Posts

Showing posts from January, 2015

မပျော်နိုင်သူတို့ရဲ့ လက္ခဏာ (၇) ချက်

Image
By ကိုထိုက် စိတ်ပညာ သုတေသန မဂ္ဂဇင်း Psychology Today ၏ အဆိုအရ လူသားများ ပျော်ရွှင်မှု၏ (၄၀) ရာခိုင်နှုန်း ထိသည် လူသားများ လွှမ်းမိုးပြုပြင် ချယ်လှယ်နိုင်သော အပိုင်း ဖြစ်ကြောင်း သိရသည်။ လူသားများ ပျော်ခြင်း မပျော် ခြင်းကို ပြင်ပ ကိစ္စများ က လွှမ်းမိုးမှု ရှိသည် မှန်သော်လည်း ထိုကိစ္စများ အပေါ် ခံယူသည့် လူသား၏ စိတ်ဓာတ် ကလည်း ထိုလူကို ပျော်စေ စိတ်ညစ်စေဟူ၍ ကွဲပြား သွား တတ်သည်။ အောက်တွင် စိတ်ခံယူပုံ လွဲမှား၍ မပျော်ရွှင်နိုင်သူတို့တွင် တွေ့ရသည့် လက္ခဏာ (၇) ချက်ကို တင်ပြ သွားပါမည်။ ထိုလက္ခဏာများ မိမိတွင် ရှိနေလား စစ်ဆေးကြည့်ပါ။ ရှိနေသည် ဆိုလျှင် ဖယ်ရှား ပစ်ဖို့ ပြင် ဆင်ပါ။ ၁။ ဘ၀ဆိုတာ ခက်ခဲ ကြမ်းတမ်းသည်ဟုသာ အမြဲ ခံယူထားသူ။  ပျော်ရွှင်သော လူများသည် ဘ၀ဆိုတာ ခက်ခဲ ကြမ်းတမ်းသည်ဟု နားလည်သည်။ သို့သော် တစ်ပြိုင်တည်း မှာပင် အခက်အခဲကို စူးစမ်းသည့် မျက်လုံးဖြင့် ကြည့်ကာ ပေါ့ပါး သွက်လက်သော စိတ်ဖြင့် ခုန်ပျံ ထွက် ရမည်ဟုလည်း ခံယူထားသူများ ဖြစ်သည်။ အခက်အခဲ အကျပ်အတည်းထဲသို့ သူတို့ မည်သို့ ကျရောက် ခဲ့ကြောင်း စူးစမ်းကာ ခုန်ထွက်နိုင်မည့် အခွင့်အရေး ကိုလည်း ရုန်းကန် ကြိုးပမ်းရင်း သတိမပြတ် စောင့် ကြည့် နေသူများ ဖြစ်သည်။

လည်တိုင်လေး ဖြူဝင်းလှပအောင်

Image
By မိုရ်မိုရ် (YUFEL) သင်ဟာ မျက်နှာ တစ်ခုတည်းသာ အလေးပေးပြီး မျက်နှာအောက်က အသားအရေကို လျစ်လျူရှု ထားမိ ပါသလား။ လူတွေက တစ်ယောက်နဲ့ တစ်ယောက် စကား ပြောတဲ့အခါ မျက်နှာကိုသာ ကြည့်နေကြတာ မဟုတ်ပါဘူး၊ သင့် လည် ပင်း နေရာကိုလည်း ကြည့်မိရင် ကြည့်မိ ကြပါလိမ့် မယ်။ မျက်နှာအရောင်နဲ့ ကိုက်ညီတဲ့ လှပ သန့်ရှင်း တဲ့ လည်တိုင်လေး ပိုင်ဆိုင်ချင် ရင်တော့ ဖော်ပြ ထားတဲ့ လွယ်ကူတဲ့ နည်း လမ်းလေးတွေကို လုပ်ဆောင် ကြည့်လိုက်ပါ။ ၁။ နွားနို့ဖြင့် ချေးချွတ်ခြင်း အဆင့် (၁)- လည်ပင်းကို နွားနို့နဲ့ သန့်စင်ပါ။ နွားနို့က အသားအရေကို သန့်စင်ပေးပြီး ဖြူဝင်းစေပါတယ်။ အဆင့် (၂)- ထို့နောက် သံလွင်ဆီ၊ သကြားနှင့် ရှောက်ရည် အရောနှင့် ချေးချွတ်ပါ။ အဆင့် (၃)- ရေဖြင့် ဆေးကြောပြီး အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ။ အထက်ပါ နည်းကို နေ့တိုင်း လုပ်ဆောင်ရင် နှစ်ပတ်အတွင်း သိသာ လာပါလိမ့်မယ်။ လည်ပင်း ကို ချေးချွတ် ပြီးပြီးချင်း နေရောင်ထဲ မထွက်ပါနှင့်။ အသားအရေကို ပိုပျက်စီး စေပါတယ်။ နောက်ပိုင်း နေပူ ထဲ ထွက်တိုင်း လည်ပင်းကို နေရောင်ကာ ခရင်မ် လိမ်းပေးတာက လည်ပင်း မည်းခြင်းကို သက်သာစေပါ တယ်။ ၂။ မုန့်ဖုတ်ဆော်ဒါကို အသုံးပြုခြင်း

လူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ

Image
By ကိုထိုက် အထိုင်များ လွန်ခြင်း လေ့လာမှု စစ်တမ်းများ အရ လူတစ်ယောက်သည် တစ်ရက်လျှင် ပျမ်းမျှ ခြောက်နာရီ ၀န်းကျင် ထိုင်ဖြစ်ကြောင်း သိရသည်။ သွားရင်း လာရင်း ကား ပေါ် မှာ ရထားပေါ်မှာ ထိုင်ကြသည်။ အလုပ်ထဲ မှာလည်း ထိုင်ကြသည်။ တစ်နေကုန် လုပ်ကိုင်ပြီး အိမ်ရောက် တော့လည်း နားနား နေနေနဲ့ ထိုင်ဖြစ် ကြ ပြန်သည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် ထိုင်နေရ တာကို သဘာဝ အားဖြင့် ပိုသဘောကျပုံ ရသည်။ သို့သော် ထိုင်ပါ များခြင်းသည် ကျန်းမာရေး အား ဆိုးဝါးစွာ ထိခိုက် စေသည်ကို သတိပြု ရမည်။ အ၀ လွန်ခြင်း၊ ဆီးချို၊ စိတ်ကျရောဂါ၊ ကင်ဆာ၊ အရိုးပွ၊ ခုခံအား စနစ် အားနည်းခြင်း များသည် အထိုင် များခြင်း၊ မလှုပ်ရှားခြင်း တို့ကြောင့် အဓိက ဖြစ် ပွားကြောင်း လေ့လာမှု စစ်တမ်းများက ထောက်ပြနေ ကြပြီ။ အိပ်ရေး မ၀ခြင်း အိပ်ရေးမ၀ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသော တစ်ချက် ဖြစ်သည်။ အလုပ်လုပ်ရင်း ညဥ့်နက်ခြင်း၊ သူငယ်ချင်းများနဲ့ အပြင် ထွက်ရင်း ညဥ့်နက်ခြင်း စသဖြင့် မည်သည့် အကြောင်းကြောင့်ပဲ ညဥ့်နက်နက် မနက် အလုပ်သွားဖို့ ကုန်းရုန်း ထရပြီ ဆိုလျှင်တော့ အိပ်ပျက်ခြင်းဒဏ်ကို တစ်နေ့လုံး ခံရ တော့မည်။ အိပ်ချင် မူးတူး ဖြစ်နေ သဖြင့် အလ

စာ​ေ​မး​ပဲ​ြ​စ​နစ္နဲ​႔ မိ​ဘေ​တြ​ရဲ​႕​က​႑

Image
Written by ခင်မောင်ဌေး (ပညာရေး) အခြေခံပညာအဆင့် (မူလတန်း+အလယ်တန်း) မှာ သိသာတဲ့ ပြုပြင်ပြောင်းလဲမှု အနေနဲ့ စာမေးပွဲစစ် ဆေး တဲ့ ပုံစံ ပြောင်းလဲသွားခြင်းပါ။ အဲဒါကတော့ စတုတ္ထတန်း စာမေးပွဲကို ခရိုင်စစ်နဲ့ အဋ္ဌမတန်းစာမေး ပွဲကို တိုင်းဒေသကြီး (ဝါ) ပြည်နယ်အဆင့် စစ်ဆေးခြင်းပါပဲ။ အဓိက ရည်ရွယ်ချက် ကတော့ ကလေးတွေရဲ့ အရည်အချင်း တိုးမြင့်လာစေဖို့ပါ။ မူလတန်းအဆင့်မှာ စတုတ္ထတန်းနဲ့ အလယ်တန်း အဆင့်မှာ အဋ္ဌမတန်းပါ။ အရင်ကတော့ ကျောင်းတွင်းစစ် စာမေးပွဲအဖြစ် စစ်ဆေးနေတာပါ။ ခုဟာကတော့ အုပ်စုဖွဲ့စစ်လိုက်တဲ့သဘောပါ။ အစိုးရစစ်စာမေးပွဲလို့တော့ ခေါ်ရ မယ်မထင်ပါဘူး။ အခြေခံပညာ အထက်တန်း (တက္ကသိုလ်ဝင်တန်း) တစ်ခုကိုပဲ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ အစိုးရက တာဝန်ယူ စစ်နေတာပါ။ တစ်ခုရှိတာက မိဘတွေရဲ့အတွေးထဲမှာ အစိုးရစစ်တာဝန်ယူစစ်နေတာပါ။ အတွေးကြီးဝင်နေတယ်။ ပြီးတော့လောဘကြီးတဲ့ မိဘတွေကလည်း အများသား။ ဒီတော့အဲဒီဒဏ်ကို အများဆုံးခံရတာက ကလေးတွေပဲ။ အဲဒီကလေးတွေ စာကြည့်နေရတဲ့ပုံက သာမန်အဆင့် တက္ကသိုလ်ဝင်တန်း ကျောင်း သား၊ ကျောင်းသူထက်တောင် သာလွန်နေပါသေးတယ်။ စာရေးသူရဲ့အိမ်မှာ မြေးဖြစ်သူကလည်း စတုတ္ထတန်းဖြေမှာ ဆိုတော့ စတုတ္ထတန်း စာမေးပွဲဂယက်က အိမ်မှာ အတော်က

အများသုံးအိမ်သာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို သုံးသင့်သလဲ

Image
ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အများသုံး အိမ်သာ သုံးဖို့ဖြစ်လာတဲ့ အခါ ရောဂါ ပိုးမွှားရန်က ဝေးစေဖို့ လုပ်ဆောင် နိုင်တာလေးတချို့ကို အကြံပြုလို ပါတယ်။ သုတ်စရာ အဝတ်တစ်ရှူး ဒါမှမဟုတ် စက္ကူတစ်ရှူးနဲ့ အိမ်သာပေါ် မထိုင်မီ သုတ်တာမျိုးလုပ် ပေးနိုင်ပါတယ်။ ခုံမှာ ထိုင်ပြီးရင် အဝတ်အစားတွေကို ကြမ်းပြင် အထိကျအောင် မလုပ်သင့် ပါဘူး။ အိမ်သာကြမ်းခင်းမှာ မမြင်နိုင်တဲ့ ပိုးမွှားများစွာ ရှိနေ တာကြောင့် ကပ်ငြိလာနိုင်ပါတယ်။ ရေဆွဲချရာမှာလည်း လက်နဲ့ တိုက်ရိုက်ကိုင်တာထက် တစ်ရှူး နဲ့ကိုင်တာမျိုး၊ ခြေထောက်သုံးပြီး ဆွဲချတာမျိုး၊ တံခါး လက်ကိုင်တွေ ကိုလည်း တစ်ရှူးနဲ့ကိုင်ဖွင့်တာ မျိုးလုပ်နိုင် ပါတယ်။ အိမ်သာဆိုတာမျိုးက အမြဲ တမ်းရေတစိုစိုဖြစ်နေတာမို့ ဘက် တီးရီးယားတွေ လွယ်လွယ်ကူကူ ကပ်ပါ လာနိုင်တာကြောင့် လက် ဆေးဖို့ကိုတော့ လုံးဝမမေ့သင့်ပါ ဘူး။ လက်ဆေးတဲ့ အခါမှာလည်း အော်တိုရေ ပိုက်ခေါင်းတွေဆိုရင် လက်ဖယ်လိုက်တာနဲ့ ပိတ်သွား ပေမယ့် ရိုးရိုးရေပိုက်ခေါင်းဆိုရင် တော့ တစ်ရှူးသုံးပြီး ပိတ်တာမျိုး လုပ်ဆောင်သင့်ပါတယ်။ နောက်ဆုံးတစ်ချက်က တော့ အိမ်သာက ထွက်လာပြီးတိုင်း လက်ဆေးလာသော်ငြားလည်း လက်သန့်ဆေးရည်လေးနဲ့ ထပ်ပြီး ပွ

ဗိုက်မြန်မြန်ချပ်အောင် ဘာတွေသောက်သင့်လဲ

Image
ကိုယ်အလေးချိန် လျှော့ချဖို့ ဆုံးဖြတ် ထားသူတွေအနေ နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားရုံသာမက လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပေးဖို့ လိုအပ် တယ်ဆိုတာ သိထားကြပါတယ်။ အစာစား ရုံ၊ လေ့ကျင့်ခန်း လုပ်ရုံသာမက အဆီတွေ ကို မြန်မြန်လောင် ကျွမ်းစေနိုင်တဲ့ သောက်စရာတွေ မှန်ကန်စွာရွေးချယ်နိုင် ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ရေခဲရေ ရေခဲရေဟာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ် လုပ်ငန်းစဉ်များကို မြှင့် တင်ပေးနိုင်တာကြောင့် ကယ်လိုရီပမာဏ များနေတာတွေကို ဖယ်ရှားပေးပါတယ်။ နေ့တိုင်းရေခဲ ရေအနည်းဆုံး ၁၆ အောင်စ လောက်သောက်ရင် ထူးခြားတဲ့ ရလဒ်တွေ့ရမှာပါ။ အုန်းရည် အခြားသောဖျော်ရည်တွေထက် လျှပ်လိုက်ရည် (အီလက်ထရိုလိုက်) များများ ပါဝင်တာကြောင့် ရေဓာတ် အမြဲပြည့်ဝနေ စေပါတယ်။ အုန်းရည်ထဲကို သကြားနဲ့ အခြားအရသာတုတွေ မထည့်ဘဲ သောက်သင့်ပြီး ခန္ဓာကိုယ်တွင်း လုပ်ငန်းစဉ်တွေနဲ့ စွမ်းအင်ပြည့် ဝနေဖို့ထောက်ကူပါတယ်။ အဆီထုတ်နွားနို့ ခန္ဓာကိုယ်ထဲက အဆီတွေ မြန်မြန်ချေဖျက်ရာမှာ အကျိုးပြု တာကြောင့် အဆီထုတ်နွားနို့ ပုံမှန်သောက်ပြီး ဘာတွေထူးခြားလဲ စောင့်ကြည့်နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်ဖျော်ရည် ကျန်းမာရေးအတွက် ကောင်းကျိုးပြုရုံသာမက ကယ်လိုရီပမာဏ မျ

တကယ့်ဘဝထဲ တိုးဝင်လာတဲ့ ဖေ့စ်ဘွတ်ခ်ပြဿနာများ

Image
တကယ်တမ်းတွင် ပြဿနာ က ဘာမျှကြီးကြီး ကျယ်ကျယ် မဟုတ်။ အေမီချိုက ၎င်း၏ ခင်ပွန်း ကလေးပုခက်လွှဲပြီး ဟင်းချက်နေသည့် ဓာတ်ပုံတစ်ပုံကို သူငယ်ချင်းများ ကိုပြချင် သည့်စိတ်၊ အိမ်အလုပ်များ ကူလုပ်ပေးသည့် ခင်ပွန်းဖြစ်သူ ကို ကြွားဝါချင်စိတ်ဖြင့်သာ ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာပေါ် တင်လိုက်ခြင်းဖြစ် ပါသည်။ သို့သော် အေမီချိုမေ့လျော့နေသည့် အချက်ကား ၎င်း၏ များပြား လှစွာသောဖေ့စ်ဘွတ်ခ် သူငယ်ချင်းများ ထဲတွင် ၎င်း၏ယောက္ခမကြီးလည်း ပါဝင်နေသည် ဆိုသည့် အချက်ဖြစ် သည်။ ပြဿနာကား အေမီချို တင်ထားသော ဓာတ်ပုံအောက်မှာ ယောက္ခမကြီးက အောက်ပါအတိုင်း ကွန်မန့် (ခေါ်)မှတ်ချက် တစ်ခုရေးရာမှ စတင်တော့သည်။ ‘ယောက်ျားကို အိမ်အလုပ်တွေ မတရားခိုင်းတာ အမျိုးကောင်း သမီး မဟုတ်ဘူး’ ထိုမှတ်ချက်ကို ဖတ်လိုက် ရသောအခါ အေမီချို သွေးဆူသွားသည်။ အေမီချို့ထက် ပို သွေးဆူသည် ကား အေမီချို၏ ဖေ့စ်ဘွတ်ခ် သူငယ်ချင်းထဲမှာရှိနေသည့် မိခင်ဖြစ်ပါသည်။ ၎င်းက ဖေ့စ်ဘွတ်ခ် ဓာတ်ပုံအောက်က အေမီချို၏ယောက္ခမမှတ်ချက်ကိုမြင်နေရသည်။ ခမည်းခမက်တော်သူက သမီးကို အမျိုးကောင်းသမီး မဟုတ်ဟုဆိုသော စကားက သူ့ကိုပါတိုက်ရိုက် သက်ရောက်နေသည် မဟုတ်ပါ လား။ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ခမည်းခမက်များ အပြန်အလှန် စက

လူငယ် သို့ မဟုတ် ပြုန်းတီးနေသော လူ့ စွမ်းအား အရင်းအမြစ်

Image
By သမန်းကျား ကျန်းမာရေး လည်းကောင်း၊ ခံနိုင်ရည် လည်းရှိ၊ အမော အပန်းလည်း ခံနိုင်တဲ့ လူငယ် အင်အား စုကြီး မရောင်ရာ ဆီလူးပြီး ပြုန်းတီးနေ တာဟာ မိသားစု အတွက်ရော၊ လူ့ ဘောင် လူ့ အဖွဲ့ အစည်း ကြီး အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံး မှုကြီး တစ် ရပ်ဖြစ်နေပြီး ကမ္ဘာ့နိုင်ငံတွေနဲ့  သူတင် ကိုယ်တင် ရင်ဆိုင်ရာ မှာလည်း မျက်နှာပန်း မလှနိုင် ဖြစ်နေ ရတာကို ဘယ်လိုများ ပြုပြင် ယူနိုင်မလဲလို့  တွေး ရင်း သက်ပြင်းမောတွေ ချရင်း ရာသီဥတုဒဏ်၊ ပင်ပန်းမှုဒဏ်၊ အရင်လို ကျန်းမာရေး မကောင်းတော့တဲ့ ဒဏ်တွေကို မာန်တင်းခံရင်း အလုပ်ဆက်လုပ်နေ ရတဲ့ အဖေ၊ အမေတွေကို မြင်ရတွေ့  ရတဲ့ အခါမှာ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီနေရာမှာ တရားသူကြီးဂိုက်၊ တရားပြ ဆရာကြီးဂိုက်တွေနဲ့  ‘ကိုယ်လည်း ငယ်ရာကကြီးလာတာပဲ၊ နားလည် ပေးလိုက်ပါ’ လို့  ဆိုလာမယ့်သူတွေလည်း ကိုယ့်မိသားစုထဲ ဒါမျိုးဖြစ်နေရင်တော့ နားလည်ပေးနိုင်မှာ မဟုတ်ဘူးလို့  ယုံကြည်ပါတယ်။ လူကြီးတွေရဲ့ ခံစားချက်ကို ယုံနိုင်စရာ မရှိအောင် အဓိပ္ပါယ်မဲ့တဲ့ ဒါမှမဟုတ် ရိုင်းပြတဲ့ ဆင်ခြေတွေ အကြောင်းပြချက်တွေပေးပြီး ဟာသလုပ် ရယ်မော ပစ်လိုက်မယ့် လူငယ်တွေမှာလည်း လိုက်ရယ်ပေးတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ ပြန်သွားလို့  က

Email လား Gmail လား :-P

Image
Facebook ပေါ်မှာ နာမည်ကြီးနေတဲ့ မြန်မာနိုင်ငံတွင် Email အစား Gmail သုံးစွဲသူ ၁.၉၈ သန်းခန့်ရှိလာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး email နဲ့ gmail ငြင်းခုန်နေ ကြပါတယ်။ အမှန်တော့ ဆောင်းပါးကို ကူးချရမှာ ခေါင်းစဉ် လွဲသွားတာဖြစ် တယ်လို့ မူရင်း စာရေးတဲ့သူက ဆိုပါတယ်။ Email နဲ့ Gmail ဘယ်လိုကွာလဲ ဆိုတာ ကြည့်ကြရအောင်။ Email ဆိုတာ electronic mail ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ စတင်ပြီး တစ်ယောက်(သို့) တစ်ယောက်ထဲ ပိုတဲ့ သူတွေ ဆီကို digital message ပို့တဲ့ စနစ်ပဲဖြစ်ပါတယ်။ Email address တစ်ခုမှာ Local Part ရယ် Domain Part ရယ်ဆိုပြီး ပါဝင်ပါတယ်။ ဥပမာ myatminsoe@myanmarmobileapp.com ဆိုရင် @ ရှေ့က myatminsoe ကို local part လို့ခေါ်ပြီး @နောက်က myanmarmobileapp.com ကို domain part လို့ခေါ်ပါတယ်။ Email Address ဟာ တစ်ယောက်နဲ့ တစ်ယောက်လုံးဝမတူပဲ unique ဖြစ်ပါတယ်။ domain part တူရင် local part မတူရပါဘူး။ local part တူရင် domain part မတူရပါဘူး။ myatminsoe@myanmarmobileapp.com နဲ့ myatminsoe@gmail.com ဟာ domain part မတူတဲ့အတွက် နှစ်ခုလုံး ရှိနိုင်ပါတယ်။ Google က ထုတ်လုပ်တဲ့ Gmail ဟာ email တစ်ခုပဲဖြစ်ပါတယ်

Advanced SystemCare Ultimate v7.1.0.625 Final + Serial Key

Image
မိမိကွန်ပြူ တာရဲ့ Speeds ကို အရင်ကထက် ပိုမို သွက်လက်မြန်ဆန်ချင်တဲ့ သူတွေအတွက် ဒီဆော့ဝဲလ်လေး ကိုဆောင်ထားလိုက် ပါဗျာ။ ဒီကောင်လေးကတော့ viruses and spyware,malware တွေကို scanning လုပ်ပေးနိုင်တဲ့အပြင် registry and shortcut fixes, junk files စသည်တို့ကို removing လုပ်ပေးနိုင် သည့်အပြင် အကောင်းဆုံး ကွန်ပြူတာအတွက် ဗိုင်းရပ်ရန်ကို ကာကွယ်ပေးနိုင်တဲ့ anti-virus and system optimization tool တစ်ခုပဲဖြစ်ပါတယ်။ သုံးဖူးတဲ့ သူတိုင်းသိပြီး သားပါ။ အသုံးတည့်မယ့် Tools ပေါင်း များစွာ၊ လုပ်ဆောင်ချက်ပေါင်းများစွာ နဲ့ ပေါ့ပါးပြီးစိတ်ချရတဲ့ Antivirus ပါဝင်တယ် ဆိုတာကတော့ လူ တိုင်း သိပြီးသားဖြစ်ပါတယ်ဗျာ။ Antivirus ကိုလည်းပေါ့သေးသေး မထင်နဲ့နော် BitDefender antivirus technology and IObit anti-malware engine ကိုထည့်သွင်း ထားတာဖြစ်ပါတယ်။ အသေးစိတ် သိချင်တယ် ဆိုရင်တော့ အောက်မှာလေ့လာနိုင်ပါတယ်ဗျာ။ အမြဲတမ်း သုံးနိုင်အောင်လို့ Serial Key ကို ပါရေးပေးလိုက် ပါတယ်ဗျာ။ Advanced SystemCare Ultimate 7 Crack 1.0.625 Final with Serial Key Download is software that simply optimize, configure and accelerate the system and als

စီးပွားရေးလုပ်ငန်း သုံးဖို့ အတွက် Barcode producer

Image
စီးပွားရေး လုပ်ငန်း သုံးဖို့ပဲ ဖြစ်ဖြစ် အပျော်တမ်း လက်တည့်  စမ်းချင်တဲ့  မိတ်ဆွေများအတွက် Barcode producer လေးကို ပြန်လည် မျှ ဝေ ပေးချင်ပါတယ်။ မိမိ ဆော့ ဝဲ ကောင်း လေး ဖြစ်လို့  အားမနာ တမ်း ဒေါင်း နိုင်ပါတယ်။ Full Version ဖြစ်ဖို့ အတွက် keygen ကို အသုံး ပြုရမှာ ဖြစ်ပါတယ် ။ full version ဖြစ်အောင် မလုပ်တတ် သေးရင် အောက်က video ကို ကြည့် ပြီး လုပ်ပေးပါ။ full version ဖြစ်အောင် လုပ်နည်း video file ကို ကြည့်  ရန် ဒီမှာ နိုပ်ပါ။ ဒေါင်းရန် // Google drive , solidfiles စိုင်းသူ (နည်းပညာ ပြန် လည် မျှ ဝေ ခြင်း ) -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

priPrinter 6.2.0 Build 2333 Professional With Keygen Full Version Size(4.5MB)

Image
ကွန်ပျူတာမှာ ဓါတ်ပုံတွေ စာရွတ် စာတမ်းတွေကို အလွယ်ကူးဆုံး Print ထုတ်ချင် သူများအတွက် priPrinter 6.2.0 Build 2333 Professional အသစ် ထွက်လာလို့ တင်ပေး လိုက်ပါတယ်။ ဒီအသစ်မှာတော့ ဓါတ်ပုံများကို passport ပုံများကဲ့သို့ ပုံတူ ပွားယူနိုင်ပါတယ် နောက်ပြီး ဓါတ်ပုံကို ထုတ်တဲ့နေရာမှာလည်း အလွန်မြန်ဆန်ပြီး ရုပ်ထွက်ကောင်းမွန်စွာ ထုတ်ယူနိုင်ပါတယ်။ ထို့အပြင် ဓါတ်ပုံများကိုလည်း 3D နည်းပညာနဲ့ပြန်လည်ပြင်ဆင် လို့ရပါတယ် လိုအပ်ရင်တော့ ထုံးစံအတိုင်းအောက်မှာ ဒေါင်းယူနိုင်ပါတယ် ..     Download Here -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

Brushes lighting effects For Photoshop Tool (15MB)

Image
ပိုတိုရှော့အတွက် အလွန်အသုံးဝင်မည့် Burshes Lihhting Effects လေးကို တင်ပေးလိုက်ပါတယ်...   Download Here -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

Internet Download Manager (IDM) 6.21 build 19 Crack & Patch Full Version Size(7MB)

Image
Internet Download Manager 6.21 Build 19 တဲ့ အသစ်ထွက်ရှိလာပပါပြီခင်ဗျာ။Full version လေးဖြစ်ပါတယ်။ အသစ်ကိုနှစ်သက်ပြီး ဗားရှင်း အသစ်တွေကိုမှ သုံးချင်ကြ သူများအောက်မှာ ဒေါင်းယူသွားနိုင်ပါတယ် 1 - Close/uninstall previous version of IDM 2 - Install version 6.21 build 19 3 - IDM may show you some notification like "You have registerd IDM with a fake serial number" don't get frightened, just close those notifications and close IDM from system trey (bottom right corner of screen). Remenber IDM can't stey open when you follow below steps. 4 - Copy all files(2) from ''Crack'' folder and past (replace) it in orginial installed folder (normally C:\Program Files (x86)\Internet Download Manager or C:\Program Files\Internet Download Manager) 5 - Go to "Reg" folder and run reg file Done! Enjoy!!! Download here -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

Dtac Zte phone Firmware များ

Image
ထိုင်းမှာ DTAC ကုမဏီ တံဆိပ်ကပ် zte ဖုန်းတွေ ရဲ့ Firmware လေ တွေကို အလွယ် တစ်ကူ ဒေါင်းလို့ ရအောင် စုစည်းပေးထားတာပါ အသုံးလို သူတွေ ဒေါင်းပြီ သိမ်းထားကြနော် Dtac Joey Jump 3.5 zte v 797 firmware ဒေါင်းရန် DTAC Cheetah Turbo zte v817 firmware ဒေါင်းရန် ZTE Grand X V970M firmware ဒေါင်းရန် Dtac V765M Firmware ဒေါင်းရန် Dtac v769M firmware ဒေါင်းရန် Dtac v779M firmware ဒေါင်းရန် Dtac v797+ firmware ဒေါင်းရန် v 815 w Firmware ဒေါင်းရန် Dtac v817 Firmware ဒေါင်းရန် Dtac v803w firmware ဒေါင်းရန် Dtac v972m firmware ဒေါင်းရန် post by https://www.facebook.com/smartghostsmartghost -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

Samsung All Charging Port Models

Image
-------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

iOS 8.1.3 Released with Bug Fixes

Image
  Download Links iPhone 6 iPhone 6 Plus iPhone 5S CDMA iPhone 5S GSM iPhone 5 CDMA iPhone 5 GSM iPhone 5c CDMA iPhone 5c GSM iPhone 4s iPod Touch 5th Generation iPad Air 2 Wi-Fi iPad Air 2 GSM & CDMA Cellular iPad Air Wi-Fi & Cellular iPad Air Wi-Fi iPad Air CDMA iPad 4 CDMA iPad 4 GSM iPad 4 Wi-Fi iPad Mini CDMA iPad Mini GSM iPad Mini Wi-Fi iPad Mini 2 Wi-Fi & Cellular iPad Mini 2 Wi-Fi iPad Mini 2 CDMA iPad Mini 3 China CDMA iPad Mini 3 Wi-Fi iPad Mini 3 Cellular iPad 3 Wi-Fi iPad 3 Wi-Fi & Cellular GSM iPad 3 Wi-Fi & Cellular CDMA iPad 2 Wi-Fi 2,4 iPad 2 Wi-Fi 2,1 iPad 2 Wi-Fi & 3G GSM iPad 2 Wi-Fi & 3G CDMA     ref;Apple -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-ငါး (DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ပထမပိုင်း)

Image
ဒီနေ့ Video Editing လေ့ကျင့်ခန်း အပိုင်း-၅ ပိုစ့်မှာတော့.. DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်းကို တခါတည်း အကုန်တင်ပေးချင်ပေမယ့် ပုံတွေများလွန်းတဲ့အတွက် ပထမပိုင်းအဖြစ်သာ အပိုင်းထပ်ခွဲပြီး တင်ပေးလိုက်ရပါသည်..။ ဒုတိယပိုင်းကိုတော့ နောက်ရက်မှာ ဆက်တင်ပေးပါမည်..။ ဒီပိုစ့်က လုပ်နည်းတွေမှာ DVD သီချင်းခွေတချပ်ရဲ့ DVD Player ထဲမှာ ဖွင့်ဖွင့်ခြင်း ပေါ်လာတတ်တဲ့ Play All နဲ့ Select Songs တွေကို ရွေးယူကြည့်လို့ရမယ့် လုပ်နည်းတွေ ဖြစ်ပြီး.. Select Songs နေရာမှာတော့ မိမိတို့ ထားလိုတဲ့ သီချင်းတွေကို 1-2-3-4-5 စသဖြင့် စီတန်းပြီး ထည့်ထားလို့ရမှာ ဖြစ်ပါတယ်..။ ၎င်းနေရာကနေ ကြိုက်နှစ်သက်ရာ သီချင်းတပုဒ်စီကို ရွေးချယ်ဖွင့်ကြည့်နိုင်ပါတယ်..။ Play All နေရာကနေ ဖွင့်ရင်တော့ သီချင်းတွေကို မိမိတို့စီထားတဲ့အတိုင်း တစ်ပုဒ်ပြီးတစ်ပုဒ် ပြီးတဲ့အထိ ဖွင့်ပြပေးပါလိမ့်မယ်..။ မိမိတို့အရင်နားထောင်လိုတဲ့ သီချင်းတွေကိုလည်း Next နဲ့ ကျော်ယူကြည့်ရှုနိုင်မှာ ဖြစ်ပြီး Previous နဲ့လည်း နောက်ပြန်ကျော်ယူကြည့်လို့ ရပါတယ်..။ နောက်တခုကတော့ သီချင်းစာသားတွေနဲ့ video အပိုင်းတွေကို ဆက်ထားပြီးတဲ့ Video Edit လုပ်ထားပြီးသား သီချင်းတစ်ပုဒ်ကို D