SAMSUNG NOTE 2 လေး Product name ပျောက်သွားတဲ့ ပြစ်ချက်ကို ဖြေရှင်းနည်း

ဒီနေ့ တော့ SAMSUNG NOTE 2 လေး Product name ပျောက်သွားတဲ့ ပြစ်ချက်ကို ဖြေရှင်းနည်းလေး ရေးပေးလိုက်ပါတယ်။ အထွေအထူးတော့ မဟုတ်ပါဘူး၊ emmc ဖြုတ်လဲ လိုက်တာပါ။



ဒီနေရာမှာ emmc ဖြုတ်ရင် သတိထားရမယ့် အချက်လေးတွေ နဲနဲပြောပြချင်လို့ ပါ။ emmc မှာ ကျွန်တော် သိသလောက် နှစ်မျိုးပဲတွေ့ ဘူးသေးတယ်။ 153 ball နဲ့ 169 ball တွေပါ၊ တစ်ခြားဟာတွေလဲ ရှိရင်လဲရှိမှာပါ။






KE4CN2H5C 4GB 153 4.5 11.5 x 13 x 1.0 I-temp

KE4CN3H5C 8GB 153 4.5 11.5 x 13 x 1.0 I-temp

KE4CN3K6C 8GB 169 4.5 12 x 16 x 1.0 I-temp

KE4CN4K6C 16GB 169 4.5 12 x 16 x 1.0 I-temp

KE4CN5B6C 32GB 169 4.5 12 x 16 x 1.2 I-temp

KE4CN6C6C 64GB 169 4.5 12 x 16 x 1.4 I-temp

SAMSUNG တွေမှာ emmc ခွါရင်သူ့ ဘေးနားမှာရှိတဲ့ CPU ၇ယ် BASE BAND ရယ် ရှိပါတယ်၊ ဒီကောင် လေးတွေကို အပူများများ မထိအောင် ၀ါဂွမ်းကို သင်နာဆွတ်ပြီး အုပ်ပေးထားရပါတယ်။ ပုံမှာပြထားတာ ကတော့ note 2 ရဲ့ ပုံလေးပါ။



Air gun ကိုတော့ တစ်ခုနဲ့ တစ်ခု အပူခြင်း မတူလို့ ကိုယ့် မှာရှိတဲ့ air gun ရဲ့ အပူကို ခဲပျော်မှတ် သိ အောင်လေ့လာ ပါလို့ ပဲပြော ချင်ပါတယ်။ emmc ကို မဖြုတ်ခင် သူ့ ရဲ့ဘေးမှာရှိတဲ့ ချိတ် ကော်တွေကို အရင်ရှင်းထား သင့်ပါတယ်။ ချိတ်ပျော်ဆေးရည်လဲ ၀ယ်လို့ ရပါတယ်၊ ပိုကောင်းတာက ဆိုင်းဘုတ်စာလုံး ရေးတဲ့သူတွေ သုံးတဲ့ ကော်ရည်တစ်မျိုး (ကလိုဖောင်း)လို့ ခေါ်ပါတယ်။ အဲဒီဆေးရည်ကို ဂွမ်းနဲ့ ဆွတ်ပြီး

ဆယ်မိနှစ်လောက် အုံပေးထားလိုက်ရင် ချိတ်တွေ အလွယ်တကူ ဖယ်ရှားနိင်ပါတယ်။ အိုင်စီကိုခွါရင် စိတ်လောလို့ မရပါဘူး၊ ခဲအသေချာပျော်အောင် အပူပေးပြီးမှ ဖြေးဖြေးချင်းခွါပါ။ အိုင်စီ ကွာသွားရင် တစ်ချို့  pin လေးတွေ ပြုတ်သွားတာတွေ့ ရပါမယ်၊ စိတ်မပူပါနဲ့  ပြုတ်သွားတဲ့ ကောင်လေးတွေဟာ nc pin လို့ ခေါ်တဲ့ မသုံးတဲ့ pin လေးတွေပါ ဒီပုံလေးကိုေ လ့လာကြည့်ပါ။





ဒီပုံလေးတွေမှာ အ၀ါရောင်လေးတွေက working pin လို့  ခေါ်ပါတယ်၊ ပြုတ်လို့ မဖြစ်ပါဘူး အနီရောင် လေးတွေက ground pin လေးတွေပါ။ တစ်ချို့ တစ်ဝက် ဖြုတ်လို့ ရပါတယ်။ Samsung emmc က 26000 ပေးရပါတယ်။ တစ်ချို့  Emmc တွေဆိုရင် 35000 လောက် ပေး၇ပါတယ်။ Emmc ကို ဖြုတ်တာ ရော တတ်တာပါ၊ လေ့ကျင့်မယ်ဆို ဆယ်ရက်လောက် ကြိုးစားပြီး လေ့ကျင့်မယ်ဆိုရင် အဆင်ပြေနိင် ပါတယ်။ ကျွန်တော်ဆို အရင်က emmc ဆိုတာ ဘာမှန်းတောင် မသိပါဘူး။ ခုနောက်ပိုင်း Samsung နဲ့  huawei တွေမှာ emmc အဖြစ်များလာတော့၊ မလဲတတ်ရင်မဖြစ်တဲ့ အနေအထားမျိုး ရောက်လာလို့ ကြီုး စားပြီး လေ့ကျင့်ရတာပါ။ ညီလေးတို့ ဆို ပိုလွယ်မှာပါ။ တကယ်တန်း ပညာပါတာက ဖြုတ်ထားတဲ့ emmc ကို ball ပြန်ဖော်ပေးတဲ့ အလုပ်ပါ။ ခဲသီးလေးတွေ ပြန်ဖော်ဖို့ အတွက် သူ့ အိုင်စီနဲ့ သူ ကိုက်အောင် အပေါက်လေးတွေ ဖောက်ထားတဲ့ သံပြားလေးတွေ ၀ယ်လို့ ရပါတယ် သုံးလေးမျိုးလောက် ၀ယ်ထားရ ပါမယ်။ အဲဒါကတော့ စာနဲ့ ရေးပြီးပြောလဲ သိပ်အဆင်မပြေဘူးဗျ၊ လက်တွေ့ လုပ်ကြည့်မှ ပဲရတာ အရမ်း ကို အရေးကြီးပါတယ်။ ဥပမာဗျာ၊ emmc တစ်လုံး အသစ်ဝယ်ပြီး တတ်ကြည့်တယ်၊ တစ်ခါထဲ အောင် ရင်တော့ မလိုဘူးပေါ့၊ မရခဲ့ရင် ပြန်ဖြုတ်ပြီး ပြန်တတ်လို့ ရပါသေးတယ်၊ ခဲတာ့ဖော်ပေးမှ ရတာပါ။

သုံးလေး ခေါက်လောက်တော့ ဖြုတ်လဲလို့ ရပါတယ်။ လက်အချိန်အဆလေး မှန်သွားရင်တော့ တစ်ခေါက် ထဲနဲ့ အဆင်ပြေပါတယ်။ ညီလေးတို့ ကို အကြံပေးချင်တာက ဖုန်းတိုင်းလဲပြင်လို့  မကောင်းနိင်သလို ပညာတိုင်းလဲ သင်လို့ တတ်နိင်ပါဘူး။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု အသက်အရွယ်၊ ပါရမှီအခံရှိမှု၊ပံ့ပိုးပေး တဲ့ ဆရာသမား အထောက်အကူရှိမှု၊ ဒီအကြောင်းတွေပေါ်မှာ အများကြီး ဆက်စပ်နေပါတယ် အကိုဆို ရငိ အသက်ကြီးမှ ဒီပညာတွေ လေ့လာနေရတဲ့အတွက် ညီလေးတို့ ထက် အများကြီး အခက်အခဲရှိ ပါ တယ်၊ မျက်စိလဲမကောင်းဘူး၊ မှတ်ဥာဏ်လဲ မကောင်းတော့ဘူး ဒီလိုအခြေအနေမျိုးမှာတောင် ကြိုးစား ရင်ဖြစ်သေးတာ ညီလေးတို့ သာ ကြိုးစားပြီး လုပ်မယ်ဆို အကို့ ထက် အများကြီး ပိုတော်သွားမှာပါ။

အားလုံးပဲကြိုးစားကြပါ။

ပုံလေးတွေနဲ့  ကိုက်ညီအောင် pdf လေး လုပ်ပေးထားပါတယ်။-


ဒီမှာယူလိုက်ပါ...


Credit;Ko Aung

BEGINNING OF MOBILE HARDWARE AND SOFTWARE
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...