Posts

Showing posts from 2021

Very little makes it more valuable...

Image
မဟတ္တမဂန္ဒီသည် အိန္ဒိယနိုင်ငံ၏ ဖခင်ကြီးအဖြစ် ဂုဏ်ပြုခြင်းခံရသော အလွန်ထူးခြားသည့် ပုဂ္ဂိုလ်တဦီး ဖြစ်သည်။ တခါက သူသည် ဆင်းရဲနွမ်းပါးသူများကို အကူအညီပေးနေသည့် အဖွဲ့အစည်းတခုအတွက် ရန်ပုံငွေစုဆောင်းရန် မြို့ရွာအသီးသီးသို့ ခရီးထွက်ခဲ့သည်။ နေရာများစွာသို့ သွားရောက်ခဲ့ပြီး နောက်ဆုံးတွင် အိန္ဒိယအရှေ့ပိုင်းရှိ ပြည်နယ်တခုဖြစ်သည့် Orissa(Odisha) သို့ ရောက်ရှိခဲ့သည်။ သူသည် Orissa တွင် လူထုအစည်းအဝေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ သူက လူထုကို မိန့်ခွန်းပြောကြားပြီး အဖွဲ့အစည်းအတွက် ရန်ပုံငွေ ကူညီထည့်၀င်ရန် တိုက်တွန်းတောင်းဆိုခဲ့သည်။ သူ့မိန့်ခွန်းအဆုံးမှာ ဟောင်းနွမ်းစုတ်ပြတ်နေသော အဝတ်အစားများ ၀တ်ဆင်ထားသည့် အဘွားအိုတဦး မတ်တပ်ထရပ်သည်။ သူမက ဂန္ဒီအနား သွားရောက်ခွင့်ပြုရန် လုံခြုံရေးဝန်ထမ်းများကို တောင်းဆိုသည်။ သို့သော် လုံခြုံရေးဝန်ထမ်းများက သူမကို သွားခွင့်မပြု။ သူမက အလျှော့မပေး။ လုံခြုံရေး၀န်ထမ်းများနှင့် အတိုက်အခံပြုပြီး ဂန္ဒီထံ အရောက်လာခဲ့သည်။ သူမသည် မဟတ္တမဂန္ဓီ၏ ခြေအစုံကို လက်ဖြင့် ထိလိုက်သည်။ ထို့ နောက် ကြေးနီအကြွေစေ့ တစေ့ကို သူမ၏ဆာရီထဲမှ ထုတ်ယူ၍ ဂန္ဒီ၏ ခြေရင်း၌ ထားလိုက်သည်။ ထို့နောက် ဂန္ဓီအနားမှ ထွက်ခွာသွားသ

မှတ်ပြီလား...

Image
ဟိုတယ်တခုတွင် ဇနီးမောင်နှံနှစ်ယောက် ညစာစားနေကြသည်။ (ခင်ပွန်း)- "မိန်းမ မင်းကို ပြောစရာတခု ရှိတယ်..." (ဇနီး)- "အိုး ရှင်ကလည်း ထမင်းစားနေတဲ့အချိန် စကားပြောတာ မသင့်တော်ပါဘူး..." အစာစားပြီးသည့်နောက်... (ဇနီး)- "ကဲ ပြောတော့ ဘာပြောမလို့လဲ...?" (ခင်ပွန်း)- "ဘာမှ မဟုတ်တော့ပါဘူးကွာ... စောစောက မင်းစားနေတဲ့ အစားအစာထဲမှာ ပိုးဟပ်တကောင်တွေ့တာ ပြောမလို့..." (ဇနီး)- " ...." ဘ၀အမောတွေ ပြေနိုင်ကြပါစေ... #လွမ်းမပြေသုတရပ်ဝန်း https://www.facebook.com/လွမ်းမပြေ-သုတရပ်၀န်း-261095713945011/ lwanmapyay.blogspot.com

Smart Child...

Image
၅ နှစ်အရွယ် သမီးငယ်က မိခင်ဖြစ်သူကို မေးသည်။ "မေ့မေ့ဆံပင်တွေ နည်းနည်း ဖြူနေတယ်... ဘာဖြစ်လို့လဲ...မေမေ...?" မိခင်ဖြစ်သူက ပြုံးပြီး ပြန်ဖြေသည်။ "သမီးက မေ့မေ့ကို ၀မ်းနည်းအောင် လုပ်လို့ပေါ့... မေ့မေ့ကို ၀မ်းနည်းအောင် တခါလုပ်ရင် မေ့မေ့ဆံပင်တချောင်း ဖြူတယ်..." သမီးငယ်က အံ့အားသင့်သွားပြီး... "ဝိုး... ဒါဆိုရင် ဖွားဖွားဆံပင်တွေ အကုန်ဖြူနေတာ မေမေ ဖွားဖွားကို ဘာလုပ်ခဲ့လို့လဲဟင်...?" " ...." ဘ၀အမောတွေ ပြေနိုင်ကြပါစေ... #လွမ်းမပြေသုတရပ်ဝန်း https://www.facebook.com/လွမ်းမပြေ-သုတရပ်၀န်း-261095713945011/ lwanmapyay.blogspot.com

မွှေစက် (Blender)...

Image
အလုပ်မှာရှိနေတဲ့ ခင်ပွန်းသည်က သူ့အိမ်ကို ဖုန်းလှမ်းဆက်သည်။ (ခင်ပွန်း)- "မိန်းမ မင်းဘယ်မှာလဲ...?" (ဇနီး)- "အိမ်မှာပဲလေ ယောကျ်ားရဲ့..." (ခင်ပွန်း)- "သေချာလား မိန်းမ...?" (ဇနီး)- "သေချာတာပေါ့ ယောကျ်ားရဲ့...?" (ခင်ပွန်း)- "ဒါဆိုရင် မီးဖိုခန်းထဲက မွှေစက်(Blender)ကို ဖွင့်ပြ..." ဇနီးသည်က မွှေစက်(Blender)ကို ဖွင့်ပြလိုက်သည်။ "ဂျရီး ဂျရီး ဂျရီး ဂျရီး...." (ခင်ပွန်း)- "အော် အိုကေ... Goodbye ဟန်နီ..." နောက်တနေ့... (ခင်ပွန်း)- "မိန်းမရေ မင်းဘယ်မှာလဲ...?" (ဇနီး)- "အိမ်မှာပဲပေါ့ ယောကျ်ားရဲ့..." (ခင်ပွန်း)- "သေချာရဲ့လား မိန်းမ...?" (ဇနီး)- "သေချာတောပေါ့ ယောကျ်ားရဲ့..." (ခင်ပွန်း) "ဒါဆိုရင် မီးဖိုခန်းထဲက မွှေစက်(Blender)ကို ဖွင့်ပြ..." ဇနီးသည်က မွှေစက်(Blender) ကို ဖွင့်ပြလိုက်သည်။ "ဂျရီး ဂျရီး ဂျရီး ဂျရီး...." (ခင်ပွန်း)- "အိုကေ... Goodbye ဟန်နီ... I love you..." နောက်တနေ့တွင် ယောကျ်ားဖြစ်သူသည် အိမ်ကို တိတ်တဆိတ် ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ အိမ်ရောက်သည့်အခါ သား

မြည်းလိုလူတွေနဲ့ အငြင်းအခုံ မလုပ်ပါနဲ့...

Image
မြည်းက ကျားကို ပြောသည်။ "မြက်ခင်းပြင်က အပြာရောင်..." ကျားက ပြန်ပြောသည်။ "မဟုတ်ဘူး အစိမ်းရောင်..." ဒီလိုနဲ့ နှစ်ဘက်ငြင်းခုံမှုက ပိုမိုပြင်းထန်လာပြီး အမှားအမှန် ဆုံးဖြတ်ရန် တောဘုရင် ခြင်္သေ့မင်းထံသို့ သွားကြသည်။ ခြင်္သေ့မင်းထိုင်နေသည့် နေရာအနားမရောက်မီ မြည်းက စတင်အော်ပြောသည်။ "အရှင်ခြင်္သေ့မင်း... မြက်ခင်းပြင်က အပြာရောင်ဆိုတာ မှန်ပါသလား...?" ခြင်္သေ့မင်းက ပြန်ဖြေသည်။ "မှန်ပါသည်... မြက်ခင်းပြင်က အပြာရောင်ပါ..." မြည်းက ခပ်သုတ်သုတ်နဲ့ ဆက်ပြောသည်။ "ကျားက အကျွန်ုပ်ပြောတာကို သဘောမတူဘူး... ဆန့်ကျင်တယ်... အကျွန်ုပ်ကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်လို့ သူ့ကိုအပြစ်ပေးပါ အရှင်ခြင်္သေ့မင်း...." ထို့နောက် တောဘုရင်က ကျားကို ၅ နှစ်လုံးလုံး နှုတ်ပိတ်နေစေရန် ပြစ်ဒဏ်ချမှတ်လိုက်သည်။ မြည်းသည် အလွန်ကျေနပ်အားရကာ ပျော်ရွင်စွာနဲံ ခုန်ပေါက်ပြီး ပြန်လာခဲ့သည်။ သူ့ရဲ့နှုတ်မှလည်း တတွတ်တွတ် ရေရွတ်လျက်.... 'မြက်ခင်းပြင်သည် အပြာရောင်' 'မြက်ခင်းပြင်သည် အပြာရောင်' 'မြက်ခင်းပြင်သည် အပြာရောင်' ကျားသည် ပြစ်ဒဏ်ကို ကျေနပ်စွာ လက်ခံခဲ့သော်လည်း သူက ခြင်္

အောင်ပွဲ...

Image
လင်မယားနှစ်ယောက် လမ်းလျှောက်ထွက်လာစဉ် ဇနီးဖြစ်သူက အဝေးတနေရာကို လက်ညှိးထိုးပြီး ပြောလိုက်သည်။ "ဟိုးက အရက်သမားကိုတွေ့လား ယောကျ်ား...?" "အေး တွေ့တယ်... သူက ဘယ်သူလဲကွ...?" "လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကျမကို ချစ်ရေးဆိုခဲ့တဲ့ တယောက်ပေါ့... ဒါနဲ့ ကျမလည်း သူ့ကို ငြင်းခဲ့တယ်..." ဒီအခါ ယောကျ်ားဖြစ်သူက... "အိုး မိုင် ဂေါ့...!!! ပျော်လို့ ခုထိအောင်ပွဲခံနေတုန်းပဲနော်...." " ..." #လွမ်းမပြေသုတရပ်ဝန်း https://www.facebook.com/လွမ်းမပြေ-သုတရပ်၀န်း-261095713945011/ lwanmapyay.blogspot.com