Posts

Showing posts from October, 2021

မွှေစက် (Blender)...

Image
အလုပ်မှာရှိနေတဲ့ ခင်ပွန်းသည်က သူ့အိမ်ကို ဖုန်းလှမ်းဆက်သည်။ (ခင်ပွန်း)- "မိန်းမ မင်းဘယ်မှာလဲ...?" (ဇနီး)- "အိမ်မှာပဲလေ ယောကျ်ားရဲ့..." (ခင်ပွန်း)- "သေချာလား မိန်းမ...?" (ဇနီး)- "သေချာတာပေါ့ ယောကျ်ားရဲ့...?" (ခင်ပွန်း)- "ဒါဆိုရင် မီးဖိုခန်းထဲက မွှေစက်(Blender)ကို ဖွင့်ပြ..." ဇနီးသည်က မွှေစက်(Blender)ကို ဖွင့်ပြလိုက်သည်။ "ဂျရီး ဂျရီး ဂျရီး ဂျရီး...." (ခင်ပွန်း)- "အော် အိုကေ... Goodbye ဟန်နီ..." နောက်တနေ့... (ခင်ပွန်း)- "မိန်းမရေ မင်းဘယ်မှာလဲ...?" (ဇနီး)- "အိမ်မှာပဲပေါ့ ယောကျ်ားရဲ့..." (ခင်ပွန်း)- "သေချာရဲ့လား မိန်းမ...?" (ဇနီး)- "သေချာတောပေါ့ ယောကျ်ားရဲ့..." (ခင်ပွန်း) "ဒါဆိုရင် မီးဖိုခန်းထဲက မွှေစက်(Blender)ကို ဖွင့်ပြ..." ဇနီးသည်က မွှေစက်(Blender) ကို ဖွင့်ပြလိုက်သည်။ "ဂျရီး ဂျရီး ဂျရီး ဂျရီး...." (ခင်ပွန်း)- "အိုကေ... Goodbye ဟန်နီ... I love you..." နောက်တနေ့တွင် ယောကျ်ားဖြစ်သူသည် အိမ်ကို တိတ်တဆိတ် ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ အိမ်ရောက်သည့်အခါ သား

မြည်းလိုလူတွေနဲ့ အငြင်းအခုံ မလုပ်ပါနဲ့...

Image
မြည်းက ကျားကို ပြောသည်။ "မြက်ခင်းပြင်က အပြာရောင်..." ကျားက ပြန်ပြောသည်။ "မဟုတ်ဘူး အစိမ်းရောင်..." ဒီလိုနဲ့ နှစ်ဘက်ငြင်းခုံမှုက ပိုမိုပြင်းထန်လာပြီး အမှားအမှန် ဆုံးဖြတ်ရန် တောဘုရင် ခြင်္သေ့မင်းထံသို့ သွားကြသည်။ ခြင်္သေ့မင်းထိုင်နေသည့် နေရာအနားမရောက်မီ မြည်းက စတင်အော်ပြောသည်။ "အရှင်ခြင်္သေ့မင်း... မြက်ခင်းပြင်က အပြာရောင်ဆိုတာ မှန်ပါသလား...?" ခြင်္သေ့မင်းက ပြန်ဖြေသည်။ "မှန်ပါသည်... မြက်ခင်းပြင်က အပြာရောင်ပါ..." မြည်းက ခပ်သုတ်သုတ်နဲ့ ဆက်ပြောသည်။ "ကျားက အကျွန်ုပ်ပြောတာကို သဘောမတူဘူး... ဆန့်ကျင်တယ်... အကျွန်ုပ်ကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်လို့ သူ့ကိုအပြစ်ပေးပါ အရှင်ခြင်္သေ့မင်း...." ထို့နောက် တောဘုရင်က ကျားကို ၅ နှစ်လုံးလုံး နှုတ်ပိတ်နေစေရန် ပြစ်ဒဏ်ချမှတ်လိုက်သည်။ မြည်းသည် အလွန်ကျေနပ်အားရကာ ပျော်ရွင်စွာနဲံ ခုန်ပေါက်ပြီး ပြန်လာခဲ့သည်။ သူ့ရဲ့နှုတ်မှလည်း တတွတ်တွတ် ရေရွတ်လျက်.... 'မြက်ခင်းပြင်သည် အပြာရောင်' 'မြက်ခင်းပြင်သည် အပြာရောင်' 'မြက်ခင်းပြင်သည် အပြာရောင်' ကျားသည် ပြစ်ဒဏ်ကို ကျေနပ်စွာ လက်ခံခဲ့သော်လည်း သူက ခြင်္

အောင်ပွဲ...

Image
လင်မယားနှစ်ယောက် လမ်းလျှောက်ထွက်လာစဉ် ဇနီးဖြစ်သူက အဝေးတနေရာကို လက်ညှိးထိုးပြီး ပြောလိုက်သည်။ "ဟိုးက အရက်သမားကိုတွေ့လား ယောကျ်ား...?" "အေး တွေ့တယ်... သူက ဘယ်သူလဲကွ...?" "လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကျမကို ချစ်ရေးဆိုခဲ့တဲ့ တယောက်ပေါ့... ဒါနဲ့ ကျမလည်း သူ့ကို ငြင်းခဲ့တယ်..." ဒီအခါ ယောကျ်ားဖြစ်သူက... "အိုး မိုင် ဂေါ့...!!! ပျော်လို့ ခုထိအောင်ပွဲခံနေတုန်းပဲနော်...." " ..." #လွမ်းမပြေသုတရပ်ဝန်း https://www.facebook.com/လွမ်းမပြေ-သုတရပ်၀န်း-261095713945011/ lwanmapyay.blogspot.com

သေပြီဆရာ...

Image
အရက်ဆိုင်တဆိုင်မှာ အမျိုးသားတယောက် သူ့အရက်ခွက်ကို မသောက်ပဲ စိုက်ကြည့်နေသည်။ နာရီဝက်ခန့်အကြာ ကားသမားတယောက် ဆိုင်ထဲဝင်လာပြီး သူ့အရက်ခွက်ကို ဆက်ကနဲယူပြီး မော့သောက်လိုက်သည်။ အမျိုးသားက ငိုယိုသည့်အခါ ကားသမားက.... "ဟာဗျာ ခင်ဗျားကလည်း ကျုပ်က သက်သက်စတာပါ... လာဗျာ ခင်ဗျားကို ကျုပ် ပြန်ဝယ်တိုက်မယ်... ယောကျ်ားတန်မဲ့ အခုလိုငိုတာကို ကျုပ် သိပ်မုန်းတာပဲ..." ထိုအခါ အမျိုးသားက... "ကျုပ်အရက်ကို ယူသောက်လို့ ငိုတာ မဟုတ်ပါဘူးဗျာ... ဒီနေ့က ကျုပ်ဘ၀ရဲ့အဆိုးဆုံးနေ့ပဲ... ဒီလိုဗျာ... ဒီမနက် အိပ်ပျော်သွားလို့ ရုံးနောက်ကျတယ်... သူဌေးက ဒေါသထွက်ပြီး ကျုပ်ကို အလုပ်ဖြုတ်တယ်... အိမ်ပြန်မယ်လုပ်တော့ ကျုပ်ကား အခိုးခံရတယ်... ရဲကို တိုင်တော့ ရဲက ဘာမှလုပ်မပေးနိုင်ဘူး ပြောတယ်... ဒါနဲ့ ကျုပ်လည်း အိမ်ကို တက္ကစီငှားပြီး ပြန်ခဲ့တယ်... အိမ်ရှေ့ရောက်တော့ ကျုပ် ပိုက်ဆံအိတ်နဲ့ ဘဏ်ကတ်တွေ ကားထဲ ကျန်ခဲ့တယ်ဆိုတာ သိလိုက်ရတယ်... ဒါပေမယ့် တက္ကစီသမားက မောင်းပြေးသွားတယ်... အိမ်ထဲ ရောက်ပြန်တော့လည်း ကျုပ်မိန်းမက ဥယျာဉ်မှူးနဲ့ ဖောက်ပြန်နေတာကို တွေ့ရပြန်တယ်... ဒါနဲ့ ကျုပ်လည်း စိတ်ညစ်ညစ်နဲ့ အရက်ဆိုင်ကို ထွက်လာခဲ့တယ်... ကျုပ်ကိုယ်ကျ

Smart thief...

Image
ဆရာဝန်တယောက်နှင့် အင်ဂျင်နီယာတယောက် ချောကလက်ဆိုင်သို့ ၀င်လာသည်။ ဆိုင်အတွင်း ဈေးဝယ်သူတွေ ရှုပ်နေချိန် ဆရာဝန်က ချောကလက် ၃ ခုကို ခိုးပြီး အိတ်ထဲ ထည့်လိုက်သည်။ ထိုနောက် စတိုးဆိုင်ကနေ ထွက်သွားပြီး ဆရာဝန်က အင်ဂျင်နီယာကို ပြောသည်။ "ကျုပ်လောက် တော်တဲ့သူခိုး မရှိဘူး... ဆိုင်ထဲက ချောကလက် ၃ ခု ခိုးတာ ဘယ်သူမှ မမြင်ဘူး... ခင်ဗျားလည်း ကျုပ်ကို မယှဉ်နိုင်ပါဘူးဗျာ..." ဒီအခါ အင်ဂျင်နီယာက... "ဒီထက် ကောင်းတဲ့အရာ ခင်ဗျား မြင်ချင်လား...? လာခဲ့ ဆိုင်ထဲကို ပြန်သွားမယ်... ကျုပ် အမှန်အကန် ခိုးပြမယ်..." ထို့နောက် ဆိုင်ကောင်တာသို့ သွား၍ အင်ဂျင်နီယာက အရောင်းစာရေးကို ပြောလိုက်သည်။ "ခင်ဗျား မျက်လှည့်ပြတာ ကြည့်ချင်လား ...?" "ဟုတ်ကဲ့ ...!" "ကျုပ်ကို ချောကလက်တခု ပေးပါ..." အရောင်းစာရေးက သူ့ကို ချောကလပ်တခု ပေးလိုက်သည်။ အင်ဂျင်နီယာက စားပစ်လိုက်သည်။ သူသည် ဒုတိယအကြိမ် တောင်းပြီး စားလိုက်ပြန်သည်။ တတိယအကြိမ်လည်း ထိုနည်းအတိုင်း လုပ်လိုက်ပြန်သည်။ ဒီအခါ အရောင်းစာရေးက စိတ်မရှည်စွာဖြင့်... "ခင်ဗျား မျက်လှည့်ကလည်း ဘယ်မှာလဲဗျာ..." ဒီအခါ အင်ဂျင်နီယာက... "အဲဒီ ချောကလပ်တ

စိတ်ပြောင်းသွားပြီ....

Image
လူလတ်ပိုင်း အမျိုးသမီးတယောက် စတိုးဆိုင်တခုမှာ ဖိနပ်သွားဝယ်သည်။ ဆိုင်ရောက်တော့ ဆိုင်ရှင်က သူမခြေထောက်တွေကို ဦးစွာ ပိုးသတ်ဆေးရည်နှင့် သန့်ရှင်းရေး လုပ်သည်။ ထို့နောက် ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောပြီး တဘက်ဖြင့် သုပ်ပေးသည်။ အဲဒီနောက် သူမလိုချင်သည့် ဖိနပ်ကို စိတ်ကြိုက်ရွေးချယ်စေသည်။ စိတ်ကြိုက်ဖိနပ် ရပြီးတဲ့နောက် ငွေရှင်းကောင်တာမှာ ငွေရှင်းသည်။ သူမ ဆိုင်က ပြန်ထွက်မည်ပြုစဉ် ဆိုင်ရှင်က... "တခြား ဘာတွေလိုသေးလဲ...?" "ဘရာစီယာနဲ့ အတွင်ခံတွေလည်း ဝယ်ချင်သေးတယ်... ဒါပေမယ့် ဆိုင်ရဲ့ဝန်ဆောင်မှုကို တွေ့ပြီး စိတ်ပြောင်းသွားပြီ..." #လွမ်းမပြေသုတရပ်ဝန်း https://www.facebook.com/လွမ်းမပြေ-သုတရပ်၀န်း-261095713945011/ lwanmapyay.blogspot.com

ဝိတ်မကျတဲ့အကြောင်းရင်း...

Image
သူတို့မိန်းမတွေ gym သွားကစားတာ ၆ လကျော်ပြီ... ခုထိ ဝိတ်မကျဘူးဆိုပြီး ယောကျ်ားတွေက gym မန်နေဂျာကို အပြစ်တင်တယ်... ဒါနဲ့ gym မန်နေဂျာလည်း သူတို့ယောကျ်ားတွေထံ ဓါတ်ပုံရိုက်ပြီး ပို့လိုက်တယ်....။ #လွမ်းမပြေသုတရပ်ဝန်း ( lwanmapyay.blogspot.com )  Facebook Page

စာလုံးပေါင်း မှားနေလို့ပါ...

Image
ညနေမှောင်ရီ သန်းနေချိန် ဖြစ်သည်။ ကိုဘမောင်တယောက် အိမ်ပြန်နောက်ကျနေ၍ သုဿာန်ကိုဖြတ်ပြီး ဖြတ်လမ်းက ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သုဿာန်ထဲ ဖြတ်နေချိန် တတောက်တောက်နှင့် ထုရိုက်နေသည့် အသံကို ကြားလိုက်သည်။ ကိုဘမောင် ကြောက်စိတ်တွေ စပြီး ဝင်လာသည်။ အသံက တဖြည်းဖြည်း ကျယ်လောင်လာသည်။ ကိုဘမောင်တယောက် အကြောက်လွန်လာပြီး အသက်ရှုနှုန်းတွေလည်း မြန်လာသည်။ ထို့နောက် လူတယောက် အုတ်ဂူပေါ်မှာ စာလုံးတွေ ထုဆစ်နေသည်ကို သတိပြုမိလိုက်သည်။ ထိုလူအနား ကပ်သွားပြီး... "တော်ပါသေးရဲ့ဗျာ... ကျုပ်က သရဲခြောက်တယ် ထင်နေတာ... ဒါနဲ့ နေပါဦး ခင်ဗျားက ဘာဖြစ်လို့ ဒီအချိန်ထိ အလုပ်လုပ်နေတာလဲ....?" "သူတို့ ကျုပ်နာမည်ကို စာလုံးပေါင်းထားတာ မှားနေလို့ဗျာ..." "ဝှစ်... " #လွမ်းမပြေသုတရပ်ဝန်း ( lwanmapyay.blogspot.com )  Facebook Page