Latest Updates:
ဘ၀မှာ အမြဲ အမှတ်တရ ရှိခဲ့တဲ့ ကျနော် ရိုက် သော ဓာတ်ပုံများ ..... ( ၁ )
Thursday, June 11, 2015
ကျနော် ဓာတ် ပုံ ဆရာ ဖြစ် လာ တာ အ တော် လေး ထူး ဆန်း ပါ တယ်... ငယ် ငယ် ကတည်း က ၀ါ သ နာ လဲ မပါ ဘူး.... ဒါ ပေ မဲ့  အကြောင်း အမျိုး မျိုး ကြောင့် ဓာတ်ပုံ ဆရာ ဖြစ် လာ တယ် ပေါ့ ဗျာ.... ခု ချိန် ထိ ကျနော် ကြိုးစား ပြီး ရိုက် တယ်.... လေ့  လာ နေ ဆဲ ပါ...... အခု ဒီ နှစ် အပိုင်း အခြား လေး မှာ ဓာတ် ပုံ ရိုက် ၀ါ သ နာ ပါ တဲ့  လူ တော် တော် များ များ တွေ့  လာ ရ တယ်.... တချို့  တွေ ရိုက် တာ ကောင်း တယ်... တချို့  တွေက ပစည်း တွေ သိပ် အား ကိုယ် တယ်... တချို့  တွေ က ဖို တို ရှော့  အား ကိုး တယ်.... အမျိုး မျိုး ပေါ့... ဒါ က တော့ ကိုယ် ရိုက် တဲ့  လိုင်း ပေါ် မူ တည် ပြီး ကွဲ သွား ကြ တာ ပဲ ကိုး ...... အဲ့ တော့ အခု နောက် ပိုင်း ကျနော့် လဲ ၀ါသနာ ရှင် တွေ က လာ လာ မေး ကြ တယ်.... သူ တို့  ကို ကျနော် က သိ သ လောက် လေး ပြော ပြ တယ်.... တချို့  ကျ တော့ လဲ ကျနော့်  ကို မ မေး ရဲ လို့  မ မေး ကြ တဲ့  လူ တွေ လဲရှိ တယ် တဲ့... ထား ပါ... အခု ကျနော် ရေး ချင် တာ က ကျနော် ရိုက် ခဲ့ တဲ့  ဓာတ် ပုံ လေး တွေ တဲ မှာ ကျနော် အတွက် ယနေ့  တိုင် အောင် အမှတ် တရ ရှိ နေ တဲ့  ပုံ တွေ အကြောင်း ပါ.... ကျနော် ကြွယ် တာ မ ဟုတ် ဘူး လို့ေ တာ့ အရင် ဦး ဆုံး ပြော ပါ ရ စေ..... ကျနော် အတွေ့  အကြုံ တွေ က အခု မှ ရိုက် မဲ့ လူ တွေ အတွက် အသုံး ၀င် မယ် ထင် လို့  ပါ....
ကျနော် ဓာတ် ပုံ ဆရာ ဘ၀ အ စ ပိုင်း ပေါ့ ဗျာ.... မြန်မာ နိုင် ငံ ဓာတ် ပုံ အသင်း မှာ သင်တန်း တက် ပြီး ၈ လ လောက် အကြာ မှာ အကြီး တန်း ရောက် ပြီး အကြီး တန်း ဓာတ်ပုံ ပြိုင် ပွဲ တွေ စ စ ချင်း ပြိုင် နေ တုန်း အချိန် ... သင်တန်း တက် တုန်း ကတော့ ဆရာတွေ သင် ပေး တာ လေး တွေ ကို ခေါင်း ထဲ မှတ် ပြီး တကိုယ်တော် ခရီး ထွက် ဓာတ် ပုံ ရိုက် တဲ့ အချိန် က ပေါ့ ဗျာ... အဲ့ တုန်း က အင် တာ နက် က နေ သူ များ ရိုက် တဲ့ ပုံ တွေ ကြည့် ပြီး အား ကျ နေ တဲ့  အချိန်.... ဧရာဝတီတိုင်း ဟသာတ မြို့  ကို ခရီး ထွက် ပြီး အဲ မြို့ နား က တလုတ်ထော် ဘုရား ပွဲ ကို ဓာတ် ပုံ သွား ရိုက် တာ.... ဟသာတ မြို့  က နေ ဆိုင် ကယ် နဲ့  နာရီဝက် လောက် သွား ရ မယ် ထင် တယ်.... ဆောင်း တွင်း ကြီး ညနေ သုံး နာ ရီ လောက် ဆိုင်ကယ် ကယ် ရီ နဲ့  လစ် တာ... လမ်း က လဲဖုန် လမ်း ကြီး ...ဖုန်းတွေ ဆို တာ တသော သော ပဲ..... လမ်း မှာ လဲ ကုန် တင် ဘတ်စ် ကား တွေ အား ကြီး ဖြတ် ဖြတ် သွား တာ လူ လဲ ဖုန်း တ သော သော ထဲ ဆိုင်ကယ် နဲ့  လစ် တော့ မျောက် ရုပ် ကလေး ကို ဖြစ် ရော ပဲ ..... ဖုန်း တသော သောနဲ့  လမ်း တ လျောက် ပိန်း ပိတ် အောင် ကို ဖြစ် နေ တော့  ဆိုင် ကယ် လဲ အရမ်း မ မောင်း ရဲ ဘူး.... ဒါ နဲ့  ဖြည်း ဖြည်း ဖြည်း ဖြည်း မောင်း နေ ရာ က တ နေ ရာ ရောက် တော့ ညနေ စောင်း နေရောင် က တစောင်း လေး ထိုး နေ တာ.... ကား တွေ က ဖြတ် ဖြတ် မောင်း သွား တော့ ဖုန် ထ တာ ပေါ့ ဗျာ.....သိပ် လှ တာ ပဲ.... နေ ရောင် က ၀င် ခါ နီး ဆို တော့ နီ ကျင် ကျင် အရောင် လေး ... လှ လွန်း လို့  ထိုင် ကြည့် နေ တာ... ဒီ နေ ရာ မှာ ငါ တော့ ဓာတ် ပုံ ရိုက် မယ် ပေါ့ ... Subject လေး ဘာ လေး ထည့် ရိုက် မယ် ပေါ့ အနီး အနား လိုက် ရှာ တာ ပဲ...ဒါ ပေမဲ့  ရောက်တဲ့ နေရာ က ရွာ တွေ နဲ့  လဲ ဝေး ကျနော် နဲ့  ကျနော့် ဆိုင် ကယ် ကယ် ရီ သများ ကို ဂျာ နယ် ၂ ယောက် ပဲ ရှိ တယ်....ဆိုက် ကယ် ကြီး လဲထည့် ရိုက် ရ မှာ မ နိမ့် ဘူး အဲ့  အချိန် မှာ လေ က လဲ တိုက် တော့ ချမ်း က လဲ ချမ်း .... ပြီး တော့ ဖုန် တွေ က လဲ ပြယ် ပြယ် သွား တယ် လေ တိုက် လွန်း လို့ ... ခဏ စောင့် ကြည့် မယ် ဆို ပြီး စောင့် နေ တာ နာ ရီ ၀က် လောက် ကြာ တယ် ဘယ် သူ မှ ကို မ လာ တာ.... ကျနော် ဆိုင်ကယ် သမား က တော့ ကျနော့် ကို စိတ် ရှည် လက် ရှည် စောင့် ပေး ပါ တယ်..စောင့်ရင်း သကာလ တနာ ရီ လောက် ကြာ တော့ နေ က ၀င် တော့ မယ် ...နေရောင်က ကျနော် ကြိုက် တဲ့ ၇ိုက် ချင် တဲ့ နေရာ က နေ လစ် တော့ မယ်.... ဒါ နဲ့  ကံ ကောင်း ချင် တော့ နွား လှည်းလေး တစီး ဖြည်းဖြည်း ဖြည်း ဖြည်း လာ နေ တာ အဝေးက နေ မြင် နေ ရ တယ်.... ကျနော် က လဲ စိတ် တွေ လှုပ် ရှား ပြီး ပုံ ကောင်း လေး ရ တော့ မယ် ဆို တော့ ပျော် တာ ပေါ့ ဗျာ..... လက် တွေ တောင် တုန်တယ်.... ဘာ လို့  ဆို ကျနော် မှာ သူ များ တွေ လို ဓာတ်ပုံ ကောင်း ကောင်း လေး တွေ တပုံ မှ မရှိ သေး တဲ့  အချိန် ဆို တော့ အရမ်း ပျော် ပြီး စိတ် လှုပ် ရှား ပြီး ပျော် တာ ပေါ့ ဗျာ ( အခု အချိန် ပြန် တွေး ရင် ပြန် ပျော် နေ သေး တယ် )
ဒါ နဲ့  ကျနော် က နွား လှည်း လေး လာ နေ တော့ ရိုက် တာ ပေါ့ ဗျာ.... ဒါ ပေ မဲ့  ဗျာ ကျနော် ရိုက် နေ တုန်း ကား က မဖြတ် တော့ ဖုန် တွေ က လစ် ကုန် ရော...နွား လှည်း လာ တာ က လဲ ဖြည်း ဖြည်း လေး ဆို တော့ ဖုန်း က မ ထ.... ဘယ် လို မှ မ လှ ဘူး ဖြစ် နေ ရော... ပြသနာ ပဲ ပေါ့... နွား လှည်း က တဖြည်း ဖြည်း ကျနော့် နား ရောက် လာ တော့ ဘယ် လို မှ ရိုက် လို့  မ ရတော့ ဘူး ... ဖုန်း မှ မ ရှိ တာ ... နွား လှည်း မောင်း တဲ့  အကို ကြီး ကို အကျိုး အကြောင်း ပြော ပြီး ကား လာ တဲ့  အချိန် ထိ စောင့် ပါ ဆို တော့ သူ က ရတယ် တဲ့ ... ဒါ ဆို အို ကေ ပေါ့.... ကျနော် က ဟို ဘက် အနောက် ကို ပြန် သွား ပေး ပါ လို့  အဲ့ မှာ စောင့် နေ ကား လာ တော့ ကျနော် အချက် ပေး မယ် အကို မောင်း လာ ခဲ့ ပေါ့.. အို ခေ ပေါ့.... ဒါ ပေ မဲ့ ဗျာ ကား က ဆယ့် ငါး မိနစ် လောက် ထိ တစီး တောင် မ လာ ဘူး..... မ လို ချင်တဲ့ အချိန် ကျတော့ လာ လိုက် တာ... လူ လဲ ဖုန်း တလုံး လုံး နဲ့  မျောက် ကို ဖြစ် ရော... အခု လို တဲ့ အချိန် ကြ တော့ တ စီး တောင် မ လာ ဘူး... ဒါ နဲ့  စိတ် ရှည် လက် ရှည် စောင့် နေ တုန်း နွား လှည်း မောင်း တဲ့ အကို ကြီး က လှမ်း အော် တယ် ဟေ့လူ မရိုက် သေး လဲ ပြန် မယ် တဲ့ သူ က အိမ် ပြန် ပြီး မိသားစု ခေါ် ပြီး ဘုရား ပွဲ သွားမ လို့  နောက် ကျတော့ မယ် ဘာညာ ဆို ပြီး ပွား ရော... ကျနော် ဆိုက်ကယ် သမား လဲ သူ့  နား သွား ပြီး ချော့ မော့  ပြီး နောက် ထပ် ဆယ့် ငါ့ မိနစ် စောင့် ခိုင်း ထား ရ တယ်.... ဒါ တောင် ပွ စိ ပွ စိ နဲ့  ကျနော့် ကို ပွား နေ တာ ဗျာ ... ကျနော် လဲရိုက် မယ့်  ဆက် တင် တွေ ဘာ တွေ ကင် မရာ မှာ ချိန် ပြီး စောင့် နေ တာ ပေါ့... နေ က လဲဝင် ခါ နီး ဆို တော့ Manual ဆက် တင် ထား ပြီး Shutter speed ကို အမြဲ ချိန်း နေ ရ တယ်.... နေ ရောင် က တဖြည်းဖြည်း ဖျော့  ပြီး ၀င် တော့ မှာ လေ... ရိုက် ရ မဲ့ ပုံ က လဲ Tele 70 ~ 200 mm f/2.8 အလေး ကြီး ကင် မရာ က အဲ့ တုန်း က Canon EOS 40D လေး.... ISO က လဲ အများ ကြီး တင် လို့  မ ရ ဘူး Noise ထ မှာ ကြောက် လို့  ISO 200 ပဲ ထား တယ်... ပြီး တော့ အပါ ချာ လဲ 5.6 လောက် ပဲ...ဒါ တောင် Shutter speed က 1/200 ...ကျနော် က စိတ် လော ကြီး နေ တော့ လက် တုန် နေ တာ... Shutter speed 1/200 ဆို တော့ အချိန် မ ရွေး Hand Shake ၀င် နိုင် တာ လေ..... ကဲ့ ကိုယ့်  ဖက် က တော့ အကုန် အသင့်  ပြင် ပြီး ရိုက် မယ် ဆို ပြီး ရယ် ဒီ လုပ် ထား တာ.... ကျနော် ရဲ့  ဆိုက် ကယ် ကယ်ရီ အကို ကြီး ကို တောင် ဒီ ပုံ ရိုက် ပြီး ပြန် မယ် လို့  ဘုရား ပွဲလဲ မသွား တော့ ဘူး .... တ ပုံ ရ ရင် ကျေနပ် ပြီး ဆို ပြီး စိတ် ရှည် လက် ရှည် စောင့် နေ တာ ... အဲ့ နေရာ မှာ ကျနော်စောင့် နေ တဲ့ အချိန် စု စု ပေါင်း တစ် နာ ရီ ခွဲ လောက် အကြာ မှာတော့ ကုန် ကား ကြီး တစီး အရှိန် ပြင်း ပြင်း လာ နေ တာ တွေ့  တော့ ကျနော် လဲ ကျနော့် လှည်း သမား ကို အသင့် ပြင် ထား လှမ်း အော် ကား ကြီး ကျနော့် ဘေး က ဖြတ် သွား တော့ အချက် ပြ သူ က လဲ လှည်း ကို မောင်း လာ ရော ကျနော် လဲ ဒီ တခါ ပဲ ရ နိုင် မဲ့  အခွင့် အရေး ကို လက် လွတ် မ ခံ ပဲ အသာကုန် ရိုက် တာ ပုံ ၂၀ ကျော် တယ်.... ကား ကြီး က သူ့  ဖုန် လုံး နဲ့  ပျောက် သွား တာ လဲ ကျနော် ကံကောင်း တယ်.... အဲ့ နေ ရာ မှာ ရိုက် ခဲ့ တာ ပုံ ၂၀ ကျော် မှာ နောက် ဆုံး တ ပုံ ပဲ ကောင်း တာ .... ဘာ လို့  ဆို အစ ပိုင်း က နွား လှည်း သမား က ဖုန်း လုံး ထဲ မှာ ရောက် နေ တာ ... နောက် ဆုံး ပုံ က ပဲ ဖုန် လုံး ထဲ က ထွက် လာ တာ ရ လိုက် တာ..... ရိုက် လဲ ပြီး ရောကျနော် က ၀မ်းသာ အား ရ ထ ခုန်း တာ အဲ့ နွား လှည်း သမား လဲကျ နော့်  ကို အူကြောင် ကြောင် ကောင် ဆို တဲ့ ပုံ စံ နဲ့  ကြည့် ပြီး မကျေ မနပ် ပွ စိ ပွစီ ပြော ပြီး လစ် သွား ပါ လေ ရော ... ည နေ ၃ နာ ရီ ခွဲ ကတည်း က ရိုက် ဖို့  ကြံ တဲ့ ပုံ လေး ဟာ ညနေ ငါး နာ ရီ ၁၅ မိနစ် မှာ အကောင် အထည် ဖော် ပြီး ရိုက် နိုင် ခဲ့ ပါ တယ် .... အဲ့ ပုံ လေး ရ တော့ တည လုံး အိပ် မပျော် ဘူး .... ကင် မရာ LCD လေး ကို သွား သွား ဖွင့် ကြည့် ပြီး ပုံ Focus ပြတ် ရဲ့  လား ..... Hand Shake ၀င် ရဲ့  လား ဆို ပြီး လက် တော့ လဲ မပါ တော့ ရန်ကုန် ရောက် မှာစက် ထဲ ထည့် ပြီး ကြည့် မှ ရ မှာ ကိုး .. ရန် ကုန်ကို ပြန် လာ တဲ့ လမ်း တလျောက် လိုင်း ကား ပေါ် မှာ လဲ တစိမ့်စိမ့် ကြည့် လာ သေး တာ ဗျ .....အဲ့အချိန် တုန်း က နိုင် ငံတကာ ပြိုင် ပွဲတွေက လဲရှား တော့ ကျနော် ၀င် ပြိုင် ချင် တဲ ပြိုင် ပွဲ တခု ရှိတယ် ဗျ http://www.dailydigitalphoto.com အဲ့ တုန်း က ကျနော့် အတိုင်း အတာ နဲ့  ဆို ဆရာ ကြီး ပဲ ပြိုင် ပွဲကိုး ဗျ....အဲ့ မှာ Photo of the day ရပြီး ဆု ကြီး တခု ရခဲ့ သေး တယ်.... အခြား ပွဲ တွေလဲ ဆု တွေ ရ သေး တယ်...... ပြ ပွဲ မှာ တင် ရောင်း တုန်း က လဲ ၁၀ ပုံ ရောင်း ရ လို့  အခု ဆို ကျနော် ဒီ ပုံ ကို Limited Edtion အနေ နဲ့ ထား ပြီး မ ရောင်း တော့ ဘူး .... ပြ ပွဲ တွေ ထပ် လုပ် ရင် တော့ ပြ တော့ ပြ ဖြစ် မယ် ထင် တယ်...ဒါ ပေ မဲ့  မရောင်း တော့ ဘူး... နောက် ဆုံး တပုံ Print ထုပ် ပြီး သား ဘောင် ထဲ ပြီး သား တ ပုံ ရှိ တာ လဲ သူငယ် ချင်း ကို လက် ဆောင် ပေး လိုက် ပြီ....
ပြော ချင် တာ က တော့ ကျနော် ကံ ကောင်း ခဲ့ တယ် ပေါ့..... စိတ် ရှည် လက် ရှည် စောင့် ခဲ့ တာ လဲ ပါ တယ်....ဒါ ပေ မဲ့ အတွေ့  အကြုံမ ရှိ တော့ လော နေ တာ... ကံကောင်း လို့  ရခဲ့ တာ ပေါ့.... လက်တွေ တုန်း ပြီး Hand shake သာ ၀င် ခဲ့ ရင် တော့ ခဲလေ သ မျှ လစ် သွား မှာ ပဲ.... စ စ ချင်း ရိုက် တဲ့ သူ တွေကို ကျနော် ပြော ချင် တာ က တော့ ကိုယ် အကြိုက် တွေ့  ပြီ ဆို အချိန် ပေး ပြီး စိတ် အေး အေး ထား ပြီး သာ တ ပုံ ကောင်း ရိုက် ပါ... ကိုယ် သွား ရိုက် ချင် တဲ့ နေရာ မရောက် သေး လဲ ပတ် ၀န်း ကျင် ကို အမြဲမပြတ် ကြည့် ပါ ... ခံစား ပါ.... ကိုယ် ကြိုက် ပြီ ဆို အချိန် ပေး ပြီး သာ ရိုက် ပါ.... ပုံ ကောင်း တ ပုံ ရ ပါ လိမ့်  မယ်.... အဓိက က တော့ ရှိ တဲ့  အခြေအနေ နဲ့  အလင်းရောင် ရယ် Subject ရယ် ကို အချိုး ညီ ညီ လေး ပေါင်း စပ် လိုက် ရင် ဘယ်ပြိုင် ပွဲ မဆို ၀င် ပြိုင် တိုင်း ဆု ရ တဲ့  ပုံ ကောင်း တပုံ ရလာ ပါ လိမ့်  မယ်... သည်း ခံ ပြီး ဖတ် ပေး တဲ့ အတွက် အား လုံး ကို ကျေးဇူး ပါ ခင် ဗျ
PS::: ကျနော့် အား အမြဲ တစေ အစစ အရာရာ ကူညီ ပေး သော ဟသာတ က အရင်းနှီးဆုံး သူငယ်ချင်း ( အဲ့ လို လေး ပဲ သုံး လိုက် တော့ မယ် နော် :P ) ကြီး အား ဒီ ပုံ လေး အတွက် အစဉ် အမြဲ ကျေးဇူး တင် လျက်.....
Credit: Ko Aung Pyae Soe
https://www.facebook.com/apsoe
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>
ကျနော် ရိုက် သော Seascape နဲ့  Long Exposure အကြောင်း
Wednesday, June 10, 2015
ကဲ ကဲ ဒီ အကြောင်း လေး က တန် ဖိုး ရှိ တယ်... ဟီး ဟီး မနက် က ရေး ပြီး Public လုပ် ပြီး ကာ မှ မှား ဖျက် လိုက် မိ လို့  ဘယ် သူ မှ မဖတ် လိုက် ရ ဘူး...အခု က ဒုတိယ အကြိမ် ပြန် ရေး ထား တာ ပါ..... ခါး တွေ ရော မျက် လုံး တွေ ပါ ကိုက် နေ ပြီ....အား လုံး အတွက် စေ တ နာ နဲ့  ပါ ... ကျနော် ရိုက် ခဲ့ တဲ့ အတွေ့  အကြုံ ကို မျှ ဝေ လိုက် ပါ တယ် .....
ကျနော် Longexposure ပဲ ဖြစ် ဖြစ် Seascape ပဲ ဖြစ် ဖြစ် ရိုက် ရင် သုံး တဲ့ Filter အမျိုး အစား ကို ၂ မျိုး ခွဲ ထား ပါ တယ် ... မနက်ပိုင်း နေမထွက် ခင် ၅ နာရီ က နေ နေ ထွက် ပြီး ၈ နာရီ လောက် ထိ ရယ် ညနေ နေ၀င် ခါ နီး ငါး နာ ရီ ခွဲ က နေ ၇ နာ ရီ အထိ ရယ် ကို Grad ND တွေ ပဲ သုံး လေ့ ရှိ တယ်.... သူက အလင်း အား နည်း တဲ့  အချိန် ဆို တော့ Big stopper သို့  မဟုတ် HOYA ND 400 မလို ပါ ဘူး ...အဲ့ Filter တွေ ကို အဲ့ အချိန် မှာ သုံး မယ် ဆို အလင်း အား နည်း မှု ကြောင့် မလိုလား အပ် ပဲ shutter speed တွေ က နာ ရီ နဲ့  ချီ ပြီး ကြာ မှာ ကိုး ...အဲ့ အချိန် မှာ ကျနော် သုံး လေ့ မရှိ ပါ ဘူး ....
ကျနော် နေ၀င် နေထွက်ရိုက် လျှင် Singrahy grad rev ND ကို ပဲ အသုံး ပြု လေ့ ရှိ တယ်...တခါ တလေမှ သာ Littler stopper သုံး ပါ တယ်.... ဒါ ပေမဲ့  Little stopper သုံး တာ ရှား တယ်... .အောက် မှာ ကျနော် ပုံ လေး တွေ ပြ ထား တယ်...အဲ့ဒါ တွေအား လုံး က Grad ND တွေ သာ သုံး ထား တာ ပါ ......
F/22 , S/ 30 sec , ISO - 400 , Singhray rev ND .4 ဒါ က နေ ၀င် ပြီး ခါ စ အချိန် မှာ ပါ
Singhray Rev ND မရှိ လဲ Lee filter နဲ့  ရိုက် လို့  ရပါ တယ် F/22 , S/ 42 sec , ISO - 50 , Lee Grad ND .9 hard step ဒါ လဲ နေ ၀င် နေ တဲ့ အချိန် မှာ ပါ
F/22 , S/ 1/160 sec , ISO - 200 , Singhray Grad ND .4 Soft step နေထွက် ပြီး ခါစ မှာ ရိုက် ထား တာ ပါ
F/11 , S/ 30 sec , ISO - 400 ဒါ က နေ မထွက် ခင် ပါ
မနက် ၈ နာ ရီ နောက် ပိုင်း က နေ ပြီး တော့ ညနေ ၄ နာ ရီ လောက် ထိ က တော့ Big Stopper ဒါ မှ မဟုတ် HOYA ND 400 ကို Grad ND နဲ့  တွဲ သုံး ပါ တယ်.... တိမ် တွေ အတန်း လိုက် လို ချင် လို့  လဲ ပါ တယ်.... နေ့  လည် နေ့  ခင်း မိုး အုံး တဲ့ အချိန် ပဲ ဖြစ်ဖြစ် Seascape ရိုက်တာ ပဲ ဖြစ်ဖြစ် ဘုရား ကို ရိုက် ချင် တဲ့ အခါ လူတွေ မပါ ချင် တဲ့  အခါ မျိုး ပဲဖြစ်ဖြစ် Big stopper က မရှိ မဖြစ် ပါ ... အောက် မှာ ပုံ လေး တွေ ကျနော် ပြ ထား ပါ တယ်.....
F/22 , S/ 55 sec , ISO - 50 , HOYA ND 400 , Lee grad ND .9 hard step နေ့ လည် ၃ နာ ရီ လောက် ရှိ တဲ့ အချိန် ပါ ...
F/22 , S/ 60sec , ISO - 50 , HOYA ND 400 , Lee grad nd .9 hard step ... နေလည် ၁နာရီ ခွဲ အချိန် လောက် ပါ
F/16 , S/150 sec , ISO - 50 , HOYA ND 400 , Lee Grad ND .9 hard step ဒါ က နေ မ ၀င် ခင် အချိန် လေးနာရီ လောက် ပါ ...
F/22 , S/ 49 sec , ISO - 50 , HOYA ND 400 ဒါ က လဲနေ့ လည် ၂ နာ ရီ လောက် မှာ ရိုက် ထား တာ ပါ ....
တခါတလေမနက် နေ ထွက် မလှ တာ တို့  ည နေ နေ ၀င် မ လှ တာ တို့  ဆို ရင် Long Exposure ပဲရိုက် ပါ တယ်.... တိမ် မရှိ ပဲ မြူ ပဲ ရှိ တဲ့ အချိန် ...မြူ တွေက လဲ ရွေ့  လျား နေ တဲ့ အချိန် ဆို Long exposure ကို စိတ် ၀င် စား အောင် ရိုက် ပြ ပါ တယ် ပုံ ( ၁ ) ပုံ (၂ ) ကြည့် ပါ ....တိမ် လှ တဲ့ အချိန် ဆို ရင် တော့ Long exposure မရိုက်တော့ ဘူး ပုံ ( ၃ ) ( ၄ ) ကြည့် ပါ .... အခြေ အနေ နဲ့  အချိန် အခါ ပေါ် မူ တည် တာ ပေါ့ ဗျာ.... ပုံ သေ တော့ မ မှတ် ထား ပါ နဲ့  ... အောက် မှာ ပုံ လေး တွေပြ ထား ပါ တယ်...
( ၁ ) F/11 , S/ 247 sec , ISO - 100 , Singhray Grad ND .4 , Singhray ND .4 stops ဒါ က တော့ မနက် နေ မထွက် ခင် ၅ နာ ရီ လောက် မှာ ပါ... ရိုက် တုန်း က ဘာ မှ မမြင် ရ ဘူး ဓာတ် မီး ထိုး ပြီး ကွန် ပို ဇေ ရှင်း ချ ရိုက် ထား တာ... ( ၂ ) F/ 22 , S / 20 sec , ISO - 50 , Singhray Grad ND .3 hard step , Singhray Color combo နေ မထွက် ခင် မနက် ခြောက် နာရီ လောက် မှာ ပါ
( ၃ ) F/10 , S/ 0.3 sec , ISO -1000 , Singhray Grad rev ND .4 နေ မထွက် ခင် ခြောက် နာ ရီ လောက် ပါ ..
( ၄ ) F/ 18 , S/ 1/320 sec , ISO - 320 , Singrhay Grad rev ND .4 ... နေ မထွက် ခင် အချိန် လေး ပါ ...
ညဘက် လဲ Long exposure ကို တခါ တ လေရိုက် ဖြစ် ပါ တယ်..အဲ့ အချိန် ကြ ရင် ဘာ Filter မှ ခံ မ နေ တော့ ဘူး... ဒီ အတိုင်း ပဲ ရိုက် ပါ တယ်....
F/ 11 , S/ 290 , ISO - 100 , ညဘက် ဆို တော့ ဘာ Filter မှ မ ပါ တော့ ဘူး
ဥပမာ ပုံ လေး တွေ နဲ့  ပြ ပြီး ရှင်း ပြ ထား တာ ပါ..... ကွန် ပို ဇေး ရှင်း လဲ ကိုယ့်  မျက် လုံး နဲ့  စိတ် နဲ့ ခံ စား ပြီး ရိုက် တာ ပဲ.... ဘာ ကို မှ ပုံ သေ မ မှတ် ထား ပါ နဲ့  နော် .... ကျနော် ရိုက် တဲ့ အတွေ့  အကြုံတွေ ကို ရှင်း ပြ ထား တာ ပါ.... မေး စ ရာ ရှိ လဲ CB မှာ လာ မေး လို့  ရပါ တယ်.... ကျနော် နား လည် သ လို ပြန် ရေး လိုက် တာ ပါ .... အား လုံး ကို ကျေးဇူး တင် ပါ တယ်....
Credit: Ko Aung Pyae Soe
https://www.facebook.com/apsoe
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>
ဘ၀မှာ အမြဲ အမှတ်တရ ရှိခဲ့တဲ့ ကျနော် ရိုက် သော ဓာတ်ပုံများ ( 4 )
Tuesday, June 09, 2015
ရေး တာ က ဒီ ပုံ အကြောင်း ကျန် တဲ့ ပုံ တွေက အမှတ် တရ တင် လိုက် တာ....
ကျနော် က Landscape ကို ရိုက် ရတာ ကြိုက် တယ် ... Landscape photography မှာ မှ Long Exposure ကို ရိုက် ရတာ အကြိုက် ဆုံး ပါ... ကျနော့် ရဲ့ လေ့ ကျင့် ကွင်း က တော့ ငွေ ဆောင် ကမ်း ခြေ ပေါ့ ..... မိုးရာသီ ၀င် ပြီ ဆို တာ နဲ့  ကျနော် အသွား ချင် ဆုံး နေ ရာက ငွေဆောင် ကမ်း ခြေ ပဲ.... Long Exposure ရိုက် နည်း ကို ကျနော် အရင် က ရေး ထား ပါ သေး တယ်...
ကျနော့် ဘ၀ရဲ့ ပထမ ဦး ဆုံး ငွေဆောင် သွား ပြီး Long Exposure Seascape ရိုက် တဲ့ အတွေ့  အကြုံလေး တခု ကို မျှ ဝေ ပါ ရစေ.... ကျနော် ပ ထမဆုံး ငွေဆောင် သွား တာ လဲ မိုး တွင်း ကြီး .... ဘာ လို့  ဆို ဟိုတယ် တွေ က ဈေးလျော့ လို့  လေ.....မိုးတွင်း ကြီး ဆို တော့ လူ လဲရှင်း တာ ပေါ့ ... ငွေဆောင် ကို ရောက် တော့ နေ့ လည် ကြီး ဗျ... မိုး တွေ က လဲ ရွာ လိုက် တာ ....တည်း မဲ့ ဟော် တယ် ရောက် တော့ မိုးတိတ် သွား တာ နဲ့  အပြင် ထွက် ထရိုင် ပေါ့ ထုတ် ပြီး ကမ်း ခြေ တလျောက် လမ်း လျောက် ပြီး ရိုက် တော့ တာ ပဲ... မိုး ဖွဲ ဖွဲ ကျ ရင် ထီး လေး ဆောင်း ပြီး ရိုက် တယ်.... တကယ့်  တကယ် seascape ရိုက် ရ တာ မ လွယ် ဘူး ဗျာ...သူ များ ရို်က် ထား တဲ့ ပုံ ကြည့် ရင် သာ လွယ် တယ် ထင် ရ တာ... ကိုယ် စ စ ချင်း ရိုက် တော့ မလွယ် ဘူး... အတွေ့  အကြုံ မရှိ တော့ အမှားမှား အယွင်း ယွင်း ...အဲ့ အချိန် အင် တာ နက် က လဲမကောင်း တော့ ဖုန်း က နေ လဲ သူ များ ရိုက် တဲ့  ဟာ တွေ ကြည့် မ ရ ...ဖုန်း က နေ လဲအင် တာ နက် သုံး လို့ ရ သေး တာ မဟုတ် ဘူး ကိုး.... Big Stopper က လဲမှောင် မဲ နေ တာ ဘာ မှ မ မြင် ရ ... ခါး လယ် လောက် ရှိ တဲ့ ရေ ထဲဆင်း ပြီး ကျောက် ဆောင် တွေ ပေါ် တက် ရ ချော် လဲ ခြေ ထောက် ကွဲ.... အစုံပဲဒုက္ခ တွေ က လဲများသား လား ...ခက် တာ ပဲ....ရိုက် ပြီး တဲ့ ပုံ တွေက လဲတပုံ မှ မကြိုက် ဒါ နဲ့  မ ရိုက် တော့ ပဲကျောက် ဆောင် ပေါ် မှာ ထိုင် ကြည့် နေ လိုက် တော့ တယ်.... ကျနော် က နေရာ သစ် ရောက် လို့  ရိုက် လို့  မရရင် အဲ့ လို ပဲ ထိုင် ကြည့် ပြီး ရောက် နေ တဲ့ ပတ် ၀န်း ကျင် ကို ကိုယ် နဲ့ ရင်း နှီး သွား အောင် စီး မြော သွား အောင် နေ ပ လိုက် တယ်.... ကျနော် မရောက် ဘူး တဲ့  နေရာ ဆို အချိန် အတော် လေး ကြာ အောင် နေ ပြီး ရိုက် တတ် တာ ကျနော့် အကျင့်ပါ.... ပထမဆုံး ငွေဆောင်မှာ Long Exposure seascape သွား ရိုက် တော့ ၂ ပတ် လောက် အဲ့ မှာ နေ ပြီး နေ့  တိုင်း နီး ပါ ကမ်း ခြေ တလျေက် လမ်း လျောက် ပြီး တနေကုန် တနေ ခန်း ရိုက် တော့ တာ ပဲ... ထမင်း စား ချိန် လဲ ရောက် တဲ့ နေရာ မှာ ဖြစ် သ လို သာ စား လိုက် တယ်.... မနက် က နေ ရိုက် လိုက် တာ ညနေ နေ ၀င် တဲ့  အထိ.... တနေ ကုန် ကမ်း ခြေ တလျောက်လမ်း လျောက် ပြီး ရိုက် တာ မိုး ရွာ ရင် ထီး ဖွင့် ဆောင်း ကင်မရာ ကို ဂျွတ် ဂျွတ် အိတ် တွေ နဲ့  ကာ.... ဒါတောင် ညနေ နေ မ၀င် ခင် အချိန် မိုး အကြီး အကျယ် ရွာ တာ လူ လဲ စို ရွဲ ...ကင် မရာ လဲ စို ရွဲနဲ့  .... ရေ သုတ် ပြီး ရိုက် တာ မရ တော့ လို့  .... ဟိုတယ် ပြန် ပြီး Hair Dryer နဲ့  ကင်မရာ ရော လန်း ရော ရေ ခြောက် အောင် မှုတ် ရ တာ.... ညနေ နေ ၀င် လဲ မ လှ လို့  တော် သေး တယ်.... ဒါ နဲ့  ကင် မရာ လဲဓာတ် ခဲထုတ် ပြီး ဒီ အတိုင်း ထား တာ.... ည တော် တော် မိုး ချုပ် မှ ရေ ခြောက် လောက် ပြီ ဆို မှ ပါ ၀ါ ဖွင့် ပြီး စမ်း ရိုက် ကြည့် တာ
တောင် သေး တယ် ရ လို့ ..... မရ များ မရ ခဲ့ ရင် ရင် ကျိုး ရ ချည် ရဲ့ ... ကင် မရာ က တလုံး ပဲရှိ တာ.... Lens လဲတလုံး ထဲပဲ ... အဲ့ တုန်း က Canon 17 ~ 40 mm Lens တလုံး ပဲရှိ တာ.... ကျနော် ရိုက် တဲ့ Seascape တော် တော် များ များ က Wide lens ပဲ အသုံး များ တာ ကိုး ဗျ.... လန်း တလုံး ကင် မရာ တလုံး ပြီး တော့ HOYA 10 stope ND filter ရယ် Lee Grad ND Filter ၂ ချပ် ရယ် ပဲ ကျနော် မှာ ရှိ တာ.... တခြား Lens ၀ယ် မဲ့ ပိုက် ဆံကို ကျနော် က Filter တွေ ၀ယ် လိုက် တာ ပါ... ကျနော့် အတွက် က တော့ Filter တွေ က မရှိ မဖြစ် ပေါ့....
Seascape ရိုက် ရင် ကျနော် အကြိုက် ဆုံး ရာသီဥတု က အခုလို မိုး တွင်း ပဲ ဗျ..... လူ တွေလဲရှင်း တယ် ....ဒီ အချိန် တွေ ရေတွေလဲ များ နေ ပြီ .... တိမ် အမဲတွေနဲ့  ပြည့် နေ မှာ.... စောင့် နိုင် ရင် ညနေ နေ ၀င် မနက် နေ ထွက် လှ တာ လေး တွေလဲ ရ မှာ... လကုန် ထပ် သွား ဖို့  လဲ စဉ်းစား ထား ပါ တယ်... ကျနော် ၂၀၁၁ တုန်း က ရိုက် ထား တဲ့ ပုံ လေး တွေ လဲ အမှတ် တရ ဖြစ် အောင် ဖော် ပြ ထား လိုက် ပါ တယ်.... အား လုံး ကျေးဇူး ပါ ခင် ဗျာ...
Credit: Ko Aung Pyae Soe
https://www.facebook.com/apsoe
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>
AMD processor Vs. Intel processor
Monday, June 01, 2015
AMD processor နဲ့ Intel processor က ကွန်ပြူတာဝယ်တော့မယ်ဆိုရင် အဓိက ရွေးချယ်ရမဲ့ CPU တွေ ဖြစ်ပါတယ်... 
ဂိမ်းသမားတွေဆိုရင်တော့ ဈေးနှုန်းလည်း သက်သာ speed လည်း အသင့်အတင့်ရှိတဲ့ AMD cpu ကို ရွေးချယ်တာ ပိုကောင်းပါတယ် ဘာဖြစ်လို့လည်းဆိုတော့ AMD ရဲ့ Graphic cards က intel ရဲ့ Graphic cards ထက် ပိုပြီးတော့ စွမ်းဆောင်ရည် ကောင်းလို့ပါ... အခြား Performance အပိုင်းကို ပိုပြီးနှစ်ခြိုက်တယ် ဆိုရင်တော့ သွက်လက်မြန်ဆန်တဲ့ intel processor ကို ရွေးချယ်သင့်ပါတယ်... ဈေးတော့ ကြီးပါတယ်... ရုံလုပ်ငန်းတွေအတွက် ပိုပြီးသင့်တော်ပါတယ်... တာရှည်ခံမှု အပိုင်းမှာဆိုရင်လည်း intel processor အသုံးပြုထားတဲ့ ကွန်ပြူတာတွေဟာ AMD processor အသုံးပြုထားတဲ့ ကွန်ပြူတာတွေထက် ပိုပြီး တာရှည်ခံပါတယ်... 
Intel ရဲ့အားသာချက်က မြန်ဆန်တယ်၊ စက်မပူဘူး၊ power စားတာ သက်သာတယ်၊ စက် တာရှည်ခံတယ်... ဒါပေမဲ့ users တွေ ၀ယ်ဖို့ လက်တွန့်နေတာက cost ကြောင့်ပါ... 
AMD ကတော့ Intel နဲ့ ဆန့်ကျင်ဘက်ပါ... ဒါပေမဲ့ သူ့ရဲ့ ချိုသာတဲ့ ဈေးနှုန်းနဲ့ Gaming performance ကို ပိုမိုကောင်းမွန်စေတဲ့ Graphic cards စွမ်းဆောင်ရည်တွေက users တွေကို စွဲဆောင်နေတုန်းပါ...။
Ko Myo
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
အပြည့်အစုံသို့ >>
တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...
သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...