အခွေထွက်မယ့်နေ့မှာ ပရိသတ်နဲ့တွေ့ဆုံမယ့် မိစန္ဒီ



မိုနီပိုလီစီးရီးနဲ့ ပရိသတ် လက်ခံအားပေးခဲ့ပြီး အောင်မြင်ခဲ့တဲ့ ဟစ်ဟော့အမျိုးသမီးတေးသံရှင် မိစန္ဒီက သူ့ရဲ့ဒုတိယခြေလှမ်းဖြစ်တဲ့ ပစ်တိုင်းထောင် စီးရီးသစ်ကို ဇွန်လ၂၉ ရက်နေ့မှာ ဖြန့်ချိတော့မှာ ဖြစ်ပါ တယ်။ လတ်တလောထွက်ရှိတော့မယ့် မိစန္ဒီရဲ့ ပစ်တိုင်းထောင် စီးရီးသစ်မှာတော့ သီချင်းသစ် ၁၄ ပုဒ် ပါဝင်မှာဖြစ်ပြီး စိုးကြီး၊ ရဲရင့် အောင်၊ ဟိဏ်းသစ်၊ X-Box ၊ နီနီခင်ဇော်၊ Bobby Soxer နဲ့ မိခတ္တာတို့က ပါဝင်အားဖြည့် သီဆိုပေး ထားပါတယ်။ မကြာမီ ထွက်ရှိတော့မယ့် စီးရီးသစ်နဲ့ပတ်သက်ပြီး မိစန္ဒီပြောပြ တာက ဒီ အခွေကိုတော့ အရင်အခွေထက်လည်း ပိုပြီးအား ရပါတယ်။

အတီးပိုင်းမှာဆိုလည်း အစုံဖြစ်အောင် တချို့သီချင်းတွေ ဆို နှစ်ယောက်လောက်ပေါင်း တီးတာပါ တယ်။ ဟစ်ဟော့တီးတဲ့သူရော၊ Dance တီးတဲ့သူရော အားလုံးစုံအောင်အပ်ပြီး တီးထားပါတယ်။ သီချင်းပုံစံဆို လည်းဟစ်ဟော့၊ Dance , EDM ပုံစံလေးတွေပါတယ်။ ဒါ ကို အလောတကြီးလုပ်ထားတာ မဟုတ်ဘဲ သေချာအချိန်ယူပြီးလုပ်ထားတဲ့အတွက် အားလည်းရပါတယ်။ ဒီအခွေ ထွက်ရှိမယ့် ၂၉ ရက်နေ့မှာ Junction Square မှာ ညနေ ၃ နာရီကနေ ၆ နာရီအထိ အမှတ်တရ လက်မှတ် ထိုးပြီး ဖျော်ဖြေဖို့ရှိ ပါ တယ်။

အဲဒီပွဲကိုလည်း လာပြီးအားပေးစေချင်ပါတယ်။ ဒီအခွေ လေးက စိတ်ရော၊ ကိုယ်ရော အားလုံးနှစ်ပြီး လုပ်ထားတဲ့အတွက်တစ်နိုင်ငံလုံးက ပရိသတ်ကြီး ကိုအားပေးစေချင်ပါတယ်” လို့ မိစန္ဒီက ပြောပါတယ်။

မိစန္ဒီရဲ့စီးရီးကဇွန်လထဲမှာ ထွက်ရှိတာဖြစ်ပြီး တိုက်တိုက် ဆိုင်ဆိုင် ပေါ်ပြူလာဂျာနယ်ရဲ့ ၁၇ နှစ်ပြည့်တဲ့ ဇွန်လနဲ့လည်း တိုက်ဆိုင်နေတာမို့ “ဟိုးငယ်ငယ်ကတည်းက အားပေးခဲ့ရတဲ့ ဂျာနယ်ပါ။ ပေါ်ပြူလာဆိုပြီး နာမည်တစ်လုံးကိုလည်းထိန်းသိမ်း ထားတဲ့အတွက်လည်း တအားဂုဏ်ယူပါတယ်။ ပြီးတော့ မိစန္ဒီတို့ အနုပညာသတင်းတွေကို ပရိသတ်တွေကြားထဲကိုလည်း ပထမဆုံးပေးနိုင်တယ်။ မိစန္ဒီတို့ကိုလည်း အများ ကြီးကူညီပေးနိုင်တဲ့ ဂျာနယ်ဖြစ်တယ်။ ပေါ်ပြူလာနဲ့လက်တွဲပြီး အလုပ်တွေ လုပ်ရတာ လည်း ပျော်ပါ တယ်။ ဒီဂျာနယ်ကြီးနှစ်ပေါင်းများစွာ တိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ဆုတောင်း စကား ပြောကြားပေးခဲ့ပါတယ်။


ရဲရဲ
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...