Posts

Showing posts from April, 2015

ငလျင် လှုပ်လာပြီဆိုပါက

Image
ငလျင်လှုပ်တဲ့အခါ သစ်သား အိမ်တွေကတော့ အလုံခြုံဆုံး အိမ် ပုံစံဖြစ်ပါတယ်။ ပြိုကျခဲ့ရင် နေရာလွတ် အများကြီး ဖြစ်စေပါတယ်။ ကွန်ကရစ်အိမ်လို ခန္ဓာကိုယ်တွေကို ဖိညှပ်ကျေပျက်စေခြင်း မရှိပါဘူး။ အုတ်နဲ့ ဆောက်ထားတဲ့ အိမ်တွေ ပြိုကျရင် အုတ်ခဲတွေ တစ်ခုစီ ကွဲကုန်ပြီး ဒဏ်ရာများစွာရစေပါတယ်။ ငလျင်လှုပ်ချိန်မှာ သင်သည် အပြင်ပြေးထွက်ဖို့ အချိန်မရှိခဲ့ရင် ဆိုဖာခုံ၊ ကုတင်၊ စားပွဲကြီး၊ ရေခဲသေတ္တာ စတဲ့ ကြီးမားတဲ့ အရာဝတ္ထုတစ်ခုခုရဲ့ ဘေးကပ်လျက်မှာ ပုဇွန်တုပ်ကွေး ကွေးပြီးနေလိုက်ပါ။ အဓိကတော့ ဦးခေါင်းပေါင်းက ပိုအရေးကြီးပါတယ် ခေါင်းကို ထိခိုက်ခြင်း နည်းပါးစေရန် ဖော်ပြသည့် အတိုင်း မဖြစ်ပါက လက်နှစ်ဖက်နဲ့ ဦးခေါင်းကို မိုးပေးထားရပါလိမ့်မည် ။ သက်ကြီးအိုများ လူနာများရှိပါက စောင်ထူထူကို ဖုံးပေးထားလိုက်ပါ ။ ကွင်းပြင်ကို အရောက်ထွက်နိုင်တယ် သွားနိုင်ရင်တော့ ပိုကောင်းပါသည် ။ ညဘက်ချိန်ခါ အိပ်ချိန်မှာ ငလျင်လှုပ်ခဲ့ရင် အလွယ်တကူ ကုတင်ဘေးကို လှိမ့်ချလိုက်ပါ။ ပုဇွန်တုပ်ကွေး ကွေးပြီးကုတင်ဘေး ဒါမှ မဟုတ် အောက်ကို ဝင်ရောက်နေရာယူလိုက်ပါ ။ အဆောက်အအုံပြိုကျတဲ့အခါ အိမ်တံခါးပေါက်ဝမှာ ပုံးနေတဲ့လူက တံခါးမကြီးဟာ အတွင်းဖက် သို့မဟုတ် အပြင်ဖက်ကို

Bleeding gums သွားဖုံး သွေးယိုခြင်း

Image
1. ဆရာရှင့် သမီးအသက်က အခု ၂၄ ပါ။ သမီးသွားက မကြာခဏ သွေးထွက်ပါတယ်။ မှတ်မှတ်ရရ သမီးဆယ်တန်း အောင်ပြီးကတည်း သွားတွေက သွေးထွက်ပါတယ်။ ဆေးခန်းပြဖို့ လိုပါသလားရှင့်။ ဘာဆေးတွေ သောက်ရမှာလဲရှင်။ ကျေးဇူးတင်ပါတယ် ဆရာ။ 2. သမီးအသက်က ၂၅ နှစ်ထဲမှာပါ။ အလုပ်လုပ်နေပါတယ်။ အိမ်ထောင် ရှိပါတယ်။ ဒါပေမယ့် ယောက်ကျားနဲ့ ခွဲနေရတာပါ။ ကလေးမရှိသေးပါဘူး။ အခုတလော သွားဖုံးထဲက အနာမရှိပဲ သွေးကျကျနေတာ တစ်ပတ်ကျော်လောက် ရှိပြီဆရာ။ နေ့တိုင်း သွေးထွက်နေပါတယ်။ နေ့ခင်းဘက်လောက်ဆို သွေးကျကျ လာတတ်ပါတယ်။ နှာခေါင်းထဲမှာလဲ တခါတလေ သွေးဖတ်လေးတွေ ရှိနေတယ်။ 3. ကျွန်တော် မနက်အိပ်ယာထပြီး မျက်နှာသစ်တဲ့အ ချိန်တိုင်းမှာ ပလုပ်အရင်ကျင်းပါတယ် (သွားမတိုက်ခင်)။ ပလုပ်ကျင်းလိုက်တာနဲ့ သွေးနည်းနည်း ပါလာတယ်။ နောက် သွားတိုက်တော့လည်း သွေးထွက်လာတယ်။ တော်တော်များတယ်။ တခါတလေ သွေးခဲ အဖတ်လေးတွေပါ ပါတယ်။ သွားတိုက်ဆေးကို colgate သုံးပြီး သွားတိုက်တန်ကို berman သုံးပါတယ်။ မနက်တခါ ညတခါ တိုက်ပါတယ်။ သွေးထွက်တာကို ပျောက်အောင် ဘာလုပ်သင့်ပါသလဲ။ သွားဖုံးကနေ သွေးယိုလာတာဟာ သာမန်ကာရှန်ကာ ဖြစ်နိုင်သလို၊ Gum disease သွားဖုံးရောဂါရှိနေတာလဲ ဖြစ်နိုင်တယ်။ ခဏခဏ သွေးယိုရင် Le

နွေဦးရာသီ နှင့် ရေကျောက်ရောဂါ

Image
ရေကျောက်ရောဂါ ဆိုသည်မှာ ဆောင်းအကုန် နွေးဦးကာလ များဖြစ်ကြတဲ့ မတ်လ နှင့် ဧပြီလလောက်မှာ ရောဂါ အဖြစ်များပြီး၊ ကလေးတွေမှာ ဖြစ်ရိုးဖြစ်စဉ် မြင်တွေ့ ရတဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ အင်္ဂလိပ်လို chicken pox လို့ခေါ်ပြီး၊ မြန်မာ လိုတော့ ရေကျောက်ရောဂါ(သို့ မဟုတ်) ပဲသီတာ လို့ ခေါ်ကြပါတယ်။ ဗေရီဆယ်လား (Varicella Zoster) (ခေါ်) DNA ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့်ဖြစ်တာပါ။ ဖြစ်ပွားသူ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသက် ၄-နှစ် နှင့် ၁၀-နှစ်ကြား ကလေးငယ်တွေ ဖြစ်ကြပြီး၊ ကျန်တဲ့ ၁၀ ရာခိုင်နှုန်း ကတော့ အသက် ၁၈-နှစ်အောက် လူငယ် လူရွယ်တွေ ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ *(တခါတရံ ၆-လသား အရွယ် မှာလည်း ရေကျောက်ပေါက်တာကို တွေ့ ရပါတယ်)* ရောဂါ လက္ခဏာ ထိုဗိုင်းရပ်စ် ကူးစက်ခံရလျှင် ခန္ဓာကိုယ်မှာ အနီစက်၊ အဖုအပိန့်တွေ ထွက်လာပါလိမ့်မယ်။ ရင်ဘတ်၊ ၀မ်းဗိုက်၊ နောက်ကျော စတဲ့ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေမှာ အနီစက်တွေ စထွက်လာပြီး ယားလို့ ကုတ်မိခြင်းဖြင့် သတိထား မိတတ်ပါတယ်။ ပိုးဝင်ပြီး ပထမ တစ်ရက်အတွင်း နှာစေး၍ ချောင်းဆိုးလာ တတ်ပါတယ်။ နည်းနည်း ဖျားလာပါလိမ့်မယ်။ ထို့ နောက် လက်မောင်း၊ မျက် နှာ၊ ခြေထောက် နှင့် ဦးရေပြားပါမက

ပျားရည်သောက်ရန် အသင့်တော်ဆုံး အချိန်

Image
ဒီကမ္ဘာမြေပေါ်တွင် ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစား အစာများထဲမှာ “ပျားရည်” လည်း တစ်ခုအပါ အ၀င်ဖြစ်တယ် ဆိုတာကို လူတိုင်းသိထား ကြပြီးဖြစ် ပါတယ်။ သို့သော် ၄င်းပျားရည်ကို ရေနွေးဖြူဖြင့် ရောသောက်ခြင်းက ဘယ်လိုကျန်းမာရေး အာနိသင် တွေ ရရှိနိုင်သလဲ ဆိုတာကိုတော့ သိသူနည်းပါး ပါလိမ့်မယ်။ သောက်သုံးရမည့် ဆေးညွှန်းပုံစံက ဒီလိုပါ။ >> ကြက်သီးမွှေးညင်းခန့်  ပူသော ရေနွေးဖြူ ၁ ဖန်ခွက် >> ပျားရည်စစ်စစ် ၁ ဇွန်း(လက်ဘက်ရည်ဇွန်း အရွယ်) အထက်ပါ ပျားရည်နဲ့ ရေနွေးတို့ ကို ရောသမ သွားအောင် ဇွန်းဖြင့်နာနာမွှေပေးပါ။ ၄င်းဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင် ပါလိမ့်မယ်။ (က) အဆုပ်ထဲရှိ အရိအရွဲတွေကို သန့် စင်ပေးပါတယ်။ (ခ) ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာပြီး ချောင်းဆိုး၊ ရင်ကျပ်နာ၊ အသက်ရှုလေပြွန်ပွရောဂါ၊ အအေးမိရောဂါ တို့ ကို ကောင်းစွာ ကုသပေးနိုင်ပါတယ်။ (ဂ) အစာချေ လမ်းကြောင်းမှာ သွေးထွက်ခြင်းမှ ကာကွယ်ပေးရုံသာမက၊ ထိုအစာချေ လမ်းကြောင်းပေါ်ရှိ ကပ်ပါးပိုးများကိုလည်း သန့် စင်ပေးပါတယ်။ (ဃ) ဤဆေးဖျော်ရည် သောက်စမှာ ဗိုက်တွေခါးတွေ ဖောင်းလာကောင်း ဖောင်းလာနိုင်ပါတယ်။ သို

ဆီးချိုသမားများ စားနိုင်တဲ့ အသီးအနှံများ

Image
လူတွေမှာ ရောဂါ တစ်မျိုးဖြစ်ပေါ် ခံစားနေ ရပြီဆိုရင် အစားအစာတွေက အစ ရှောင်ကြဉ်ကြ ရပါတယ်။ ရောဂါ နဲ့မတည့်တဲ့အခါ စားချင်ပေမယ့် မစားရ၊ ဆန္ဒကိုမျိုသိပ်ပြီး အသက်ကို ဥာဏ်စောင့် ဆိုသလို ဆင်ခြင်စားသောက် ကြရပါတယ်။အဓိကအားဖြင့် ဆီးချို ရောဂါကို ခံစားနေရတဲ့ လူတွေအတွက် အစားအစာကို ပိုလို့ရှောင်ကြ ရပါတယ်။ ဆီးချိုတက်မှာစိုးရိမ်တဲ့ အတွက် မိသားစုဝင်တွေဟာ သကြားဓာတ်ပါဝင်တဲ့ အစားအစာတွေကို ရှောင်ရှားပြီး အထူးဂရုစိုက် ကျွေးမွေးစောင့်ရှောက် ကြရပါတယ်။ ဒီလို ဆီးချိုသမားတွေအတွက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အသီးအနှံ တစ်ချို့ကိုဖော်ပြပေး လိုက်ပါတယ်။ စတော်ဘယ်ရီ စတော်ဘယ်ရီမှာ ပါဝင်တဲ့ အာဟာရဓာတ် သဘာဝတွေဟာ ဆီးချိုသမားတွေအတွက် သွေးအတွင်း သကြားဓာတ်ကို ထိန်းချုပ်ပေးသလို အဆာလည်း ခံစေပါတယ်။ ဆီးချိုကြောင့် မျက်လုံးအမြင်အာရုံ ထိခိုက်စေမှု ကိုကောင်းစွာ ကာကွယ်ပေးပါတယ်။ ပန်းသီး ပန်းသီးဟာလည်း ဆီးချိုသမားတွေအတွက် ပြည့်စုံကောာင်းမွန်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ပန်းသီးရဲ့ အခွံထဲမှာ ရှိနေတဲ့ အာဟာရ ဓာတ်သဘာဝတွေဟာ ဆေးချို ၊သွေးချို ကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ နှလုံးရောဂါ၊ မျက်လုံးအမြင်အာရုံချို့တဲ့မှုရောဂါ တို့ကို ကာကွယ်နိုင်သလို ကင်ဆာရော

သက်သတ်လွတ် သမားတွေအတွက် အာဟာရပြည့်ဝတဲ့ အစားအစာများ

Image
အသီးအရွက်ကို ကြိုက်နှစ်သက် လို့ပဲဖြစ်ဖြစ်၊ အသားငါးကို မကြိုက်လို့ပဲဖြစ်ဖြစ် သက်သတ်လွတ် စားသူတွေ အများကြီးရှိကြပါတယ်။ တချို့က ရာသက်ပန် စားသလို တချို့က တစ်လ (သို့မဟုတ်) တစ်ပတ် စသဖြင့် အချိန်သတ်မှတ်ပြီး စားကြတာလည်း ရှိပါတယ်။ ဗုဒ္ဓဘာသာဝင် အများစုကလည်း အဓိဌာန်ဝ င်ဘာဝနာပွားများတဲ့ အခါတွေမှာ သက်သတ်လွတ် စားလေ့ ရှိကြပါတယ်။ အသီးအရွက် ချည်းပဲစားရင် အာဟာရ မပြည့်ဝနိုင်ပဲ ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ထင်မြင်ယူဆပြီး သက်သတ်လွတ် စားချင်ပေမဲ့ မစားဖြစ်သူတွေ၊ သားသမီးက သက်သတ်လွတ် စားနေလို့ အာဟာရမပြည့်မှာ စိုးရိမ်နေသူတွေနဲ့ သက်သတ်လွတ် စားနေသူအားလုံးအတွက် အသားငါးတွေကနေ ရရှိနိုင်တဲ့ အာဟာရတွေပါ စုံလင်စွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက် (၅) မျိုးအကြောင်းဖော်ပြပေးလိုက်ပါတယ်။ (၁) နှံစားသီးနှံ - သက်သတ်လွတ် စားသူတွေဟာ ကြက်ဥ ဘဲဥနဲ့ နို့ထွက်ပစ္စည်းတွေကို မစားတဲ့အတွက် ဗီတာမင် B12 ကို လုံလောက်စွာ ရရှိနိုင်ဖို့ နှံစားသီးနှံတွေကို စားသင့်ပါတယ်။ ဆန်စပါး၊ ပေါင်မုန့်လိုမျိုး ဂျုံထွက်ပစ္စည်း၊ ပြောင်းဖူး၊ ကွေကာအုတ် စတဲ့နှံစားသီးနှံထွက် စားစရာတွေဟာ အရသာရှိပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကို ပြည့်ဝစေပါတယ်။ (၂) ပဲ - ပဲမှာ ပရိုတင်း

နားဝင်ချိုတဲ့ ပြောဆိုမှု

Image
မနက်မိုးလင်း တာနဲ့ကြားလိုက် ရတဲ့ အသံက နင်မထသေးဘူးလား၊ ဘယ်အချိန် ရှိနေပြီလဲ၊ ထတော့၊ မျက်နှာသစ်မှာနဲ့ ရေချိုးမှာနဲ့ အချိန်က ကုန်အုံးမယ်၊ ငါတို့က သွားစရာရှိတယ် ဆိုတဲ့အသံများပဲ ဖြစ်ပါတယ်။ ဒီလိုပြောနေတဲ့ စကားလုံးတွေ၊ ကျယ်လောင် လှတဲ့ အသံတွေက အဖေဖြစ်သူက သူ့ရဲ့သမီးတွေကို ပြောနေတဲ့ အသံတွေပါ။ ဒါက တစ်ခါတလေ ပြောတဲ့လေသံ ပြောတဲ့ စကားလုံးတွေ မဟုတ်ပဲ နေ့စဉ်နေ့တိုင်းလိုလို အထူးသဖြင့် ကျောင်းဖွင့်တဲ့ ရက်များမှာ ကြားနေရတဲ့ အသံများပါ။ တစ်ခါ တစ်လေကြားရတဲ့ စကားလုံးတွေ ရှိပါသေးတယ်။ ဟဲ့ ဖ….မ ဘာဖြစ်နေတာလဲ ငါခိုင်းနေတာ ငါပြောနေ တာတော့ မလုပ်ဘူး။ ဘာဖြစ်နေတာလဲ သောက်ကောင်မ ဆိုတာတွေပါ။ အော်ကြီးဟစ်ကျယ်နဲ့ ဒီလိုစကားလုံး ကြမ်းကြမ်းတွေကို ပြောနေတာက ရန်ဖြစ်နေသလား ထင်ရပါတယ်။ တကယ်တမ်းမှာ အဖေဖြစ်သူက ၇ တန်း ၈ တန်းအရွယ် သမီးကို ပြောဆိုနေတာပါ။ ကျောင်းသွားဖို့ လုပ်နေတာ မပြီးသေးဘူးလား လို့ အဖေဖြစ်သူ ကအော်ပြောရင် သမီးဖြစ်သူကလဲ ဒီမှာလုပ်နေတာပဲ ပြီးတော့မယ်လို့ ပြန်ပြီးအော်ပြောတာပါ။ သားသမီးတစ်ယောက် လိမ္မာရေးခြား ရှိမှုကလဲ မိဘတွေအပေါ်မှာ များစွာ မူတည်နေပါတယ်။ မိဘတွေရဲ့ သွန်သင်ဆုံးမမှုမကောင်းပေမယ့်လဲ အရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့ ကိုယ်ပ

စာကြည့်တိုက်က အမျိုးသမီး

Image
လွန်ခဲ့တဲ့ ၁၆နှစ်ခန့် ကျွန်မ အလယ်တန်း တက်နေတဲ့ အချိန်တုန်းကပေါ့။ တစ်နေ့မှာ စာကြည့်တိုက်မှာ ကျွန်မ စာအုပ် တစ်အုပ်တွေ့လိုက်မိတယ်။ စာအုပ် မျက်နှာဖုံးက အရမ်းလှတဲ့ မြင်းလှည်းပုံလေး.. မြင်းလှည်းဘီးက ရွှေရောင် လက်လက် ထနေခဲ့လို့ အဲဒီစာအုပ်ကို ကျွန်မ ငှားလာခဲ့တယ်။ အိမ်ရောက်တော့ မေမေက စာအုပ်ကိုကြည့်ပြီး ဒါဟာ စိတ်ဆန္ဒကိုနိုးကြွစေတဲ့ စာအုပ်တစ်အုပ်၊ ကျွန်မဖတ်ဖို့ မသင့်တော်ဘူး ဆိုပြီး ကျွန်မကို စာကြည့်တိုက်ဆီ အတင်း ဆွဲခေါ် လာခဲ့ပါတယ်။ ပြီးတော့ စာကြည့်တိုက် ဝန်ထမ်းကို ကျွန်မ အသက်အရွယ်နဲ့ သင့်တော်မယ့် စာအုပ်တစ်အုပ် လဲပေးဖို့ ပြောလိုက်တယ်။ သူတို့ဘေးမှာရပ်ပြီး ကျွန်မအနေကျပ် ခဲ့ပါတယ်။ စာကြည့်တိုက် ဝန်ထမ်းက လူလတ်ပိုင်း အမျိုးသမီး တစ်ဦးပါ.. ပိန်ပိန်ရှည်ရှည်၊ ဆံပင်တိုတိုနဲ့ ဆွယ်တာအင်္ကျီဝတ်ထားပါတယ်။ ကျွန်မကို သူခေါင်းငုံ့ကြည့်ပြီး ရယ်ပြတယ်။ အဲဒီနောက် ကောင်တာနောက်ကနေ သူထွက်လာပြီး သူ့နောက်ကို ကျွန်မလိုက်ခဲ့ဖို့ မျက်ရိပ်ပြပါတယ်။ လေးလံထုံထိုင်းတဲ့ ကွန်ပျူတာတွေကို ကျွန်မတို့ကွေ့ပတ်ပြီး စင်္ကြတစ်လျှောက်ဖြတ်လျှောက်လာ ခဲ့တယ်။ အရွယ်ရောက်သူတွေဖတ်တဲ့ စာအုပ်စင်နား ကျွန်မတို့ရောက်လာ ခဲ့တယ်။ “ဒီတစ်အုပ်ဆိုရင် ဘယ်လိုနေမလဲ..

တရုတ်စာရေးဆရာ Yan Liankeပြောတဲ့ စာပေဆု

Image
၂ဝ၁၄ခုနှစ် အောက်တိုဘာလ ၂၂ရက်နေ့ညနေမှာ ၂ဝ၁၄ခုနှစ်ရဲ့တစ်နှစ်တာ Kafka စာပေဆုကို ချက် သမ္မတနိုင်ငံရဲ့မြို့တော် Pragueမြို့မှာ ကျင်းပခဲ့တယ်။ တရုတ်စာရေးဆရာ Yan Lianke က ဒီKafka စာပေဆုပြု လုပ်လာခဲ့တဲ့ ၁၄နှစ်တာကာလအတွင်းမှာ ဒီဆုချီးမြှုင့်ခြင်းခံရတဲ့ ပထမဆုံးသော တရုတ်စာရေး ဆရာဖြစ်တယ်။ ဒါကြောင့် သူ့ဘေးပတ်လည်မှာ သတင်းထောက်တွေ ဝိုင်းဝိုင် လည်ခဲ့တယ်။ သတင်းထောက် တစ်ဦးက “ဒီဆုအတွက် အံ့သြမိပါသလား ဆရာ” လို့မေးတော့ Yan Lianke က “နည်းနည်းမှ မအံ့သြမိဘူး”လို့ ပြန်ဖြေတယ်။ သူ့အဖြေကြောင့် သတင်းထောက်တွေ နေမသိထိုင်မသာဖြစ်သွားကြတယ်။ Yan Lianke ကဆက်ပြီး “ဒီဆုကို ကျွန်တော်မယူခင် ရှေ့ရက်ပိုင်းမှာ အကဲဖြတ်ဒိုင်အဖွဲ့က ကျွန်တော့်ဆီ အီးမေးလ်ပို့တယ်၊ Pragueမြို့လာပြီး ဆုလက်ခံနိုင်မလားတဲ့။ သူတို့က အရွေးခံ စာရင်းဝင်ထားတဲ့ စာရေးဆရာ တိုင်းဆီကို ဒီလိုအီးမေးလ် မျိုးပို့ခဲ့မယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် မအံ့သြမိဘူး။ တကယ်ဆုရပြီလို့ကြေညာချိန်ကျမှ အော်.. ငါ ဆုရစာရင်းထဲပါပြီလို့ တွေးမိတယ်။ ဆုရတယ်ဆိုတာ သာမန်ပဲလေ.. ဘာထူးဆန်းအံ့သြတာမျိုးမှ ကျွန်တော်မခံစားမိဘူး”လို့ ဖြေတယ်။ သတင်းထောက်ကဆက်ပြီး “စာပေနိုဘယ်လ်ဆုကို လူအများအာရုံစိုက်

အ၀လွန် သားသမီး သုံးဦးကို ကျွေးမွေးစောင့်ရှောက်ရန် ဖခင် ဖြစ်သူသက ကျောက်ကပ် ရောင်းချရတော့မည်

Image
Swesone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

သင့်ရင်သွေးလေး အတွက်ပါ အာဟာရ ဖြစ်စေမည့် အစားအစာများ

Image
Swesone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

သားဦး မိခင်တို့ ပြုလုပ်မိတတ်သည့် အမှားများ

Image
Swesone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်မှ သွေးဆင်းခြင်း

Image
Swesone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

စိတ်ကသိ ကအောက် ဖြစ်စရာ ကျန်းမာရေး ပြသနာ အလွယ်ဖြေရှင်းနည်းများ

Image
Swesone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

သားသား မီးမီး ရလိုသူ အိမ်ေထာင်သည် စုံတွဲတိုင်း စားသင့်သော အကောင်းဆုံး အစာများ

Image
Swesone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

ဘယ်တော့မှ လက်မြောက် အရှုံးမပေးတတ်တဲ့ ဟွန်းဒါး

Image
ဂျပန်နိုင်ငံက .မော်တော်ကားနဲ့ မော်တော် ဆိုင်ကယ်တွေ. တကမ္ဘာလုံးကို တင်ပို့နေတဲ့. ဟွန်းဒါး(Honda) ဆိုတာ .ကြားဖူးကြမှာပါ။. ဟွန်းဒါး ကုမ္ပဏီကို စတင် တည်ထောင်သူက. ဂျပန်လူမျိုး ဟွန်းဒါးပါ။. နာမည် အပြည့်အစုံက. Soichiro_Honda (ဆိုချီယို ဟွန်းဒါး )ဖြစ်ပါတယ်။. ဟွန်းဒါးကို. အနောက်နိုင်ငံက. သတင်းစာ .မဂ္ဂဇင်းတွေမှာ .အခက်အခဲနဲ့ ဘယ်လောက်ကြုံကြုံ. ဘယ်တော့မှ အရှုံမပေးတဲ့ လူလို့ ချီးကျူးရေးသား ကြပါတယ်။ .ဘာဖြစ်လို့. ဂျပန်လူမျိုးတယောက်ကို. အနောက်နိုင်ငံတွေက .ချီးမွန်းနေရတာလဲ ဆိုတာ .လေ့လာကြည့်ကြ ရအောင်။ ၁၉၃၈ခုနှစ်မှာ .အသက်၂၁နှစ် အရွယ် လူငယ်လေး ဟွန်းဒါးဟာ .မော်တော်ကား အင်ဂျင်မှာသုံးတဲ့. ပစ္စတင်ကွင်း (Piston_Ring )လေးတွေကို .သူ့ရဲ့ကားပြင်တဲ့ အလုပ်ရုံမှာ. စမ်းသပ်ထုတ်လုပ်တယ်။ .အောင်မြင်ရင်. တိုယိုတာမော်တော် ကားကုမ္ပဏီကြီးကို .သူ့ပစ္စည်းတွေ သွင်းမယ်ပေါ့။ .အလုပ်ရုံထဲမှာ .တယောက်ထဲ .နေ့ရော.ညရော. တကုပ်ကုပ်နဲ့ကြိုးစား ပမ်းစားလုပ်တယ်။. ပိုက်ဆံမလောက်လို့. သူ့မိန်းမရဲ့ လက်ဝတ် လက်စားတွေရောင်းချပြီး. ဆက်လုပ်တယ်။.နောက် ဆုံးအောင်မြင်စွာ. ထုတ်လုပ်နိုင်ခဲ့ပြီ။ .ပစ္စည်းနမူနာအချို့ကို ယူပြီး. တိုယိုတာ ကုမ္ပဏီကို သွားပြတယ်။. သူ့ပစ္စတင

Samsung Devices & Nexus Devives For Total Solution 2.0

Image
Samsung Devices & Nexus Devives များအတွက် Total Solution version 2.0 ကို မိတ်ဆက်ပေး လိုက်ပါတယ်။ Font ပြုလုပ် မျှဝေသူကတော့ Ko Aung Thura ( MMUG ) ဖြစ်ပါတယ်။ Android version 4.4.2 မှ လက်ရှိ 5.1 အထိ support ပေးပါတယ်။ Font zip ကိုတော့ custom recovery ကနေ install လုပ်ပေး ရမှာဖြစ်ပါတယ်။ COC မြန်မာစာ အဆင်ပြေစေရန် COC အတွက်ပါ တင်ပေး ထားပါတယ်။ Unicode သုံးလိုသူတွေကတော့ Font style ကနေ ပြောင်းသုံးရပါမယ် ခင်ဗျာ။ Firefox Broswer ကလွဲပြီး Zawgyi ရရှိမှာပါ။ မှတ်ချက် – Wikipedia application ဖတ်မရပါ။ ( Firefox Browser ဖြင့်ဖတ်ပါ။ ) Changes Logs  မြန်မာစာ ( Zawgyi Base ) S6 Edge Fonts Database Fixed Fonts Download Here >>> TotalSolution 2.0 – http://www.mediafire.com/…/86rab2q14v…/TotalSolution_2.0.zip >>> CoC Font Revolution – http://www.mediafire.com/…/ClashOfClan_Font_Revolution(_Aun… Font Style မှပြောင်းသုံးရန် မြန်မာ ( zawgyi ) apk - http://www.mediafire.com/download/wfmg8fj1kgjpl57/Phase… မြန်မာ ( Unicode ) apk –

Facebook Messenger ကို ဗီဒီယို chat ဖြင့် အသုံးပြုနိုင်မည်

Image
ဗီဒီယို chat သည် သူငယ်ချင်းများနှင့် မိသားစု များအကြား အပြန်အလှန် ဆက်သွယ်ရာတွင် အလွန် အသုံးဝင်သည့် နည်းလမ်းတစ်ရပ် ဖြစ်လာခဲ့ပြီးနောက် Facebook က အဆိုပါ လုပ်ဆောင်ချက်ကို Messenger app တွင် ထည့်သွင်းပေးခဲ့သည်။ Facebook သုံးစွဲသူများသည် မကြာမီတွင် Messenger app ကို အသုံးပြုကာ Wi-Fi နှင့် ဆယ်လူလာ ကွန်ရက်များပေါ်မှတစ်ဆင့် သူငယ်ချင်း သို့မဟုတ် မိသားစုများဖြင့် မျက်နှာချင်းဆိုင် စကားပြောဆိုမှု ပြုလုပ်နိုင်မည် ဖြစ်သည်။ Facebook Messenger တွင် ဗီဒီယို chat ပြုလုပ်ရန်အတွက် app ၏ ထိပ်ဘက်ရှိ ဗီဒီယိုကင်မရာ icon ကိုနှိပ်၍ အသုံးပြုရမည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုကို Apple ထုတ်ကုန်များနှင့် Google ၏ Android ဆော့ဖ်ဝဲ အသုံးပြုထုတ်ကုန်များတွင် အသုံးပြနိုင်မည် ဖြစ်သည်။ Facebook ၏ Messenger video chat သည် Apple FaceTime, Google Hangouts နှင့် Microsoft Skype တို့အပါအဝင် ပြိုင်ဘက်များစွာဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ Messenger video chat သည် ကောင်းမွန်သည့် အသံနှင့် ဗီဒီယိုအရည်အသွေးကို ထောက်ပံ့ပေးနိုင်ပြီး ကွဲပြားခြားနားသည့် အင်တာနက်ချိတ်ဆက်မှုများမှတစ်ဆင့် အသုံးပြုနိုင်မည်ဟု Facebook မှ ပြောကြားခဲ့သည်။ Face

ကွန်ပျူတာတက္ကသိုလ် ပါရဂူဘွဲ့သင်တန်းသားများခေါ်ယူ

Image
ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်နှင့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်များတွင် ကွန်ပျူတာပါရဂူ (PhD-IT) သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။ ပါရဂူဘွဲ့အကြို သင်တန်းများကို ဇွန်လ ၆ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်သည်။ တက်ရောက် လိုသူများ အနေဖြင့် ကွန်ပျူတာ ဘာသာရပ် (သို့မဟုတ်) သတင်း အချက်အလက်နှင့် နည်းပညာဆိုင်ရာ ဘာသာရပ် အထူးပြုဖြင့် မဟာဘွဲ့တစ်ခုခု ရရှိသူပြီးသူများ တက်ရောက်နိုင် မည်ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားနိုင် မည်ဖြစ်သည်။ သင်တန်းအား အချိန်ပြည့် တက်ရောက်နိုင်သူဖြစ် ရမည်ဖြစ်ပြီး တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများသည် Referee နှစ်ဦးထံမှ Letter of Recommendation ကို တင်ပြနိုင်ရမည်ဖြစ်သည်။ သင်တန်းမှာ အချိန်ပြည့် သင်တန်းဖြစ်ပြီး ပါရဂူဘွဲ့အကြိုသင်တန်း တစ်နှစ်နှင့် သုတေသနကျမ်းပြု နှစ်နှစ် တက်ရောက်ရမည်ဖြစ်သည်။ လျှောက်ထား သူများသည် အရည်အချင်းစစ် ၀င်ခွင့် စာမေးပွဲအတွက် မေလ ၂၃ ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်များ၌ အင်္ဂလိပ်စာကို နံနက် ၉ နာရီမှ နေ့ လယ် ၁၂ နာရီအထိလည်းကောင်း၊ သက်ဆိုင်ရာ ဘာသာရပ်ကို မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ အထ

အထက်တန်းအထိ အခမဲ့ပညာရေးစနစ် ယခုနှစ်စမည်

Image
www.englishstudents.ch ရန်ကုန်၊ ဧပြီ ၂၇ ပညာရေး ဝန်ကြီးဌာနက မူလတန်းမှ အလယ်တန်းအဆင့်အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းလခနှင့် ပြဋ္ဌာန်း စာအုပ်များ ပံ့ပိုးပေးနေရာမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ အထက်တန်း အဆင့်အထိ အခမဲ့ပညာရေးစနစ် ကျင့်သုံး မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ စုံစမ်း သိရှိရသည်။ ယခု ပညာသင်နှစ်တွင် အထက်တန်းအဆင့် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခကြေးများ အခမဲ့ ပံ့ပိုးပေးရန် အသုံးစရိတ် ရရှိပြီး ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။ ယခင်က အလယ်တန်းအဆင့် အထိသာ အခမဲ့ဖြစ်ခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အထက်တန်းကျောင်းသားများကို မိဘဆရာ အသင်းကြေး၊ အားကစား၊ စာရေးကိရိယာနှင့် စာကြည့်တိုက်ကြေးများ ကင်းလွတ်မည် ဖြစ်ပြီး ကောက်ခံပါက သက်ဆိုင်ရာ ပညာရေးမှူးရုံးများသို့ တိုင်ကြားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ “ဒီလိုပေးမယ် ဆိုတော့ ဝမ်းသာစရာပေါ့။ ဆရာမတို့တော့ မသိသေးဘူး။ ကျောင်းကလည်း အဲဒါနဲ့ ပတ်သက်ပြီး အစည်းအဝေး မလုပ်ကြသေးဘူး” ဟု ရန်ကုန်မြို့တော်ရှိ အထက်တန်းပြ ဆရာမတစ်ဦးက ပြောကြားသည်။ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် မူလတန်းအဆင့် ကျောင်းသားတိုင်းကို ကျောင်းသုံးပုံနှိပ်စာအုပ်၊

မူလတန်းအဆင့် ကျောင်းသားတိုင်း ကျောင်းစိမ်းအင်္ကျီများ ဇွန်လကုန် စပေးမည်

Image
ရန်ကုန်၊ ဧပြီ ၂၇ ပညာရေး ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းမှ မူလတန်းအဆင့် ကျောင်းသားတိုင်းကို ကျောင်းလခနှင့် ပြဌာန်းစာအုပ်များ အခမဲ့ သတ်မှတ်ပေး ထားသည့်အပြင် ကျောင်းစိမ်း ဝတ်စုံ တစ်စုံစီကို လာမည့် ဇွန်လကုန်တွင် စပေးမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ “အခုဆိုရင် တချို့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ရောက်နေပြီ။ မရောက်သေး တာတွေတော့ ရှိသေးတယ်။ ဇွန်လကုန်တော့ အကုန်စပေးမှာပါ” ဟု ၎င်းက ပြောဆိုသည်။ ပညာရေး ဝန်ကြီးဌာနက ဇွန်လ ၁၅ ရက် နောက်ဆုံး အခြေခံပညာကျောင်းတိုင်းကို အရောက်ပို့ပေးမည် ဖြစ်ကြောင်း၊ အချို့အခြေခံပညာ ကျောင်းများသို့ ကျောင်းဝတ်စုံများ ရရှိနေပြီဖြစ်ကြောင်း ပညာရေး ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။ “ရန်ကုန်တိုင်းကိုတော့ ကျောင်းဝတ်စုံတွေ ရောက်နေပါပြီ” ဟု ရန်ကုန်တိုင်း ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။ အလားတူ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်း အချို့ကိုလည်း ကျောင်းစိမ်းဝတ်စုံများ ရောက်ရှိနေပြီဖြစ်၍ ကျောင်းအပ်နှံမည့်နေ့တွင် ကျောင်းဝတ်စုံများ တစ်ပါတည်းပေးမည် ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး မူလတန်း ကျောင်းအုပ်ဆရာတစ်ဦးက The Vocie သို့ ပြောကြားသည်။ ေ

အရွယ်တင်ခြင်း နည်းလမ်းကောင်း (၁၀)ချက်ကို ကျင့်သုံးရဲ့လား

Image
ကိုယ့်အရေပြားတွေ အိုမင်း လက္ခဏာ စတင်ပြသ လာပြီလား။ မျက်နှာ အရေပြားလေးများ တွန့်ခေါက်လာခြင်း၊ နဖူးပေါ်မှာ အမည်းစက် လေးများ ထင်လာခြင်း၊ နှုတ်ခမ်း အရေပြားတွေ ကျုံ့လာခြင်း၊ မျက်ရစ်တွေ တွဲကျ လာခြင်းစသည့် လက္ခဏာများကို မြင် လာရပြီလား။ အိုမင်းမှု ကာကွယ်ဆေးဆိုပြီး ရောင်းနေတာတွေ သောက်မည့်အစား ဘ၀နေမှုစတိုင် နည်းနည်းလေး ပြောင်းကြည့်ပါ လား။ နေပုံထိုင်ပုံ စားပုံသောက်ပုံ နည်းနည်းလောက် ပြောင်းလိုက်ရုံနဲ့တင် အရေပြားများ လတ်ဆတ် ကျန်းမာကာ လူက နုပျိုလာနိုင်သည့် နည်းလမ်းကောင်း (၁၀)ချက်ရှိသည်။ နေရောင်နဲ့ တိုက်ရိုက်ထိချိန် သိပ်မများ အောင် ဂရုစိုက်ပါ။ နေရောင်နဲ့ များများထိခြင်းသည် အရေပြားများ စောစီးစွာ အိုမင်းစေသည့် အကြောင်းရင်း တစ်ချက်ဖြစ်သည်။ နေအပြင်းဆုံး နေ့လယ်အချိန် များတွင် အမိုးအကာ အောက်မှာနေပါ။ နေရောင်ပြင်းသည့် အချိန်မျိုး မဖြစ်မနေ အပြင်ထွက်ရမည် ဆိုပါ SPF ပမာဏ လုံလောက်စွာ ပါဝင်သော နေရောင်ကာ လိမ်းဆေးများ လိမ်းပါ။ နေရောင်ထဲ မထွက်ခင် မိနစ်(၂၀)၊(၃၀) လောက် ကြိုပြီးလိမ်းပါ။ နေရောင်ထဲ ထွက်နေချိန်တွင်လည်း နှစ်နာရီခြား တစ်ခါလောက် ထပ်လိမ်း ပေးပါ။ သို့ပါမှ နေရောင်ကာ လိမ်းဆေး ခြောက်သွားကာ ကာကွယ်နိုင်စွမ်း က

မိမိကိုမိမိ အရည်အသွေး အစစ်ခံလိုက်သော AIS

Image
ကမ္ဘာ တစ်လွှားတွင် ဖွင့်လှစ်ထားသော International School များအတွက် ပညာ သင်ကြားနေကြသော ကျောင်းသူကျောင်း သားများ၏့ အရည်အသွေး အစစ်အမှန်ကို စစ်ဆေးသော ကမ္ဘာ့အဆင် မှီ Test များတွင် International School of Acccess ( I S A ) စာမေးပွဲသည် ကမ္ဘာ အသိအမှတ်ပြု Test ဟုလူသိ များပေသည်။  ကျနော်တို့ Ayeyarwaddy International School သည် ယခုစာသင်နှစ်တွင် အဆိုပါ Test ကို Grade 3 မှ Grade 10 အထိ ကျောင်းသူကျောင်းသားများအားလုံးကို ၀င်ရောင်ဖြေဆိုစေ ခဲ့ပါသည်။ ယခုနှစ် စာမေးပွဲကို ဖြေဆိုခဲ့သော ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကျောင်းပေါင်း၂၂၆ ကျောင်းရှိပြီး….  ၁။ အာရှတိုက်မှ ၉၅ ကျောင်း ၂။ ဥရောပမှ ၇၁ ကျောင်း ၃။ အာဖရိက နှင့် အရှေ့ အလယ်ပိုင်းနိုင်ငံများမှ ၄၂ ကျောင်း ၄။ အမေရိကန် မှ ၁၆ ကျောင်း ပါဝင်ဖြေဆို ခဲ့ပါသည်။  မြန်မာနိုင်ငံ ကိုယ်စား ရန်ကုန်မှ Yangon International School ( Y I S ) နှင့် မန္တလေး မှ AIS ပါဝင်ခဲ့ပါသည်။ AIS မှလွှဲ၍ ကျန်သောကျောင်းအားလုံးနှီးပါး English Native Speaker ကျောင်းသား ၂၅% အထက်ရှိသော ကျောင်းများဖြစ်ကြပါသည်။  AIS အတွက် သတင်းကောင်းမှာ….အဆိုပါ ၂၂၆ ကျောင်းနှင့် နိုင်းယှဉ်လိုက်သောအခါ … Native S

သွေးသန့်ခြင်းနဲ့ သွေးကြောပိတ်၊ သွေးခဲဆို့ခြင်းအတွက် ဆေးနည်း

Image
၁၂ ရာစုက စတင်ဖြစ်ပေါ်ခဲ့တဲ့ ဆေးနည်းဖြစ်ပြီး ဂျာမန်ဆရာဝန် Hildegard von Gingen တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆေးနည်းရဲ့အဓိက ပါဝင် ပစ္စည်းကတော့ သစ်ဘယ်သီးပွင့် (chestnut flower) ဖြစ်တယ်။ အပွင့်ကို တစ်ခိုင်လောက် ယူရပါမယ်။ ပန်းပွင့်တွေကို ကျိုချက်ထားတဲ့ရေ ၁ လီတာနဲ့ ဇလုံတစ်ခုထဲ ထည့်ပြီး နာရီဝက် ကြာအောင်ထားပြီးပါက အဖတ်တွေကို ဖယ်ထုတ်ရပါမယ်။ ရလာတဲ့ အရည်ကို နေ့ဘက် တစ်ငုံစီ သောက်ပေးပါ။ သွေးသန့်စေဖို့အတွက်နဲ့ သွေးကြောပိတ်သွေး၊ သွေးခဲဆို့ခြင်းအတွက် အထူး ကောင်းမွန်ပါတယ်။ Ref:healthyfoodstar ကျန်းမာရေးအတွက်ဆေးတစ်ခွက် -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

သခွားသီးအရည် သံပရာရည် တစ်ဇွန်းနှင့် ရေအေးရောစပ်ကာ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့လိမ်းပေးပါက ဆီးနှင့် အသားပူခြင်း ရောဂါများ ပျောက်ကင်းနိုင်

Image
အသားအရေ ပူသူများ၊ ဆီးရောဂါနှင့် အမျိုးသမီးများ ဓမ္မတာ သွေးပုပ် ကျန်သည့် အမျိုးသမီး ရောဂါများကို ခံစားနေရပါက မိမိ အိမ်တွင်း၌ပင် ကုသပျောက် ကင်းစေနိုင်သည့် သဘာဝ သစ်သီးများနှင့် ဆေးကုသနည်း တစ်ရပ်ကို ရေးသား ဖော်ပြလိုက်ရပါသည်။ သခွားသီး တစ်လုံးကို အစေ့ထုတ်၍ အရည်ရသလောက် ညှစ်ယူထားပြီး သံပရာရည် တစ်ဇွန်းနှင့် ရေအေးအေးတွင် ရောစပ်ကာ သမအောင်မွှေပြီးလျှင် မျက်နှာနှင့်ခြေ၊ လက်၊ ခန္ဓာကိုယ်မကျန် လိမ်းကျံပေးခြင်းအားဖြင့် အသားအရေ ချောမွတ် စိုပြည်လာပြီး ပူနေသည့်အသားကို အေးမြလာစေမည် ဖြစ်သည်။ နေ့စဉ် ညအိမ်ရာဝင်တိုင်း အမြဲပြုလုပ် ပေးပါက မျက်စိကြည်လင်ခြင်း အပြင် ဆီးရောဂါနှင့် ဓမ္မတာ သွေးပုပ်ကျန် အမျိုးသမီးများ အတွက် ရောဂါများကို ပျောက်ကင်းစေနိုင်သည်ဟု ဆေးသုတေသန မှတ်တမ်းများအရ သိရသည်။ ''အခုနောက်ပိုင်း ရောဂါ တစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ်၊ ဝေဒနာ တစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ် ဆေးခန်းကိုသွားပြီး မပြချင်ကြဘူး။ အိမ်ထဲမှာပဲ ဆေးမြီးတိုတွေနဲ့ ကျိတ်ကုကြတယ်။ ဒါကကောင်းတော့ မကောင်းဘူး၊ အနာနဲ့ဆေးမတည့်ရင် ရောဂါတွေ ပိုဆိုးလာမယ်။ ဒါပေမဲ့ သဘာဝသစ်သီးတွေနဲ့ ကုသရင်တော့ ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူး''ဟု တိုင်းရင်း ဆေးသမားတေ

ပညာရှိခြင်းနှင့် ပညာမဲ့ခြင်း

Image
Written by အေးကမ္ဘာ ဒေါက်တာချစ် ပညာရှိဆိုတာ စကားပြောဆို ရာမှာဖြစ်ဖြစ်၊ စာရေးသားရာမှာဖြစ်ဖြစ် စကားလုံး တိုင်းဟာ လေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ပညာရှိနား ဆည်းကပ်နေထိုင်ရရင် ပညာရှိတွေရဲ့ပြောဆိုပုံ၊ တွေးခေါ်ပုံတွေဟာ အတုယူလေး စားလောက်ဖွယ် ကောင်းလှပါတယ်။ သဘာဝကျကျ တွေးခေါ် တတ်တာတွေ၊ လောကကြီးကို ရှုမြင်ပုံတွေဟာ ကျွန်ုပ်တို့အတွက် အတုယူစ ရာတွေ အတော်များလှပါတယ်။ ပညာရှိဟာ ဥစ္စာချို့တဲ့ချင် ချို့တဲ့မယ် ဒါပေမဲ့ သူ့ရဲ့တွေးခေါ်မြော်မြင်နိုင်မှုဟာ လေးစားတန်ဖိုးထား ဖွယ်ကောင်းလှပါတယ်။ အပြင်ပန်း အနေနဲ့ကြည့်ရင် အထင်ကြီးစရာမရှိ ဖြစ်ချင်ဖြစ်မယ်။ တကယ်ပြော ဆိုဆက်ဆံကြည့်မှ ပညာရှိတို့ရဲ့ သဘောထားတွေကို သိကြရတာ မဟုတ်ပါလား။ လူအတော်များများ ကတော့ ပညာရှိတာထက် ဥစ္စာရှိတာကို ပိုပြီးနှစ်သက်ကြတာ၊ ဥစ္စာရှိတာကိုပဲ လူရာသွင်းချင်ကြတာ၊ နေရာပေးချင်ကြတာ၊ ဥစ္စာရှိသူနဲ့ အပေါင်းအဖော်ပြုရတာကို ဂုဏ်ယူနေကြ တာ၊ ဆင်းရဲသားပညာရှိကိုတော့ ချောင်ထိုးချင်ကြတာ၊ နေရာပေးရကောင်းမှန်းမသိ၊ အဲဒီလို ချောင် ထိုးခံရတဲ့ ပညာရှိဟာ ပညာမာနအမှန်တကယ် မြဲမြံစွာလက်ကိုင်ပြုထားရင် မာနကိုဘယ်တော့မှ ချကြ တာမဟုတ်။ ဒါပေမဲ့တကယ်လို့သာ မာနတရားကို မြဲမြံစွာလက်ကိုင်မပြုထားနိုင်ရင