Posts

Showing posts from March, 2016

Peeing in the refrigerator again???

Image
အရက် အလွန်အကျွံမူးနေတဲ့ ခင်ပွန်းသည်ဟာ ဇနီးဖြစ်သူကို အာလေးလျှာလေး လေသံနဲ့... "ဟေးးး!!! မိန်းမရေ့... ကိုယ်တို့ အိမ်သာ မီးလုံးတွေက အော်တိုမက်တစ် ဖြစ်နေသလိုပဲကွ..." ဇနီး... "ဘယ်လိုဖြစ်နေလို့လဲတော်..." ခင်ပွန်း... "ဒီလိုကွ!!! အိမ်သာတံခါး ဖွင့်လိုက်ရင် မီးတွေက သူ့အလိုလို လင်းလာတယ်... အပေါ့သွားပြီးလို့ တံခါးပြန်ပိတ်လိုက်ရင်လည်း သူ့အလိုလို ပြန်ပိတ်သွားတယ်ကွ..." ဇနီး... (ဒေါသထွက်တဲ့ လေသံနဲ့) "အရက်သမား!!! ရှင် ရေခဲသေတ္တာထဲမှာ အပေါ့ သွားစွန့်လိုက်ပြန်ပြီပေါ့...ဟုတ်လား!!!" ©google --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) 

ဘယ်သူ့အပြစ်လဲ...

Image
အိမ်ထောင်သည် အမျိုးသားတစ်ယောက်က ဘုရားသခင်ကို မေးတယ်... "အပျိုစင် မိန်းကလေးတွေဟာ အမြဲတမ်း လှပကျော့ရှင်းနေပြီး စိတ်ထားလည်း ဖြူစင်ကြတယ်... ဇနီးသည်တွေကျတော့ ဘာဖြစ်လို့ တစ်ချိန်လုံး စူပုတ်ပြီး ဒေါသထွက် နေကြရတာလဲ...?" ဒီအခါ ဘုရားသခင်က ပြန်ဖြေတယ်...  "ငါဘုရားသခင်က သူတို့အားလုံးကို လှပကျော့ရှင်းပြီး စိတ်ထားဖြူစင်တဲ့ အပျိုစင် မိန်းကလေးတွေအဖြစ် တပြေးညီ ဖန်ဆင်းပေးထားတယ်... ဒါပေမယ့် သင်တို့ကတော့ သူတို့ကို ဇနီးသည်တွေဖြစ်အောင် ဖန်တီးပေးလိုက်ကြလို့ ဖြစ်တယ်...." --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com)