Sony Xperia ဖုန်းတွေ ရဲ့ firmware များ စုစည်းမှု့

Friday, September 18, 2015
 
နောက်ထွက် Sony Xperia phone တစ်ချို့ ရဲ့Lollipop android 5.xx အထက် Firmware လေလေ တွေစုစည်းပေးထားတာပါ လိုအပ်တဲ့သူတွေ အလွယ်တစ်ကူ ဒေါင်းလို့အဆင်ပြေအောင်ပါ
ကဲလိုအပ်တဲ့ သူတွေ မိမိဖုန်းမော်ဒယ် အလိုက် ဒေါင်းယူနိုင်ပါတယ်

XPERIA Z C6603 ( 5.1.1 )

XPERIA Z1 C6903 ( 5.1.1)

Sony XPERIA Z Ultra C6833 ( 5.1,1)

XPERIA Z1 Compact D5503 - Android 5.1.1

XPERIA T2 Ultra D5303 - Android 5.1.1

XPERIA ZR C5503 - Android 5.1.1

XPERIA T2 Ultra Dual D5322

XPERIA ZL C6503 - Android 5.1.1

XPERIA Z3+ Dual E6533 - Android 5.0.2

XPERIA M5 E5603 - Android 5.0

XPERIA C3 Dual D2502 - Android 5.1.1

XPERIA Z3+ E6553 - Android 5.0.2

XPERIA C3 D2533 - Android 5.1.1

XPERIA Z2 D6503 - Android 5.1.1

XPERIA Z3 D6603 - Android 5.1.1

XPERIA Z3 Compact D5803 - Android 5.1.1

XPERIA M4 Aqua E2303 - Android 5.0

XPERIA C4 Dual E5333 - Android 5.0.2

XPERIA C4 E5303 - Android 5.0.2


post by smartghost
C@ထိုင်းရောက်ITလူငယ်များ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
အပြည့်အစုံသို့ >>

Mac OS X တွင် မြန်မာယူနီကုဒ်စနစ်သို့ လွယ်ကူစွာပြောင်းလဲနည်း အပြည့်အစုံ

Friday, September 18, 2015 |

Mac OS X အသုံးပြုနေပြီး ဇော်ဂျီမှ ယူနီကုဒ်သို့ ကူးပြောင်း အသုံးပြုလိုသူများအတွက် မရှိမဖြစ်လိုအပ်သော Keyboard, Unicode Fonts နှင့် Safari တွင် ယူနီကုဒ်နှင့် ဇော်ဂျီ နှစ်မျိုးလုံးကိုပါ ဖတ်ရှုနိုင်မည့် Safari Extension နှင့်တစ်ကွ Offline Converter တို့ကိုပါ စုံစုံလင်လင် ထည့်သွင်းပေးထားပြီး မည်သို့ မည်ပုံ အသုံးချရမည်ကို ဗီဒီယိုလမ်းညွှန်ချက်နှင့်တစ်ကွ အလွယ်ကူဆုံးဖြစ်အောင် ဖော်ပြပေးလိုက်ပါသည်..

အောက်ဖော်ပြပါ လုပ်ဆောင်ချက် အဆင့်များကို ဇော်ဂျီဖောင့် နှင့် လက်ကွက် သွင်းယူထားနှင့်ပြီးသော Mac OS X ကွန်ပျူတာတစ်လုံးအနေနှင့် နမူနာပြရေးသားထားခြင်း ဖြစ်ပါသည်။

>> Download Myanmar Unicode Bundle for Mac (Userscloud)
>> Download Myanmar Unicode Bundle for Mac (DropBox)

ပထမဦးစွာ Myanmar Unicode Bundle for Mac zip file ကို Download လုပ်ပြီး zip ဖြည်ထားပါ။

၁။ ဇော်ဂျီဖောင့် မှ ယူနီကုဒ်ဖောင့်သို့ ပြောင်းလဲရန် (Change Font)

Mac ၏ Spotlight search မှ “Font Book” ကို ရှာပြီးဖွင့်ပါ။ “Zawgyi-One” ကို ‘Disable/Off’ လုပ်ပါ။



'Update Fallback’ folder ထဲမှ “MMFontFallBack” ကိုဖွင့်ပြီး “Back To Original” ကို နှိပ်ပါ။



ထို့နောက် “Unicode Fonts” folder ထဲမှ “Tharlon-Regaular.ttf” ကို Double click နှိပ်ပြီး “Install Font” နှိပ်ပါ။ (Font Book ထဲတွင် သာလွန် ရောက်ရှိသွားပါပြီ)




ယူနီကုဒ်ဖောင့် ရသွားပါပြီ..

၂။ ဇော်ဂျီလက်ကွက်မှ ယူနီကုဒ်လက်ကွက်သို့ ပြောင်းရန် (Change Keyboard)

System Preferences > Keyboard > Input Sources တွင် “Zawgyi KB” ကို ရွေးချယ်ပြီး “-“ နှိပ်ပြီး ဖြုတ်ချပါ။ (Keep file လုပ်နိုင်ပါသည်)



“Keyboards” folder ထဲမှ “MUA-my.bundle” ကို COPY ကူးယူပြီး Library > Keyboard Layouts ထဲသို့ PASTE လုပ်ချလိုက်ပါ။

ထို့နောက် Preferences > Keyboard > Input Sources > Burmese > MUA-My ကို Add လုပ်ပါ။
ယူနီကုဒ်ကီးဘုတ် ရသွားပါပြီ..

မှတ်ချက်။ ။ ယူနီကုဒ်ကို ဇော်ဂျီလက်ကွက် အတိုင်းရိုက်လိုသည်ဆိုပါက “Keyboards” folder ထဲရှိ “Zawgyi L Unicode.bundle) ကို Keyboard Layouts ထဲသို့ Copy Paste လုပ်နိုင်ပါသည်။

၃။ Safari Extension ထည့်သွင်းနည်း

ယူနီကုဒ်စနစ် ထည့်သွင်းလိုက်ပြီ ဖြစ်တဲ့အတွက် Mac ရဲ့ Safari Browser မှာ ဇော်ဂျီနဲ့ ရေးသားထားတဲ့ website တွေ၊ Facebook တွေကို ဖတ်ရှုနိုင်ရန် ယူနီကုဒ်ရော ဇော်ဂျီပါ ဖတ်လို့ရနိုင်တဲ့ Extension ကို ထည့်သွင်းပါမည်။

"Safari extension” folder ထဲမှ ‘MUA Web Unicode…erter 1.5.safariextz’ ကို double click ခေါက်ပြီး “Install” လုပ်ပေးလိုက်ပါ။ (Install လုပ်ပြီးပါက ထိုဖိုင် folder ထဲမှ ပျောက်ကွယ်သွားပါမည်)



ယခုဆိုရင် Safari Browser တွင် ယူနီရော ဇော်ဂျီ နှစ်မျိုးစလုံးကို ဖတ်ရှုနိုင်ပါပြီ..။

၎။ Offline Uni <-> Zawgyi Converter သွင်းယူနည်း

“Myanmar Font Offline Converter” folder ကို ဖွင့်၍ ‘MM Font Converter’ ကို Copy ကူးယူပြီး Application ထဲတွင် Paste item လုပ်ချလိုက်ပါ။






ယခုဆိုလျှင် Mac OS X ပေါ်တွင် ဇော်ဂျီမှ မြန်မာယူနီကုဒ်စနစ်သို့ လွယ်ကူစွာ ပြောင်းနိုင်ခဲ့လိမ့်မည်ဟု မျှော်လင့်မိပါသည်...။

**Video Guide**
Credit to : Phyo Thet Zaw

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ...


မိုးသိကြား
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
အပြည့်အစုံသို့ >>

iOS 9 ကို update လုပ်နေစဉ်အတွင်း Error ပြသည့်အခါ

Friday, September 18, 2015


iOS 9 ကို update ရရခြင်းမှာ အများနည်းတူ ဦးဦးဖျားဖျား အသုံးပြုချင်သူတွေဟာ iPhone ကို အသုံးပြုနေကြတဲ့ လူတွေရဲ့ လူတွေခံစားချက်ပါ။ iOS 9 မှာ အသစ်အဆန်းတွေဘာတွေပါဝင်လာခဲ့ပြီလဲ ၊ အသုံးပြုရပုံတွေဘယ်လိုတွေလဲဆိုတာကို အများနည်းတူ အသုံးပြုချင် ၊ ပြောပြချင်ကြတာလဲ iPhone အသုံးပြုသူတွေရဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။ ဒီလို အသုံးပြုချင်လို့ Update ပြုလုပ်ကြတဲ့အခါ မိမိရဲ့ Device မှာ Error ပြရင် အရမ်းကို စိုးရိမ်ကြပါတယ်။ င့ါရဲ့ iPhone မှာမှ ဒီလို error ဖြစ်ရတာလား၊ ငါ့ဖုန်းက ပျက်စီးသွားပြီလား စတဲ့ စိုးရိမ်မှုတွေကို ကိုယ်စီရှိကြပါတယ်။ တကယ်တော့ နိုင်ငံအသီးသီးကနေ iOS 9 ကို မိမိတို့နည်းတူ အသုံးပြုချင်ကြတဲ့ Apple ချစ်သူတွေကလည်း ရှိနေပါသေးတယ်။

တစ်ချိန်တည်းမှာတင် တစ်ပြိုင်နက် iOS update ကို အသုံးပြုနိုင်ဖို့ တောင်းဆိုခံရတဲ့ Apple Server ဟာ အရမ်းကို အလုပ်များပါတယ်။ ဒီလိုအချိန်မှာ မိမိရဲ့ iPhone ကိုလည်း အများနည်းတူ update ပြုလုပ်ဖို့အတွက်တောင်းဆိုခဲ့မယ်ဆိုရင် “Software Update Failed” ဆိုတဲ့ error ကိုမြင်တွေ့ရပါလိမ့်မယ်။ ဒီအတွက်ကြောင့်လည်း စိတ်ပျက်မသွားပါနဲ့။ ဒီ Error ဟာ Apple Server ရဲ့ အလုပ်များခြင်းကြောင့် ပြတဲ့ error တစ်ခုဖြစ်ပါတယ်။

ဒီ Error ကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ခေတ္တစောင့်ဆိုင်းရုံမှတပါးဘာမှမရှိပါဘူး။ ခေတ္တစောင့်ဆိုင်းလို့မှ အဆင်မပြေဘူးဆိုရင်တော့ နောက်နေ့မှပဲ update လုပ်တာ အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ပဲ ချက်ချင်းပဲ ပြုလုပ်ချင်တယ်ဆိုရင်တော့ မိမိဘာသာ iOS9 ကို အခြား Website များကနေ download ရယူပြီး Manual နည်းနဲ့သာ OS upgrade ပြုလုပ်မှပဲ အဆင်ပြေပါလိမ့်မယ်။ Update ပြုလုပ်တဲ့အခါမှာလည်း iPhone ရဲ့ Setting မှတစ်ဆင့် general ၊ general မှတစ်ဆင့် Software Update အဆင့်ဆင့်သွားကာ update ပြုလုပ်ခြင်းကို OTA (On The Air) update ပြုလုပ်ခြင်းလို့ခေါ်ဆိုပြီး အခြား Website များမှ iOS9 Firmware ကို Download ရယူကာ upgrade ပြုလုပ်ခြင်းကိုတော့ Manual Upgrade လို့ခေါ်ဆိုသတ်မှတ်ကြပါတယ်။

Ref : iphonehacks

Aung Ko Htet (MMA)
#aungkohtet_mma
C@MMAS
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
အပြည့်အစုံသို့ >>

Samsung Lollipop devices(Model အပောာင်း) တွေအတွက် Samsung KeyBoard

Friday, September 18, 2015


Samsung Lollipop devices(Model အပောာင်း) တွေအတွက် Samsung KeyBoard ကို Ko Aung Thura ( MMUG ) က ဖန်တီးပေးခဲ့ လိုက်ပြန်ပါပြီ။

မထူးဆန်းပေမယ့် မရသေးတဲ့သူတွေထည့်နိုင်အောင်ရယ်..

Update ဖြစ်တဲ့ S6 Edge Plus ထဲက
Samsung Keyboard ကို
Samsung Lollipop devices( Model အဟောင်း ) တွေမှာ သုံးနိုင်အောင် Modified ထားတာပါ လို့ပြောထားပါတယ်။
.
မြန်မာ ( Zawgyi )
မြန်မာ ( Unicode )
လက်ကွက် ၂ ခုပါလာအောင်လုပ်ထားပါတယ် ..
( Keyboard setting ထဲမှလိုချင်တာကို ဖွင့်ပေးပါ )
.
.
Installation ကတော့
Custom Recovery ( cwm or twrp )
ကနေ zip file install ပါပဲ ..

အရင်ဆုံး SamsungIME folder ကို backup ယူထားပါ ..
Folder permission
အထဲက files တွေ permission မှတ်မိအောင် photo ရိုက်ထားပါ ..
အဆင်မပြေရင်ပြန်ထည့်လို့ရအောင် ..
.
.
.
ကဲ Samsung Keyboard အသစ်လေးမြည်းစမ်းကြည့်ကြဗျာ …


Download Here >>> http://www.mediafire.com/download/hrmig614apy02gl/S6EdgePlus_Keyboard_Lollipop.zip


Credit >>> hKo Aung Thura ( MMUG )

အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )
 --------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
အပြည့်အစုံသို့ >>

ညအိပ်ချိန်တွင် မိုဘိုင်းဖုန်း မသုံးသင့်

Friday, September 18, 2015
 

ခေတ်ကာလ တိုးတက်လာသည်နှင့်အမျှ စမတ်ဖုန်းတစ်လုံးကို လူတိုင်းလိုလို အသုံးပြုလာကြပါပြီ။ စမတ်ဖုန်းကို အသုံးပြုခြင်းက မိုဘိုင်းဖုန်းနဲ့ အင်တာနက်အသုံးပြုချင်လို့ဖြစ်ပါတယ်။ ဒီတော့ စမတ်ဖုန်း အသုံးပြုသူတွေဟာ နေ့နေ့ ညည အင်တာနက် အသုံးပြုသူတွေဖြစ်လာကြပါတယ်။ နေ့လည် နေ့ခင်းဘက် စမတ်ဖုန်းနဲ့ အင်တာနက် အသုံးပြုတာ ကိစ္စမရှိပေမဲ့ ညအိပ်ယာဝင်တဲ့အချိန်ထိ မိုဘိုင်းဖုန်းနဲ့ အင်တာနက်အသုံးမပြုသင့်ပါဘူး။ ညအိပ်ယာ ဝင်ချိန်မှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုခြင်းက မိုဘိုင်းဖုန်းမှ ထုတ်လွှင့်လိုက်တဲ့ အပြာရောင် အလင်းတန်းအချို့ကြောင့် မိမိအတွက် ဆိုးကျိုးတွေဖြစ်ပေါ်လာစေပါတယ်။

မိမိတို့ရဲ့ ကောင်းမွန်စွာ အိပ်စက်အနားယူချိန်တွေကို ဖရိုဖရဲဖြစ်စေပြီး နောက်တစ်နေ့မနက်မိုးလင်းတဲ့အခါ မိမိဦးနှောက်ရဲ့ မှတ်ဉာဏ်အားကို လျော့နည်း စေကာ စိတ်ချောက်ချားခြင်းကိုဖြစ်ပေါ်စေပါတယ်။ အလင်းရောင် အနည်းငယ်သာရှိတဲ့ ညအချိန်မှာ စမတ်ဖုန်းမှ ထွက်ရှိလာတဲ့ အလင်းတန်းကြောင့် သင်ယူလေ့လာမှုကို ခက်ခဲစေပါတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ အိပ်ချိန်မလုံလောက်သည့် ပြဿနာဖြစ်စေပြီး အာရုံကြောအားနည်းတဲ့ရောဂါကို ဖြစ်လာစေဖို့ အားပေးရာလည်း ရောက်တဲ့အပြင် စိတ်ဖိစီးမှုတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

စမတ်ဖုန်းမှ ထုတ်လွှတ်တဲ့ အလင်းတန်းတွေကြောင့် ခန္ဓာကိုယ်ရဲ့ အဆီဓါတ်ထိန်းချုပ်မှု ဟော်မုန်းတွေကို လျော့နည်းစေတဲ့အတွက် ဆာလှောင်မွတ်သိပ်မှုကို ဖြစ်လာစေပါတယ်။ ဒါ့အပြင် သုတေသန ပညာရှင်တို့ရဲ့ လေ့လာတွေ့ရှိချက်များအရ စမတ်ဖုန်းမှ ထုတ်လွှတ်တဲ့ အလင်းတန်းကြောင့် ကင်ဆာဖြစ်နိုင်ခြေများခြင်း ၊ မျက်လုံးတွင် တိမ်စွဲခြင်း နှင့် မျက်စိအာရုံစူးစိုက်မှုကို ပျက်စီးစေခြင်းများ ဖြစ်ပေါ်စေပါတယ်။

Ref : techinsider

Aung Ko Htet (MMA)
#aungkohtet_mma
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
အပြည့်အစုံသို့ >>

Window 8,8.1,10 တွေမှာ The Server Stumbled – Error 0x80072EE7 ဖြေရှင်းနည်း

Friday, September 18, 2015


Window တွေ အသစ်သစ် ထွက်လာတာ ယခုဆိုလျှင် Window 10 တောင် ရောက်ရှိလာပါပြီ

ကျွန်တော်လည်း Window 10 UI လေးကို သဘောကျလို့ တင်ပြီး သုံးကြည့်ပါတယ်

တကယ်ကောင်းမွန်ပြီး လှပလာပါတယ်

Window Setting တွေပြောင်းလဲသွားသလို Flat UI ကလည်း တော်တော်မျက်စိပဒါသဖြစ်ပါတယ်

နောက်ပြီး ကျွန်တော် က Mobile Service လုပ်တာဆိုတော့ Mobile Driver တွေသွင်းမရမှာဆိုပေမယ့်

အားလုံးအဆင်ပြေပြေ အသုံးပြုနိုင်ပါတယ် ဒါ့အပြင် Window 10 မှာချစ်စရာကောင်းတာ၁ခုက

ချိတ်ဆက်လိုက်တဲ့ Device ရဲ့ Driver ကို Auto Download ဆွဲပေးပါတယ်

ဒါပေမယ့် ကျနော့ စက်မှာ Window Store ၀င်ကြည့်တဲ့ အခါမှာ ဒုက္ခ စတွေ့ပါတော့တယ်

Window Store , Window Defender နဲ့ Window Update တွေမှာ

Update မရဘဲ 0x80072EE7 Error တက်ပါတယ်

အဆိုပါ Error ကို ဖြေရှင်းဖို့ Googling ကြည့်တဲ့ အခါ Tool လေးတစ်ခုတွေ့ပါတယ်

အဆိုပါ Tool လေးဟာဆိုက်သေးငယ်ပြီး တကယ်လည်း အသုံးဝင်ပါတယ်

Tool ကို အောက်မှာ Download ရယူပါ

Download Window Repair Tool v.3.5.0

အသုံးပြုနည်း

1.Download ပြုလုပ်ရရှိလာသော .exe ကို Setup install ပြုလုပ်ပေးပါ

2.User Acc Control Prompt တောင်းလျှင် Yes ကိုရွေးပေးပါ 
 

3.Setup ကို ပြီးစီးအောင် Install ပြုလုပ်ပေးပါ

4.ပြီးလျှင် Tool ကိုဖွင့်ပြီး Repair Tab ကို ရွေးပေးပါ
 

5.ပြီးလျှင် အောက်ဆုံးတွင်ရှိသော Unselect All ကို ရွေးပေးပါ

6.ထို့နောက် နံပါတ် ၁၇ ကိုရွေးပေးပါ Window Update ကို Repair လုပ်မှာမို့လို့ပါ

7.ပြီးရင်တော့ Start Repairs ကိုနှိပ်ပေးလိုက်ပါ ။ Process များ ပြုလုပ်ပြီး Computer ကို Reboot ချပေးပါလိမ့်မယ်
 

ပြန်တက်လာရင် မိမိရဲ့ စက်မှာ Window Store , Window Defender နဲ့

Window Update တို့ ပြန်လည် အလုပ်လုပ်ပေးနိုင်မှာဖြစ်ပြီး

Error – 0x80072EE7 ဖြစ်တဲ့ The Server Strumbled Error

မရှိဘဲ ကောင်းမွန်စွာ အသုံးပြုနိုင်ပြီဖြစ်သည်….


Aung Khaing (MMAS)
http://www.myanmarmobileapp.com/
The Best Mobile Knowledge Sharing Website in Myanmar !
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
အပြည့်အစုံသို့ >>

iOS9 Download Links များ

Friday, September 18, 2015
အပြည့်အစုံသို့ >>

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...

                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...