Posts

Showing posts from April, 2016

အဆိုးထဲက အကောင်း...

Image
တစ်ခါတုန်းက အမျိုးသမီးကြီး တစ်ဦးမှာ ရေအိုးကြီး ၂ လုံးရှိတယ်... ဒီအိုးကြီး ၂ လုံးကို ရေထမ်းတံပိုးနဲ့ ပုခုံးမှာထမ်းပြီး အဝေးတစ်နေရာမှာ ရှိတဲ့ စမ်းချောင်း တစ်ခုမှာ နေ့စဉ် ရေခပ်သွားလေ့ ရှိတယ်... ရေခပ်ပြီး ပြန်လာတဲ့အခါတိုင်း ရေအိုးကြီး တစ်လုံးက အက်ကွဲကြောင်း ရှ်ိနေတဲ့အတွက် အိမ်ကို ရေတစ်ဝက်သာ ပြန်ပါလာပြီး... ကျန်အိုး တစ်လုံးကတော့ ကောင်းမွန်နေ တဲ့အတွက် ရေအပြည့် ပြန်ပါလာလေ့ရှိတယ်...  ဒီလိုနဲ့ သူမနေအိမ်နဲ့ စမ်းချောင်းအကြား နေ့စဉ် ရေခပ်သွားလာနေတာ ၂ နှစ်တင်းတင်း ရှိလာခဲ့တယ်... အမှန်တကယ်ပဲ... ကောင်းမွန်ပြည့်စုံနေတဲ့ ရေအိုးကတော့ သူ့ရဲ့ အောင်မြင်ပြီးမြောက်မှုအတွက် သူ့ကိုယ်သူ ဂုဏ်ယူမဆုံး ဖြစ်နေတယ်...  ဒါပေမယ့် အက်ကွဲကြောင်း ရှိနေတဲ့ ရေအိုးကတော့ သူ့ရဲ့ ပြီးပြည့်စုံမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် အရှက်ရလာတယ်... အခြားအိုးနည်းတူ ရေအပြည့် ပါရမယ့်အစား ရေတစ်ဝက်သာ ပြန်ပါလာလို့ စိတ်မချမ်းမြေ့ ဖြစ်လာတယ်...  ဒီလိုနဲ့ ၂ နှစ်ကြာပြီးတဲ့ နောက်ပိုင်း... ခါးသီးလှတဲ့ မအောင်မြင်မှုတစ်ခုလို့ သူ့ကိုယ်သူ ရှုမြင် လာတဲ့ ရေအိုးအက်ကြီးက တစ်နေ့ စမ်းချောင်းမှာ ရေခပ်သွားချိန် အမျိုးသမီးကြီးကို... "ကျုပ်ကိုယ်ကျုပ် သိပ်အရှက်ရတယ