Posts

Showing posts from 2016

If you plant honesty, you will reap trust....

Image
ေအာင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးဟာ သူ့အနေနဲ့ အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ကုမ္ပဏီလုပ်ငန်းတွေကို ဆက်ပြီး ဦးဆောင်နိုင်မယ့် သူကို ရွေးချယ်ဖို့ ဆုံးဖြတ်​လိုက်​တယ်....  ဒီလိုရွေးချယ်ဖို့အတွက် သူ့ရဲ့ဆွေမျိုးသားချင်းတွေနဲ့ စီနီယာ ညွှန်ကြားရေးမှူးတွေ ထဲကနေ ရွေးချယ် ရမယ့်အစား... ထူးထူးခြားခြား ဂျူနီယာကျတဲ့ လူငယ​်ဝန်ထမ်းတွေ အားလုံးကို ခန်​းမထဲ ခေါ်ပြီး စုရုံးခိုင်​းလိုက်တယ်... အဲဒီနောက် အကြီးအကဲက...  "ငါ့အနေနဲ့ ကုမ္ပဏီကနေ အနားယူဖို့ အချိန်​ကျပြီ.. အဲဒီ​တော့ ငါ့နေရာမှာ ဆက်ခံမယ့်သူ နောက်ထပ် အမှုဆောင်အရာရှိချုုပ်အသစ်ကို ရွေးချယ်ရမှာ ဖြစ်​တယ်​.. မင်းတို့ အားလုံးထဲက တစ်ယောက်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ထားတယ်..." အကြီးအကဲရဲ့ စကားကြောင့် ဝန်ထမ်းတွေအားလုံး အံ့အားသင့်ပြီး ကြက်သေ သေသွားကြတယ်... အကြီးအကဲက ဆက်လက်ပြီး...  "ဒီကနေ့ မင်းတို့ တစ်ဦးချင်းစီကို အပင်မျိုးစေ့ တစ်စေ့စီ ပေးလိုက်မယ်... အရမ်းထူးခြားတဲ့ မျိုးစေ့တွေပေါ့ကွာ... အဲဒီမျိုးစေ့ကိုယူပြီး မင်းတို့ရဲ့အိမ်မှာ စိုက်ပျိုးပါ... ရေလောင်းပါ... ဒီနေ့ကစပြီး တနှစ်ပြည့်တဲ့အခါ ငါပေးလိုက်တဲ့ မျိုးစေ့ကနေ ပေါက်လာတဲ့ အပင်ကိုယူပြီး ငါ့

The blind man with a lamp.....

Image
တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့မှာ နေထိုင်တဲ့ မျက်မမြင် လူတစ်ယောက် ရှိတယ်... သူဟာ ညဘက် အပြင်ထွက်တဲ့ အခါတိုင်း လက်ထဲမှာ မီးအိမ်ငယ် တစ်လုံးကို အမြဲတမ်း ယူဆောင်သွားလေ့ ရှိတယ်...  ညတစ်ညမှာတော့ မီးအိမ်ကို ဆွဲပြီး အပြင်ထွက်ချိန် သူသွားနေတဲ့ လမ်းမှာပဲ ဖြတ်လျှောက်လာတဲ့ လူတစ်စုက သူ့ကိုတွေ့တဲ့အခါ... " ခင်ဗျားက မျက်စိမှ မမြင်ရတာ... ဘာဖြစ်လို့ မီးအိမ်ကို ယူလာ ရတာလဲ... ယူလာလဲ ဘာမှမြင်ရမှာမှ မဟုတ်တာဗျာ..." လို့ပြောပြီး လှောင်ပြောင် ရယ်မောကြတယ်...  ဒီအခါ မျက်မမြင်က ယဉ်ကျေးသိမ်မွေ့စွာ ပြန်ပြောလိုက်တာက...  "ဒီမီးအိမ်က ကျုပ်အတွက် မဟုတ်ပါဘူးဗျာ... ခင်ဗျားတို့လို မျက်စိမြင်ရတဲ့ သူတွေအတွက်ပါ... မျက်မမြင် ဒုက္ခိတ တစ်ယောက် လာနေတာကို မတွေ့ပဲ ဝင်တိုက်မိမှာ စိုးလို့ပါ...."  Moral: Think twice before you speak...  ©greenyatra/google  --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) 

မွေးနေ့လက်ဆောင်...

Image
(ကျား) - "Happy Birthday!!! ဆွီတီ..." (မ) - "ကျေးဇူးကမ္ဘာနော် ဘေဘီ... ဒါနဲ့ မွေးနေ့အတွက် ဘာလက်ဆောင် ယူလာပေးလဲ... ?" (ကျား) - (လက်ညိုးညွှန်ပြီး) "ဟိုးးးမှာ ရပ်ထားတဲ့ BMW ကား အနီရောင်လေး တွေ့တယ် မဟုတ်လား?" (မ) - "အိုးမိုင်ဂေါ့!!! တွေ့တယ်... တွေ့တယ်... မယုံနိုင်စရာပဲ... I love you so much, baby..." (ကျား) - "အေး... ဟုတ်ပီ... အဲဒီကားနဲ့ အရောင်တူတဲ့ သွားတိုက်တံ တစ်ချောင်း ယူလာပေးတယ်..." (မ) - "မိုးကြိုးပစ် :-( :-( :-( :'( :'( :'( !!!!" :-P :-P :-P :-D :-D :-D :-P :-P :-P :-D :-D :-D  ©google  --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) 

'အာဘွား'...

Image
အခြားမြို့တစ်မြို့မှာ သွားရောက် အလုပ်လုပ်နေတဲ့ ခင်ပွန်းဖြစ်သူက သူ့မွေးရပ်မြေမှာရှိတဲ့ ဇနီးသည်ကို စာလှမ်းရေးတယ်.... "ချစ်ဇနီး..." "ယခုတလော ကမ္ဘာ့စီးပွားရေး အကြပ်အတည်းက ကိုယ်တို့ကုမ္ပဏီကိုပါ လာပြီး ဂယက်ရိုက်နေလို့ ဒီလအတွက် လစာမပို့ပေးနိုင်ဘူးကွာ... အဲဒီအစား 'အာဘွား' အခါ ၁၀၀ ပို့ပေးလိုက်တယ်ကွာ..." "မင်းဟာ ကိုယ်ရဲ့အချစ်ဆုံးပါ... ဒီလတော့ အဆင်ပြေသလို ကြည့်ပြီး နေလိုက်ပါအုံး... ကိုယ့်ကို နားလည်ပေးပါ..." "မင်းရဲ့ ချစ်ခင်ပွန်း..." ဒီအခါက ဇနီးဖြစ်သူက အောက်ပါအတိုင်း စာပြန်ရေးလိုက်တယ်... "ဟေး! ဟန်နီ" "'အာဘွား' အခါတစ်ရာ ပို့ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်...." "အောက်က စာရင်းကတော့ ဒီလအတွက် 'အာဘွား' နဲ့ ပေးချေခဲ့ရတဲ့ ကုန်ကျစရိတ်တွေပါ..." "၁။ နွားနို့ ၁ လစာအတွက် နို့ကုလားကို 'အာဘွား' ၂ ခါ..." "၂။ လျှပ်စစ်မီတာ လာကောက်တဲ့ လူကြီးက မီတာခမပေးရင် မီးဖြတ်မယ်ပြောလို့ "အာဘွား" ၇ ခါ..." "၃။ ကျမတို့ ငှားနေတဲ့အိမ် လခအတွက် အိမ်ပိုင်ရှင်ကို နေ့စဉ် "အာဘွား" ၂ ခါကနေ ၃ ခါ

Please Take Time to Sharpen the Axe.....

Image
ထင်းခုတ်သမား တစ်ဦးဟာ သူဌေးဖြစ်သူရဲ့ အားပေး စကားကြောင့် နောက်ရက်ကစပြီး ထင်းတွေကို ကြိုးစားပမ်းစား ခုတ်တယ်.... ပထမနေ့မှာ ထင်းအရေအတွက် အတော်များများကို ခုတ်နိုင်ခဲ့တယ်... ဒုတိယမြောက်နေ့မှာလည်း ပိုပြီးတော့တောင် ကြိုးစားပမ်းစား ခုတ်ခဲ့တယ်... ဒါပေမယ့် ပထမရက်လောက် ထင်းအရေအတွက်များများ မရခဲ့ဘူး...  ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ရက်ပေါင်းစွာ ဆထက်တံပိုး ကြိုးစားပြီး ထင်းတွေ ခုတ်လာခဲ့တယ်... ကြိုးစားသလောက်လည်း ရလာဒ်က ပိုပိုပြီး နည်းနည်းလာတယ်...  ဒီအခါ ထင်းခုတ်သမားက သံသယစိတ်ဝင်ပြီး... "ငါ့ခွန်အားတွေ ဆုံးရှုံးကုန်လို့ ဖြစ်ရမယ်..." ဆိုပြီး သူ့ကိုယ့်သူ ထင်မြင်ယူဆလိုက်တယ်... နောက်တစ်နေ့ နံက်မှာ ထင်းခုတ်သမားဟာ သူဌေးဖြစ်သူထံသွားပြီး အဖြစ်အပျက်တွေ အားလုံးကို ပြောပြပြီး တောင်းပန်တယ်...  ဒီအခါ သူဌေးဖြစ်သူက... "မင်းရဲ့ ရဲတင်းကို မသွေးဖြစ်တာ ဘယ်လောက်ကြာပြီလဲကွ...?" လို့ ဆိုပြီး ထင်းခုတ်သမားကို မေးလိုက်တယ်... ဒီအခါ ထင်းခုတ်သမားက... "ရဲတင်းသွေးဖို့ ဟုတ်လား သူဌေး...? ကျွန်တော့မှာ နေ့စဉ် ထင်းတွေကို ကြိုးစားပမ်းစားခုတ်ရင်း အလုပ်များနေလို့ ရဲတင်းသွေးဖို့တောင် အချိန် မရှိပါဘူးခင်ဗျာ...." ဆ

ကြမ်းပြင်မခြောက်သေးလို့ပါ...

Image
ရဲစခန်းမှူးနဲ့ သူ့တပည့် စက်နဲ့စကားပြောနေသည်.... (တပည့်)... "မြို့ထဲမှာ အမျိုးသမီးတစ်ဦး သူ့ယောကျ်ားကို ခုလေးတင် ပစ်သတ်လိုက်တယ် ဆရာ..."  (စခန်းမှူး)... "ဘာဖြစ်လို့ ပစ်သတ်တာလဲကွ...?" (တပည့်)... "သူ ခုလေးတင် တိုက်ချွတ်ထားတဲ့ ကြမ်းပြင်ပေါ်ကို လမ်းတက်လျှောက်လို့တဲ့ ဆရာ..." (စခန်းမှူး)... "ဒါဆို အဲဒီအမျိုးသမီးကို ဖမ်းပြီးပြီလား...?" (တပည့်)... "ကြမ်းပြင် မခြောက်သေးလို့ မဖမ်းရသေးဘူး ဆရာ..."  :-D :-D :-D :-P :-P :-P :-D :-D :-P :-P :-P  ©google --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) 

Who do you love more, Mum or Dad...?

Image
(အဖေ).... "ငါ့သား မင်းမာမီနဲ့ဒက်ဒီ ဘယ်သူ့ကို ပိုချစ်သလဲကွ?..." (သား).... "နှစ်ယောက်စလုံးပါ" (အဖေ).... "ကောင်းပြီလေ.... ဒါဆိုရင် ဒက်ဒီက စင်ကာပူကို အလည်သွားမယ်... မင်းမာမီက ဂျပန်ကို အလည်သွားမယ်ဆိုပါစို့ မင်းဘယ်နိုင်ငံကို ရွေးမလဲ?..." (သား).... "ဂျပန်နိုင်ငံပါ..." (အဖေ).... "ဒါဆို မင်းရဲ့မာမီကို ပိုပြီးချစ်တယ်လို့ ဆိုလိုချင်တာလား?..." (သား)... "မဟုတ်ပါဘူး ဒက်ဒီ... သားက ဂျပန်နိုင်ငံကို သဘောကျလို့ပါ..." (အဖေ).... "ဟုတ်ပါပြီကွာ... ဒါဆိုရင် ဒက်ဒီက ဂျပန်ကို သွားမယ်... ပြီတော့ မင်းမာမီက စင်ကာပူကို သွားမယ် ဆိုရင်ရောကွာ... မင်း ဘယ်နိုင်ငံကိုရွေးမလဲ???...." (သား).... "စင်ကာပူပါ" (အဖေ).... (ဒေါသထွက်တဲ့ လေသံနဲ့) "ဘာကွ!!! ဘာဖြစ်လို့???..." (သား)... "ဘာဖြစ်လို့လဲဆိုတော့... သား အရင်တစ်ခေါက်က ဂျပန်နိုင်ငံကို ရောက်ဖူး သွားလို့ပါ...ဒက်ဒီ..." :-P :-P :-P :-D :-D :-D :-P :-P :-P :-D :-D :-D  ©google --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) 

နာမည်မေ့နေလို့ပါ...

Image
လူတစ်ယောက်က အဖိုးအိုကို မေးတယ်... "အဖိုးက အသက် (၉၀) တောင် ကျော်နေပြီ အဖိုးရဲ့ဇနီးကို ခုချိန်ထိ 'ဒါလင်' 'ဟန်နီ' 'အချစ်ကလေး' လို့ ခေါ်တုန်းပဲနော်... အဲဒီ လျှို့ဝှက်ချက်လေး ပြောပြပါလား အဖိုး?..." ဒီအခါ အဖိုးအိုက... "ဒီလိုပါကွယ်... လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး အဖိုး သူ့နာမည်ကို မေ့နေလို့ပါ... မေးလည်း မမေးရဲတော့လို့ပါကွယ်..." :-D :-D :-D :-P :-P :-P :-D :-D :-D :-P :-P :-P  Pic@google --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) 

အတွေ့အကြုံ- Experience....'

Image
ျခင်္သေ့ စုံတွဲတစ်တွဲဟာ တောအုပ်တစ်အုပ်ရှိ ဂူထဲမှာ အတူရှိနေကြတယ်... ဒီအချိန် အနီးအနားရှိ သစ်ပင်တစ်ပင်ပေါ်က မျောက်တစ်ကောင်က ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေ သုံးပြီး ခြင်္သေ့ထီး ကို စော်ကားမော်ကား လုပ်နေတယ်... ခြင်္သေ့မ က ဒေါသထွက်လာပြီး ခြင်္သေ့ထီးကို... " ကဲ!!! တောဘုရင်ကြီး... ဒီလို မျောက် အကောင် သေးသေးလေးက ရှင့်ကို ရိုင်းစိုင်းစော်ကားနေတာကို ဒီလိုပဲ ကြည့်နေတော့မှာလား... ရှင် ဒီမျောက်စုတ်ကို အပြစ်ပေးမှရမယ်..." ဒီအခါ ခြင်္သေ့ထီးက လေသံခပ်အေးအေးနဲ့..." အေးပါကွာ... မင်းပြောတာ မှန်ပါတယ်... ဒါပေမယ့် မင်းဘာသိလဲ? ငါက တောဘုရင်လေကွာ... သူ့အဆင့်အတန်းနဲ့ သွားယှဉ်ပြီး ဖြစ်နေလို့ ဘယ်ရပါ့မလဲ... လွှတ်ထားလိုက်စမ်းပါကွာ..." ခြင်္သေထီး စကားကြောင့် ခြင်္သေ့မလည်း အံ့အားသင့်ပြီး ဘာမှပြန်မပြောတော့ပဲ ငြိမ်သက်စွာ ထိုင်နေ လိုက်တယ်... ဒါပေမယ့် မျောက်ကတော့ ဆက်ပြီး ရိုင်းစိုင်းစော်ကားနေတယ်... ဒီအခါမှာတော့ ခြင်္သေ့မ လည်း စိတ်မရှည်တော့ပဲ ဒေါသတကြီးနဲ့ အော်ပြီးတော့... " ကျမ ဒါကို လုံးဝ သည်းမခံနိုင်တော့ဘူး... ဒီမျောက်စုတ်ကို သင်ခန်းစာ ကောင်းကောင်း ပေးရမယ်..." ဒီလိုနဲ့ ခြင်္သေ့မလည်း ဒေါသတကြ

အဆိုးထဲက အကောင်း...

Image
တစ်ခါတုန်းက အမျိုးသမီးကြီး တစ်ဦးမှာ ရေအိုးကြီး ၂ လုံးရှိတယ်... ဒီအိုးကြီး ၂ လုံးကို ရေထမ်းတံပိုးနဲ့ ပုခုံးမှာထမ်းပြီး အဝေးတစ်နေရာမှာ ရှိတဲ့ စမ်းချောင်း တစ်ခုမှာ နေ့စဉ် ရေခပ်သွားလေ့ ရှိတယ်... ရေခပ်ပြီး ပြန်လာတဲ့အခါတိုင်း ရေအိုးကြီး တစ်လုံးက အက်ကွဲကြောင်း ရှ်ိနေတဲ့အတွက် အိမ်ကို ရေတစ်ဝက်သာ ပြန်ပါလာပြီး... ကျန်အိုး တစ်လုံးကတော့ ကောင်းမွန်နေ တဲ့အတွက် ရေအပြည့် ပြန်ပါလာလေ့ရှိတယ်...  ဒီလိုနဲ့ သူမနေအိမ်နဲ့ စမ်းချောင်းအကြား နေ့စဉ် ရေခပ်သွားလာနေတာ ၂ နှစ်တင်းတင်း ရှိလာခဲ့တယ်... အမှန်တကယ်ပဲ... ကောင်းမွန်ပြည့်စုံနေတဲ့ ရေအိုးကတော့ သူ့ရဲ့ အောင်မြင်ပြီးမြောက်မှုအတွက် သူ့ကိုယ်သူ ဂုဏ်ယူမဆုံး ဖြစ်နေတယ်...  ဒါပေမယ့် အက်ကွဲကြောင်း ရှိနေတဲ့ ရေအိုးကတော့ သူ့ရဲ့ ပြီးပြည့်စုံမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် အရှက်ရလာတယ်... အခြားအိုးနည်းတူ ရေအပြည့် ပါရမယ့်အစား ရေတစ်ဝက်သာ ပြန်ပါလာလို့ စိတ်မချမ်းမြေ့ ဖြစ်လာတယ်...  ဒီလိုနဲ့ ၂ နှစ်ကြာပြီးတဲ့ နောက်ပိုင်း... ခါးသီးလှတဲ့ မအောင်မြင်မှုတစ်ခုလို့ သူ့ကိုယ်သူ ရှုမြင် လာတဲ့ ရေအိုးအက်ကြီးက တစ်နေ့ စမ်းချောင်းမှာ ရေခပ်သွားချိန် အမျိုးသမီးကြီးကို... "ကျုပ်ကိုယ်ကျုပ် သိပ်အရှက်ရတယ

Peeing in the refrigerator again???

Image
အရက် အလွန်အကျွံမူးနေတဲ့ ခင်ပွန်းသည်ဟာ ဇနီးဖြစ်သူကို အာလေးလျှာလေး လေသံနဲ့... "ဟေးးး!!! မိန်းမရေ့... ကိုယ်တို့ အိမ်သာ မီးလုံးတွေက အော်တိုမက်တစ် ဖြစ်နေသလိုပဲကွ..." ဇနီး... "ဘယ်လိုဖြစ်နေလို့လဲတော်..." ခင်ပွန်း... "ဒီလိုကွ!!! အိမ်သာတံခါး ဖွင့်လိုက်ရင် မီးတွေက သူ့အလိုလို လင်းလာတယ်... အပေါ့သွားပြီးလို့ တံခါးပြန်ပိတ်လိုက်ရင်လည်း သူ့အလိုလို ပြန်ပိတ်သွားတယ်ကွ..." ဇနီး... (ဒေါသထွက်တဲ့ လေသံနဲ့) "အရက်သမား!!! ရှင် ရေခဲသေတ္တာထဲမှာ အပေါ့ သွားစွန့်လိုက်ပြန်ပြီပေါ့...ဟုတ်လား!!!" ©google --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) 

ဘယ်သူ့အပြစ်လဲ...

Image
အိမ်ထောင်သည် အမျိုးသားတစ်ယောက်က ဘုရားသခင်ကို မေးတယ်... "အပျိုစင် မိန်းကလေးတွေဟာ အမြဲတမ်း လှပကျော့ရှင်းနေပြီး စိတ်ထားလည်း ဖြူစင်ကြတယ်... ဇနီးသည်တွေကျတော့ ဘာဖြစ်လို့ တစ်ချိန်လုံး စူပုတ်ပြီး ဒေါသထွက် နေကြရတာလဲ...?" ဒီအခါ ဘုရားသခင်က ပြန်ဖြေတယ်...  "ငါဘုရားသခင်က သူတို့အားလုံးကို လှပကျော့ရှင်းပြီး စိတ်ထားဖြူစင်တဲ့ အပျိုစင် မိန်းကလေးတွေအဖြစ် တပြေးညီ ဖန်ဆင်းပေးထားတယ်... ဒါပေမယ့် သင်တို့ကတော့ သူတို့ကို ဇနီးသည်တွေဖြစ်အောင် ဖန်တီးပေးလိုက်ကြလို့ ဖြစ်တယ်...." --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com)

Canon 70D Users များ Canon 80D ကို Upgrade လုပ်သင့်ပြီလား...

Image
Canon EOS 80D features..... -24.2MP APS-C CMOS Sensor -DIGIC 6 Image Processor -3.0" 1.04m-Dot Vari-Angle Touchscreen -Full HD 1080p Video Recording at 60 fps -45-Point All Cross-Type AF System -Dual Pixel CMOS AF -Expanded ISO 25600, Up to 7 fps Shooting -Built-In Wi-Fi with NFC -RGB+IR 7560-Pixel Metering ယခုအသစ်ထွက်တဲ့ Canon 80D ဟာ 70D ကို upgrade လုပ်ထားတာ ဖြစ်ပြီး sensor အသစ်နဲ့ processor အသစ်တွေ အပါအဝင် Auto Focus စနစ်တွေမှာ ကြီးကြီးမားမား ပြောင်းလဲထားတာ တွေ့ရပါတယ်... Canon 80D ရဲ့ resolution ဟာ 24.2-megapixel ဖြစ်ပြီး APS-C CMOS imaging sensor (Crop frame) အမျိုး အစားဖြစ်ပါတယ်... 70D ပါတဲ့ 20.2MP နဲ့ ယှဉ်လိုက်ရင် 80D မှာ resolution ပိုများ လာတာကို တွေ့ရမှာပါ... Image processor ပိုင်းကို ကြည့်မယ် ဆိုရင်လည်း 70D မှာ DIGIC 5+ ကိုသာ အသုံးပြုထားပြီး 80D မှာတော့ ပိုမိုမြန်ဆန်တဲ့ DIGIC 6 image processor ကို အသုံးပြု ထားတာ တွေ့ရပါတယ်... ISO ပိုင်းကတော့ သိပ်ပြီးထွေထွေ ထူးထူးတော့ ပြောစရာ မရှိပါဘူး...  Canon 80D မှာ Dual Pixel CMOS AF အပြင် Viewfinder ကနေ မြင်ရတဲ့ autofocusing အပိုင်

ဒုတိယကွန်ဂိုစစ်က ပေးတဲ့သင်ခန်းစာ...

Image
ဒုတိယ ကွန်ဂိုစစ်ပွဲဟာ ၁၉၉၈ ခုနှစ် သြဂုတ်လမှာ စတင်ခဲ့ပြီး... ၂၀၀၃ ဇူလိုင်လမှာ တရားဝင် ပြီးဆုံးခဲ့ပါတယ် (တစ်ချို့က ၂၀၀၂ မှာ တရားဝင် ပြီးဆုံး တယ်လို့ ဆိုပါတယ်)... ဒါပေမဲ့ မငြိမ်သက်မှုတွေတော့ ဆက်ပြီး ရှိနေခဲ့ပါတယ်... တရားဝင် စစ်ပွဲပြီးဆုံးခဲ့ပြီးတဲ့ နောက်ပိုင်း ၂၀၁၄ ခုနှစ်အတွင်းမှာ တရက်ကို လူပေါင်း (၁၀၀၀)ခန့် နေ့စဉ် သေဆုံးနေပြီး... လစဉ် သေဆုံးသူ ဦးရေပေါင်း (၄၅,၀၀၀)ခန့် ရှိတယ်လို့ ဆိုပါတယ်... သေဆုံးသူ အများစုဟာ ကူးစက်ရောဂါတွေ၊ အာဟာရ ချို့တဲ့မှုတွေနဲ့ အစားအစာ ငတ်မွတ်ခေါင်းပါး မှုတွေကြောင့် သေဆုံးကြတာ ဖြစ်ပါတယ်... သေဆုံးသူ ထက်ဝက် ခန့်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်...  စစ်ပွဲကာလအတွင်းနဲ့ စစ်ဖြစ်ပြီးနောက်ပိုင်း၂၀၀၈ ခုနှစ် ကာလအထိ သေဆုံးသူ အရေအတွက် စုစုပေါင်း ၅.၄ သန်း ရှိခဲ့ပါတယ်.. သေဆုံးသူ အများစုဟာ စောစောက ပြောခဲ့သလို ကူးစက်ရောဂါတွေ၊ အာဟာရ ချို့တဲ့မှုတွေနဲ့ အစားအစာ ငတ်မွတ်ခေါင်းပါး မှုတွေကြောင့်ပါ... စစ်ပွဲကာလအတွင်း ပြည်သူလူထု သန်းပေါင်း များစွာ ဟာလည်း သူတု်ိ့ရဲ့ နေအိမ်တွေကို စွန့်ခွာခဲ့ကြပြီး... အိမ်နီးနားချင်း နိုင်ငံတွေမှာ ခိုလှုံခွင့် တောင်းခံခဲ့ကြရပါတယ်... ဒုတိယကွန်ဂိုစစ်ဟာ ပထမကွန်ဂိုစစ်တုန်း ကလ

Albino (ခေါ်) အာဖရိကန်လူဖြူ...

Image
အာဖရိကမှ Albino ခေါ် မွေးရာပါ တကိုယ်လုံး ဖွေးဖွေးဖြူနေတဲ့ အာဖရိကန် လူမျိုးတွေကို ပုံတွေမှာ တွေ့ရမှာပါ... လူမည်းတွေ ကြားထဲမှာ ဒီလို ထူးထူးခြားခြား တကိုယ်လုံး ဖြူနေ တာဟာ သူတို့အတွက် အန္တရာယ် အလွန်များတယ်လို့ သိရပါတယ်... ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ခန္ဒာကိုယ် အစိတ်အပိုင်းတွေဟာ ချမ်းသာကြွယ်ဝမှုတွေ... ကံကောင်းခြင်းတွေ ဖြစ်စေတယ်လို့ အာဖရိကန် လူမည်းတွေက ယုံကြည်ထားကြလို့ပါ...  တံငါသည်တွေ ဆိုရင်လည်း သူတို့ရဲ့ ငါဖမ်း ပိုက်ကွန်တွေကို Albino လူဖြူတွေရဲ့ ဆံပင်တွေနဲ့ ပြုလုပ် ထားကြပါတယ်.... အဲဒီလို လုပ်ထားခြင်းအားဖြင့် ငါဖမ်းတဲ့အခါ ငါတွေ အမြောက်အများ ရတယ်လို့ ယုံကြည် ထားကြ လို့ပါ...  ပြီးခဲ့တဲ့ ၆ လအတွင်းက လမ်းလျှောက်တတ်ခါစ ကလေးငယ်တွေ အပါအဝင် Albino လူဖြူ ၁၅ ဦးခန့် တိုက်ခိုက် ခံခဲ့ရပါတယ်... အချို့ဟာ သူတို့ရဲ့ ကိုယ်ခန္ဒာ အစိတ်အပိုင်းတွေ ဖြတ်တောက်ခံရပြီး... အချို့မှာတော့ သတ်ဖြတ်တာ ခံခဲ့ရပါတယ်...  သတ်ရ၊ ဖြတ်ရတာကို သဘောတွေ့တဲ့ သူတွေအတွက်လည်း စီးပွားရေး စျေးကွက်လို ဖြစ်နေပါတယ်... အာဖရိကန် လူဖြူတွေရဲ့ ခန္ဒာကိုယ် တခုလုံးဆိုရင် £50,000 စျေးပေါက်ပြီး ခြေလက်အဂါင်္ အစိတ် အပိုင်းတွေ ဆိုရင်တော့ ထောင်ဂဏန်းလောက်

Beer Spa - ဘီယာရေချိုးမယ်...

Image
ချက်(ခ်)ရီပက်ဘလစ် (Czech Republic) ဟာ ပြည်တွင်းဖြစ် ဘီယာ(Beer) နဲ့ ဝိုင်အရက်(Wine) တကယ့်ကို ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်... ချက်(ခ်)ဘီယာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘီယာလို့ ဆိုလိုက်တာနဲ့ သူ့နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ သူတွေအားလုံး ဘယ်သူမှ အငြင်းပွားပြီး သံသယဖြစ်နေကြမှာ မဟုတ်ပါဘူး... ဒီလောက် အထိ နာမည်ကြီးပါတယ်...  တချိန်တည်းမှာပဲ ချက်(ခ်)ရီပက်ဘလစ်ရဲ့ သမိုင်းဝင် နယ်မြေကြီး တစ်ခုဖြစ်တဲ့ Moravian ကနေ ထွက်တဲ့ ဝိုင်အရက်(wine) ကလည်း သူ့ရဲ့ အကောင်းဆုံး အရည်အသွေးကြောင့် တနှစ်ပြီးတစ်နှစ် ဂုဏ်သတင်း ကျော်ဇောလို့ နေပါတယ်...  အခြားနိင်ငံတွေက military superpower တို့ economic superpower တို့ ဖြစ်နေချိန် ချက်(ခ်)နိုင်ငံကတော့ wine နဲ့ beer superpower ဖြစ်လို့နေပါ တယ်...  ချက်ခ်နိုင်ငံဟာ သူ့နိုင်ငံတွင်း ဘီယာချက်ရာမှာ အသုံးပြုတဲ့ ဗျစ်ပန်းခြောက်(Hops) စိုက်ပျိုးတဲ့ သမိုင်းအစဉ်အလာကလည်း အတော်လေး ကြီးမားပြီး အကောင်းဆုံး စံချိန်မီ ဘီယာတွေကို ဆယ်စုနှစ်ပေါင်းများစွာ ချက်လုပ်ခဲ့ပြီးပါပြီ... ဒါဟာ ချက်(ခ်)နိုင်ငံရဲ့ ယဉ်ကျေးမှု တခုအဖြစ် နက်နက်ရှိုင်းရှိုင်း စွဲခိုင်နေပါတယ်.... ချက်ခ်နိုင်ငံကို သွားရောက

ဖေ့စ်ဘွတ်(Facebook)ပေါ်က "Poke" အကြောင်း...

Image
Facebook ပေါ်က "Poke" ခလုတ်ဟာ လက်ခံ သုံးစွဲသူတွေ အနေနဲ့ မိမိလိုရာကို အဓိပ္ပာယ် ကောက်ယူပြီး အသုံးပြုနေကြ တဲ့ အတွက် ရှုပ်ထွေးလှတဲ့ Feature တခု ဖြစ်ပါတယ်...  ဖေ့စ်ဘွတ်(Facebook)ပေါ်မှာ တစုံတယောက်က မိမိကို "Poke" လုပ်တာကို ကြုံဖူးသလို... မိမိကနေလည်း တစုံတယောက်ကို "Poke" သွား လုပ်ဖူးကြ မှာပါ... ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြား ဒီလို "Poke" လုပ်တာကို Facebook ယဉ်ကျေးမှု တခုအနေနဲ့ မှတ်ယူ ထားသူတွေ ရှိသလို... စိတ်အနှောက်အယှက် ဖြစ်စရာ တခုဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုနေကြ သူတွေလည်း ရှိပါတယ်...  အခြေခံ အားဖြင့်တော့... Facebook မှာ Poke လုပ်တယ် ဆိုတာဟာ မိမိနဲ့ရင်း နှီးတဲ့ မိတ်ဆွေကို "မတွေ့တာ ကြာပြီနော်... "နေကောင်းရဲ့လား"... "စာပြန်ပါအုံး"... "ဘာတွေလုပ်နေလဲ"... စသဖြင့် သတင်းစကားမေးပြီး သူတို့ထံကနေ အာရုံစိုက်မှု (Attention) ပြန်ရအောင် ပြုလုပ်တဲ့ သဘော ဖြစ်ပါတယ်...  ရင်းနှီးတဲ့ Facebook မိတ်ဆွေတွေ အကြား အပျော် Fun တခုအနေနဲ့လည်း poke ကို သုံးကြပါတယ်...  facebook ပေါ်က လူပျိုနဲ့ ပျိုမေတွေ အကြား ချစ်ရေး ချစ်ရာတွေကိုလည်း Poke လုပ်ပြီးတေ

Greeting is life...

Image
  အမျိုးသမီးကြီး တစ်ဦးဟာ အသားစိမ်းတွေ ဖြန့်ဖြူးရောင်းချတဲ့ စက်ရုံတစ်ရုံမှာ အလုပ်လုပ်တယ်... တနေ့မှာတော့... ညနေပိုင်း အလုပ်ဆင်းတဲ့အချိန် လေ့လာလိုတဲ့စိတ်နဲ့ စက်ရုံထဲက အသားစိမ်းတွေ အအေးရိုက်ထားတဲ့ အခန်းထဲကို ဝင်သွားလိုက်တယ်... ကံမကောင်းခြင်တော့ အထဲရောက်ပြီး ခဏအကြာမှာ အအေးခန်း တံခါးကြီးက ပိတ်နေကျ အချိန်အတိုင်း ပိတ်သွားတယ်... အအေးခန်းကြီးထဲမှာ တယောက်ထဲ ပိတ်မိနေပြီး တံခါးကို အားကုန်ထု အသံကုန် အော်ဟစ်ပြီး အကူအညီ တောင်းပေမဲ့လည်း တောင်းလို့ မရတော့ဘူး... အပြင်က အသံကိုလည်း အထဲက မကြားနိုင်သလို အထဲက အသံကိုလည်း အပြင်ဘက်က မကြားရတဲ့ အခြေအနေ ဖြစ်နေတယ်... ဒီလိုနဲ့... အအေးခန်းထဲမှာ ၅ နာရီ ကြာပြီးတဲ့နောက် အအေးဒဏ်နဲ့ သေလုမျောပါး ဖြစ်နေချိန်မှာ စက်ရုံအစောင့် တစ်ယောက်က တံခါးကို လာဖွင့် လိုက်တယ်... ကံကောင်းထောက်မစွာနဲ့ အမျိုးသမီးကြီးလည်း အသက်ဘေးကနေ လွတ်မြောက်သွားတယ်... နောက်ရက်မှာတော့... အမျိုးသမီးကြီးက စက်ရုံစောင့်ကို...  "လာနေကျ နေရာ မဟုတ်ဘဲနဲ့ အအေးခန်း တံခါးကို ဘယ်လိုဘယ်ပုံ လာဖွင့်ခဲ့ တာလဲရှင်" လို့ တအ့ံတသြ မေးလိုက်တယ်... ဒီအခါမှာ စက်ရုံစောင့်က.... "ကျုပ် ဒီစက်ရုံမှာ အလုပ်လုပ်နေတာ ၃၅ နှစ်

Save Pangolins!

Image
ျပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က တရုတ်နိုင်ငံတောင်ပိုင်း၊ Guangdong ခရိုင်မှာ ငါးဖမ်းလှေ တစ်စီးပေါ်ကနေ တရားမဝင် တင်ဆောင်လာတဲ့ သင်းခွေချပ်(Pangolin) အရေအတွက် ၂,၆၇၄ ကောင်ကို အကောက်ခွန် အရာရှိတွေက သိမ်းဆည်း ရမိ ခဲ့ပါတယ်… အဆိုပါ သင်းခွေချပ် အသေတွေကို အအေးခံ သေတ္တာ ၄၁၄ လုံးထဲမှာ ထည့်ထားပြီး… စုစုပေါင်း အလေးချိန် ၁၁.၅ တန်ခန့် ရှိတယ်လို့ သိရပါတယ်… ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း တရုတ်တောင်ပိုင်းမှာ တရားမဝင် တောရိုင်း တိရစ္ဆာန်တွေကို ကူးသန်းရောင်းဝယ် ဖောက်ကားတဲ့ ဖြစ်စဉ်တွေထဲမှာ အကြီးမား ဆုံးသော ဖြစ်စဉ် တခု ဖြစ်ပါတယ်…  တောရိုင်း သတ္တဝါတွေထဲမှာ သင်းခွေချပ် (Pangolins) တွေဟာ တရုတ်နိုင်ငံရဲ့ ကာကွယ် စောင့်ရှောက်မှု ပေးတဲ့အဆင့် ဒုတိယနေရာမှာ ရှိနေပါတယ်… တရုတ်နိုင်ငံရဲ့ ဥပဒေအရ… နိုင်ငံရဲ့ အဓိက ကာကွယ်စောင့်ရှောက်မှု ပေးထားတဲ့ စာရင်းထဲမှာ ပါဝင်တဲ့ မည်သည့် တောရိုင်း သတ္တဝါတွေကိုမဆို တရားမဝင် ဖမ်းဆီး သတ်ဖြတ်၊ ရောင်းဝယ် ဖောက်ကားတဲ့ သူတွေဟာ ငွေဒဏ်အပါအဝင် ထောင်ဒဏ် ၁၀ နှစ်ထက်မက ကျခံရနိုင်တယ်လို့ ဖော်ပြ ထားပါတယ်…  တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန် ပြည်နယ်မှာလည်း သင်းခွေချပ် အပါအဝင် လူတွေကို အန္တရာယ်ပေး

အဖိုးနဲ့မြေး...

Image
အဖိုးဖြစ်သူက ဒီနေ့ကျောင်းမသွားတဲ့ မြေးကို သူ့ဆရာမ လာနေလို့ တစ်နေရာရာမှာ သွားပုန်း ခိုင်းတယ်...  ဒါပေမယ့် မြေးဖြစ်သူက သူ့အဖိုးကို ဘာပြန်ပြော လိုက်သလဲဆိုတော့... "သွားပုန်းရမှာက ကျနော်မဟုတ်ဘူး... အဖိုး ဆုံးသွားလို့ဆိုပြီး ဆရာမကို ပြောထားလို့ အဖိုးကသာ သွားပုန်းရမှာ" လို့ ပြန်ပြော လိုက်လေသတည်း.....။  --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com)

ဆန္ဒမစောနဲ့...

Image
ညညဥ့်နက်မှ အပြင်ကနေ ပြန်ရောက်လာတဲ့ ဇနီးသည်ဟာ သူမရဲ့အိပ်ခန်း တံခါးကို တိတ်တိတ်လေး ဖွင့်လိုက်တယ်...  ဒီအချိန်မှာ အိပ်ယာကုတင်ပေါ်မှာ ခြေထောက် ၂ ချောင်းပဲ ရှိရမယ့်အစား ခြေထောက် ၄ ချောင်း စောင်အောက်ပိုင်းကနေ ထွက်နေတာကို တွေ့လိုက်တယ်...  ဇနီးဖြစ်သူလည်း ဒေါသတကြီးနဲ့ ဘေ့စ်ဘောရိုက်တဲ့ ဘက်တံကြီး ရှာပြီး စောင်ပုံကို အားကုန် အဆက်မပြတ် ရိုက်ပါတော့တယ်...  စိတ်ကြိုက် ရိုက်ပြီးလို့ မောသွားချိန်မှာတော့ ရေသောက်ဖို့ မီးဖိုချောင်ထဲ ဝင်သွား လိုက်တယ်... မီးဖိုခန်းထဲ ဝင်လိုက်စဉ် ခင်ပွန်းဖြစ်သူ သတင်းစာ ထိုင်ဖတ်နေတာကို တအံ့တသြ တွေ့လိုက်ရတယ်...  ခင်ပွန်းဖြစ်သူက ဇနီးသည်ကို မြင်မြင်ချင်း ဝမ်းသာအားရနဲ့...  "ဟေးး!!! ဒါလင်...!!! မင်းမိဘ ၂ ပါး ကိုယ်တို့အိမ်ကို အလည်လာတယ်... သူတို့နေဖို့ဆိုပြီး ကိုယ်တို့ အိပ်ခန်းလေး ပေးထားတယ်... သွားပြီး နှုတ်ဆက် လိုက်ပါအုံးကွာ....။"  --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း

အဖေနဲ့သမီး စကားဝိုင်း...

Image
ညနေခင်း တစ်ခုမှာ... သမီးဖြစ်သူက အဖေဖြစ်သူ အနားကို သွားပြီး... "ဖေဖေ..!! သမီး ဖေဖေ့ကို အရေးကြီးတဲ့ စကား ပြောချင်လို့... အချိန်ရလားဟင်..."  အဖေဖြစ်သူက စိတ်ဝင်တစားနဲ့... "ဘာပြောမှာလဲ သမီး... ပြောလေ..." ဒါနဲ့ သမီးဖြစ်သူလည်း မဝ့ံမရဲနဲ့... "သမီးလေ... ဟိုးးးး အဝေးကြီးမှာ နေတဲ့သူ တစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်နေကြတယ်. ဖေဖေ!!!... သမီးတို့နေတာ အိန္ဒိယမှာ.. ဒါပေမယ့် သူနေတာက အမေရိကားမှာပါ..."  "သမီးတို့ ၂ ယောက်က Dating website တစ်ခုမှာ ပထမဦးဆုံး ဆုံခဲ့ကြပြီး Facebook ပေါ်မှာ မိတ်ဆွေတွေ ဖြစ်လာတာပါ... ဒီလိုနဲ့ Whatsapp ပေါ်မှာ စကားတွေ အများကြီး ပြောဖြစ် ခဲ့ကြတယ်... နောက်ပြီး သူက သမီးကို Skype ပေါ်မှာ စပြီး ချစ်ရေး ဆိုတယ်... အခုဆိုရင် သမီးတို့ ၂ ယောက် Viber ကနေတဆင့် ချစ်သူတွေ ဖြစ်နေကြတာ ၂ လ ရှိသွားပါပြီ... ဖေဖေ..."  "အင်းးး... အဲဒါလေ... ဖေဖေ့ရဲ့ဆန္ဒလေး သိချင်လို့ပါ..." ဒီအချိန်မှာ အဖေဖြစ်သူက အ့ံသြတဲ့လေသံနဲ့... "ဝိုးးး တကယ်လား သမီး!!!" ဆိုပြီး ဆက်ပြော လိုက်တာက... "ဒါများ ငါ့သမီးရယ်... သမီးတို့ ၂ ယောက် Twitter ပေါ်မှာ မင်္ဂလာဆောင်... ပြီးရင်

ဘ၀တန်ဖိုး...

Image
တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ အဖိုးဖြစ်သူ အနားကို သွားပြီး... "ဘဝတန်ဖိုး ဆိုတာ ဘာလဲ... အဖိုး..?" ဆိုပြီး မေးလိုက်တယ်...  ဒါနဲ့ အဖိုးဖြစ်သူလည်း ကျောက်တုံး တစ်တုံးကို လူငယ်လက်ထဲ ထည့်ပေးလိုက်ပြီး... "ကဲ... ဒီကျောက်တုံးရဲ့ တန်ဖိုးဟာ ဘယ်လောက် ရှိလဲ ဆိုတာ သွားစုံစမ်းခဲ့ချေ... ဒါပေမဲ့ ရောင်းတော့ မရောင်းခဲ့နဲ့နော်..." ဆိုပြီး မှာလိုက်တယ်...  လူငယ်လည်း အဖိုးပေးလိုက်တဲ့ ကျောက်တုံးကို ယူပြီး ထွက်သွားလိုက်တယ်...  လမ်းမှာ လိမ္မော်သီးရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့တော့ အထဲဝင်ပြီး ကျောက်ရဲ့ တန်ဖိုးကို မေးလိုက်တယ်... စျေးသည်က..." ဒီကျောက်တုံးဆိုရင် လိမ္မော်သီး ၁၂ လုံးတော့ ရမယ်... ယူမှာလား" ဆိုပြီး စျေးဖြတ်လိုက်တယ်... လူငယ်လည်း အဖိုးဖြစ်သူက မရောင်းနဲ့လို့ မှာထားတဲ့ အတွက် စျေးသည်ကို တောင်းပန်ပြီး ပြန်ထွက်လာခဲ့တယ်... ဆက်သွားပြီးမကြာခင် ဟင်းသီးဟင်းရွက် ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကိုတွေ့ပြီး အထက်ပါအတိုင်း စျေးသည်ကို ကျောက်တုုံံးရဲ့တန်ဖိုးကို မေးလိုက်တယ်... ဒါနဲ့ စျေးသည်လည်း ပြောင်လက်နေတဲ့ ကျောက်တုံးကို ကြည့်ပြီး... "ကျောက်တုံးပေးရင် အာလူးတစ်အိတ် ရမယ်" ဆိုပြီး လူငယ်ကို ပြော

iDevice users များအတွက် အင်တာနက် စာမျက်နှာပေါ်က စာသားတွေနဲ့ Camera roll/Photo app ထဲက ဓာတ်ပုံတွေကို PDF files အဖြစ် ပြုလုပ် သိမ်းဆည်းနည်း

Image
iPhone, iPad နဲ့ iPod Touch အသုံးပြုနေကြတဲ့ မိတ်ဆွေများ အနေနဲ့ အင်တာနက် စာမျက်နှာပေါ်က မိမိတို့ နှစ်သက်တဲ့ စာတွေနဲ့ Camera roll/Photo app ထဲက ဓာတ်ပုံတွေကို pdf files အဖြစ် ပြုလုပ်ပြီး device ထဲမှာ ရို်းရှင်း လွယ်ကူစွာ သိမ်းဆည်း ထားလို့ ရပါတယ်... ဒီလို ပြုလုပ်ဖို့အတွက် တခြားသီးသန့် applications တွေကိုလည်း install လုပ်စရာ မလိုပါဘူး... ဒါပေမဲ့ မိမိ idevice ဟာ နောက်ပိုင်းထွက် iOS 9.x.x version တွေတော့ ဖြစ်ဖို့ လိုပါတယ်...  ကဲ... မိမိနှစ်သက်တဲ့ အင်တာနက် စာမျက်နှာတွေကို PDF ဖိုင်လ်အဖြစ် ပြုလုပ် သိမ်းဆည်း ဖို့အတွက်... ဦးစွာအနေနဲ့ မိမိရဲ့ idevice ထဲက Safari ကို ဖွင့်ပါ... မိမိ save လုပ်ပြီး သိမ်းဆည်းချင်တဲ့ စာမျက်နှာကို ရောက်ရင်... အပေါ်ဘက် ညာဘက်နားမှာ (ပုံပါအတိုင်း) Share icon ကိုတွေ့ပါမယ်... Tap လုပ်ပါ... ဒါဆိုရင် "Save PDF to iBooks" ဆိုတာကို တွေ့ပါမယ် (မတွေ့သေးရင် ဘယ်ဘက်ကို အနည်းငယ် ပွတ်ဆွဲကြည့် ပါ)... ဒါကို Tap လုပ်လိုက်တာနဲ့ မိမိ လိုချင်တဲ့ စာမျက်နှာကို PDF file အဖြစ် ပြုလုပ်ပေးပြီး iBooks နေရာမှာ အလိုအလျောက် Save လုပ်ပေး သွားပါလိမ့်မယ်...  ဒါ့အပြင်... မိမိတို့ Camera roll (သိ

True love.....

Image
တစ်ခါတုန်းက... ရွာတစ်ရွာမှာ အလွန်ဆင်းရဲ နွမ်းပါးတဲ့ ဇနီးမောင်နှံနှစ်ဦး နေထိုင်ကြတယ်...  တနေ့မှာတော့... ဇနီးသည်ဟာ သူမရဲ့ ဆံပင်တွေ အရမ်းရှည်နေပြီး ရှုပ်ထွေး နေလို့ ခင်ပွန်းဖြစ်သူကို ခေါင်းဖြီးဘီး တစ်ချောင်း ဝယ်ခိုင်းတယ်...  ဒီအချိန်မှာ ဇနီးသည်ထံက စကားကို ကြားလိုက်တဲ့ ခင်ပွန်းဖြစ်သူဟာ စိတ်ထိခိုက်သွားပြီး... သူမအတွက် ခေါင်းဖြီးဘီး ဝယ်ဖို့ အဆင်မပြေတဲ့ အကြောင်း .... မကြာခင်က ပျက်သွားတဲ့ သူ့ရဲ့ နာရီကြိုးလေး ပြင်ဖို့အတွက်တောင် ငွေကြေး အလုံအလောက် မရှိတဲ့ အကြောင်း ဇနီးသည်ကို ပြောဆို ရှင်းပြ လိုက်တယ်...  ဇနီးဖြစ်သူကလည်း သူမ လိုချင်တဲ့ ပစ္စည်း အတွက် ခင်ပွန်းသည်ကို ဆက်ပြီး အတင်းအကျပ် မတောင်းဆိုတော့ဘူး...  ဒီလိုနဲ့..... တစ်နေ့... ခင်ပွန်းဖြစ်သူဟာ အလုပ်ကို သွားနေရင်း လမ်းဘေးက နာရီဆိုင် တစ်ဆိုင်မှာ သူ့နာရီကြိုး အပျက်လေးကို စျေးပေါပေါနဲ့ ရောင်းလိုက်တယ်... ပြီးတော့ ဇနီးသည်အတွက် ခေါင်းဖြီးဘီး တစ်ချောင်း ဝယ်လိုက်တယ်...  ခင်ပွန်းသည်ဟာ ညနေပိုင်း အလုပ်ပြီးလို့ အိမ်ကိုပြန်လာတယ်... ဇနီးသည်ကို ပေးဖို့အတွက် လက်ထဲမှာလည်း ဘီးအသစ်လေးကို အဆင်သင့် ကိုင်လာတယ်... ဒီလိုနဲ့... အိမ်ရောက်တဲ့အခါ ဇနီးဖြစ်သူ ဆံပင်အတိုနဲ့ ဖြစ

Never lie to a woman...

Image
အလုပ်မှာ ရှိနေတဲ့ အမျိုးသား တစ်ဦးဟာ အိမ်က ဇနီးသည်ကို ဖုန်းဆက်ပြီး ပြောလိုက်တယ်...  "ဟန်နီ!!! ကိုယ်... ကနေဒါကို ငါးမျှားခရီး ထွက်ရမယ်လို့ ကိုယ့်သူဌေးက ပြောတယ်... သူလည်းပါတယ်... ကိုယ့် သူငယ်ချင်းတွေလည်း အများကြီး ပါတယ်..."  "အဲဒီမှာ တစ်ပတ်လောက် ကြာမယ်... ဒါဟာ ကိုယ့်အတွက် တကယ့် အခွင့်အလမ်းကောင်းပဲ... ကိုယ် လိုချင်နေတာနဲ့ အတော်ပဲ..." "ဆိုတော့... ကိုယ့်အတွက် အဝတ်အစားတွေကို တစ်ပတ်စာ လုံလောက်အောင် စီစဉ်ပြီး ခရီးဆောင် အိတ်ထဲမှာ ထည့်ထားပေး... ငါးမျှားတံနဲ့ ငါးမျှား သေတ္တာလည်း ပြင်ထားပေးကွာ... ကိုယ်တို့က ရုံးကနေလာမယ်... ပြီးတော့ အိမ်မှာ အဲဒီပစ္စည်းတွေ ဝင်ယူပြီး တန်းသွားမယ်...  "အို့!!! ဒါနဲ့.. ကိုယ့်ရဲ့ အပြာရောင် ညဝတ် အကျီင်္လေးပါ ထည့်ထားပေး ပါအုံးကွာ..." ဇနီးသည်အနေနဲ့ စိတ်ထဲမှာ နည်းနည်းလေး မသင်္ကာဖွယ်ရာ ဖြစ်လာပေမဲ့ ဇနီးကောင်း တစ်ယောက်အနေနဲ့ ခင်ပွန်းခိုင်းတာ အားလုံးကို လုပ်ပေးလိုက်တယ်...  တပတ်ကြာပြီးတဲ့ အခါမှာတော့ ခင်ပွန်းဖြစ်သူ အိမ်ပြန်လာတယ်... သူကြည့် ရတာ နည်းနည်း ပင်ပန်းနွမ်းနယ် နေတာကလွဲလို့ အားလုံးဟာ ပုံမှန်အတိုင်းပဲ...  ဇနီးသည်က သူ့ကို ကြိုဆိုပြီးတော့ ငါး

I poisoned you...

Image
အိပ်ယာထဲမှာ အတော်လေး နေထိုင်မကောင်း ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ ဘေးမှာ ထိုင်စောင့် ပေးနေတဲ့ ခင်ပွန်းသည်ဘက်ကို လှည့်ပြီး လေသံ ဖျော့ဖျော့နဲ့..... "ဟန်နီ!!! ရှင့်ကို ကျမ ဝန်ခံစရာတွေ ရှိတယ်..."  ခင်ပွန်းဖြစ်သူက..... "သက်တောင့်သက်သာ နေပါ မိန်းမရယ်... မင်း မောနေပါ့မယ်..." ခင်ပွန်းသည် တားနေတဲ့ကြားက ဇနီးဖြစ်သူက..... "မရဘူး... မရဘူး... ကျမ ပြောမှဖြစ်မယ်... ဒါမှ ကျမ သေတဲ့အခါ ကျမရဲ့ဝိညာဉ်က ကောင်းကောင်း အနားယူနိုင်မှာ..." ဆိုပြီး ဆက်ပြောလိုက်တယ်... "ကျမလေ ရှင့်ရဲ့ ပိုက်ဆံတွေကို ခိုးပြီး ကျမရဲ့ တိတ်တိတ်ပုန်း ရည်းစားကို ပေးခဲ့တယ်... ကျမတို့ရဲ့သား ဂျူနီယာရဲ့ အဖေကလည်း ရှင်မဟုတ်ဘူး... နောက်ပြီး ရှင့်ရဲ့ ရွှေလက်ပတ်နာရီကို ခိုးတဲ့ သူကလည်း ကျမပါပဲ... အဲဒီနာရီကို ယူပြီး ရှင့်ရဲ့ ညီမအိတ်ထဲမှာ သွားဖွက် ထားတာပါ... ရှင် သူ့ကို ကျမတို့ အိမ်ကနေ မောင်းထုတ်အောင် လို့ပါ... ဒါတွေ အားလုံးအတွက် ရှင် ကျမကို ခွင့်လွှတ်ပါ..." ခင်ပွန်းဖြစ်သူက လေသံ ခပ်အေးအေးလေးနဲ့..... "ဒါတွေ အားလုံးကို ငါသိပါတယ် မိန်းမရယ်... အဲဒါကြောင့်လည်း မင်းကို အခုလို အဆိပ် ခတ်လိုက်တာပေါ့.....။" ref:i

I forgot the room's key in the car...

Image
အားလပ်ရက်မှာ သူငယ်ချင်း သုံးယောက် တရုတ်နိုင်ငံကို အလည်အပတ်ခရီး သွားကြတယ်... သူတို့အားလုံး ကြယ်ငါးလုံး ဟော်တယ်မှာ အတူတူ တည်းခိုကြတယ်... ရတဲ့အခန်းက အထပ် ၆၀ မြောက်မှာ ဖြစ်တယ်.. ဒီဟော်တယ်ရဲ့ စည်းမျဉ်း စည်းကမ်းအရ ဓာတ်လှေကားတွေဟာ ည ၁၂ ရီမှာ အမြဲတမ်း ပိတ်တယ်...  နောက်တစ်နေ့မှာ သူငယ်ချင်း သုံးယောက် ကားငှားပြီး မြို့ထဲ လည်ပတ်ကြတယ်... ပျော်ပျော်ပါးပါး လည်ပတ်ကြပြီးတဲ့ အခါမှာ ဟော်တယ်ကို ညဘက် သတ်မှတ်ထားတဲ့ အချိန်ထက် ၁၅ မိနစ် နောက်ကျပြီး ပြန်ရောက်လာကြတယ်... ဓာတ်လှေကားတွေ အားလုံးလည်း ထုံးစံအတိုင်း ပိတ်ကုန်ပြီ... အထပ် ၆၀ မြောက်မှာရှိတဲ့ သူတို့အခန်းကို ရောက်ဖို့ ရိုးရိုးလှေကား အသုံးပြုရုံကလွဲပြီး အခြားနည်းလမ်း မရှိ...  ဒီလိုနဲ့... ပထမ သူငယ်ချင်း တစ်ယောက်က စပြီး ပြောလိုက်တယ်.. "ဒီလိုလုပ်ဗျာ... ကျုပ်တို့ ရိုးရိိုးလှေကားကနေ တက်ရမယ်... တက်ရတာ အားရှိအောင် အထပ် ၂၀ ရောက်တဲ့အထိ ကျုပ်က ရယ်စရာ ပြောသွားမယ်.." ဒုတိယ သူငယ်ချင်းဖြစ်သူကို လက်ညှိးထိုးပြီး.. "ခင်ဗျားက နောက်ထပ် အထပ် ၂၀ အတွက် ရယ်စရာ ပြော..." အဲဒီနောက် တတိယ သူငယ်ချင်းဘက်ကို လှည့် ပြီး... "ခင်ဗျားက ကျုပ်တို့ အခန်း ရောက်တဲ့အထိ ကျန်

ပုံစံခွက်...

Image
You are conditioned to believe you couldn't...? တစ်နေ့မှာ လူတစ်တယောက်ဟာ နေရာ တစ်ခုအနားက ဖြတ်လျှောက်သွားစဉ် သစ်ပင်တွေမှာ ကြိုးတွေနဲ့ ချည်နှောင်ထားတဲ့ ဆင်အုပ်ကြီး တစ်အုပ်ကို တွေ့လိုက်တယ်... ဒီလောက်ကြီးမားတဲ့ ဆင်ကြီးတွေကို ခြေတောက်မှာ ကြိုးငယ်လေး တစ်ချောင်းနဲ့ ထိမ်းချုပ် ထားတာကို မြင်လိုက်ရတော့ သူ့စိတ်ထဲမှာ ဇဝေဇဝါဖြစ်ပြီး လမ်းလျှောက် နေရင်းကနေ ရုတ်တရက် ရပ်ပြီး ကြည့်လိုက်တယ်...  ဒီဆင်ကြီးတွေကို သံကြိုးတွေ... ခြံတွေနဲ့ ခတ်ပြီး ထိမ်းသိမ်း ထားတာလည်း မဟုတ်... တကယ်ဆိုရင် သူတို့ရဲ့ခွန်အားနဲ့ ခြေတောက်တွေမှာ ချည်နှောင်ထားတဲ့ ကြိုးတွေကိုဖြတ်ပြီး ဘယ်အချိန်မဆို ရုန်းထွက်လို့ ရနိုင်နေတယ်... ဒါပေမယ့် ဘယ်လို အကြောင်း အရင်းနဲ့မှ ရုန်းထွက်ဖို့ သူတို့ မကြိုးစားကြဘူး...  ဒါနဲ့ သူလည်း အနီးအနားမှာ ရှိနေတဲ့ ဆင်ထိန်းကို... "ဒီဆင်ကြီးတွေက ဘာဖြစ်လို့ ရုန်းထွက်ဖို့ မကြိုးစားပဲ ဒီအတိုင်း ရှိနေကြတာလဲ" လို့ စိတ်ဝင်တစားနဲ့ မေးလိုက်တယ်...  ဒီအခါမှာ ဆင်ထိန်းက... "ဒီဆင်ကြီးတွေ ငယ်ရွယ်စဉ် အခါကလည်း ယခု သူတိုု့ကို ချည်နှောင်ထားတဲ့ ကြိုးအရွယ်အစားကိုပဲ အသုံးပြုပါတယ်... ဒီကြိုး အရွယ်အစားဟာ သူတို့ငယ်စဉ်မှာ ရ

A Gift of Love...

Image
ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး တစ်ဦး ဘတ်စ်ကားပေါ်ကို တက်လာတယ်... လက်ထဲမှာ ကိုင်ထားတဲ့ တုတ်ကောက် အဖြူတစ်ချောင်းနဲ့ သူမ သွားမယ့် လမ်းကြောင်းကို ဂရုတစိုက်နဲ့ စူးစမ်းနေတယ်... ကားပေါ်က ခရီးသည်တွေ အားလုံးကလည်း သူမကို သနား ဂရုဏာ အကြည့်တွေနဲ့ ကြည့်နေကြတယ်... ကားပေါ်မှာ ထိုင်ခုံတွေကို လက်နဲ့ လိုက်စမ်းနေတယ်... ဒီအချိန်မှာ ကားဒရိုင်ဘာ ရောက်လာပြီး ခရီးသည် မရှိတဲ့ ထိုင်ခုံလွတ် နေရာကို လိုက်ပို့ပေးလိုက်တယ်... ထိုင်ခုံမှာ ထိုင်ချလိုက်တယ်... ရုံးသုံးအိတ်ကို သူမရဲ့ ပေါင်ပေါ်မှာ တင်လိုက််ပြီး တုတ်ကောက်ကိုတော့ ခြေတောက်ဘေးမှာ မှီပြီး ထောင်ထား လိုက်တယ်...  သူမကတော့.... အသက် ၃၄ နှစ်အရွယ်ရှိ "စူဆန်" အမည်ရ အမျိုးသမီး တစ်ဦးပဲ ဖြစ်ပါတယ်... သူမ မျက်မမြင် ဒုက္ခိတဘဝ ရောက်နေတာ ယခုဆိုရင် ၁ နှစ် ရှိနေပါပြီ... ဆေးမှားယွင်းမှုကြောင့် အခုလို အမြင်အာရုံတွေ ဆုံးရှုံးခဲ့ရတာပါ... ရုတ်တရက် ဆိုသလိုပဲ ဒီကြမ္မာဆိုးကြီးက သူမကို ဒေါသစိတ်၊ နာကျည်း စိတ်၊ ကိုုယ့်ကိုကိုယ် သနားဂရုဏာ ဖြစ်တဲ့ စိတ်တွေနဲ့အတူ အမှောင်လောကထဲကို တွန်းပို့ခဲ့ တယ်... သူမရဲ့ဘဝ အရာအားလုံးအတွက် အားကိုးရမယ့်သူ... တွယ်တာရမယ့် သူဟာ ခင်ပွန်းဖြစ်သူ "မက်ခ်