အဆိုးထဲက အကောင်း...

တစ်ခါတုန်းက အမျိုးသမီးကြီး တစ်ဦးမှာ ရေအိုးကြီး ၂ လုံးရှိတယ်... ဒီအိုးကြီး ၂ လုံးကို ရေထမ်းတံပိုးနဲ့ ပုခုံးမှာထမ်းပြီး အဝေးတစ်နေရာမှာ ရှိတဲ့ စမ်းချောင်း တစ်ခုမှာ နေ့စဉ် ရေခပ်သွားလေ့ ရှိတယ်...

ရေခပ်ပြီး ပြန်လာတဲ့အခါတိုင်း ရေအိုးကြီး တစ်လုံးက အက်ကွဲကြောင်း ရှ်ိနေတဲ့အတွက် အိမ်ကို ရေတစ်ဝက်သာ ပြန်ပါလာပြီး... ကျန်အိုး တစ်လုံးကတော့ ကောင်းမွန်နေ တဲ့အတွက် ရေအပြည့် ပြန်ပါလာလေ့ရှိတယ်... 

ဒီလိုနဲ့ သူမနေအိမ်နဲ့ စမ်းချောင်းအကြား နေ့စဉ် ရေခပ်သွားလာနေတာ ၂ နှစ်တင်းတင်း ရှိလာခဲ့တယ်... အမှန်တကယ်ပဲ... ကောင်းမွန်ပြည့်စုံနေတဲ့ ရေအိုးကတော့ သူ့ရဲ့ အောင်မြင်ပြီးမြောက်မှုအတွက် သူ့ကိုယ်သူ ဂုဏ်ယူမဆုံး ဖြစ်နေတယ်... 

ဒါပေမယ့် အက်ကွဲကြောင်း ရှိနေတဲ့ ရေအိုးကတော့ သူ့ရဲ့ ပြီးပြည့်စုံမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် အရှက်ရလာတယ်... အခြားအိုးနည်းတူ ရေအပြည့် ပါရမယ့်အစား ရေတစ်ဝက်သာ ပြန်ပါလာလို့ စိတ်မချမ်းမြေ့ ဖြစ်လာတယ်... 

ဒီလိုနဲ့ ၂ နှစ်ကြာပြီးတဲ့ နောက်ပိုင်း... ခါးသီးလှတဲ့ မအောင်မြင်မှုတစ်ခုလို့ သူ့ကိုယ်သူ ရှုမြင် လာတဲ့ ရေအိုးအက်ကြီးက တစ်နေ့ စမ်းချောင်းမှာ ရေခပ်သွားချိန် အမျိုးသမီးကြီးကို... "ကျုပ်ကိုယ်ကျုပ် သိပ်အရှက်ရတယ်ဗျာ... ဘာဖြစ်လို့လဲဆိုတော့ ကျုပ်နေရာမှာ အပ်ကွဲကြောင်းကြီး ရှိနေလို့ အိမ်အပြန် လမ်းတစ်လျှေက် ရေတွေ ယိုကျလို့ ကုန်ပြီဗျာ..." လို့ ပြောလိုက်တယ်... 

ဒီအခါ အမျိုးသမီးကြီးက ပြုံးရယ်စွာနဲ့ ရေအိုးအက်ကြီးကို... " သင့်ရဲ့ လမ်းဘက်အခြမ်းမှာ ပန်းတွေ ဝေဝေဆာဆာ ဖူးပွင့်နေပြီး... တခြား ရေအိုးကြီးရဲ့ လမ်းဘက် အခြမ်းမှာတော့ မည်သည့်ပန်းမှ မရှိနေတာကိုရော သင်သတိပြုမိရဲ့လား...?" လို့ ဆိုပြီး မေးလိုက်တယ်... 

အမျိုးသမီးကြီးက ဆက်ပြီး... "ဒါဟာ သင့်ရဲ့ အပြစ်အနာအဆာ၊ ချို့ယွင်း အားနည်းချက်ကို ကျွနု်ပ်က အမြဲတမ်း သိရှိထားပြီးလို့ ဖြစ်တယ်... ဒါကြောင့် သင့်ရဲ့လမ်းဘက်အခြမ်းမှာ ပန်းမျိုးစေ့တွေချပြီး ကျွန်ုပ် စိုက်ပျိုးထားခဲ့တယ်... နေ့စဉ် စမ်းချောင်းကနေ ရေခပ်ပြီး အပြန်လမ်းမှာ သင်ရဲ့ အက်ကွဲကြောင်း ကနေတဆင့် သူတို့ကို ရေလောင်းပေးခဲ့တယ်... ၂ နှစ်လုံးလုံး နေအိမ်မှာ အလှဆင်ဖို့ ဒီလိုလှပတဲ့ ပန်းတွေကို ဆွတ်ခူးနိုင်ခဲ့တယ်... သင်သာ ရေမလောင်းပေးခဲ့ရင် ကျွန်ုပ်ရဲ့ နေအိမ်ကို ဒီလို လှပတဲ့ ပန်းတွေနဲ့ တန်ဆာဆင်လို့ ရမှာမဟုတ်ဘူး..." လို့ ရှင်းပြလိုက်တယ်.......။

(လူတိုင်းလူတိုင်းမှာ အပြစ်အနာအဆာတွေ၊ ချို့ယွင်း အားနည်းချက်တွေ ကိုယ်စီရှိနေကြပါတယ်... ဒါပေမယ့် ဒီအချက်တွေက လူသားအားလုံးရဲ့ နေထိုင်မှု လူမှုဘဝတွေကို တစုတစည်းထဲနဲ့ ရှုချင်စဖွယ်ဖြစ်အောင် အပြုသဘောဆောင် လုပ်ဆောင်ပေးနိုင်တဲ့အတွက် အကျိုးကျေးဇူး ရှိလှပါတယ်... အရေးကြီးတဲ့ အချက်က အားလုံးက ပူးပေါင်းဆောင်ရွက်မှု ရှိမှသာလျှင် ဒီလို အားနည်းချက်တွေက ပန်းတွေကို ဝေဝေဆာဆာ ဖူးပွင့်နိုင်စေမှာပါ...)

(To all crackpot friends, get ready to smell the flowers on your side of the path...!)



©Mramaraju/WITTYCRACKS
-------------------------------------- 
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...