စာလုံးအရွယ်အစား ပြောင်းရန်...

Don't Judge Too Quickly...

Monday, February 22, 2016
ညညဥ့်နက်မှ အပြင်ကနေ ပြန်ရောက်လာတဲ့ ဇနီးသည်ဟာ သူမရဲ့အိပ်ခန်း တံခါးကို တိတ်တိတ်လေး ဖွင့်လိုက်တယ်...

ဒီအချိန်မှာ အိပ်ယာကုတင်ပေါ်မှာ ခြေထောက် ၂ ချောင်းပဲ ရှိရမယ့်အစား ခြေထောက် ၄ ချောင်း စောင်အောက်ပိုင်းကနေ ထွက်နေတာကို တွေ့လိုက်တယ်...

ဇနီးဖြစ်သူလည်း ဒေါသတကြီးနဲ့ ဘေ့စ်ဘောရိုက်တဲ့ ဘက်တံကြီး ရှာပြီး စောင်ပုံကို အားကုန် အဆက်မပြတ် ရိုက်ပါတော့တယ်...

စိတ်ကြိုက် ရိုက်ပြီးလို့ မောသွားချိန်မှာတော့ ရေသောက်ဖို့ မီးဖိုချောင်ထဲ ၀င်သွား လိုက်တယ်...

မီးဖိုခန်းထဲ ၀င်လိုက်စဉ် ခင်ပွန်းဖြစ်သူ သတင်းစာ ထိုင်ဖတ်နေတာကို တအံ့တသြ တွေ့လိုက်ရတယ်...

ခင်ပွန်းဖြစ်သူက ဇနီးသည်ကို မြင်မြင်ချင်း ၀မ်းသာအားရနဲ့...

"ဟေးး!!! ဒါလင်...!!! မင်းမိဘ ၂ ပါး ကိုယ်တို့အိမ်ကို အလည်လာတယ်... သူတို့နေဖို့ဆိုပြီး ကိုယ်တို့ အိပ်ခန်းလေး ပေးထားတယ်... သွားပြီး နှုတ်ဆက် လိုက်ပါအုံးကွာ....။"

ကိုမျိုး
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
comments powered by Disqus

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...

                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...