ဝေဖန်မှုများကြောင့် Samsung Galaxy S5 အကြီးအကဲ ပြောင်းလဲခန့်အပ်



ကမ္ဘာ့အကြီးဆုံး ဟန်းဆက်ထုတ်လုပ်သည့် ကုမ္ပဏီ Samsung Electronic သည် နောက်ဆုံးပေါ် Galaxy S5 စမတ်ဖုန်း၏ ဒီဇိုင်းကြောင့် ဝေဖန်မှုများထွက်ပေါ် လာခဲ့ပြီးနောက် မိုဘိုင်းဒီဇိုင်း အဖွဲ့အကြီးအကဲအား အစားထိုးခန့်အပ် လိုက်ကြောင်းသိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ရာထူးမှနုတ်ထွက်သွားခဲ့သည့် Chang Dong-Hoon နေရာတွင် မိုဘိုင်း ဒီဇိုင်းဒုဥက္ကဋ္ဌ Lee Min-hyouk ကိုအစားထိုး ခန့်အပ်မည်ဖြစ်ကြောင်း Samsung မှပြောရေးဆိုခွင့်ရှိသူ တစ်ဦးကဆိုသည်။

ထို့အပြင် Samsung ၏ထုတ်ပြန်ကြေညာ ချက်တွင်လည်း Chang သည် Design Strategy အဖွဲ့၏အကြီး အကဲအနေဖြင့် အာရုံစိုက်လုပ်ဆောင်မည် ဖြစ်သလို Mobile Communications အပါအဝင် Samsung ၏စီးပွားရေး လုပ်ငန်းများတွင်လည်း တာဝန်ယူဆောင်ရွက် သွားမည်ဟုဖော်ပြခဲ့သည်။

အသက် ၄၂ နှစ်အရွယ်ရှိ Lee သည် ၂၀၁၀ ခုနှစ်တွင် Samsung ၏အငယ်ဆုံး စီနီယာ အမှုဆောင်ဖြစ် လာပြီး Galaxy ထုတ်ကုန်များ၏ ဒီဇိုင်းကိုတာဝန်ယူ ခဲ့ရသူဖြစ်သည်။

အဆိုပါ Galaxy ထုတ်ကုန်များသည် ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်တွင်ကြီးစိုးနေသည့် App ၏ iPhone ထက်အောင်မြင်မှုရရှိခဲ့ပြီး လက်ရှိတွင် Galaxy စမတ်ဖုန်းရောင်းအားသည် Apple ထက်နှစ်ဆပိုမိုကြောင်း Samsung ကပြောကြားခဲ့သည်။ ပြီးခဲ့သည့်လက ကမ္ဘာတစ်ဝန်းထံ မိတ်ဆက်ပေးခဲ့သည့် Galaxy S5 ၏ဒီဇိုင်းတီထွင် ဆန်းသစ်မှုအပေါ် သုံးစွဲသူများက နှစ်ခြိုက်ခြင်းမရှိကြောင်း၊ ထို့အပြင် S5 ၏ရွှေရောင် back cover သည်ပလာစတာနှင့် တူညီကြောင်း Wall Street Journal ကပြောကြားခဲ့သည်။

-နောင်နောင်
Ref: Reuters
Internet Journal အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...