Posts

Showing posts from July, 2015

အမေ့စာပေစကား အဓိပ္ပာယ်များ

Image
Written by ဒေါက်တာအောင်ခင်ဆင့် မိခင် (အမေ) ဆိုသော အမျိုးသမီးတို့ အကြောင်း အရာ ကလေးက စတင်ပြီး ရေးသား တင်ပြလိုက်ပါရ စေ။ အမေ များကို အားလုံးက ချစ်ခင်မြတ်နိုး တန်ဖိုးထားကြ လွန်းလို့ပါ။ ‘အေ . . . အေး . . . ရဲ့ . . . အို . . . အို’ သားတို့၊ သမီးတို့သည် အများအားဖြင့် မိခင်ကိုပို၍ ချစ်တတ် ကြသည်။ ဘာမျှ မသိတတ်သေးသော အူဝဲကလေး အရွယ်က အစပြုပြီး ‘အေ . . . အေး . . . ရဲ့ . . . အို . . . အို’ ဆိုသော မိခင်၏ချော့သံ လေးကို ကြားဖူး ခဲ့ကြသော အူဝဲလေးတို့မှာ ဘာအဓိပ္ပာယ်မှ မပါသော မိခင်၏ချော့သံလေးကို ကျေနပ် ခဲ့ကြသည်။ ဘာအဓိပ္ပာယ်မှ မပါသော ဆိုသည့် စကားကို ကျွန်တော် သုံးလိုက်ခြင်းမှာ အမှားကြီးမှားပါ လိမ့်မည်။ အဘယ်ကြောင့်မူ အူဝဲလေးတို့တွင် ကျေနပ်နှစ်သိမ့် မှုနှင့် အဓိပ္ပာယ်ပေါင်းမြောက်မြားစွာပါ သော ကလေးချော့ အမေ့ကဗျာလေးမှာ အူဝဲလေးတို့အတွက် အဓိပ္ပာယ်များစွာ ပါရှိတာ နားလည်ကြ၍ ငိုနေရာမှ ရပ်ခဲ့ကြသည်။ အငိုရပ်ခဲ့ရာမှ အိပ်ပျော်သွားသည်။ အမေ့မေတ္တာရေဖျန်း ခံလိုက်ရခြင်းမှာ အေးမြသည်။ ချိုသာသည်၊ နာဝင်ချိုအေးမြပါသည်။ အမေနှင့်အူဝဲလေး အမေနှင့်အူဝဲလေး နဖူးချင်းထိလိုက်၊ ပါးချင်းကပ်လိုက်ဖြင့် အမေနှင့်အူဝဲတို့ အဓိပ္ပာယ်ပေါင်းမြောက် မြား

နွားနို့ကို နနွင်းနဲ့ သောက်ခြင်းရဲ့ကောင်းကျိုး

Image
နွားနို့သောက်တဲ့ အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ချောကလက်မှုန့်၊ သကြား၊ ခရင်မ်တွေ ထည့်ပြီးသောက် တာထက် နနွင်း ထည့်သောက် ကြည့်ဖို့ တိုက်တွန်း လိုက်ပါတယ်။ နွားနို့ပူပူထဲကို နနွင်း လက်ဖက်ရည်ဇွန်း ဝက် ဒါမှမဟုတ် လတ်လတ် ဆတ်ဆတ် နနွင်းတက် တစ်လက်မ အရွယ်လောက် ထည့်ပြီး ၁၅ မိနစ် လောက်နေ ရင် သောက်လို့ရပါပြီ။ နနွင်းက သဘာဝဆေးဖက်ဝင် ပစ္စည်းဖြစ်တာ မို့ နွားနို့ နဲ့ရောသောက်ပေးတဲ့ အခါ အအေးမိ၊ ချောင်း ဆိုး ဝေဒနာ အမျိုး မျိုးအတွက် အမြန်ဆုံးပျောက်ကင်းစေဖို့ ထောက်ကူပါတယ်။ နောက်ပြီး သွေးများကို သန့်စင်စေကာ သွေးလည် ပတ်မှု ကောင်း မွန်စေပြီး အသည်း ကျန်းမာရေး အတွက်ပါ အကျိုးပြုပါတယ်။ နနွင်း မှာ ရောင်ရမ်းတာတွေ သက်သာစေနိုင်စွမ်း ရှိတာကြောင့် အဆစ် အမြစ်နာကျင် ကိုက်ခဲတာ၊ ရောင်ရမ်းတာတွေ ဖြစ်ရင် အကောင်းဆုံးသဘာဝ ဆေးဖြစ်လို့ အရိုး အဆစ်တွေသန် မာဖို့အတွက်ဆိုရင် ပုံမှန်သောက်ပေးသင့်ပါတယ်။ နနွင်းမှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိနဲ့ အာဟာရ ဓာတ်တွေ ရှိတာကြောင့် ခေါင်းကိုက်တာ တွေ သက်သာပျောက်ကင်းစေ ပါတယ်။ အထူးသဖြင့် ဝမ်းချုပ်ခြင်းကြောင့်ဖြစ်တဲ့ခေါင်းကိုက် တာမျိုးတွေကို အထူးသက်သာစေတယ်လို့ ဆိုပါတယ်။ ဒါတင်မက ကိုယ်ခံစွမ်းအား ကိုမြှင့်တင်ပေးနိုင

၂၀၁၅-ခု ၊ သြဂုတ်လအတွက် ကံကြမ္မာဟောစာတမ်း

Image
တနင်္ဂနွေသားသမီးများအတွက် ဤလအတွင်း၌ သင်သည် မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။ အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင

Native Root/Unroot for Redmi 2 Stable ROMs {Update 21-7-15}

Image
Here is the Root/Unroot for Redmi 2 Stable ROMs {China and Global} How to root 1.Download the Attached Root Enabled file 2.Copy it under internal memory of device 3.Open Updater app 4.Choose 2014811_Vxxxxxxx_RootEnabled.zip as update package 5.After reboot open security app and you'll see Root Access under Permisiion, Enable the app that you want to allow root access. Done... How to Unroot 1.Download the Attached Root Disabled file 2.Same as root method, only need to choose 2014811_Vxxxxxx_RootDisabled.zip instead of RootEnabled zip. These zip files are not my work. All credit goes to @Asher-90 Tested working successfully on my Redmi 2 (HM 2LTE-CT) should be working on HM 2LTE-CU too. How to choose file for your device 1. Look MIUI Version on your device under Settings-->About Phone First Numbers " 6.3.4.1 " is version no. Last " KHJMIBL " is some kind of Identification of MIUI ROMs. You must download to your exact match of b

အသက်ရှူ လမ်းကြောင်းထဲက အကာအကွယ်ပေးတဲ့ အညစ်အကြေးတွေ

Image
နှပ်ချေး မည်းမည်းတွေက နှာခေါင်းထဲမှာ ဖုံတွေ ရှိနေတဲ့ သင်္ကေတပေါ့ လူ့ခန္ဓာကိုယ် ဆိုတာ အညစ်အကြေး ပေါင်းစုံ ထုတ်လုပ်ရာ စက်ရုံကြီးပဲလို့ သိပ္ပံပညာ အရ၊ တရားသဘော အရ ပြောနေကြ ပေမယ့် အဲဒီ အစိုင် အခဲကြီးကိုပဲ နှစ်လိုမက်မော နေကြ တာ မျိုး ပေါ့။ ကိုယ့်ခန္ဓာကိုယ် မက်မောတယ်၊ တခြားသော သူတွေရဲ့ ရှိုက်ဖိုကြီးငယ် အသွယ် သွယ်ကို မက်မောတယ်။ ထွေးပွေ့ နမ်းရှုံ့နေတဲ့ အစိတ်အပိုင်းတွေက အညစ်အကြေးစုံကို သတိလွတ် နေကြတော့တာပေါ့။ ရှိရှိ သမျှ ဒွာရ ပေါင်းစုံက စီးယိုစိမ့်ကျနေတဲ့ စွန့်ပစ် ပစ္စည်းတွေ အထဲမှာ အသက်ရှူ လမ်းကြောင်းကလည်း နှာရည် တို့၊ ချွဲသလိပ်တို့ ဆိုတာတွေ ထွက်ကုန် ပစ္စည်း ဖြစ်နေတာပေါ့။ အဲဒီ ချွဲသလိပ်တွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ရွံစရာလေးတွေကို ဗဟုသုတ ဝေမျှချင်လာလို့ပါ။ ချွဲသလိပ် ဆိုတာ ဘာတွေလဲ လူဆိုတာ ဖုန်တွေ၊ အမှုန်တွေနဲ့ တခြား ပတ်ဝန်းကျင် လေထုထဲက အရာတွေ ရှူနေရတာပါ။ သလိပ် ခေါ် တဲ့ အချွဲက အဲဒါတွေကို ထောင်ချောက် အဖြစ် ဖမ်းတာပေါ့။ နှာခေါင်းထဲမှာ ရှိတဲ့ အမွေး အမျှင် သေးသေးလေးတွေက အဲဒီ ဖုန်နဲ့ ချွဲအစိုင်အခဲကို နှာခေါင်းဝကို၊ ဒါမှမဟုတ် လည်ချောင်းနောက် ကို ရွေ့လျားစေတာပေါ့။ အဲဒီ နှပ်ချေးခေါ် သလိပ်မှာ အချွဲတွေ၊ ဖုန်တွေနဲ့ တခြား

Windows 10 မှာ ပါဝင်လာမယ့် အကောင်းဆုံး feature သစ်တွေ

Image
ဇူလိုင်လ ၂၉ ရက်တွင် ထွက်ရှိလာမည့် Windows 10 တွင် Microsoft သည် ပြောင်းလဲမှုများစွာ ပြုလုပ် ထားသည်။ Windows သည် Microsoft အတွက် အရေးပါသော အပြောင်းအလဲတစ်ရပ် ဖြစ်ပြီး ယခင် desktop နှင့်မိုဘိုင်း အတွေ့အကြုံများ ပေါင်းစည်းထားသော Windows 8.1 ကို အတိတ်တွင် ထားခဲ့နိုင် မည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ အောက်ဖော်ပြပါ အချက်များမှာ Windows 10 တွင် အကြီး အကျယ်ပြောင်း လဲမှု ပြုလုပ်ထားသည့် အချက်များ ဖြစ်သည်။ Cortana Microsoft ၏ တစ်ကိုယ်ရေ digital assistant ဖြစ်သော Cortana သည် Windows ဖုန်းများတွင်စတင် ပါဝင်လာသည်။ Windows 10 တွင် တိုးချဲ့ထားသော feature များနှင့်အတူ PC အတွက် Cortana ကို ထောက်ပံ့ပေးထားသည်။ Cortana သည် Siri နှင့် Google Now ကဲ့သို့ ထုတ်ကုန်များတွင် ညွှန်ကြား မှုကို ဖြေကြားခြင်းနှင့် တာဝန်များကို လုပ်ဆောင်နိုင်သည်။ ထို့အပြင် Cortana သည် ရှာဖွေမှုများပြုလုပ် သည့် လုပ်ဆောင်ချက်နှင့် အနီးစပ်ဆုံး ရှာဖွေမှုများ ပြုလုပ်နိုင်ပြီး ကုမ္ပဏီမှ ထောက်ပံ့ထားသော ဘာသာ စကားဖြင့် ဖြေကြားပေးကာ ဖိုင်များကို ရှာဖွေပေးခြင်း သို့မဟုတ် မှာကြားချက်ကို ဖတ်ပြခြင်းတို့ ပြု လုပ်ပေးနိုင်သည်။ သုံးစွဲသူက အီးမေးလ် သို့မဟုတ်

iPhone/iPad မှာ Unicode ရော Zawgyi ရော အမှန်မြင်ချင်ရင်

Image
iPhone/Pad တွေမှာ Unicode ရော Zawgyi ရောမြင်ရမယ့် Unicode Font Profile လေးပါ။ Unicode 100% အမှန်မြင်ရသလို Zawgyi font နဲ့ရေးထား တာတွေကိုလည်း 95% နီးပါး အမှန်မြင်ရတာကိုတွေ့ရပါတယ် ။ Myanmar Unicode Area မှာတွေ့လို့ စမ်းကြည့်ဖြစ်တာပါ။ ဖန်တီးသူကတော့ ကို Win Lwin Moe လို့ သိရပါတယ် ။ Unicode သုံးချင်နေသူတွေလည်း ဒီ profile လေးကို သွင်းထားခြင်းအားဖြင့် ဇော်ဂျီနဲ့ရေးထားတာတွေကိုပါ အနီးစပ်ဆုံး မှန်ကန်စွာ ဖတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် unicode font ဖြစ်တဲ့အတွက် စာရိုက်ရင်တော့ unicode keyboard layout နဲ့ပဲရိုက်လို့ရပါမယ်။ ttKeyboard ထဲက Uni-ZG (or) MyanSan Layout နဲ့ရေးမှ အဆင်ပြေပါမယ်။ ဇော်ဂျီ Layout နဲ့ရေးရင် တလွဲတွေပေါ်ပါမယ်။ ယူနီ-ဇော်ဂျီ ၂ မျိုးလုံးနီးပါး ဖတ်နိုင်တဲ့ Font Profile လေးကို သွင်းလိုတယ် ဆိုရင်တော့ အောက်က link ကို safari browser မှာ ဖွင့် ပြီး မိမိတို့ရဲ့ iPhone/Pad ထဲမှာ font profile ကို သွင်းရပါမယ်။ http://goo.gl/sBVzga (မသွင်းခင်မှာ ယခင်သွင်းထားတဲ့ Zawgyi Font Profile (သို့) သွင်းထားပြီးသား Font Profile ကိုတော့ပြန်ဖျက်ထားဖို့လိုပါမယ်။ Setting>General>Profile ထဲကိုဝင်ပြီး Zawg

မျက်နှာလေး အရွယ်တင်နုပျိုစေဖို့

Image
လူ့ခန္ဓာကိုယ်မှာ နေဒဏ်လေဒဏ် အခံရဆုံး အစိတ် အပိုင်းတွေထဲမှာ မျက်နှာလည်း အပါအ ၀င်ဖြစ် ပါတယ်။ နေ့စဉ်ကြုံတွေ့ ရတဲ့ နေဒဏ်လေ ဒဏ်တွေအပြင် တနေကုန် ပင်ပန်းစွာ အာရုံစိုက်ရ တဲ့ အလုပ်တွေကြောင့် နွမ်းနယ် ယိုယွင်းစပြုတဲ့ မျက်နှာကို နေ့စဉ် (သို့) အပတ်စဉ် နှိပ် နယ်ပြုပြင် ပေးဖို့ လိုအပ်ပါတယ်။ မျက်နှာကို သန့်စင်အောင် သစ်ပါ မျက်နှာကို မနှိပ်နယ်ခင် အရင်ဆုံးပြုလုပ်ရမှာက သန့်စင်အောင် မျက်နှာသစ်ရပါမယ်။ မျက်နှာသစ်ဆေး (သို့) မျက်နှာသန့်စင်ဆီ ဖြင့် မျက်နှာအနှံ့သန့်ရှင်းသွားအောင် သစ်ပြီး ရေနွေးနွေးနဲ့ဆေးရပါမယ်။ မျက်နှာကို သေချာမသစ်ပဲ နှိပ်မိရင် မထိရောက်တဲ့အပြင် ဆိုးကျိုးတွေပါရှိနိုင်ပါတယ်။ မျက်နှာလိမ်းတဲ့ ဆီ (သို့) ခရင်မ် တစ်မျိုးမျိုးခပ်ပါးပါးလိမ်းပါ မျက်နှာမှာ ခရင်မ် (သို့) ဆီတစ်မျိုးမျိုး လိမ်းတာဟာ နှိပ်နယ်ရာမှာ လွယ်ကူချောမွေ့စေလို့ မျက်နှာ အရေပြား ထိခိုက်မှုမရှိပါဘူး။ နှိပ်နယ်ပြီးသွားတဲ့အခါ မျက်နှာအရောင်လင်းလာစေဖို့လည်း ကူညီပေးပါ တယ်။ ခရင်မ် ဒါမှမဟုတ် အလှဆီ တစ်မျိုးမျိုးကို အဆင်ပြေရာ သုံးနိုင်သလို မိမိနဲ့ တည့်တဲ့ ဆီတစ်မျိုးမျိုး ကိုလည်းရွေးချယ်နိုင်ပါတယ်။ အသားအရေခြောက်သူတွေအတွက် သံလွင်ဆီ (သို့) အယ်လမွန်ဆီ တို

ကွမ်းရွက်မှ ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးလေးများ (အပိုင်း ၁)

Image
ကွမ်းပင်များဟာ Piperaceae(ခေါ်) ငရုပ်ကောင်း မျိုးရင်း ဖြစ်ကြပြီး၊ ရုက္ခဗေဒအမည်အရ Piper bettle Linn. ဟု ခေါ်ပါတယ်။ ကွမ်းပင်ကို အင်္ဂလိပ်လို Bettle Vine ၊ ရှမ်းဘာသာစကားဖြင့် Pu ၊ ကချင်ဘာသာ စကားဖြင့် Bu(သို့ )Buru လို့ ခေါ်ပါတယ်။ ကွမ်းပင်ပေါက်ရောက်ရာ ဇာစ်မြစ်ဒေသဟာ အင်ဒိုနီး ရှားဖြစ်ပြီး၊ မလေးရှား၊ သီရိ လင်္ကာ၊ အိန္ဒိယနိုင်ငံ များကလည်း ကွမ်းပင် ပေါက်ရောက်သော ပင်ရင်းဒေသများလို့  ဆိုနိုင် ပါတယ်။ သို့ သော် ရာဇ၀င်များကို လေ့လာကြည့်တဲ့အခါမှာတော့ အာရှတိုက်၏ ပါကစ္စတန်နိုင်ငံရှိ Harappan တိုင်းရင်းသားများနေထိုင်ရာ ပန်ဂျပ်ပြည်နယ်အနီး Indus မြစ်ဝှမ်းကသာလျှင် ကွမ်းပင် ပေါက် ရာ အဓိက မူပိုင်ဒေသဟူ၍ ဖော်ပြထားတာကို လေ့လာတွေ့ ရှိရပါတယ်။ ထိုဒေသများမှာတော့ ကွမ်းရွက် ပင် ကို wild pepper ၊ karuk ၊ betel pepper ၊ daun kaduk စသဖြင့် အမည်နာမအမျိုးမျိုး ခေါ်ဆိုလေ့ ရှိကြပါတယ်။ (အပင်၏ ပုံသဏ္ဍာန်) နွယ်ပင်မျိုးဖြစ်ပါတယ်။ ပင်စည်လုံးမှာ သေးသွယ်ပြောင်ချော၍ အမြစ်များထွက်နေသော အဆစ်ဖုတွေ ပါရှိနေကြပါတယ်။ မွှေး သောရနံ့ ရှိပါတယ်။ တခါတရံ ဂလင်းများရှိနေတာကိုတွေ့ ရတတ်ပြီး၊ ထိုအရွက် မျိုးက အမွှေးနံ့ ပိုစူးရှပါတယ်။ ကွမ်းပင်ကို အနုစား၊ အလတ

ကင်ဆာ ဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အပင်လေးများ

Image
ကမ္ဘာနှင့်အ၀ှမ်းမှာ မှီတင်းနေထိုင် ကြကုန်သော သက်ရှိ လူသားများဟာ ကင်ဆာရောဂါ ဆိုးကြီးများ ၏ ခြိမ်းခြောက်မှုကို ခံနေကြရ ပါတယ်။ ယနေ့  ဆေးသိပ္ပံ နည်းပညာတွေ မည်မျှလောက်ပင် အစွမ်း ထက်မြတ်နေပါစေ၊ လူ့ အသက်ကို ခိုး ယူလေ့ရှိတဲ့ အဲဒီ ကင်ဆာရောဂါ ဆိုးတွေကိုတော့ အမြစ်ပြတ်ချေ မှုန်းပေးနိုင်ခြင်း မရှိသေးပါဘူး။ ကင်ဆာရောဂါ အများစုကို ခွဲစိပ်ခြင်း(သို့ )ခီမိုဆေး သွင်းခြင်းနည်းတို့ ဖြင့် ကုသပေးလေ့ရှိရာ၊ ၄င်း ခီမိုဆေးများဟာ ကျန်းမာတဲ့ ဆဲလ်များကို ဖျက်ဆီး ပစ်ရုံသာမက ခန္ဓာကိုယ် ကြီး တစ်ခုလုံးရဲ့ ဇီဝ ကမ္မဖြစ်စဉ်တွေကိုပါ ဘေးထွက်ဆိုးကျိုး သက်ရောက်စေနိုင် ပါတယ်။ သို့ သော် စိတ်ဓာတ် ကျမသွားပါနှင့်။ အောက်ဖော်ပြပါ အပင် (၄)မျိုး တို့ က ကင်ဆာဆဲလ်တွေကို ထိထိရောက်ရောက် တိုက်ဖျက်ပေးနိုင်ပါတယ်။ (၁) ဆေးခြောက် Cannabis(ခေါ်)ဆေးခြောက်ကို တကမ္ဘာလုံးက ဥပဒေနဲ့ ဆန့် ကျင်သော တရားမ၀င်ပစ္စည်းလို့  သတ်မှတ် ထားကြပါတယ်။ သို့  သော်လည်း အကောင်းနဲ့ အဆိုး ဒွန်တွဲလေ့ရှိတဲ့ လောကနိယာမအတိုင်း ထိုဆေးခြောက်က ခန္ဓာကိုယ်ထဲရှိ ကောင်းတဲ့ဆဲလ် တွေကို လုံးဝဖျက်ဆီးခြင်းမပြုဘဲ မကောင်းတဲ့ ကင်ဆာ ဆဲလ်များကိုသာ ရွေး၍သတ်ပေးပါတယ်။ နိုင်ငံတကာ ဆေးသိပ္ပံပညာရှင် များ၏

ခြင်အန္တရာယ် သက်ရောက်မှု

Image
ခုတလော ခြင်ဆေးခွေတွေ ရဲ့အန္တရာယ်ကို စာနယ်ဇင်းတွေ က ထောက်ပြနေ ပါတယ်။ ခြင်ဆေး ခွေ သုံးစွဲရခြင်းကို ပြောပြပါဆရာ။ အဓိကကတော့ ခြင်ကြောင့် ခြင် ဆေးခွေ သုံးစွဲတယ်ဆိုရင် ခင်ဗျား ရယ်ချင် မှာပဲ။ အမှန်ကတော့ ကျွန် တော်တို့မှာ ခြင်အန္တရာယ်က အင် မတန်ကြီးမားတယ်။ မိုးဦးကျ ရောက်လာရင် ကလေးတွေ ဟာ သွေး လွန်တုပ်ကွေးဖြစ်တာ ကြားဖူး ကြမှာပါ။ ဒါဟာခြင် ကျားကြောင့် ပဲ။ သွေးလွန် တုပ်ကွေးဖြစ်တဲ့အခါ ကလေးရဲ့ အသက်ရှင်ဖို့ လမ်းဟာ ၅ဝ/၅ဝ ပါပဲ။ မိဘတွေအင်မ တန်မှ ပူဆွေးရ တယ်။ အချို့ခြင်က ငှက်ဖျားဖြစ် စေတယ်။ ဒါလည်း လူသေစေတယ်။ ကျွန်တော်တို့ မော်လမြိုင် ကောလိပ်မှာ တာဝန်ထမ်းစဉ်က ဆိုရင် တောင်ဝိုင်းကဒူရင်းခြံ၊ မင်း ကွတ်ခြံ၊ ကြက်မောက်ခြံတွေမှာနေ တဲ့ ခြံလုပ် သားတွေဟာ ငှက်ဖျား ဖြစ်လေ့ရှိတယ်။ သူနဲ့ နီးတဲ့မော်လမြိုင်ကောလိပ်မှာဆိုရင်လည်း ငှက်ဖျားတွေဖြစ် တယ်။ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်သွားရင်တော့ သေတာပါ ပဲ။ တောင်ဝိုင်း ခြံတွေကို လေ့လာကြည့် တဲ့အခါ မသေဆုံး ဖူးတဲ့ ခြံဆိုလို့ တစ်ခြံမှမရှိပါဘူး။ ကျွန်တော်တို့ မိသားစုဟာ မော်လမြိုင်ကောလိပ်ဝင်းထဲမှာနေတာ ၁၂ နှစ်ကျော်ကြာခဲ့တယ်။ မော်လမြိုင်မှာနေမလား။ ရန်ကုန် ပြောင်းမလားဆိုတာကို ဆုံးဖြတ်ရတော့

Asus Fonepad7 K012 ကို firmware တင်နည်း

Image
ကဲဒီတစ်ခါ ဈေးသက်သာပြီ လူသုံးများတဲ့ asus tablet ဖြစ်တဲ့ Fonepad7 K012 တွေ အတွက် တောတော လက်ပေါက်ကပ်ပြီး firmware တင်ရင် SD update နေရာမှာ error တက်ပြီ တိုင်ပတ် တက်တဲ့ အလုံပေါ့ ဒီကောင်က သိတဲ့အတိုင် root ကို သူနည်းအတိုင်း မလုပ်ရင် asus ကြေငြာတွေ တက်ပြီ တိုင်ပတ်တော့တာပါဘဲ ကဲ firmware ပြန်တင်ခြင်တဲ့သူတွေ အရင်ဆုံး လိုအပ်တဲ့ ဖိုင်းတွေဒေါင်းယူ လိုက်ကြပါ Asus k012 fastboot tools ကိုဒေါင်းရန် Firmware rom ကိုဒေါင်းရန် ဒိနေရာမှာ တစ်ခုပြောခြင်တာက အခုတင်ပေးထားတဲ့ဖိုင်းက WW အလုံတွေအတွက်သာဖြစ်ပြီ ကျန်တဲ့model တွေမှာသွားတင်ရင် error တက်မှာပါ ဒေါင်းလို့ရလာတဲ့ Rom zip ကို sd card အလွတ်ထဲ copy ကူထည့်လိုက်ပါ ပြီရင် rom zip ကို K012_sdupdate.zip လို့အမည်းပေးလိုက်ပါ ပြီရင် အဲ့ sd card ကို တပ်ပလက်ထဲ ထည့်လိုက်ပါ ပြီရင် fastboot tools ကို install လုပ်ပြီ ဖွင့်ပေးလိုက်ပါ ပြီရင် vol up+ power ကိုနှိပ်ပြီ droidboot mode ဖြင့်ချိတ်ဆက်ပေးလိုက်ပါ ပြီရင် reset နေရာမှာနှိပ်ပြီ reset ပေးလိုက်ပါ  ပြီရင် စောစောက ပေးထားတဲ့ tools ကိုဖွင့်ပြီ စာတန်တစ်ခုပြီ တစ်ခု လိုက်နှိပ်ပေးသွားပါ  ပြီရင် SD UPDATE ကိုရွေးပေးလိုက်

happy phone 3G ကို unlock လုပ်နည်း

Image
  ကဲဆိုင်သမားတွေနဲ့ နည်းပညာလေ့လာနေတဲ့ ညီအကိုတွေ အတွက် နောက်ထပ် စမတ်ဘီယာဖိုး ထပ်ရှာပေး လိုက်ပြန်ပါပြီ ဒီတစ်ခါ Dtac ကုမဏီကနေ ဈေးပေါပေါနဲ့ လိုက်လဲပေးတဲ့ Happy phone 3g အလုံလေတွေကို unlock ဖြုတ်ကြရအောင် ကဲလိုအပ်တဲ့သူတွေ အောက်မှာ အမြန်ဒေါင်းယူကြပါ သိတဲ့အတိုင် ဒီဖိုင်းတွေက တင်ပြီ မကြာဖျက်ခံ ထိတာပါဘဲ ဖိုင်းဆိုဒ်သေသေလေပါဘဲ ဆိုင်သမားတွေ ဒေါင်းသိမ် ထားကြပါ Happy phone 3g firmware ကိုဒေါင်းရန် ဖိုင်းထဲမှာ driver ရော နဂိုမူလ lock ဖိုင်းရော unlock ဖိုင်းရော တင်ပေးထားပါတယ် flashtools ကိုဖွင့်လိုက်ပါ ပြီရင် unlock ဖိုင်းကိုရွေးပေးလိုက်ပါ     ဒီနေရာမှာ နောက်ထပ် ပြင်ရမှာ တစ်ချက်က unlock ဖြုတ်ဖို့အတွက်ဆို အခုပြထားတဲ့နေရာကိုသွားပါ     ပြီရင် option နေရာမှာနှီပ်ပါ     ဒီနေရာမှာrepartition နေရာက အမှတ်ကိုဖြုတ်ပြီ resrt to normal နေရာကိုနှိပ်ပြီ ok ရွေးပေးလိုက်ပါ     ပြီရင် flash ဖို့အတွက်အခုပြထားတဲ့နေရာကိုနှိပ်ပါ     ဒီနေရာမှာ အရေကြီးတဲ့ တစ်ချက်က boot key ဖြစ်တဲ့ # key ကိုဖိထာပြီ ဘထရီ တပ်ပြီ usb ချိတ်ပေးလိုက်ပါ flashtools က သူဟာသူ အပြာရောင်အတန်လေ တက်ပြီ တင်သွားမှာပါ ကဲ ပြီရင်ဖုန်းက

ဗိုလ်ချုပ်အောင်ဆန်း စာအုပ်များ

Image
ဗိုလ်ချုပ်အောင်ဆန်း မိသားစု - (အောင်သန်း) ကိုအောင်ဆန်း၏ကျောင်းသားဘဝ - (သခင်ကျော်စိန်) ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ - (ဦးပုကလေး) ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ (ဗိုလ်ချုပ်အောင်ဆန်း) ဗမာ့နိုင်ငံရေးသုခမိန် (မောင်ထင်) ဗမာ့အောင်ဆန်း - (မောင်ထင်) ဗိုလ်ချုပ်အောင်ဆန်း၏ စီးပွားရေးအမြင် (တင်စိုးဘောဂဂုဏ်) ဗိုလ်ချုပ်အောင်ဆန်းကဗျာများ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်စာစုများ ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း (တက္ကသိုလ်နေ၀င်း) ဗိုလ်ချုပ်နှင့် ခေါင်းဆောင်မှုရှာပုံတော် (ဇေယျသူ) ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်ချုပ်အောင်ဆန်း ၏မိန့်ခွန်း ဗိုလ်ချုပ်အောင်ဆန်း ပြည်ချစ်ပန်း - (ကာတွန်းညီပုချေ) ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ (ကလောင်စုံ) ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေးဘ၀ဇတ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ (ဦးခင်အောင်) ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း (တက္ကသိုလ်နေ၀င်း) မြန်မာ့လွတ်လပ်ရေးကြေငြာစာတမ်းကြီး ရဲဘော်သုံးကျိပ် (ကျော်ငြိမ်း) အာဇာနည်ခေါင်းဆောင်ကြီးများ အထ္ထုပ္ပတ္တိအကျဉ်း (မြန်မာကျူးပစ်ဖိုရမ်) ဦးအောင်ဆန်း၏

တနင်္ဂနွေနေ့ဖွားတို့ ကံဇာတာ (၁၃၇၇ခုနှစ်)

Image
သည်တစ်နှစ် မှာတော့ တနင်္ဂနွေဂြိုဟ်သည် မရဏဌာနမှာ ရပ်တည်နေ ပါတယ်။ တနည်း အားဖြင့်ကတော့ … သည်တစ်နှစ်အဖို့ တနင်္ဂနွေနေ့ တွင် ဖွားမြင်ထားသူ အားလုံး အဖို့ မရဏဌာနရဲ့ လွှမ်းမိုးမှု သက်ရောက်နေသော ကာလ လို့ ဆိုနိုင် ပါတယ်။ တော်တော်များများသော သူတွေကတော့ မရဏ ဆိုတာနဲ့ အသံကြားရုံဖြင့် ဟင်…ညံ့မှာလား ဆိုတဲ့ အတွေးမျိုး ၀င်လာတတ်ကြပါတယ်။ ဒီလိုဖြင့် တရားသေ မဟုတ်နိုင်ပါ။ ကောင်းပြီ …။ ဒီတစ်နှစ်အတွက် တနင်္ဂနွေနေ့ဖွားတို့ ကံဇာတာကို အနဲငယ် ချိန်ဆကြည့်ကြပါစို့။ တနင်္ဂနွေနေ့ဖွားများ အတွက် ၁၃၇၇ခုနှစ်ခုနှစ် ကံဇာတာ ============================== သည်တစ်နှစ်မှာတော့ တနင်္ဂနွေနေ့ဖွားများအဖို့ …တာဝန်တွေ ပိုမိုလာတတ်ချိန်ပါ။ ကိုယ်လုပ်ထားခဲ့သော အတိတ်ကံအကြောင်းတရား တို့ရဲ့ အကျိုးဆက်များ …(ဘ၀မကူးပဲ) ဒီဘ၀မှာတင် အကျိုးပြန်လည် သက်ရောက်မှု ကြုံလာတတ်သော ကာလ လို့လည်း ဆိုနိုင်ပါတယ်။ ဆိုလိုသည်က အကြွေးမြီ ရှိခဲ့ရင် သည်တစ်နှစ်သည် ပြန်ဆပ်ရတတ်သော နှစ်ပါ။ ကိုယ်လုပ်ထားခဲ့ဖူးသော မကောင်းမှု (သို့) ကောင်းမှု အလိုက်.. ပြန်လည်ပြီး အသီးအပွင့်များ ဖူးပွင့်လာတတ်သော ကာလ ဆိုလည်း မမှားပါ။ သာမန်အားဖြင့် သတိထားမိမယ် ဆိုရင်တောင်…. သူတစ်ပါးကို ဆေးလိပ်သောက်လို့ မှို