Posts

Showing posts from March, 2015

သွားကိုက်ခြင်းအတွက် သဘာဝဆေးနည်းများ

Image
သွားနာ၊ သွားကိုက်ခြင်းများနဲ့ ပတ်သက်ပြီး သဘာဝဆေးနည်း များကို မကြာခဏ တောင်းဆို လာကြသူများ အတွက် မျှဝေပေးလိုက် ပါတယ်။ (၁) တမာရွက်ကို ကျွမ်းအောင်လှော်၍ အမှုန့် ကြိတ်ပြီး ဆား အနည်းငယ်နှင့်အတူ သွား တိုက်ပေးသော် သွားကိုက်၊ သွားနာစတဲ့ သွားရော ဂါများ ကင်းဝေးစေ၍ သွားများကို ပိုမိုခိုင်မာ လာစေပြီး ဖြူစင်စေပါသည်။ (၂) သွားအတွက် အကောင်းဆုံးဆေးပင်မှာ ဒန္တသုခပင် ဖြစ်ပါသည်။ ဒန္တသုခပင်၏ ပဉ္စငါးပါးပြုတ်ရည်ကို ငုံပေးခြင်း၊ ပဉ္စငါးပါးကို ပြာချ၍ ၄င်းပြာဖြင့် သွားဖုံး၊ သွားကြားတို့ကို သိပ်ပေးခြင်း၊ ဒန္တသုခပင်၏ အမြစ်ကို အစိမ်းအတိုင်း ကြိတ်၍ သွားကြားကို သိပ်ပေးခြင်းတို့ဖြင့် သွားများကို ခိုင်မာစေ၍ သွားနာ၊ သွားကိုက်ခြင်း များကို သက်သာပျောက်ကင်းစေပါသည်။ (၃) နန်းလုံးကြိုင်ပင်၏ အခေါက်ကို ရေ ၃ခွက် ၁ခွက်ကျို၍ ၄င်းရေဖြင့် ပလုတ်ကျင်းခြင်း၊ ငုံခြင်းများ ပြု လုပ်ပေး ပါက သွားနာ၊ သွားကိုက်၊ သွားကျင်၊ သွားဖုံးရောင်ခြင်းများ ပျောက်ကင်းစေပါသည်။ (၄) ကစော့ခါးသီးပင်၏ အမြစ်ကို သွေး၍ သိပ်ပေးခြင်း၊ အမြစ်ကို အမှုန့်ကြိတ်၍ မှိုင်းတိုက်ကာ အခိုးအငွေ့ ကို ရှုခြင်းတို့ဖြင့် သွားကိုက်၊ သွားကျင်၊ သွားပိုးစား စသည့် သွားရောဂါများကို သ

ကလေးရှိသူတိုင်း သတိထားရမည့် အန္တရာယ်တစ်ခု

Image
ပုံထဲမှာ မြင်ရတဲ့အတိုင်း ကလေး တစ်ယောက်ဟာ ပလပ်ထိုးထားတဲ့ ဓါတ်ကြိုးကို သွားနဲ့ကိုက်ဆော့ပြီး ဓါတ်ကြိုးမှတဆင့် ဓါတ်လိုက်ကာ မျက်နှာတစ်ခုလုံး မီးလောင်ဒဏ် များစွာနဲ့ အရေးပေါ်ဆေးရုံကို ရောက် သွားတယ်လို့ ကျန်းမာရေး အကြောင်းများ ကို ဖော်ပြပေးနေတဲ့ စာမျက်နှာတစ်ခုမှာ ဖော်ပြထား ပါတယ်။ ဒီလိုအလားတူ ဖြစ်ရပ်မျိုးတွေနဲ့ ကလေးငယ်ပေါင်း များစွာဟာ အသက်အန္တရာယ်နဲ့ ကြုံတွေ့ပြီး ဆေး ရုံကို မကြာခဏ ရောက်လာကြတယ်လို့ အရေးပေါ် ဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း ဆိုထား ပါတယ်။ မြင်မြင်သမျှကို ကောက်ယူပြီး ဆော့ကစား ချင်ကြတာ ကလေးသဘာဝပါပဲ။ ဘယ်ဟာက အန္တရာယ်ရှိ တယ် မရှိဘူးဆိုတာ လူကြီးတွေကသာ မျက်ခြေမပျက် စောင့်ကြည့်ပြီး ထိန်းပေးရမှာပါ။ (ကဲ မိတ်ဆွေတို့လည်း ဘယ်နိုင်ငံမှာ ဘယ်တုန်းက ဖြစ်တယ် ဆိုတာတွေကို လိုက်လံ စစ်ဆေး မေးမြန်း မနေပဲ လောလောဆယ် ဒီလို အများအတွက် အကျိုးရှိတဲ့ သတိပေးပို့စ်လေးကို တဆင့်မျှဝေပေးလိုက် တာက ပိုအကျိုးစေ ပါလိမ့်မယ်) ဒီပုံကို မြင်တဲ့သူတိုင်း Share တစ်ချက် လုပ်ပေးလိုက်ကြပါ။ အနည်းဆုံး ကလေးတစ်ယောက်၏ အသက် ကို ကယ်တင်နိုင်စေပါလိမ့်မည်။ စောနွဲ့ နေဆိုင်(ပူတာအို) ကိုးကား ။ ။ Injury Prevention For Babies ကျန်းမာရေး

ဗိုက်ခေါက်အဆီချပေးနိုင်တဲ့ ရှောက်ရွက်

Image
ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။ ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများတစ်လုံးစီတွင် ရှောက် ၉ရွက်စီ ထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းများထဲသို့ အပြည့်ထည့်ပြီး အဆို့ ပိတ်လျက် နေပူတွင် ကိုးရက် စီ ထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည် ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံးသွား ပေးပါ။ တစ်လနှစ်လရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်းတို့မှလည်း သက်သာပျောက် ကင်း စေပါသည်။ လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင်စားထားရန် အမှာရှိသည်။ ထို့သို့စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရော ဂါ

ကညွတ်ဟာ ဆီချိုရောဂါအတွက် နောက်ဆုံးပေါ် လက်နက်ဟုဆို

Image
ကညွတ်ဟာ ဆီချိုရောဂါ အတွက် နောက်ဆုံးပေါ် လက်နက်ဟုဆိုကညွတ်ကို ပုံမှန်စားသုံးတဲ့ သူတွေ ဟာ သွေးတွင်း သကြားဓာတ် ပုံမှန်ဖြစ် အောင် ထိန်းချုပ်နိုင်ပြီး ဂလူးကို့စ်ကို စုပ်ယူဖို့ ကူညီနိုင်တဲ့ အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှုလည်း မြင့်တက် လာ နိုင်တယ်လို့ သိပ္ပံပညာ ရှင်တွေက တွေ့ရှိခဲ့ပါ တယ်။ ဒါကြောင့် ကညွတ်ဟာ ဆီးချိုရောဂါကို တွန်းလှန်ဖို့ နောက်ဆုံးပေါ်လက် နက်ဖြစ်လာမယ် လို့ သိပ္ပံပညာရှင် တွေက ယုံကြည်ကြ ပါတယ်။ ကမ္ဘာပေါ်မှာ လူ ပေါင်း တစ်သန်းကျော်ဟာ ဆီးချိုရောဂါ ဖြစ်နေမှန်း မသိရှိကြသူ တွေဖြစ်ပါတယ်။ မောပန်း တာ၊ ရေငတ်တာ၊ မကြာခဏ ဆီးသွားတာ၊ မှက္ခရုပေါက်တာနဲ့ အနာ ကျက်နှေးတာလိုမျိုး ဆီးချိုရောဂါရဲ့ လက္ခဏာတွေကို မသိရှိနားမလည်ကြ လို့ပါ။ အဲဒါတွေကို ကုသမှုမခံယူရင် အ မျိုးအစား (၂) ဆီးချို ရော ဂါကြောင့် နှလုံးတိုက်ခိုက် ခံရတာ၊ အမြင်အာရုံ ဆုံး ရှုံးတာနဲ့ ခြေပြတ်လက်ပြတ်တွေ ဖြစ်လာ နိုင်ပါတယ်။ ကညွတ်ဟာ ခန္ဓာကိုယ်ကြွက်သားနဲ့ တစ်သျှူးတွေမှ ဂလူးကို့စ်သုံးစွဲနိုင်မှု ၈၁ ရာခိုင်နှုန်း ပိုမိုမြင့်မား စေ တယ်လို့ ကရာချိ တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိ ခဲ့ပါတယ်။ ကညွတ်အနှစ်ပမာဏများစွာ သုံးစွဲပါမှ မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ် လုပ်မှုကို

အစာအဆိပ်မသင့်စေဖို့

Image
(၁) ဘေးကင်းတဲ့ အသားကိုရွေးပါ စူပါမားကက်မှာ အသားဝယ် လျှင် ရေခဲသေတ္တာ အောက်ဆင့်က အသားကို ရွေး ပါ။ အပေါ်ဆင့်ရှိ အသားများသည် အေးသင့် သလောက် မအေးဘဲ ဖြစ်တတ်သည်။ (၂) ကျကျနနသိမ်းပါ လတ်လတ် ဆတ်ဆတ် အသားများကို ရေခဲသေတ္တာ အအေးခန်း (refrigerator) တွင် နှစ်ရက်အထိ ထားနိုင်သည်။ အခဲခန်း(freezer)တွင် လပေါင်းများစွာ အထားခံ သည်။အအေးခန်း (refrigerator) တွင် ၄၀ဒီဂရီ ဖာရင်ဟိုက် ရှိသင့်ပြီး အခဲခန်း (freezer) တွင်သုညဒီဂရီ ဖာရင်ဟိုက် ရှိသင့်သည်။ (၃) ကျကျနနရေခဲဖျော်ပါ အေးခဲထားသည့် အသားကို ရေထဲထည့်စိမ်၍ ရေခဲပျော်အောင် ထားပါ။ မီးဖိုစင်တွင် အတိုင်းသားတင် ၍ ရေခဲပျော်အောင်ထားခြင်းသည် ဘက်တီးရီးယားများ ပွားလာစေသည်။ (၄) ဆေးကြောသန့်စင်ပါ အသားကိုင်မည့် လက်ကို ဆေးကြောသန့်စင်ပါ။ စဥ့်နှီတုံး၊ ပန်းကန်၊ ဓား၊ ဒယ်အိုးမှန်သမျှကို ဆေးကြောပါ။ ပန်းကန်ဆေးစင်(sink)ကို ဆေးကြောပါ။ (၅) အပူချိန်မှန်မှန်ချက်ပါ ကြက်သားကို (၁၆၅)ဒီဂရီဖာရင်ဟိုက်မှာ ချက်ပါ။ ၀က်သားနှင့် အမဲသားကို (၁၄၅)ဒီဂရီဖာရင်ဟိုက်၊ ငါးကို (၁၄၅)ဒီဂရီဖာရင်ဟိုက်မှာ ချက်ပါ။ (၆) မုန့်ဖုတ်ထားသည့် စားသောက်ကုန်များကို သတိထားပါ ကြက်ဥ ပေါင်မုန့်၊ ကွတ်ကီး စသည့် အသင့်စားထုတ်ကု

အမျိုးသမီးတွေ စိတ်ကျရခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကုစားနိုင်မလဲ

Image
စိတ်ကျမှုဟာ တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ အထူး သဖြင့် ယောကျာ်းလေးနဲ့ မိန်းကလေးတွေမှာ မတူ ညီတတ် ပါဘူး။ မိန်းကလေးတွေ ဟာ ယောကျာ်းလေးတွေ ထက်ပိုပြီး စိတ်ကျလွယ် ပါတယ်။ မိန်းကလေးတွေရဲ့ စိတ်ကျရတဲ့ အကြောင်းရင်းနဲ့ လက္ခဏာတွေ ဟာ ယောကျာ်းလေးတွေ စိတ်ကျရတဲ့ အကြောင်း ရင်းနဲ့လည်း မတူညီပါဘူး။ စိတ်ကျမှုဟာ ဆိုးရွားပြင်းထန်လှတဲ့ အခြေအနေ တစ်ရပ်ပါပဲ။ အခန့်မသင့်ရင် ဘ၀ရဲ့အစိတ်အပိုင်းတိုင်းကို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ စိတ်ကျနေတဲ့အတွက် လူမှုဆက်ဆံရေး၊ အချစ်ရေး၊ အလုပ် အကိုင်နဲ့ ယုံကြည်ချက်တွေကို ထိခိုက်လာနိုင်ပါတယ်။ မိန်းကလေးတစ်ယောက် အတွက်တော့ စိတ်ကျ တယ်ဆိုတာ ပုံမှန်ပါပဲ။ အမျိုးသား စိတ်ကျန်းမာရေး အဖွဲ့အစည်းရဲ့ အဆိုအရတော့ မိန်းကလေး ရှစ်ယောက် မှာ တစ်ယောက်ဟာ တစ်နေရာရာ၊ တစ်ချိန်ချိန်မှာ စိတ်ဓါတ် ကျနေနိုင်တယ်လို့ သိရပါတယ်။ ၀မ်းနည်းနေမယ်၊ အပြစ်ရှိတယ်လို့ ခံစားနေရမယ်၊ ပင်ပန်းနေမယ် ဆိုရင်တော့ စိတ်ကျလာနိုင်ပါတယ်။ သတင်းကောင်းကတော့ စိတ်ကျတာကို ကုသလို့ရပါတယ်။ မိန်းကလေး တစ်ယောက်နဲ့ ပတ်သက်တဲ့ စိတ်ကျမှုနဲ့ အကျိုးသက်ရောက်မှုတွေကို နားလည်လာတာနဲ့ပဲ စိတ်ကျမှုကို ကိုင်တွယ်ဖြေရှင်း လာနိုင်မှာပါ။ မိန်းကလေးတွေ စိတ်ကျရခြင်း အကြောင

ရေလိုအေး၍ ပန်းလိုလန်းသည့် နှစ်ကူးတန်ခူးသင်္ကြန်

Image
ဝိဿဇ္ဇက(ပဲခူး) မြန်မာပြက္ခဒိန်၏ လများအစ တန်ခူးလကို ''စိတ္တကော တန်ခူးလ၊ ရမ္မကော တန်ခူးလ''ဟူ၍ ပရိယာယ် နှစ်မျိုးပြဆိုထားသည်။ အနက် အဓိပ္ပာယ် မှာ ''အထူးထူး သော အပွင့်အသီးတို့ဖြင့် ဆန်း ကြယ် သည်၏ အဖြစ် ကြောင့် လူတို့၏ စိတ်နှလုံး ကို မွေ့လျော်စေတတ်သော ကြောင့် တန်ခူးလ ဟုခေါ်၏'' ဟူ၍ အဘိဓာန် ကျမ်းတွင် ဖော်ပြထား သည်။ အထူးထူးသော အပွင့်အသီးတို့ဖြင့် ရှုချင် စဖွယ်ကောင်းသောလ၊ သာယာ ကြည်နူးဖွယ် ကောင်းသောလဟု ဆိုအပ်၏။ တန်ခူးရေကုန်၊ ကဆုန်ရေခန်း ဆိုစကားအရလည်း မြစ်ချောင်း အင်းအိုင်တို့တွင် ရေများပင်ခန်းခြောက်တတ် ၏။ သစ်ရွက်တို့ြေ<ွကပြီးလျှင် အကိုင်းအခက်တို့သည် ရိုးတံကျဲကျဲဖြစ်လျက် ရှိ၏။ ''တန်ခူးမည်မှတ်၊ ဖက်ဆွတ် ရေတိုး၊ သင်္ကြန်မိုး'' ဆိုစကားအရ ဖက်ဆွတ်မိုးတို့ ရွာသွန်းတတ်သည်။ ထိုအခါ ရိုးတံကျဲကျဲ အပင်တို့သည် ရွက်သစ်၊ ရွက်နုလေးများဖြင့် စိမ်းလန်းဝေလွင် ငယ်ရုပ်တို့ ဆင်ကြပေတော့မည်။ မြေသင်း ရနံ့တို့သည် လည်း သင်းတပျံ့ပျံ့ရှိချေပြီ။ ''လမ်းတစ်လျှောက် သင်းပါဘိ၊ ဆန်းသလောက် မလင်းနိုင်ဘူး၊ ပန်းပိတောက် မင်းဟူ''၍ ပိတောက်ဝါဝါတို့ဖြင့် လတန်ခူးကို အလှဆင် ထားကြသည့်

အစာအိမ်ရောဂါဆိုတာ

Image
အစားအိမ်နှင့် အူသိမ်ဦးပိုင်းရှိ အတွင်းနံရံ အမြှေးပါး တွင်း ဖြစ်ပွားသော အနာရောဂါနှင့် အဆိုပါနေရာ များရှိ အမြှေးပါးများ ရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ် လာသော အစာမကြေခြင်း၊ ရင် ဘတ်အောင့်ခြင်းရောဂါ ဝေဒနာကို ဆိုလိုပါတယ်။ ယခင်အခါများက အစာအိမ်အတွင်း အက်စစ်ဓာတ် လွန်ကဲခြင်းကြောင့် အစာ အိမ်ရောဂါဖြစ်တယ်လို့ ဆိုခဲ့ကြပေမယ့် ယခုအခါ H.pylori ရောဂါ ပိုးကြောင့် အက်စစ်ဓာတ်လွန်ကဲကာ အစာအိမ်ရော ဂါ ဖြစ်ပွားတယ်လို့ သိရပါတယ်။ အကိုက် အခဲပျောက်ဆေး၊ ထိုးဆေးများ အလွန်အကျွံ သုံးစွဲမှု ကြောင့်လည်း ဖြစ်ပွားတတ်ပါတယ်။ လူတိုင်းမှာ အစာအိမ်ရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လူဦးရေရဲ့ ၁၀% အထိ ဖြစ် ပွားလေ့ရှိတတ်ပါ တယ်။ ၀မ်းဗိုက်အထက်ပိုင်း ရင်ညွန့်နေရာမှအောင့်ခြင်း၊ တစ်ခါတစ်ရံ အစာအိမ်ပေါက်သွားခြင်းကြောင့် ၀မ်းဗိုက် အထက်ပိုင်း အလွန် အမင်းအောင့်ခြင်း၊ အစာအိမ်အနားမှ သွေးယိုစီးတဲ့ အတွက် သွေးအန်ခြင်း၊ သွေးဝမ်း သွားခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ်ခံစားရပါတယ် အစာအိမ်နာရောဂါ ဖြစ်တာနှစ်ပေါင်းများစွာ ကြာလာ တဲ့အခါ၊ အစာအိမ် ထွက်ပေါက်ကျဉ်းပြီး ပိတ်ဆို့တတ်သောကြောင့် စားပြီးသော အစာများ မကြာခဏ ပြန် အန်ခြင်းတို့ ဖြစ်ပွ

အစာအိမ်အောင့်ခြင်း နာခြင်းများအတွက် အစွမ်းထက် ဆန်ဆေးရည်

Image
အစာအိမ်ရောဂါ ခံစားရသူများသည် အစား စာလောင်ခြင်း မဖြစ်စေရန်အတွက် စားစရာများကို ကိုယ့်နှင့် မကွာ ဆောင်ထားကြသည်မှာ များကြပါ သည် …သင်သည် ယခုဆန်ဆေးရည်ကို နေ့ စဉ် ပုံမှန်သောက် သုံးပါက အစားအစာဆောင်ရခြင်းနှင့် အစာအိမ်အောင့်ခြင်း နာခြင်းများ မရှိတော့ပါ ။ ကျောင်းတက်စဉ်က သူငယ်ချင်းများနှင့် မိတ်ဆွေ များထဲ့မှ အစာအိမ်ဖြစ်သော သူများကို ပြော ပြပြီး သောက် ခိုင်းခဲ့လို့  အစာအိမ် သမား တော်တော် များများပျောက်ကင်း သက်သာခဲ့ပြီး ကောင်ညှင်းပေါင်းတောင် မစားရဲသူများတောင် စားလို့ ရလာနိုင်သော ဆန်ဆေးရည်ဖြစ်ပါသည်… အစာအိမ် သမားများအတွက် ဆန်ဆေးရည်ကို အောက်ပါအတိုင်း လုပ်ဆောင်သောက်သုံးလိုက်ပါ မနက် အိပ်ယာထထခြင်း မနက်ဆန်ဆေးရည်ကို မက်ခွက်တခွက်လောက်ကို အမြဲသောက်ပေးပါ ..ရောဂါပေါ် မှုတည်ပြီး သောက်ပေးရပါမည် အချိန်ကိုတော့ လပိုင်းထိ မနက်တိုင်း မနက်တိုင်းသောက်ပေးပါ လုပ်ဆောင်နည်း ......... မနက်ထမင်းချက်ဖို့ ဆန်ဆေးသည့်အခါ ပထမ ဆန်ဆေးရေကို အလျှင်အမြန်ဆေးပါ ပထမရေသည် ဆန်တွင်ပါဝင်သော သဲအမှုန့် များ ကို ဆေးကြောခြင်းဖြစ်ပါသည် ဒုတိယအကြိမ်တွင် ဆေးသောဆန်ဆေးရေကို လက်ဖြင့် ကျကျနန ပွတ်သက်ဆေးကြောပြီး ရရှိလာသော ဆန်ဆေးရေကို မနက်အိပ်ယာထထခြင

ဒန့် သလွန်သီးက ဘာတွေရမလဲ

Image
ဒန့်သလွန်ပင်သည် အတန်ငယ်ခြောက်သွေ့ သော အပူလျော့ဇုန်ပိုင်း ဒေသများ တွင် ကောင်းစွာဖြစ် ထွန်းပြီး အစေ့မှ အပင်ပေါက်ခြင်းဖြစ်ပါ သည်။ ရှင်သန်မှု လျှင်မြန်သော နှစ်ရှည်ပင်ဖြစ် ပါသည်။ မိုးဥတုတွင်တော့ ဒန့်သလွန်ပင်၏ အကိုင်းရင့်ရင့် အပိုင်းကိုခုတ်၍ စိုက်ပျိုးရှင်သန် နိုင်ပါသည်။ သို့ သော် အစေ့မှ စိုက်ပျိုးခြင်းက သေချာမှုရှိစေ ပါသည်။ ဒန့်သလွန်ပင်၏ ပင်စည်အသားသည် အခြားအပင်များနှင့်မတူ တုတ်ခိုင်ခြင်း မရှိဘဲ ကိုင်းဆတ်ပြီး၊ ပိုးကိုက်တတ်သော ပင်စည် အမျိုး အစား ဖြစ်သည့်အတွက် အပင်ပေါ်တက်ရန် အန္တရာယ် များလှပါသည်။ ထို့ ကြောင့် အ သီးတောင့်နှင့် အရွက်တို့ ကို အောက်မှ ၀ါးလုံးတံ ချူဖြင့်သာ ခူးဆွတ်လေ့ ရှိကြပါသည်။ အသီးတောင့် များ မရင့်မှည့်ခင် အပင်ပေါ်မှ ခူးဆွတ်ပေး ရပါသည်။ တစ်နှစ် ပတ် လုံးလိုလို အစိမ်းရောင် အရွက်ဝိုင်းဝိုင်း ကလေးများဖြင့် ဝေနေတတ်သော်လဲ ဆောင်းအကုန် နွေဦးရာသီ တွင်တော့ အရွက်ကြွေလေ့ ရှိပါသည်။ ထို့ နောက် ရွက်ဟောင်း ကြွေပြီး ရွက်နုပြန်ထွက်ကာ အဖြူရောင် အဖူး၊အပွင့်ပွင့်ပြီး အသီး စတင် သီးပါတော့သည်။ ရွက်နုပြန်ထွက်ခါစ အချိန်တွင် ဒန့်သလွန်ရွက် က ပို၍ချို ပါသည်။ တုတ်ချောင်းပုံသဏ္ဍာန် အသီးတောင့်များသည် ပင်စည်ကိုင်းခ

ပေါင် ၃၀ ကျော်လေးသည့် ဧရာမရင်သားများနှင့် အမျိုးသမီးအချစ်ကို ရှာဖွေနေ

Image
 Swesone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

နေပူထဲ ထွက်ရသူတို့ အတွက် နွေကာလ ထိပ်တန်း အသားအရေ ထိန်းနည်း ၁၀

Image
Swesone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

ကော်ဖီ၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုများ

Image
 Swesone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

စိတ်ဖိစီးမှုများကို နှစ်မိနစ်အတွင်း ဖြေဖျောက်ရအောင်

Image
 Swesone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

အမျိုးသားတို့ ခံတွင်း ကျန်းမာပြီး သွားဖြူစင်စေမည့် နည်းလမ်း ၁၀

Image
 Swesone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

ရေချိုးခြင်း ကြောင့် ရနိုင်သော ကောင်းကျိုးများ

Image
Swesone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

ထမင်းကို အအေးခံစားလျှင် ကယ်လိုရီ ထက်ဝက်ကျော်လျော့နဲ

Image
သမန်းကျား၊ ရတနာပုံနေ့ စဉ် ထမင်းသည် ကယ်လိုရီများပြား သည့်အတွက် ၀မ်းဗိုက်ပိုင်း အဆီစုစေခြင်း၊ အ၀လွန်စေခြင်း တို့ ကို ဖြစ်စေ နိုင်ရာဝယ် အုန်းရည်ဖြင့် ချက်ကာ ရေခဲသေတ္တာ ထဲတွင် နေ့ တစ်ဝက် ခန့် အအေးခံ ထားခြင်းဖြင့် ထမင်းတွင် ပါသော ကစီဓါတ်ကို ခြေဖျက်ရန် အချိန်ပိုယူရသည့်အတွက် ခန္ဓာကိုယ်အနေဖြင့် ကယ်လိုရီကိုဖြည်းဖြည်း ချင်းသာ စုပ်ယူနိုင်မည် ဖြစ်သည့် အတွက် ကယ်လိုရီ မူလ ထက် ၆၀ ရာခိုင်နှူန်း လျော့နဲသွားစေ မည်ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ သုတေသီများက ဆိုသည်။ ကစီဓါတ်ကြွယ်ဝသော ထမင်းကဲ့သို့ စားစရာများသည် ကာဗိုဟိုက်ဒရိတ်ကြွယ်ဝပြီး စွမ်းအင်အရင်း အမြစ်ကောင်းများ ဖြစ်သည်။ ကာဗိုဟိုက်ဒရိတ်ကို စားသောက်လိုက်လျှင် အစာခြေစနစ်က သကြား ဓါတ်ဖြစ်သွားအောင် ခြေဖျက် ပြောင်းလဲပစ်သည်။ သကြားဓါတ်ပြောင်းလဲပြီးနောက် ပိုလျံနေသေးသော ကာဗိုဟိုက်ဒရိတ်ကို ခန္ဓာကိုယ်က သိုလှောင်ထားသကဲ့သို့  လိုအပ်လျှင် ဂလူးကို့ စ်ဖြစ်အောင် အသွင်ပြောင်းပေးသည်။ သို့ သော် သွေးတွင်းဂလူးကို့ စ် များလွန်းလျင် အဆီဖြစ်သွားကာ ခန္ဓာကိုယ်နေရာ အနှံ့  အဆီစုဝေးသွားမည်ဖြစ်သည့်အတွက် ၀လာခြင်းဖြစ်ကြောင်း သုတေသီများက ရှင်းပြသည်။ သို့ ဖြစ်ရာ သိပ္ပံပညာရှင်များက အစားအစာမျာ

စကြာဝဋ္ဌာကြီးသည် ခန့် မှန်းထားသည်ထက် စောလျှင်စွာ ပျက်စီးနိုင်ဖွယ်ရှိ

Image
သမန်းကျား၊ ရတနာပုံနေ့ စဉ် ရူပဗေဒ ပညာရှင်များသည် စကြာဝဋ္ဌာကြီးပြန့် ကား ထွက်မှု ရပ်ဆိုင်းသွားပြီး အတွင်းထဲသို့ ပြန်လည် ကျုံ့ ဝင်လာမည့် နေ့ ရက်ကို တွက်ချက်လျက်ရှိရာ လာမည့် နှစ်ပေါင်း ဘီလီယံပေါင်းများစွာ အကြာ တွင် စကြာဝဋ္ဌာကြီးက အတွင်းထဲ သို့ ပေါက်ကွဲ ပျက်စီးသွားမည်ဖြစ်ပြီး မူလကခန့် မှန်းထားသည် ထက် လည်း စောနိုင်ကြောင်း ထုတ်ပြန်ကြေညာသည်။ လူသားစံချိန် စံညွှန်းအရ နှစ်ပေါင်း ဘီလီယံပေါင်း များစွာဟူသည်မှာ ရှည်လျား လွန်းလှသော်လည်း နက္ခတ် တာရာ အချိန်စကေးအရမူ စကြာဝဋ္ဌာကြီး ပျက်စီးသွားမည့် အချိန်သည် ရုတ်တရက်ဆို သလို ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း၊ ရူပ ဗေဒပညာရှင်များ ရှာဖွေနေသော စွမ်းအင်နက်ကြီးသည် စကြာဝဋ္ဌာ ပျက်စီးစေမည့် အစပင်ဖြစ်ပါကြောင်း၊ လူသားတို့  အနေဖြင့် ယင်းဖြစ်စဉ်ကို မည်သို့ မှကြားဝင် ဟန့်  တားခြင်းပြုနိုင်မည် မဟုတ်ကြောင်း၊ စကြာဝဋ္ဌာကြီး အမှန်တစ်ကယ် အဆုံး သတ်မည့်နေ့ ကို တွက်ချက်နေ ဆဲဖြစ်ကြောင်း ယူကေနိုင်ငံ၊ နော်တင်ဟမ်တက္ကသိုလ်မှ ပရော်ဖက်ဆာ အန်တိုနီယိုပယ်ဒီလာ က ပြောပြ သည်။ စကြာဝဋ္ဌာဟာ အစဉ်သဖြင့် ကျယ်လာနေပါတယ်။ ဒါပေမယ့် အခု သူကျယ်ပြန့် နေတဲ့နှူန်းက သိပ်ကိုမြန်နေ ပါ တယ်။ တစ်နေ့ နေ့ မှာ ကျယ်ပြန့် မှုရဲ့ အဆုံးကိုေ

Bandwidth ကို သက်သာစေမည့် Chrome extension အသစ်တစ်ခုကို Google ဖြန့်ချိ

Image
Google သည် သုံးစွဲသူ၏ ဝက်ဘ် data usage ကိုလျှော့ချနိုင်မည့် Chrome browser extension သစ်ကို ဖြန့်ချိပေးခဲ့ကြောင်း သိရသည်။ အဆိုပါ extension ၏အမည်မှာ Data Saver ဖြစ်ပြီး brow-ser တွင် ဝက်ဘ်စာမျက်နှာရှိ အချက်အလက် များကိုချုံ့ထားသည့် proxy ဝန်ဆောင်မှုကို အသုံးပြုထားသည်။ ၎င်း extension ကိုအသုံးပြုရန် Chrome 41 နှင့်အထက် အသုံးပြု ထားရန် လိုအပ်ပြီး install ပြုလုပ်ပြီးနောက် အဆင်သင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Data Saver ကို Android နှင့် iOS ရှိ Chrome များတွင်လည်း အသုံးပြု နိုင်မည်ဖြစ်ပြီး settings အတွင်းသို့ ဝင်ရောက် ကာ Data Saver ကို enable ပြုလုပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။ Google သည် ၂၀၁၃ ခုနှစ် မတ်လတွင် browser များအတွက် အချက်အလက်များ ချုံ့ထားသည့် ဝန်ဆောင် မှုကို စတင်စမ်းသပ်ခဲ့သည်။ ယခုအခါ Google မှဖြန့်ချိလိုက်သော Data Saver beta ဗားရှင်းသည် အနာဂတ် Chrome ဗားရှင်းများတွင် တစ်ပါတည်း ပါဝင်လာနိုင်ကြောင်း သိရသည်။ Ref: TheNextWeb Internet Journal -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

လူတော်မကြောက်သော လူတော် လီကွမ်ယူး

Image
၁၉၆၅ ကမှ လွတ်လပ်ခဲ့သည့် တံငါရွာသာသာ စင်ကာပူ ကို ယနေ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်လာအောင် တည်ဆောက် ရာတွင် စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယူးသည် တစ်ကိုယ်တော် ကျဲခဲ့သည် မဟုတ်။ အရွယ် ငယ်သလောက် နိုင်ငံကြီးအောင် လူတော်တို့ အားကို ယူနိုင်ခဲ့ခြင်းသာ ဖြစ်သည်။ အရွယ်လည်းသေး၊ သဘာဝ သယံဇာတ ဆို၍ သောက် စရာရေပင် မရှိသော စင်ကာပူအတွက် အားကိုးစရာမှာ “လူ” သာ ဖြစ်သည်ကို လီကွမ်ယူး စောစောစီးစီး သဘောပေါက်သည်။ “လူ” ဆိုသည်မှာ အလိုလို မိုးပေါ် က ကျမလာ၊ မြေကပေါက် မလာကြောင်းကို သိသော လီကွမ်ယူးသည် လူတော်ကို မွေးတတ်သည်၊ ရှာတတ်ဖွေ တတ်၊ မွေးတတ်သည်၊ လူတော်ကို ပျော်အောင်ထားသည်။ လူတော်ရအောင် နိုင်ငံခြားကပင် ရအောင်ခေါ် သည်။ ၁၉၆၅ နိုင်ငံစထောင်စဉ်က စင်ကာပူသည် နေပျော်ဖွယ်မရှိ မွဲလည်းမွဲ၊ နိုင်ငံလည်းသေး။ စင်ကာပူ မှ တော်သူများပင် စင်ကာပူတွင် မနေလိုကြချိန်တွင် လီကွမ်ယူးသည် ရွာနီးချုပ်စပ် နိုင်ငံများမှ ထူးချွန်သူများ ကိုပါ လိုက်လံရှာဖွေ စည်းရုံးသည်။ မလေးရှားပေါက် မလေးတို့ အင်္ဂလန်တွင် ပညာသင်နေသည် ကို ကျောင်းပြီးလျှင် စင်ကာပူသို့ လာအလုပ်လုပ်စေရန် သူ့လူတို့လွှတ်ပြီး အမျိုးမျိုးစည်းရုံးသည်။ ယခုခေတ် လူငယ် မီးခဲပြာဖုံး ဘောလုံးသမားများကို ကလပ်

မူးယစ်သုံးစွဲသူများ နှင့် ဆေးကုသခွင့်

Image
By စိုးစည်သူ မူးယစ်ဆေးဝါး သုံးစွဲသူများ အား ပြစ် ဒဏ် လျှော့ပေါ့ပေးနိုင်ရန် ၁၉၉၃ ခုနှစ်၊ မူးယစ် ဥပဒေအား ပြန် လည် ပြင်ဆင်ရေးဆွဲ သွား မည် ဖြစ်ပြီး ယင်းသို့ ရေးဆွဲရာတွင် ထောင်ဒဏ် အစား သုံးစွဲသူမှ ဆေးပြတ်သည် အထိ ဆေးရုံ တက်၍ ကုသသည့် ပြစ်ဒဏ် ပြောင်းလဲရန် စီစဉ်လျက် ရှိသည်။ ““သုံးစွဲတဲ့ သူတွေကို ထိခိုက် နစ်နာမှုတွေ မရှိအောင် ဥပဒေကို ပြန်ပြင်မှာပါ။ သူတို့ကို တရားခံလို့ မသတ် မှတ်ဘဲ လူနာအနေနဲ့ပဲ ထားရှိသွားမှာပါ”” ဟု မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး (ဗဟို) မှ ဒုရဲမှူး ကျော်ကျော်မင်းက ပြောသည်။ သို့သော် ဆေးကုသနေချိန် ပုံမှန် ကုသခြင်း မရှိသူများနှင့် လွှတ်ပေးလိုက် သော်လည်း ထပ်မံ သုံးစွဲ သူများ ကိုမူ လက်ရှိတွင် အရေးယူ ဆောင်ရွက် နေသကဲ့သို့ ထောင်ဒဏ် အပြစ်ဒဏ်ဖြင့်သာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။ မူးယစ်ဆေး သုံးစွဲသူများကို ပြစ်ဒဏ် လျှော့ပေါ့ပေးခြင်းသည် ကောင်းသည့် လက္ခဏာ တစ်ခု ဖြစ်သော် လည်း ရောင်းချသူများကိုမူ ပြစ်ဒဏ် ပြောင်းလဲမှု မရှိဘဲ လိုအပ်လာပါက ပြစ်ဒဏ်ကို ထပ်မံ တိုးမြှင့်သွား မည် ဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး (ဗဟို) ထံမှ သိ

ဂျပန် သက်ကြီးပိုင်းတွေကို ဘယ်သူတွေ ပြုစု စောင့်ရှောက်ကြမလဲ

Image
By ကိုထိုက် မီဒိုရီအီဒါ တစ်ယောက် အသက်(၉၆) နှစ်အရွယ် အဘွားဖြစ်သူကို အိမ်သာ လိုက်ပို့ဖို့ တစ်ည တစ်ည ကို အကြိမ်ကြိမ်ထ ရသည်။ အဘွား အိပ်သာ သွားချင်တိုင်း အမြန်ဆုံး လိုက်ပို့ပေး နိုင်အောင် အဘွားဘေးမှာ ပဲသူ အိပ်လိုက်သည်။ အသက် (၂၉) နှစ်အရွယ် အမျိုးသမီး အများစု သဘောကျ နိုင် စရာ မရှိသည့် တာဝန် ၀တ္တရားမျိုး ဖြစ်၏။ သို့သော် မီဒိုရီ အဖို့ သူ့ အဘွား အတွက် တစ်ပတ်မှာ တစ်ရက် သာ ထိုသို့ လုပ်ပေးနိုင် သဖြင့် အပြစ်မကင်း သလိုပင် ခံစားနေ ရသည်။ မီဒိုရီသည် တစ်ပတ်မှာ ခြောက် ညကိုအခြားသော သက်ကြီးရွယ်အို ပြုစု စောင့်ရှောက်ရေး စင်တာ များတွင် လုပ်ကိုင်ရပြီး နားရက် တွင်သာ သူ့အဘွားရှိ ရာဂေဟာတွင် လာအိပ်ပေး နိုင်ခြင်း ဖြစ်သည်။ ကျွန်မ မိသားစုကလည်း မချမ်းသာတော့ အပြင်ထွက် အလုပ်လုပ်ရ တာပေါ့။ အဘွားနဲ့ တူတူ ညတိုင်းနေ မပေးနိုင် တာတော့ စိတ်မကောင်းဘူး ဟု မီဒိုရီက ပြောသည်။ ကျွန်မ (၁၅) နှစ်သမီးမှာ အဘိုးဆုံးတယ်။ အဘိုးဆုံး ကတည်းက ငါ သူနာပြု လုပ်မယ်လို့ ရည်မှန်းချက်ထား ခဲ့တာ။ ဒါကြောင့် အခု လုပ်နေတဲ့ သူနာပြု အလုပ် ကိုလည်း ကျွန်မ မြတ်နိုးတယ်။ ဒီအလုပ်ကို မစွန့် ချင်ဘူး ဟု မီဒိုရီက ပြောသည်။ သူနာပြု အလုပ်ကြောင့်

ညအမှောင်ထဲမှာ မြင်နိုင်တဲ့ ဆေးရည်ကို သိပ္ပံပညာရှင်တွေ တီထွင်

Image
အလင်းရောင်း လုံးဝမရှိတဲ့ ညဘက် အမှောင်ထဲမှာ အရာ ဝတ္ထုတွေကို မြင်စေနိုင်မယ့် ဆေးမင်ရည် တစ်မျိုးကို ကယ်လီဖိုးနီးယားက သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ ခဲ့ပြီဖြစ်ပါတယ်။ မှန်ဘီလူးတွေမှာ ညဘက်အခါကြည့် တဲ့ ညမြင်ကွင်း(Night version) ပုံစံနဲ့ မြင်တွေ့ ရမှာဖြစ်ပါတယ်။ ညဘက်ကို မျက်လုံးမြင်စေနိုင်တဲ့ ဒီဆေးရည်ကို စမ်းသပ်ဖို့အတွက် အမျိုးသားတစ်ဦးနဲ့ စမ်းသပ်ခဲ့တာဖြစ် ပါတယ်။ ညဘက်မြင်နိုင်တဲ့ဆေးရည်ကို မျက်လုံးထဲ ထိုးသွင်း လိုက်တဲ့အခါ အလင်းရောင်း လုံးဝမရှိတဲ့နေရာ မှာတောင် မီတာ ငါးဆယ်လောက် အထိ ရှေ့ ကို မြင်စေနိုင်ပါတယ်။ ဒီဆေးရည် အာနိသင်ဟာ ခုနှစ် နာရီလောက်အထိ ကြာရှည်ခံတယ်လို့ ဆိုပါတယ်။ သစ်ပင်တွေ၊ အရာဝတ္ထုတွေကို အမှောင်ထဲမှာ ထင်ထင် ရှားရှား မြင်နိုင်ကြမှာ ဖြစ်ပါတယ်။ Chlorine e6 လို့ အမည်ပေးထားတဲ့ ဒီဆေးရည်ကို ပင်လယ်နက် ဘက်မှာတွေ့ရတဲ့ ငါးမျိုစိပ်ဆီက ရတဲ့ စွမ်းရည်နဲ့ တီထွင် ထားတာဖြစ်ပါတယ်။ ဒီငါးတွေဟာ အလင်းရောင် ထုတ်ပေးနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ဒီဆေးရည်ထိုးပြီး ရက်ပေါင်း ၂၀ လောက်အထိ ဘယ်လိုဘေးထွက်ဆိုးကျိုးမှ မဖြစ်သေးဘူးလို့ ကာယကံ ရှင်ကပြောခဲ့ပါတယ်။ ညဘက်မြင်နိုင်တဲ့ဆေးရည် တီထွင်မှု အလုံးစုံအောင်မြင်သွားရင်တော့ ညဘက်မှ

မိ​မိချစ်ခ​င်ြ​မ​တ်နိုး​သူများ ကွယ်လွန်သွား​လျှ​င် ထာဝရ​ရှင်သ​န်နိုင်မ​ည် န​ည်း​ကို တီ​ထွ​င်

Image
ဘာစီလိုးနား၊ မတ် ၂၂ စပိန်နိုင်ငံ၊ ဘာစီလိုနားမြို့မှ Bios Urn ဆိုသည့် အဖွဲ့သည် လူများ ကွယ်လွန်သွားလျှင် ဘဝဆုံး သွားပြီး ယူဆခဲ့သည့် အတွေး အမြင်ကို ပြောင်း လဲနိုင်ရန်အတွက် သေသော်လည်း ထိုသူများ၏ အရိုးပြာများကို ကျောက်အိုးလေး တစ်လုံးအတွင်း ထည့်ပြီး သစ်ပင်များ စိုက်ပျိုးကာ သေသူ့ကိုယ်စား ထာဝရရှင် သန်နေသော သစ်ပင် တစ်ပင် အဖြစ်ပြောင်းပြီး သဘာဝ စိမ်းလမ်းစိုပြည် ရေးကိုပါ ဦးစားပေး ရာရောက်သည့် နည်းစနစ် တစ်ခုကို တီထွင်ပြီး တာဝန်ယူ လုပ်ဆောင်ပေး လျက်ရှိကြောင်း Mail Online သတင်း တွင်ဖော်ပြ ထားသည်။ အထူး စီမံပြုလုပ်ထားသည့် ကျောက်အိုးလေးများအတွင်း ကွယ်လွန်သူ၏ ပြာမှုန့်များကို ထည့်ထားပြီးနောက် သစ်စေ့ တစ်စေ့ကို ထည့်သွင်းပေးလိုက်လျှင် ဘဝသေသွားပြီး ဆိုသည့်အစား ပြန်လည် ရှင်သန်လာသော ဘဝပေါင်းများစွာ အဖြစ် ဖန်တီး မှတ်ယူလာနိုင်မည့် အစီအစဉ်သစ်ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ ယင်းစနစ်အရ ကျန်ရစ်သော မိဘဆွေမျိုးများသည် မိမိတို့ကြိုက်နှစ်သက်ရာ သစ်ပင်မျိုးကို ရွေးချယ်ခွင့် ရှိပြီး ပြာမှုန်နှင့် သစ်စေ့ကို အပေါ်ယံတွင်သာ ထည့်သွင်းပေးရန် လိုကြောင်း၊ ကျောက်အိုး အောက်ခြေတွင် နည်းပညာဖြင့် အထူးပြုလုပ်ထား သော စနစ်များအရ ထိုကျောက်အိုး

ကမ္ဘာ့အပါးဆုံး ဘက်ထရီ တီထွင်အောင်မြင်

Image
ဆိုးလ်၊ မတ် ၂၆ ဘက်ထရီ သို့မဟုတ် ဓာတ်ခဲဆိုလျှင် ကြီးမှ ကြာ ရှည်စွာ သုံးနိုင်သည် ဆိုသော အယူအဆ ကို ပြောင်းလဲနိုင် ရန်အတွက် လူတို့ကိုင် ဆောင်နေသော ကြွေးဝယ်ခွင့် ကတ်ထက်ပင် ပါးသည့် ဘက်ထရီတစ်မျိုးကို တောင် ကိုရီးယားနိုင်ငံမှ ပညာရှင်များက တီထွင် နိုင် ခဲ့ကြောင်း Science ဂျာနယ် တွင်ဖော်ပြထားသည်။ ခေါက်ကွေးနိုင်ပြီး ခရက်ဒစ်ကတ်ထက်ပင် ပါးလွှားသည့် ယင်းဘက်ထရီလေးမှာ အထူ 0.5mm ခန့်သာ ရှိပြီး တောင်ကိုရီးယားနိုင်ငံ KAIST ကုမ္ပဏီမှ ယန်ဝုခ်ချောင်နှင့် အဖွဲ့က တီထွင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ ယင်းဘက်ထရီပြားတွင် ထည့်သွင်းအသုံးပြုထားသည့်စနစ်ကို "coplanar interdigitated structure" ဟုခေါ်ပြီး နာနိုချပ်အပြားများကို အလွှာလိုက်ထပ်ကာ သိပ်သည်းစွာ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း တီထွင်သူ ယန်ကပြောကြားသည်။ ဘက်ထရီတွင် ပါဝင်ရသည့် လျှပ်ငုတ်များကို ဘေးချင်းယှဉ်ပြီးထားနိုင်လိုက်သောကြောင့် အလွန်ပါးလွှာစွာ ဖွဲ့စည်းခွင့်ရခဲ့ သည့်အပြင် စွမ်းဆောင်ရည်မှာလည်း အလွန်မြင့်မားလာစေခဲ့သည်။ ဘက်ထရီသစ်သည် ဗို့အား 7.4V အထိ ထုတ်ပေးနိုင်ပြီး အပြားချပ်အတွင်း အခွေပေါင်း ၅၀၀၀ ကျော်ဖြင့် သိပ်သည်းစွာ ဖွဲ့စည်းထားနိုင်ခြင်းမှာ ထူးခြာ

Facebook ထုတ် Messenger ကြောင့် အီးမေးလ် ကွယ်ပျောက်သွားနိုင်ဟုဆို

Image
ဝါရှင်တန်၊ မတ် ၂၆ ကမ္ဘာကျော် ဆိုရှယ်ကွန်ရက် ဆက်သွယ်ရေး လမ်းကြောင်း တစ်ခုအဖြစ် ထင်ရှားသည့် Facebook စာမျက်နှာ များပေါ်တွင် Messenger ဟုခေါ်သည့် အပြန်အလှန် စာပို့ဆက်သွယ်နိုင်သော စနစ်ကို ထည့်သွင်းပေး လိုက်သောကြောင့် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ရေးမှာ ပိုပြီး လွယ်ကူ လာပြီး မကြာမီ ယခင်က သုံးစွဲခဲ့ကြသည့် အီးမေးလ်စနစ် ကွယ်ပျောက်သွားမည် ထင်ကြောင်း AP သတင်း တွင်ဖော်ပြထားသည်။ Facebook ကုမ္ပဏီအနေဖြင့် စာပို့ခြင်းဆိုင်ရာ ဝန်ဆောင်မှုကို ဆိုရှယ်မီဒီယာကွန်ရက် လမ်းကြောင်းမှ ခွဲထွက်ပြီး သီးခြား ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုအဖြစ် အသုံးပြုနိုင်စေရေး ကြံဆောင်နေသောကြောင့် မကြာမီ အစဉ်အလာအရ သုံးစွဲနေကြသည့် အီးမေးလ်စနစ်ကို ထိခိုက် လာနိုင်မည်ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ နောက်ဆုံးပေါ် အဆင့်မြင့်နည်း Messenger ဖြင့် ဆက်သွယ်နည်းကို ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပနေ သည့် Developer ညီလာခံတွင် Facebook ကိုထူထောင်သူ မာ့ခ် ဇက်ကာဘတ် ကိုယ်တိုင်က သရုပ်ပြ ရှင်းလင်းပြသခဲ့ပြီး ယခုအခါ Messenger ကိုအသုံးပြုနေသူပေါင်း သန်း ၆၀၀ ခန့်ရှိနေကြောင်း ပြောကြား သည်။ Messenger ဆော့ဖ်ဝဲတွင် အခြားအသုံးပြုနိုင်မှု မျိုးကွဲပေါင်း ၄၀ ခန့်ရှိပြီ

ဆေးခြောက်သောက်သုံးသူတွေ ဘာ့ကြောင့် လေးလံ ထိုင်းမှိုင်းရတယ်ဆိုတာ

Image
ဆေးခြောက် သုံးရတာ အပန်းပြေတယ် ဆိုတာ မယုံမရှိပါနဲ့။ ပြဿနာက ဆေးခြောက်ကြောင့် အပန်းပြေတာ အရမ်းများသွားရင် နှုံးပြီးတော့ တက်တက်ကြွကြွ မရှိတော့တာ ပါပဲ။ အပတ်စဉ် ပုံမှန်လိုလို ဆေးခြောက် သုံးနေတဲ့ သူတွေမှာ မသုံးတဲ့သူတွေထက် ဒိုပါမင်း ပမာဏ နည်းလာ ပါတယ်။ ဒိုပါမင်းဆိုတာ ဦးနှောက်နဲ့ ကိုယ်စိတ်လှုပ်ရှားမှုကို ဆက်စပ်ပေးတဲ့ အာရုံကြောဖြန့်ကျက်မှု ဆိုင်ရာ ဓာတုဓါတ် တစ်မျိုးပါ။ ဆေးခြောက် အစွမ်းကြောင့် စိတ်ခံစားမှုတွေပြောင်းလဲ လာပြီး ဆေးခြောက် သုံး သူတွေမှာ ဒိုပါမင်း ပမာဏများနေ လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆခဲ့ကြပါတယ်။ လက်တွေ့မှာ PET ဦးနှောက်ဓါတ်မှန် ရိုက်ကြည့်လိုက် တဲ့အခါ ထင်ထားတာနဲ့တခြားစီဖြစ်နေတာကို အံ့သြစွာနဲ့ပဲ တွေ့ရှိခဲ့ကြ ပါတယ်။ ဆေးခြောက်သုံးတာ အကြိမ်ရေနည်းသူတွေထက် ဆေးစွဲနေသူတွေမှာ ဒိုပါမင်းပမာဏ အနည်း ဆုံးဖြစ်နေတာ ကိုတွေ့ရှိရပြီး အဲ့ဒီ့လိုဒိုပါမင်း ပမာဏ သိပ်နည်းတဲ့အတွက် ဆေးစွဲသူတွေဟာ တက်တက်ကြွကြွ မရှိတော့ပဲ တစ်ခါ တစ်လေမှာ စိတ်ကျရောဂါဝင် နေကြတာဖြစ်ပါတယ်။ နောက်ဆုံး မှာတော့ ဆေးခြောက် သုံးသူတွေဟာ တက်ကြွမှုမရှိပဲ ထုံထိုင်းလေးပင်လာတယ် ဆိုတဲ့အကြောင်း သိပ္ပံနည်းကျ ရှင်းပြနိုင်ခဲ့ပါတယ်။ ဆေးခြောက်ဟာ စိတ်ကျရော