iDevice users များအတွက် အင်တာနက် စာမျက်နှာပေါ်က စာသားတွေနဲ့ Camera roll/Photo app ထဲက ဓာတ်ပုံတွေကို PDF files အဖြစ် ပြုလုပ် သိမ်းဆည်းနည်း

iPhone, iPad နဲ့ iPod Touch အသုံးပြုနေကြတဲ့ မိတ်ဆွေများ အနေနဲ့ အင်တာနက် စာမျက်နှာပေါ်က မိမိတို့ နှစ်သက်တဲ့ စာတွေနဲ့ Camera roll/Photo app ထဲက ဓာတ်ပုံတွေကို pdf files အဖြစ် ပြုလုပ်ပြီး device ထဲမှာ ရို်းရှင်း လွယ်ကူစွာ သိမ်းဆည်း ထားလို့ ရပါတယ်... ဒီလို ပြုလုပ်ဖို့အတွက် တခြားသီးသန့် applications တွေကိုလည်း install လုပ်စရာ မလိုပါဘူး... ဒါပေမဲ့ မိမိ idevice ဟာ နောက်ပိုင်းထွက် iOS 9.x.x version တွေတော့ ဖြစ်ဖို့ လိုပါတယ်... 

ကဲ... မိမိနှစ်သက်တဲ့ အင်တာနက် စာမျက်နှာတွေကို PDF ဖိုင်လ်အဖြစ် ပြုလုပ် သိမ်းဆည်း ဖို့အတွက်... ဦးစွာအနေနဲ့ မိမိရဲ့ idevice ထဲက Safari ကို ဖွင့်ပါ... မိမိ save လုပ်ပြီး သိမ်းဆည်းချင်တဲ့ စာမျက်နှာကို ရောက်ရင်... အပေါ်ဘက် ညာဘက်နားမှာ (ပုံပါအတိုင်း) Share icon ကိုတွေ့ပါမယ်... Tap လုပ်ပါ... ဒါဆိုရင် "Save PDF to iBooks" ဆိုတာကို တွေ့ပါမယ် (မတွေ့သေးရင် ဘယ်ဘက်ကို အနည်းငယ် ပွတ်ဆွဲကြည့် ပါ)... ဒါကို Tap လုပ်လိုက်တာနဲ့ မိမိ လိုချင်တဲ့ စာမျက်နှာကို PDF file အဖြစ် ပြုလုပ်ပေးပြီး iBooks နေရာမှာ အလိုအလျောက် Save လုပ်ပေး သွားပါလိမ့်မယ်... 

ဒါ့အပြင်... မိမိတို့ Camera roll (သို့မဟုတ်) Photos application ထဲမှာရှိတဲ့ ဓာတ်ပုံတွေ အားလုံကိုလည်း pdf file တစ်ခုထဲအဖြစ် ပြောင်းလဲပြီး အလားတူ iBooks နေရာမှာပဲ Save လုပ် သိမ်းဆည်းလို့ ရပါသေးတယ်... ဒီလို ပြုလုပ်ဖို့အတွက် ဦးစွာ Photos app မှာရှိတဲ့ ဓာတ်ပုံတွေကို စိတ်တိုင်းကျ ရွေးချယ် Select လုပ်ပါ... ပြီးရင် အပေါ်ဘက် ဘယ်ဘက်ထောင့်က Share icon ကို Tap လုပ်... Share menu မှာ "Save PDF to iBooks" ဆိုတာကို Tap/click လုပ်ပါ... ဒါဆိုရင် ဓာတ်ပုံတွေ အားလုံကို စီစဉ်တကျနဲ့ pdf file တစ်ခုအဖြစ် ပြုလုပ်ပေးသွားတာကို တွေ့ရမှာပါ... ဒါပေမဲ့ ဒီ pdf file တွေကို iCloud Drive ကို ပို့ဖို့အတွက် ဒီ feature က support မလုပ်ပါဘူး... အချို့ users တွေအတွက် စိတ်ပျက်စရာ အချက်တစ်ခု ဖြစ်မှာပါ... 

ချုပ်ပြီးပြောရရင်... ဒီ feature ဟာ အင်တာနက်ပေါ်က web စာမျက်နှာတွေကို pdf files တွေအဖြစ် အလွယ်တကူ သိမ်းဆည်းချင်၊ စုဆောင်းချင်တဲ့ အချို့သော idevice users မိတ်ဆွေတွေအတွက် အသုံးဝင်ပါတယ်... ဓာတ်ပုံတွေကို အီးမေးလ် ပေးပို့တဲ့ အခါမှာလည်း တစ်ပုံချင်း စီ file တွေ အများကြီး ပို့စရာမလိုပဲ ဓာတ်ပုံ အများအပြားကို ဒီနည်းအတိုင်း pdf file တစ်ခု ပြုလုပ်ပြီး လွယ်ကူမြန်ဆန်စွာ ပေးပို့နိုင်မှာ ဖြစ်ပါတယ်....။

(မသိသေးတဲ့ idevice users မိတ်ဆွေများ အတွက် ရည်ရွယ်ပါတယ်...)







လွမ်းမပြေ သုတရပ်ဝန်း 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...