Posts

Showing posts from September, 2014

အမျိုးသားတစ်ဦး ရေချိုးမယ်ဆိုပြီး အတွင်းခံမပါဘဲ ထိုင်ခုံပေါ် တက်ထိုင်စဉ် (++) ဥ’’ ညှစ်ကာ အရေးပေါ် (၁၁၉) ခေါ်လိုက်ရ

Image
ထိုင်ဝမ်တွင် အသက်( ၆၅ )နှစ် ဦးလေးကြီး တစ် ယောက် ရေချိုးမယ် ဆိုပြီး အတွင်းခံ မပါဘဲ ယခုကဲ့သို့  ဓါတ်ပုံအတိုင်း ပလတ်စတစ် ထိုင်ခုံပေါ် ခဏထိုင်လိုက် ၍ (ဥ)ဟိုဒင်း တစ်လုံးက ခုံအပေါက်ထဲ ဝင်ပြီး ခံနေလို့ ၁၁၉ ခေါ်ရလိုက်ရကြောင်း တရုတ်သတင်း စာမျက်နှာ တစ်ခုတွင် ဖော်ပြထားသည်။ ယခုပုံပါ ဓါတ်ပုံသည် ပလတ်စတစ် ရောင်းစုံ ကုလား ထိုင်ဖြစ်ပြီး တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ် ပါရှိသော ကုလားထိုင် ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ထိုင်ဝမ်အဖိုးကြီးသည် ကုလားထိုင်ပေါ်တွင် ရုတ်တစ်ရက် တက်ထိုင်လိုက်စဉ် ဥ အပေါက်ကြားသို့  ၀င်သွားခဲ့ပြီး ပြန်နှုတ်ရန် ခက်ခဲ့သဖြင့် ယခုကဲ့သို့  အရေးပေါ် ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ထိုနောက် အရေးပေါ် ကားရောက်ရှိပြီး အဖိုးကြီးအား အမြန်ဆုံး အသက်ကို ကယ်တင်လိုက်ရသည်။ ယခုကဲ့သို့ ဖြစ်စဉ်မှ မကြာခဏဖြစ်ပွား ခဲ့သော်လည်း ’’ဥ’’ ကဲ့သို့ အပေါက်အတွင်းသို့ ဝင်ရောက်ဖို့  သည် အလွန်တရာမှ ရှားပါးကြောင်းနဲ့ သတိမမူဘဲ ရုတ်တစ်ရက် တက်ထိုင်စဉ် ဥ သည်အထဲသို့  ၀င်ရောက်ပြီး ညှပ်နေတာဖြစ်ကြောင်း အရေးပေါ် ကယ်ဆယ်သူ တစ်ဦးမှ မှတ်ချက်ပေးသည်။ ရွှေမြန်မာမီဒီယာ မူရင်းလင့် --------------------------------------  ကိုမျိုး(သုတစွယ်စုံ)

Shipyard vs Construction (အပိုင်း-၂)

Image
archive.wired.com အပိုင်း (၁) မှာ Keppel Shipyard ရဲ့ Take-5 လို့ ခေါ်တဲ့ Safe Work Procedure ကို အကျဉ်းသဘော ရှင်းပြခဲ့ပါတယ်။ အဲဒီ Safe Work Procedure ကို အကောင် အထည်ဖေါ်ဖို့ Safe Work Method ဆိုတာကို နည်းနည်းလောက် ပြောပြ ပါရစေဦး။ သဘော ကတော့ ကလေး တစ်ယောက်ကို လိမ်မာ ပါလို့ ပြောရုံနဲ့ မပြီးပါဘူး။ လိမ်မာတယ် ဆိုတာဘာ လဲ…. ဘယ်လို နေတာ ထိုင်တာကို လိမ်မာတယ် ခေါ်သလဲ ဆိုတာကိုပါ ရှင်းပြမှသာ ထိရောက်မှာ ဖြစ်ပါတယ်။ ဟော်တယ် လုပ်ငန်းမှာဆိုရင် Hygiene & Sanitation ဆိုပြီး ရှိသလိုပါပဲ။ သန့်ရှင်းခြင်းနဲ့ သန့်ရှင်းအောင် ပြုလုပ်ခြင်းပေါ့။ အခုလည်း ဒီလိုပါပဲ။ Safe ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ… ဒီအတွက် ဘယ်လို စံနစ်တွေနဲ့ ထိန်းချုပ်ထားသလဲ…. ကြည့်ရအောင်ပါ။ ပထမအချက်အနေနဲ့ Shipyard မှာ ဘာအလုပ် လုပ် လုပ်၊ ခွင့်ပြုမိန့် (Permit) လျှောက်ရပါတယ်။ ဒါကို PTW (Peremit to Work System) လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်္ဘောတစ်စီးမှာ အလုပ် လုပ်နေတဲ့ ကန်ထရိုက်တာတွေ၊ အဖွဲ့တွေက အများကြီး ခင်ဗျ။ တချို့ အလုပ်တွေက အကြောင်းအမျိုးမျိုးကြောင့် သူလုပ်နေရင် ကိုယ်လုပ်လို့ မရ…. ကိုယ်လုပ်နေရင် သူလုပ်လို့ မရတာတွေ ရှိပါတယ်။ ဥပမာအားဖြင်

မှိုင်းမိ နှုတ်ကျိုးနေတာများရဲ့ နောက်ကွယ်မှာ

Image
မြန်မာစာ မြန်မာစကား ချွတ်ခြုံကျနေတဲ့ ကာလကြီးမှာ ဒါကို ပြောရင် ပြောတဲ့သူက ရူးရာကျပါ လိမ့်မယ်။ ဒါပေမယ့် မပြောဘဲလည်း မနေနိုင်လို့ ရူးကြောင် မူးကြောင်နဲ့ ထပြော လိုက်ပါတယ်။ စကားလုံးတွေရဲ့ အလျားအတာကို တွက်ဆသင့်တဲ့ အကြောင်းပါ။ အဖွဲ့အစည်းတွေ၊ အများနဲ့ ပတ်သက်ပြီး ကောင်းရာ မွန်ရာ လုပ်နေ သူတွေက စကားလုံးတွေကို သိပ်ဂရုစိုက် ကြပါတယ်။ အထင်ရှားဆုံးက ပြည့်တန်ဆာဆိုတဲ့ အသုံးအနှုန်းကိုပါ။ ဖာ၊ ဖာသည် အစရှိသဖြင့်လည်း အနက်ဖွင့်နိုင်တဲ့ prostitute ဆိုတဲ့ စကားလုံးကို အစောပိုင်းမှာ Commercial Sex Worker (အတိုကောက် CSW) လို့ ခေါ်ခဲ့ကြပါတယ်။ စီးပွားဖြစ် လိင်လုပ်သားပေါ့။ သို့သော် အင်္ဂလိပ်စကားမှာ အဲဒီ့ စီးပွားဖြစ်ဆိုတဲ့ ဝေါဟာရက ရိုင်းတဲ့ အနက်နဲ့လည်း သုံးပါတယ်။ သိပ်စီးပွားရေးဆန်တာပဲ၊ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစားဆိုတဲ့ သဘောဘက် နွယ်နေတတ်တယ်။ ဒါ့ကြောင့် အခုနောက်ပိုင်းမှာ စီးပွားဖြစ်ကို ဖြုတ်လိုက်ကြပြီး လိင်လုပ်သား (Sex Worker) လို့ ပြောင်းလဲ ခေါ်ဝေါ် သုံးနှုန်းလာကြပါတယ်။ နောက်ထပ် ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ အိပ်(ခ်ျ)အိုင်ဗှီ ပိုးရှိသူများပါပဲ။ အိပ်(ခ်ျ)အိုင်ဗှီ ပိုးရှိသူ (HIV-positive people) လို့ အရင်က ခေါ်ခဲ့ကြပေမ

ကန်ဒေါ်လာ ငါးသောင်း တန်ဖိုးရှိ MBA ပညာသင်ဆု ၃ ဆုပေးအပ်မည်

Image
အမေရိကန်နိုင်ငံ University of Southern California Marshall School of Business မှ MBA ပရိုဂရမ် အတွက် အမေရိကန် ဒေါ်လာ ငါးသောင်း တန်ဖိုးရှိ ပညာသင်ဆု ၃ ဆုကိုပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာသင်ဆုကို ၂၀၁၅ ခုနှစ် ပညာသင်နှစ် အတွက် မြန်မာနိုင်ငံရှိ စီးပွားရေး နယ်ပယ် အသီးသီးတွင် အလယ်အလယ် ရာထူးအဆင့်ဖြင့် လုပ်ကိုင်လျက် ရှိသူများအား ပေးအပ် သွားမည်ဖြစ်သည်။ ပညာသင်ဆုရရှိသူများသည် IBEAR MBA ပရိုဂရမ်ကို USC Marshall School of Business တွင် တစ်နှစ်ကြာ ပညာသင်ယူ ရမည် ဖြစ်သည်။ ပညာသင်ဆုနှင့် ပတ်သက်၍ အသေးစိတ်ကို အောက်တိုဘာ ၁၅ ရက်၊ နေ့လည် ၃ နာရီတွင် ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ရှင်းလင်းပြောကြား သွားမည်ဖြစ်ပြီး အခမ်းအနားတွင် USC တွင်လက်ရှိပညာသင်ကြားလျက်ရှိသောကျောင်းသား ကျောင်းသူများ၊ Alumini များ အပါ အ၀င် ပရိုဂရမ်ဝင်ခွင့်နှင့် အလုပ်အကိုင်အကြံပေးများနှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိမည် ဖြစ်သည်။  ပညာသင်ဆုလျှောက်ထားလိုသူများအနေဖြင့် အခမ်းအနားကို တက်ရောက်ရန် http://www.marshall.usc.edu/ibear/admissions/events တွင် အခမဲ့ စာရင်းပေး သွင်းနိုင်မည်ဖြစ်ပြီး IBEAR Associate Director of Outreach Pankaj Bhushan အ

ကနေဒါနိုင်ငံသား တဦးက တရုတ်ကျောင်းသား တဦးကို သတ်ပြီး စာတိုက်ကနေပို့

Image
လူကာ မဂ်နော့တာ (ဓာတ်ပုံ – အေအက်ဖ်ပီ)  ကနေဒါနိုင်ငံသား တဦးဟာ တရုတ်ကျောင်းသား တဦးကို သတ်ဖြတ် အပိုင်းပိုင်း ခုတ်ထစ်ပြီး သူ့ကိုယ် ခန္ဓာ အစိတ်အပိုင်းတွေကို စာတိုက်ကနေ ကနေဒါ နိုင်ငံရေး ပါတီတွေနဲ့ ကျောင်းတွေဆီကို ပေးပို့ခဲ့ ကြောင်း စက်တင်ဘာ ၂၉ ရက်နေ့က တရားရုံးမှာ ဝန်ခံ လိုက်ပါတယ်။ ဒါပေမယ့် သူ့ရှေ့နေကတော့ အမှုသည်ဟာ စိတ် ဝေဒနာတမျိုးကို ခံစားနေရလို့ ရာဇဝတ်မှု အတွက် တာဝန် မရှိဘူးလို့ ခုခံလျှောက်လဲ ခဲ့ပါတယ်။ အစိုးရ ရှေ့နေကတော့ အသက် ၃၂ နှစ်အရွယ် ကနေဒါနိုင်ငံသား လူကာ မဂ်နော့တာဟာ တရုတ် ကျောင်းသား ဂျွန်လင်ကို မွန်ထရီရယ်မြို့မှာ မသတ်ခင် အနည်းဆုံး ၆ လလောက်က လူသတ်ဖို့ စတင်စီစဉ်ခဲ့ပြီး စီစဉ်ပုံကိုပါ ရုပ်ရှင်မှတ်တမ်း လုပ်ထားခဲ့ကြောင်း သက်သေတွေက ပြနေတယ်လို့ ပြောပါတယ်။ မက်ဂ်နော့တာကိုဖမ်းဖို့ နိုင်ငံတကာက ရှာနေချိန်မှာ ပြည့်စုံတဲ့ အသေးစိတ် ရှင်းပြချက်တွေကို လူသိရှင်ကြား ဖွင့်ချ ခဲ့ဖူးပါတယ်။ မက်ဂ်နော့တာကို ပထမအဆင့် လူသတ်မှု၊ လူ့ခန္ဓာကိုယ်ကို ဂုဏ်သိက္ခာမဲ့အောင် မဖွယ်မ ရာလုပ်မှုနဲ့ မဖွယ်မရာ ရုပ်သံကို ထုတ်လွှင့်မှုတွေနဲ့ တရားစွဲထားပါတယ်။ ဒီအမှုဟာ ကမ္ဘာတလွှား ခေါင်းကြီးပိုင်း သတင်း

ကင်မရာရှေ့မှာ ကစားရင်း ၁ နှစ်ကို ဒေါ်လာ ၁ သန်းကျော် ရရှိတဲ့ အသက် ၈ နှစ်ရွယ် ကလေး

Image
အသက် (၈)နှစ်အရွယ် Evan ဆိုတဲ့ ကလေးငယ်ဟာ ဗွီဒီယိုကင်မရာရှေ့မှာ အခြားကလေးများနည်းတူး အရုပ်တွေနဲ့ ကစားပြရင်း တနှစ်ကို ဒေါ်လာ ၁.၃ သန်း ၀င်ငွေရရှိတာ ဖြစ်ပါတယ်... ဒီအစီအစဉ်ကို သူ့ရဲ့ YouTube Channel တခုဖြစ်တဲ့ EvanTubeHD မှာ တင်ဆက်နေပြီး ပုံမှန်ကြည့်ရှုသူဦးရေ သန်းနဲ့ချီ ရှိပါတယ်...။  ref;odditycentral --------------------------------------  ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

Lenovo N20p Chromebook Review

Image
Lenovo N20p Chromebook Specification  Processor Name Intel Celeron N2830  Processor Speed 2.16 GHz  Google Chrome OS  RAM: 2 GB  Weight: 2.86 lb  11.6 inches Touchscreen, 1366 x 768  Intel HD Graphics Card  16 GB Storage  Networking Options: 802.11ac (2.4+5.0 GHz Dual-band)  Primary Optical Drive: External  Battery Type: 34.8 Whr (Watt hours)  Battery Rundown - Standard Battery: 6:13 hrs:min ref;xcitefun --------------------------------------  ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

Panasonic Lumix DMC-FZ1000 Digital Camera Review

Image
Panasonic Lumix DMC-FZ1000 Digital Camera Specification  Dimensions: 3.9 x 5.4 x 5.1 inches  Weight: 1.8 lb  Type: Superzoom  Megapixels: 20 MP  Sensor Type: CMOS  Sensor Size: 1" (13.2 x 8.8mm) mm  Media Format: Secure Digital, Secure Digital High Capacity, Secure  Digital Extended Capacity  Battery Type Supported: Lithium Ion  Maximum ISO: 25600  35-mm Equivalent (Wide): 25 mm  35-mm Equivalent (Telephoto): 400 mm  Optical Zoom: 16 x  Image Stabilization: Optical  Inches Screen with 921,600 Dots  Video Resolution: 720p, 1080p, 480p, 4K  Interface Ports: Proprietary, micro HDMI, Mic, Remote ref;xcitefun -------------------------------------  ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

Huawei Ascend G6 Firmware

Image
Huawei Ascend G6-U00  Huawei Ascend G6-U00 V100R001CHNC17B193 China  Download Huawei Ascend G6-U00 V100R001CHNC17B192 China  Download Huawei Ascend G6-U00 V100R001C541B122 Myanmar  Download Huawei Ascend G6-U10  Huawei Ascend G6-U10 V100R001C900B117 CUSTC428D001 India Thailand Hong Kong Bangladesh Sri Lanka VietNam  Download Huawei Ascend G6-C00  Huawei Ascend G6-C00 V100R001CHNC92B193 China  Download Huawei Ascend G6-C00 V100R001CHNC92B192 China  Download Good Luck..! --------------------------------------  ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

Huawei Ascend G750 (Huawei Honor 3X)

Image
Huawei Ascend G750-U10  Huawei Ascend G750-U10 V100R001C00B115 CUSTC428D001 India Thailand Viet Nam (SD Update)  Download Huawei Ascend G750-U10 V100R001C00B114 CUSTC470D001 Malaysia (SD Update)  Download Huawei Ascend G750-T00  Huawei Ascend G750-T00 V100R001CHNC00B148 China (SD Update)  Download Huawei Ascend G750-T00 V100R001CHNC00B148 China (FlashTool Update)  Download Good Luck..! --------------------------------------  ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

Huawei Honor 3C Firmware

Image
Huawei Honor 3C (H30-U10)  Huawei Honor 3C H30-U10 V100R001CHNC00B117 China  Download Huawei Honor 3C H30-U10 V100R001CHNC00B110 China  Download Huawei Honor 3C H30-U10 V100R001C149B101 CUSTBLRC149D001 Belarus Life (SD Update) Download Huawei Honor 3C H30-U10 V100R001C149B101 CUSTBLRC149D001 Belarus Life (FlashTool Update) Download Good Luck..! --------------------------------------  ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

မှဲ့နဲ့ဆက်စပ် ဖြစ်တတ်တဲ့ အရေပြားကင်ဆာ

Image
သရုပ်ဖော်ပုံ အာကာ အရေပြား ဆိုတာဟာလည်း ၃၂ ကောဋ္ဌာသဝင် အင်္ဂါ အစိတ်အပိုင်း တခုပါပဲ။ ခန္ဓာကိုယ်ရဲ့ ဖြစ်ခြင်း ပျက်ခြင်း သဘောတွေကို သညာအရ သိပေမယ့် အရေပြား တထောက် အလှအပကို မက်မော ကြတာ လည်း ရှိကြသပေါ့။ ဒါပေမယ့်လည်း ရှောင်လွှဲမရတဲ့ ဗျာဓိ သဘော အတိုင်း အင်္ဂါ အစိတ်အပိုင်းတိုင်းက ကင်ဆာဆိုတာနဲ့ မကင်းလေ တော့ အရေပြားမှာလည်း ကင်ဆာ ဖြစ်တတ်ပါတယ်။ ဖြစ်တာမှ အမျိုးအစားတွေ ကွဲပြားပြီး အမျိုးအမည်တွေ အများကြီး ရှိတတ်ပါတယ်။ အဲဒီထဲကမှ Melanoma လို့ခေါ်တဲ့ အရေပြား ကင်ဆာ ကတော့ အဆိုးရွားဆုံးအဖြစ် လူကို ဒုက္ခပေးပါတယ်။ ဒီရောဂါက အသား အရောင်ကို ဖြစ်ပေါ်စေတဲ့ Melanin ဆိုတဲ့ အရောင်ထုတ်ပေးတဲ့ အရေပြားဆဲလ် တွေမှာ ကင်ဆာဖြစ်လာ တာမျိုး ပါ။ အရေပြားတင်မက မျက်လုံး နဲ့ အူတွေမှာပါ တွေ့ရတတ် ပါသေးတယ်။ အဖြစ်များတာကတော့ လူတွေကို ဆွဲဆောင်နိုင်တဲ့ မှဲ့တွေကနေ ပြောင်းလဲ ပြီး ဖြစ်တာပါ။ ဒါကြောင့် မှဲ့လေးတွေက သာယာချင့် စဖွယ်ဖြစ်သလို အန္တရာယ် လွယ်ထားရသလိုပဲ ဆိုတဲ့ အသိလေး လည်း ရှိကြစေချင် ပါတယ်။ ဒီ ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်း အတိအကျကို ပြောရခက်ပေမယ့် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု များတာက ဖြစ်နိုင်ခြေ အများဆုံးလို့ ယူဆကြပါတယ်။ နေရောင်ခြည်ထဲက သာမက လိမ္မော်ဝါ

MPT ဆင်းမ်ကတ် ၁၀ သိန်းကို အောက်တိုဘာလ၌ ဈေးကွက်အတွင်း ထပ်မံဖြန့်ချိမည်

Image
ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက် အတွင်းသို့ လာမည့် အောက်တိုဘာ လ အတွင်း၌ ဆင်းမ်ကတ် အရေအတွက် ဆယ်သိန်းထပ်မံ ရောင်းချ သွားမည် ဖြစ်ကြောင်း MPT မှ သတင်း ရရှိသည်။ ယခုလက်ရှိ အချိန်တွင် MPT ဆင်းမ်ကတ် အသစ်များသည် ဈေးကွက် အတွင်း၌ ၁၅ သိန်း ရောက်ရှိနေပြီဖြစ်ပြီး သုံးစွဲသူ အရေအတွက်မှာ ၇ သိန်းကျော် ရှိနေပြီ ဖြစ်သည်။ MPT ကုမ္ပဏီအနေဖြင့် ယခုလ ၁ ရက်နေ့ မှ စတင်၍ ၎င်းတို့၏ အမှတ်တံဆိပ်အသစ် ဆင်းမ်ကတ်များကို ရောင်းချ ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ စက်တင်ဘာ တစ်လလုံးတွင် သုံးစွဲသူပေါင်း ၇ သိန်းကျော် ရှိလာခြင်း ဖြစ်သည်။ ၂၀၁၄ အောက်တိုဘာလတွင် MPT ဆင်းမ်ကတ် အရေအတွက် ဆယ်သိန်းကို ဈေးကွက်အတွင်း ထပ်မံ ချထားပေးချိန်တွင် မှောင်ခို ဈေးကွက်ကို ထိန်းချုပ် သွားမည်ဖြစ်ပြီး ကုမ္ပဏီ၏ သတ်မှတ် ဈေးနှုန်း ထက် ပိုမိုရောင်းချသည့် အရောင်းဆိုင်များ ရှိပါက ဆင်းမ်ကတ်ခွဲတမ်း ချပေးခြင်းမှ ရပ်ဆိုင်းမည်ဖြစ်ကြောင်းလည်း အဆိုပါ ကုမ္ပဏီထံမှ သတင်း ရရှိသည်။ ယခင်အစိုးရဌာန အဖြစ်မှပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ပုဂ္ဂလိကအဖြစ် လုပ်ကိုင်လာသည့် MPT ဆက် သွယ်ရေး ကုမ္ပဏီသည် ဈေးကွက်အတွင်း၌ အမှတ်တံဆိပ်အသစ် ဆင်းမ်ကတ်များကို ယခင်မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အမည်ဖြ

Heart Cancer နှလုံးကင်ဆာ ဘာလို့ မဖြစ်တာလဲ

Image
လူ့နှလုံးဆိုတာ အသက်ရှင် ဘို့ရာအတွက် မရှိမဖြစ်ဆုံး အင်္ဂါအစိတ် အပိုင်းဖြစ်တယ်။ လူ့အသက်ကို သေစေနိုင်တဲ့ ကင်ဆာရောဂါ နှလုံးမှာ မဖြစ်ပါ။ ဘာလို့ပါလဲ။ ကင်ဆာဖြစ်လာ တယ်ဆိုတာ ပုံမှန် 'ဆဲလ်' တွေကနေ ပုံမှန် မဟုတ်ဘဲ 'ဆဲလ်' ပွါးတာနဲ့ မူမမှန် 'ဆဲလ်' တွေဖြစ်လာ တာပါ။ နှလုံးမှာ အဓိက ကြွက်သား 'ဆဲလ်' တွေသာ ရှိတယ်။ ကြွက်သား 'ဆဲလ်' တွေက လူကောင်ကြီးရင် ကြီးသလို ရှည်ပြီး ကြီးလာတယ်။ ဒါပေမဲ့ နှလုံး 'ဆဲလ်' တွေဟာ သန္ဓေသား ဘဝမှာသာ 'ဆဲလ်' ကွဲတာ၊ 'ဆဲလ်' ပွါးများတာ ဖြစ်နိုင်ပြီး မွေးလာတဲ့နောက်မှာ အဲဒီဖြစ်စဉ်က အဆုံးသတ် သွားပါပြီ။ အဲလိုမဖြစ်လို့ ကင်ဆာ မဖြစ်နိုင်တာပါ။ ကံမကောင်းတာက အဲလိုဖြစ်နေလို့ နှလုံး 'အတက်ခ်' ရတဲ့အခါ သွေးမရလို့ သေသွားတဲ့ နှလုံး 'ဆဲလ်' တွေနေရာ မှာ 'ဆဲလ်' အသစ်တွေ ပြန်မပေါက်နိုင်လို့ ဒုက္ခရောက် ကြရပါတယ်။ ပြီးခဲ့တဲ့နှစ်က ကင်ဆာရောဂါ ဘယ်နေရာတွေမှာ အများဆုံးဖြစ်ပွါးခဲ့သလဲ။ အမျိုးသမီး ရင်သားကင်ဆာ = ၂၃၅,ဝ၃ဝ အမျိုးသား ဆီးကျိတ်ကင်ဆာ =၂၃၃,ဝဝဝ အဆုပ်ကင်ဆာ = ၂၂၄,၂၁ဝ အူမကြီးကင်ဆာ = ၉၆,၈၃ဝ အရေပြားကင်ဆာ =၈၁,၂၂ဝ ဦးနှောက်က

ခေါင်းနှစ်လုံး ပါတဲ့ လိပ်ကလေး

Image
အေသင်အောင် အင်္ဂလန်နိုင်ငံ၊ မိန်းမြို့ မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦး ဟာ လမ်းဖြတ်ကူးစဉ်မှာ ထူးခြားတဲ့ အရာတစ်ခုကို မြင်တွေ့ခဲ့ပါ တယ်။ တာလ်ဘော့ အမည်ရ အဲဒီအမျိုး သမီးဟာ လိပ်တစ်ကောင် ကားလမ်းမပေါ်မှာ သွားလာ နေတာကို ထူးထူးခြားခြား မြင်တွေ့ခဲ့ရခြင်း ဖြစ်ပါ တယ်။ အဲဒီ လိပ်ကလေးဟာ ဦးခေါင်းနှစ်လုံး ပါဝင်နေ တာမို့ တာလ်ဘော့ဟာ နေအိမ်ကို ယူဆောင်ပြီး မွေးမြူခဲ့ပါတယ်။ တာလ်ဘော့က ကျွန်မလမ်းဖြတ်ကူးစဉ်မှာ နှစ်ပေလောက် အကွာမှာ ဒီလိပ်ကလေးကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါ တယ်။ ကျွန်မစိတ် ထဲမှာ ထူးခြားတဲ့ အကောင်တစ်ကောင်လို့ ထင်ခဲ့တာပါ။ ကျွန်မအနေနဲ့ ခေါင်းနှစ်လုံးပါတဲ့ လိပ် ဖြစ်လိမ့်မယ်လို့ မယုံကြည်ခဲ့ပါဘူး။ ဒါကြောင့် နေအိမ်ကို ယူဆောင်ပြီး ဆေးကြော သန့်စင်မှုတွေ ပြုလုပ်တဲ့အခါ ခေါင်းနှစ်လုံးပါတဲ့ လိပ် ဖြစ်နေတာကို တွေ့ခဲ့ရတာပါ လို့ ပြောကြားသွားခဲ့ ပါတယ်။ ဒီလိပ်ကလေး ကို ဖရန့်နဲ့ စတိန်းလို့ အမည်ပေးထား ပါတယ်။ တာလ်ဘော့ဟာ ဒီလိပ်ကို မွေးမြူဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ၀ယ်ယူခဲ့ ပါတယ်။ ဒီနောက် လိပ်ကို ကျွေးမွေးဖို့ အစားအစာတွေ ရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိပ်ကို လူတွေ စားသုံ

အဝေးသင် ဘာသာရပ် သင်ခန်းစာများကို Sky Net Edu Channel မှ ထုတ်လွှင့်မည်

Image
အဝေးသင် ဘာသာရပ် သင်ခန်းစာများကို Sky Net Edu Channel မှနေ့စဉ် တစ်နာရီစာ ထုတ်လွှင့်မှု များ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ အဝေးသင် ကျောင်းသားများ အဝေးသင် သင်ခန်းစာ များကို လေ့လာရန် မြန်မာအသံနှင့် ရုပ်မြင်သံကြား မှနေ့စဉ် ညနေ ၄ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၄၅ မိနစ် အထိ ထုတ်လွှင့်ပေးလျက်ရှိရာ ကျောင်း သားများ လေ့လာသည့် အချိန် ပိုမိုရရှိစေရန် ရည်ရွယ်၍ Sky-Net ရုပ်သံ၏ ကူညီပံ့ပိုးမှုဖြင့် သင်ခန်းစာ ထုတ်လွှင့် ချက် များကို နေ့စဉ်တစ်နာရီစာ ထုတ်လွှင့်တော့ မည်ဖြစ်ကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ်မှ သိရသည်။ “ဒီလိုထုတ်လွှင့်ဖို့ ဆရာတို့ဘက်ကနေ ရိုက်ကူးပြီးသား သင်ခန်းစာ ထုတ်လွှင့်ချက်တွေကိုပဲ ပေးပို့ရ တယ်။ ကျန်တာကို Sky-Net ရုပ်သံကပဲ ကူညီပံ့ပိုးပေးတာပါ” ဟု ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှတင့်က ပြောသည်။ အဝေးသင်ဘာသာရပ်သင်ခန်းစာများကို Sky-Net Edu Channel မှနေ့စဉ် နံနက် ၁၁ နာရီမှ ၁၂ နာရီ အထိ ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး တစ်နေ့တာအစီအစဉ်များဖြစ်သည့် တူဒေးပရိုဂရမ်တွင် ထုတ် လွှင့်မည့် ဘာသာရပ် အကြောင်းအရာကို ကြည့်ရှုနိုင်ကြောင်း သိရသည်။ အဝေးသင်ကျောင်းသားများ သင်ခန်းစာများကို လေ့လာရန်အတွက် ကျောင်းအပ်ချိန်တွ

အမျိုးသမီးအချို့ ငရုတ်ရည် ဖျန်းဆေးဘူးများ ဆောင်လာ

Image
ဆယ်ကျော်သက် စုံတွဲ အချင်းချင်း ဓားထိုး အကြမ်းဖက်မှုများ ဖြစ်ပေါ် နေ၍ အမျိုးသမီးအချို့သည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့် ငရုတ်ရည် ဖျန်းဆေးဘူး ငယ်လေးများ ဆောင်လာကြ သည်ဟု သတင်း ရရှိသည်။ အဆိုပါဘူးမှာ စပရေးပုံစံ ထုတ်လုပ် ထားခြင်းဖြစ်ပြီး ရန်မူ တိုက်ခိုက်ခံ ရပါက မျက်လုံးကို ပက်ဖျန်းလိုက်ရုံဖြင့် တစ်နာရီကျော်ကြာ မျက်လုံး ဖွင့်နိုင် မည်မဟုတ်ဘဲ ထွက်ပြေး လွတ်မြောက်နိုင်ကြောင်း အဆိုပါ ဖျန်းဆေး စပရေးဘူး ဆောင်ထားသူ Laurel Art အနုပညာ သင်တန်း ကျောင်းမှ ကျောင်းသူ အေးမြမြင့်မိုရ်က ပြောသည်။ အဆိုပါဘူးများကို ယခုလအတွင်း စတင်ရောင်းချ လာပြီဖြစ်ရာ အမျိုးသမီး တစ်ထောင်ကျော် စတင်စမ်းသပ် သုံးစွဲနေပြီဟု ဂိတ်သရပါကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးကောင်းကျော်က ပြောသည်။ ‘‘ငရုတ်သီးအစစ်နဲ့ လုပ်ထားတာ။ တိုက်ခိုက်လာတဲ့ အမျိုးသားရဲ့ မျက်နှာ ဧရိယာကို ဖျန်းပစ်ရမယ်။ အသက်ရှူ လမ်းကြောင်းထိရင် ချောင်းဆိုမယ်၊ နှာချေမယ်၊ မျက်စိထိရင် မျက်ရည်ကျမယ်၊ ပူစပ်တယ်။ အမျိုးသမီးအတွက် ထွက်ပြေးဖို့ အချိန်ရမယ်’’ဟု ၎င်း က ရှင်းပြသည်။ တစ်ဘူးလျှင် ၈,၅၀၀ ကျပ် ဖြင့် နေရာအနှံ့တွင် ဝယ်ယူနိုင်ရန် ဈေးကွက်ဖြန့်ဖြူးမှုများ တိုးချဲ့ သွားမည်ဟု ဦးကောင်းကျော်က

နို့တိုက်ခြင်းဖြင့် မိခင်နှင့် ကလေး ကျန်းမာရေး ကောင်းမွန်စေနိုင်

Image
www.peterboroughandstamford.nhs.uk မိခင်နို့ တိုက်ကျွေးခြင်းက ကလေးများ၏ ကျန်းမာရေး ကိုသာ ကောင်းမွန်စေသည် မဟုတ်ဘဲ မိခင် ၏နှလုံး ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် သွေးထဲကို လက်စထရော မြင့်မားမှု အန္တရာယ်များ ကိုပါ လျှော့ချ ပေးနိုင်သည်။ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေး မီးဖွားခြင်းမှာ မီးဖွား ခန်းတွင် အဆုံးသတ်သည့် ကိုးလကြာ ခရီးတစ်ခု သာဖြစ်သည်ဟု ဆရာဝန်များနှင့် မိခင်လောင်းများ ထင်မှတ်နေခြင်းမှာ ကြီးမားသော အမှားတစ်ခု ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ပစ်ဘက်မြို့ရှိ အမျိုးသမီး ကျန်းမာရေး သုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အဲလီနောဘမ်လာ ရှဝပ်စ်က ပြောကြား သည်။ မီးဖွားပြီးနောက်လများမှာလည်း မိခင်နှင့် ကလေးကြား နို့ချိုတိုက်ကျွေးခြင်းဖြင့် ရေရှည်ကျန်းမာရေးအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ချိန်ဖြစ်၍ အလွန်အရေးကြီးကြောင်း ၎င်းက ပြောသည်။ ကလေးများအား မိခင်နို့တိုက်ကျွေးခြင်းမှာ ၎င်းတို့၏ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ဓာတ်မတည့်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်နိုင်သည့် အန္တရာယ်ကို လျှော့ချပေးနိုင်ကြောင်း ဆရာဝန်များ အသိ အမှတ်ပြုထားသည်မှာ ကြာပြီဖြစ်သည်။ ကလေးများကို နို့တိုက်ခြင်းသည် အမျိုးသမီး

ဆံပင်ညှပ် ဆရာတွေ အမြဲပြောလေ့ ရှိတတ်တဲ့ မုသားစကား (၇) မျိုး

Image
သင် ဆံပင်ညှပ် ဆိုင်ကို ရောက်ပြီ ဆိုပါတော့။ ဆံပင်ပဲ ညှပ်ညှပ်၊ ဘာပဲ လုပ်လုပ် ခေါင်းတော့ အရင်လျှော်ခိုင်း ကြတာချည်းပဲ ဟုတ်။ သင်က ခုလေးတင် အိမ်မှာ လျှော်လာ တာလို့ပြောရင် ခုထပ်လျှော်မှ ညှပ်ရတာ အဆင်ပြေမယ်၊ ဆံပင်ဆိုးရတာ အဆင်ပြေမယ်၊ ဒီက လျှော်ပေးတဲ့ ရှန်ပူက ဘယ်လိုကောင်းတာစသဖြင့် အခြေအတင်လေးတွေ ရှိလာပြီပေါ့။ အိုခေ သူတို့ပြော သလို ခေါင်းလျှော်ဖို့ လက်ခံလိုက်ပါပြီ။ အဲ့ဒီနောက်မှာ ကိုယ်သွားနေကျ ဆံပင်ညှပ်ဆိုင်က ဆံပင်ညှပ် ဆရာတွေ ပြောလေ့ရှိတဲ့ မုသားစကား ပါးပါးလေးတွေကို ဖော်ပြ ပေးလိုက် တယ်နော်။ ၁။ဟိုးအရင်ကတည်းက သုံးနေကျ ရှန်ပူတွေက မကောင်းတော့ဘူး။ ဆိုင်က ရှန်ပူတွေကတော့ အကောင်းဆုံး product တွေချည်းပဲ။ သင်က ခုလက်ရှိလည်း ဆယ်တန်းကျောင်းသူဘ၀က သုံးခဲ့တဲ့ ခေါင်းလျှော်ရည် အမျိုးအစားကိုပဲ စွဲစွဲမြဲမြဲသုံးနေ တတ်သူ တစ်ယောက်လား။ ဒါဆိုရင်တော့ သူတို့က အိမ်မှာဘာခေါင်ေးလျှာ်ရည်သုံးသလဲလို့ မေးတဲ့အခါ မဖြေရင် အကောင်းဆုံးပါပဲ။ သင်က ဖြေလိုက်ရင် ခုဆိုင်မှာ သုံးတာကတော့ ဘာအမျိုးအစားဖြစ်တယ်ဆိုတာ ပြောပြပါလိမ့် မယ်။ ဒီအမျိုးအစားက ဘာကောင်းတယ်ဆိုတာ ပြောပြပြီး ဒါကို အိမ်မှာသုံးတာထက် ဆိုင်မှာလာလျှော်မယ်ဆိုရင် ဘယ်လိုကောင်းကျိုးတွေပိ

Samsung Galaxy S5 CDMA (SM-G9009D ) ဖုန်းကို အလွယ်တစ်ကူ Root ဖောက်နည်း

Image
Samsung Galaxy S5 CDMA (SM-G9009D ) ဖုန်းသုံးတဲ့ သူငယ်ချင်းတွေ root ဖောက်ဖို့ အခက်ခဲဖြစ်နေရင် အောက်ပါ နည်းအတိုင်တာ Root ဖောက်လိုက်ပါ Root ဖိုင်းကိုဒေါင်းရန် ဒေါင်းလို့ရလာတဲ့ zip ဖိုင်းကို ဖြည့်လိုက်ပါ ရလာတဲ့ ဖိုးဒါထဲမှ Odin ဖိုင်ကို ဖွင့်လိုက်ပါ ပြီရင် PDA နေရာမှာနှိပ်ပြီ စောစောက ဖိုးဒါထဲက Auto Root ဖိုင်းကိုရွေးပေးလိုက်ပါ ပြီရင် ဖုန်းကို vol-down + Home + power ပြိုင်တူနှိပ်ပါ ဒီပုံတိုင်တက်လာပါမယ် ဒီလို တရုတ်စာတန်လေ တက်လာတာ တွေ့ ပါမယ် ဒါဆို vol up ကို တစ်ချက်နှိပ်ပေးလိုက်ပြီ ကွန်ပျူတာနဲ့ချိတ်ဆက်ပေးလိုက်ပါ ပြီရင် Odin က ဖုန်းကို သိပြီဆိုရင် Start ကိုနှိပ်းပေးလိုက်ပြီ လွှတ်ထားလိုက်ပါ သူဟာသူ root လုပ်သွားပါမယ် ပြီရင်ဖုန်းက Reboot ကျပြီ ပြန်တက်လာပါမယ် ဒါဆို Root လုပ်လို့ အောင်မြင်မအောင်မြင် သိခြင်ရင် App နေရာမှာSuperuser app လေရောက်နေရင် Root လုပ်လို့အောင်မြင်ပါပြီ post by SmartGhost ထိုင်းရောက်ITလူငယ်များ --------------------------------------  ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+