Be Careful....!!!


အရွယ်ရောက်လာတဲ့ ခြင်တစ်ကောင်ဟာ သူ့ဘဝရဲ့ ပထမဆုံး အကြိမ်အဖြစ် လှည့်လည် ပျံသန်းပြီးတဲ့နောက် ဖခင်ဖြစ်သူက... "ဘယ်လိုနေလဲ ငါ့သား?... ပျော်ခဲ့ရဲ့လား?.." လို့ မေးလိုက်တယ်...

သားဖြစ်သူက ဝမ်းသာအားရနဲ့... "အရမ်းပျော်တာပဲ အဖေ... လူတိုင်းလူတိုင်းက သားကို လက်ခုပ်တွေတီးပြီး သြဘာပေးကြတယ်..." လို့ ပြန်ဖြေလိုက်တယ်...

ဒီအခါ ဖခင်ဖြစ်သူက... "သူတို့ သားကို လက်ခုပ်တီးပြီး သြဘာပေးကြတာ မဟုတ်ဘူး... အဲဒါ ငါ့သားကို သတ်ဖို့ ကြိုးစားကြတာ ဖြစ်တယ်... သူတို့ လက်ခုပ်တွေ ပိုပြီးတီးလေလေ... ငါ့သား သေဖို့အတွက် အခွင့့်အလမ်း ပိုပြီး များလာလေလေပဲ... ဂရုစိုက်ပါ ချစ်သား..." လို့ ပြန်ပြီးဆုံးမလိုက်တယ်... 

(သင်ခန်းစာကတော့... ဘဝမှာ သင့်ကို လက်ခုပ် ဝိုင်းတီးပြီး ချီးမွမ်းသြဘာ ပေးနေကြတဲ့ လူတွေ အားလုံးကို စိတ်ကောင်း စေတနာမှန် ရှိတယ်လို့ ပုံသေ မတွက်လိုက်ပါနဲ့... သတိရှိပါစေ...)


လွမ်းမပြေ သုတရပ်ဝန်း 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...