင်း ကျနော့် မှာ စိမ် ခေါ် မှု တွေ ပြည့် နေ တာ ပဲ... အခု ထိ ကြိုးစား နေ ရ ဆဲ ပါ. ကျနော် ရိုက် နည်း လေး မျှ ဝေ တာ ပါ .ဘာ ပဲ ဖြစ် ဖြစ် များ များ ရိုက် ကြ ပါ ... များ များ ရိုက် တော့ များ များ မှား ပြီး မှ အတွေ့  အကြုံတွေ ရ ပြီး ပို ကောင်း တဲ့ ပုံ တွေ ဖန် တီး နိုင် ကြ မှာ ပါ......ကျေးဇူး တင် စွာ ဖြင့် ....
F/22 , ISO - 50 , 60 sec with big stopper
F/16 , ISO - 50 , 106 sec with big stopper and Grand ND .4
10 sec at f/22 , ISO-50 with Big stopper and Color Combo
ဒါ က နေ မ ထွက် ခင် 13 sec at f/16 , ISO 320 နဲ့  အရမ်း ကြီး Long Exposure မ လို ချင် လို့  Singhray Solid ND .4 stops သုံး ထား တာ ပါ
sec 60 at f/20 , ISO 100 with Grad ND .4 and Solid ND . 4 stops
420 sec at f/22 , ISO 50 with Big stopper ဒီ ပုံ က တော့ နေ မ ၀င် ခင် နေ က တိမ် ထဲ ၀င် တော့ မှောင် နေ တော့ အချိန် ၇ မိ နစ် လောက် ရိုက် လိုက်ရတယ်
300 sec at f/22 , ISO 50 with Big stopper ရယ် Color Combo ရယ်
Credit: Ko Aung Pyae Soe
https://www.facebook.com/apsoe
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>
Travel Photography ဆို တာ ဘာ လဲ
Tuesday, August 04, 2015
Travel Photography ဆို တာ ကိုယ်သွားရောက်လည်ပတ်တဲ့ ဒေသ ရဲ့  ရှုခင်းအလှအပ တွေ နယ်ခံ လူတွေ ရဲ့  ယဉ်ကျေမှု သမိုင်းအစဉ်အလာတွေ ကို မှတ်တမ်းတင်ရိုက် ကူးတဲ့ photography အမျိုး အစားဖြစ်ပါ တယ်... အရင်ကတည်းက ရိုက် ကြ တဲ့ သူတွေ ရှိ ပေ မဲ့  လွန်ခဲ့ တဲ့ လေး နှစ် ကျော် မှ နိုင်ငံ တကာဓာတ်ပုံ ပြိုင်ပွဲတွေမှာ ခေတ်စားလာတာပါ....အထူးသဖြင့် National Geographic ဓာတ် ပုံ ပြိုင်ပွဲတွေ မှာ ပေါ့ ဗျာ Travel Photography မှာ အဓိက ကိုယ်ရောက် နေ တဲ့  နေရာဒေသ ရဲ့  အငွေ့  အသက် လေး တွေ အဲ့ ဒေသ ရဲ့ လူမှုပတ်ဝန်းကျင် ယဉ်ကျေးမှု တွေ ကို အနုပညာဆန်စွာ ဖန်တီးမှု အား ကောင်း စွာ ရိုက် ပြ နိုင် ဖို့  ပါ .....
Travel Photography မှာ သုံး မျိုး သုံးစား ခွဲ ထား ပါ သေး တယ်...အဲ့ ဒါတွေက တော့ Sense of Place , Travel Portraits ရယ် Outdoor Scenes တွေ ပါ ပဲ ..အောက် မှာ ကျနော် ပုံလေးတွေ နဲ့  ဥပမာ ပေး ပြီး Sense of place , Travel Photography နဲ့  Outdoor Scenes တို့ ကို ဖော် ပြ ထား ပေး ပါ့ မယ် ဗျာ.....အွန်လိုင်း ပေါ် မှာ တော့ Travel Photography နဲ့  ပတ် သက် ပြီး ရေး ထား တာတွေတော့ အားကြီး ပဲ...ကျနော် က တော့ ဘာသာပြန် ပြီး မရေး တော့ ပါ ဘူး...ကျနော်ရိုက်ခဲ့ သမျှ ကြုံတွေ့ ရ တဲ့ အတွေ့  အကြုံ တွေပဲ မျှဝေလိုက် ပါ တယ်
ကျနော် ခရီးသွား ခါ နီးဆို အဲ့  နေရာ ဒေသ ရဲ့ တည် နေ ရာ ကို လေ့ လာ တယ် .... မြေပုံတွေ ကြည့် တယ် အခြားဓာတ်ပုံ ဆရာတွေ ဘယ် လို ရိုက် ထား လဲပေါ့ သူတို့  ရိုက်တဲ့ ပုံတွေကို ကွန်ပြူတာထဲ မှာ သိမ်းထား တယ် မသွားခင် ပြင်ဆင် တာ ပေါ့ ဗျာ .... ရောက် ပြီ ဆို တော့ လဲ မနက်စောစော ထပြီး ကိုယ်ရောက်နေတဲ့  နေရာဒေသရဲ့ နေအထွက် လှပတဲ့ ရှုခင်း ကို မလွတ်တမ်းရိုက် ဖို့  လို တာ ပေါ့ ဗျာ.... ဘယ်နေရာကနေ ရိုက် မယ် ဆိုတာကတော့ ကိုယ်တိုင် ကြိုတင်ပြင်ဆင် ရတာ ပေါ့ လေ...ကျနော် ကေ တာ့ နေ၀င်နေထွက်ကို အမြင့် ဆုံး ဆို တဲ့ နေရာတွေ က နေ ရိုက် တယ်...ကိုယ့်  ရောက်နေ တဲ့ နေ ရာဒေသ တခု လုံး ကို ပါ စေ ချင် လို့  ပါ ...နောက် ပြီး အမြင့်က တက် ရိုက် တော့ မထင်မှတ်တဲ့ ပုံကောင်းတွေ ရ တတ် လို့  ပါ .....
ကျနော် ခရီးသွားရင် တနေရာတည်း မှာ ပဲ အချိန် အများကြီး ယူ ပါ တယ် ဘာလို့ ဆို အဲ့ နေရာပတ်ဝန်းကျင် နဲ့  ကိုယ် နဲ့  တသားတည်း ကျအောင် လို့  ပါ ...အဓိက က တော့ ကိုယ်ရောက်နေတဲ့  နေရာဒေသ ကလူတွေ နဲ့  ရင်းရင်းနှီးနှီးပြော ဆို ဆက်ဆံ ပါ...အဲ့  လို ပြောဆို ဆက် ဆံ တဲ့ နေရာမှာ လဲ ကင်မရာကြီး တကားကားနဲ့  တော့ မလုပ် လိုက် ပါ နဲ့  ... ဖြစ် နိုင် ရင် ကင်မရာကို အိတ် ထဲ ထည့် ပြီး ဒေသခံ တွေ နဲ့  အေးအေးဆေး ဆေး စကား လက် ဆုံ ကြ ပါ... သူတို့  က ဖော်ရွေ တတ် ပါ တယ် ကိုယ်နဲ့ ရင်း နှီ ပြီ ဆို တော့ မှ ခွင့် တောင်း ပြီး သူ တို့  ရဲ့  အ လေ့ အထ လှုပ် ရှား မှု ကို အမိအရ ရိုက် ပါ .....ရိုက်တဲ့နေရာ မှာလဲ မ လော ဖို့  ပါ ပဲ .... လုပ်ငန်းခွင် ၀င်နေတဲ့ သူတွေ ဆို လဲ သူတို့  နား တဲ့  အချိန် စောင့် ပြီး စကား ပြောဆို ပြီး မှ ရိုက် ပေါ့ အခြေအနေပေါ်မူတည် ပြီး သူတို့  ရဲ့  ဈာဉ် ၀င် နေ မှု ကို အမိ အရ အရင် ရိုက်ချင် လဲ ရ ပါ တယ် ဗျာ... ဒါ က တော့ ပုံ သေ တော့ မရှိ ပါ ဘူး ကိုယ် က သူတို့  ရဲ့  အခြေ အနေကြည့် ပေါ့ ....ဒီနေရာမှာ ကျနော်အတွေ့  အကြုံ တခုလောက် ဝေမျှ ချင် ပါတယ်...ကျနော် အင်ဒိုနီးရှား မှာ ဓာတ်ပုံ ပြိုင်ပွဲ သွားပြိုင်တော့ နိုင်ငံတကာ ကဓာတ်ပုံဆရာတွေ နဲ့ အတူပြိုင်ရတာ ပါ...ပြိုင်ပွဲကျင်းပတဲ့သူတွေ လိုက် ပို့  တဲ့ နေရာတွေ မှာ ဓာတ်ပုံ ရိုက်ပြီး ပြန် ယှဉ်ပြိုင် ရ တာပါ...အဲ့ လို နဲ့  နေရာ တနေရာရောက်ရင် ဓာတ်ပုံဆရာတွေ အားကြီး ပဲ ဆိုတော့ ရောက်တဲ့ နေရာမှာ ရှိတဲ့ ဒေသခံ လူတွေရဲ့  စိတ်ကျဉ်းကျပ် မှုကို ဖြစ် စေ တာ ပေါ့ ဗျာ... ကျနော်ဆို တနေရောက်ရင် သူတို့ တွေနောက် ကို မ လိုက် ပဲ အဲ့  နေရာ ရဲ့  လူတွေ နဲ့  ရင်းနှီးသွား အောင် တနေရာတည်း မှာ ပဲနေ တယ်...စကား ပြောတယ် ...ဓာတ် ပုံ မရိုက် ပဲ အဲ့ နေရာ ရဲ့  အငွေ့  အသက် ကလေးတွေရ အောင် လမ်းလျောက်ပြီး အေးအေးဆေး ဆေး ခံစားတယ် ပြီး မှ ကိုယ်ကြိုက် တဲ့  နေ ရာ ရောက် မှ အဲ့ နေရာ မှာနေပြီး တပုံ ကောင်း စောင့် ရိုက် ပါ တယ်....အဲ့ လို ရိုက်တာအလုပ် ဖြစ် ပါ တယ်...ပုံ ( ၁ ) ကို ကြည့် ပါ..အဲ့ လို ရိုက် ထား တာ ပါ ... ပုံ ( ၂ ) က ပြိုင်ပွဲ မှာ ဆု ရတဲ့ ပုံ ပါ ပဲ .....
အရင် ကျနော်ခရီးထွက်ပြီး ပြိုင်ပွဲပုံ တွေရိုက် တုန်းကဆို ဖိအားအရမ်းများတယ်.. ကိုယ်ကငွေရေးကြေးရေး အများကြီးမတတ် နိုင်တော့ ခရီး ထွက် တိုင်း ပုံ ကောင်း တွေ အများကြီးလို ချင် တယ် လောဘကြီး တယ်ပေါ့ဗျာ.....Pictorial ပုံတွေ ရိုက်ရတာ ဆို တော့ သဘာဝကျကျ မ ကျကျ ဇွတ်အတင်းတွေ making လုပ် ရိုက်တယ်......making လုပ်ရိုက်တာ ကတော့ မလို ဘူး မဟုတ် ဘူး နော်Travel photography မှာ လဲ လို တယ် ဒါ ပေမဲ့ သဘာဝ ကျ အောင် ပဲ ခပ်ပါးပါး making လုပ်ရိုက်ကြတယ်.... Steve McCurry လို ဓာတ်ပုံဆရာကြီး တောင် making ခပ်ပါး ပါး လုပ်တယ်ဆို တာ သူ့  ပုံတွေကြည့် ရင် သိ သာ ပါ တယ် ......
နာက်ပြီး ကျနော် ဓာတ် ပုံဆ၇ာ စလုပ် ခါ စ ဆို ပိုက်ဆံ ကအထွက်ချည်းပဲ...အ၀င်ကိုမရှိတဲ့..အဲ့ တော့ ခရီးလေးဘာလေး သွားရင် ပိုက် ဆံ အား ကြီး မသုံး နိုင် ဘူး ပေါ့ဗျာ...အဲ့ ခါ ကျ ခရီးကလဲအရမ်းသွား ချင် နေ ရင် ဖြစ်သလိုကို သွား တော့ တာ ပဲ.... လိုင်းကားစီးတယ် လမ်းလျောက် တယ် ဘုန်းကြီးကျောင်းတွေ မှာ အိပ် တယ် .....ဓာတ် ပုံ ရိုက် ဖို့ ကအရေးကြီးတာကိုဘယ်လိုပဲ နေရ နေရပါ .... ဒါ ပေမဲ့  ဘယ် နေရာဘယ်ဒေသ မှာ ပဲ နေနေ ကိုယ်နေတဲ့ နေရာ မှာလဲ အလှအပဆိုတာရှိစမြဲ ပါ...နေ့ခင်းပိုင်း မလှပေမဲ့  ညနေ၀င် သွားရင် လှချင် လှသွား မှာ ပေါ့...ကိုယ်က သတိထားပြီး ကြည့် ဖို့  ပဲ လို တာ ပါ ..... ဘယ်နေရာမဆို သူ့  အလှနဲ့  သူ ရှိတာ ပါ ဗျာ...ကိုယ်က ကြည့်တတ် မြင်တတ် ဖို့  ပဲ လို တာ ပါ..... ကျနော်တောင် ခရီးထွက်မှသာဓာတ် ပုံ ရို်က် ဖြစ်တာပါ... ရန်ကုန်မှာနေပြီး ရန်ကုန်မြို့  ပုံ ကောင်း ကောင်း မရိုက်ရသေး ဘူး ဗျာ... ကျနော်ညံ့ လို ပါ ... အပျင်းထူနေတာလဲ ပါ တယ် ....
တခါတလေ တော့ လဲ ကိုယ်ကခရီးထွက်တုန်းအားရပါး ရဓာတ် ပုံ ရိုက် မယ် ဆို ပြီးအားခဲထားတော့တွေ့  သမျှ မြင်သမျှ ရိုက် ကိုယ့်ဇော နဲ့ ကိုယ် ပေါ့ လေ... အဲ့ တော့ ကိုယ်ရောက်နေတဲ့ နေရာဒေသ ရဲ့  အငွေ့  အသက် မခံ စား နိုင်တော့ ဘူး ပေါ့ ဗျာ...ကျနော်ပြောချင်တာက တခါတလေမှာ ကင်မရာကို ခဏလေးဘေးနားထားပြီး ကိုယ်ရောက်နေတဲ့ နေရာဒေသရဲ့  အလှအပ လေးတွေကို ခံစား ကြည့် ပါ ဗျာ..... ဓာတ် ပုံ မရိုက် ပဲလှပတဲ့ နေ၀င်ချိန်လေးတွေ ကို အချိန်ပေး ပြီးဘ၀ရဲ့  အရ သာ ကို တခါ တလေ မှာ ခံ စား ပါ လို့  တိုက် တွန်း ချင် ပါ ရဲ့  ဗျာ..... သည်းခံ ပြီး ဖတ် ရှု ပေး သူ အားလုံး ကို ကျေးဇူး အ ထူး ပဲတင် ရှိ ပါ တယ်... မသိတာနားမလည် တာ ရှိ လဲ အချိန်မရွေး မေး နိုင် ပါ တယ်ခင်ဗျာ.....
ပုံ ( ၁ )
ပုံ (၂)
Travel PortraitsOutdoor ScenesSense of PlaceOutdoor ScenesTravel PortraitsSense of Place
Credit: Ko Aung Pyae Soe
https://www.facebook.com/apsoe
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>
Mac OSX ပေါ်တွင် Jailbreak ပြုလုပ်နိုင်သော TaiG iOS 8.4 Jailbreak Tool ထွက်ရှိ
Tuesday, August 04, 2015
iOS 8.4 ကို Jailbreak ပြုလုပ်နိုင်သော TaiG iOS 8.4 Jailbreak Tool ထွက်ရှိသည်မှာ ရက်သတ္တပတ်အနည်းငယ်ကြာမြင့်နေပြီဖြစ်သော်လည်း Windows OS အတွက်သာ Tool ထွက်ရှိထားခြင်းဖြစ်သည်။ အခုအခါတွင်မူ Mac OSX ပေါ်တွင် Jailbreak ပြုလုပ်နိုင်သော TaiG iOS 8.4 Jailbreak Tool ကို TaiG Jailbreak Team မှ ထုတ်ဝေပေးလိုက်ပြီဖြစ်သည်။
ယင်း Tool ကိုအသုံးပြုပြီး Mac OSX ပေါ်တွင် မိမိတို့ရဲ့ iOS 8.4, iOS 8.3, iOS 8.2 and iOS 8.1.3 တင်ထားသော iDevices များကို Jailbreak ပြုလုပ်နိုင်မည်ဖြစ်သည်။ Mac OSX အတွက် TaiG iOS 8.4 Jailbreak Tool ကိုအောက်က link မှာရယူနိုင်ပါတယ်။
Download TaiG iOS 8.4 Jailbreak Tool for Mac OSX
Jailbreak ပြုလုပ်နည်းကိုတော့ အောက်က link မှာလေ့လာနိုင်ပါတယ်။
[Click]
Credit:MMAS
 --------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
အပြည့်အစုံသို့ >>
တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...
သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...