Posts

Showing posts from 2022

စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...

Image
ကျွန်တော်တို့ဘဝတလျောက်မှာ စိတ်ဖိစီးမှုဆိုတာ တကွေ့မဟုတ် တကွေ့ကြုံရမည့်အရာပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးလာတဲ့အခါ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊အိမ်ထောင်ရေး စတဲ့ နယ်ပယ်ပေါင်းစုံမှာ စွမ်းဆောင်ရည်တွေ ကျဆင်းလာပါတယ်။  ဒါ့ကြောင့် စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။ (၁) ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ တက်တက်ကြွကြွ ကိုယ်လက်လှုပ်ရှားမှုလုပ်လိုက်တဲ့အခါ လူဟာ နေလို့ထိုင်လို့ ပိုကောင်းလာပါတယ်။ (၂) မိမိစိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။ မိမိကိုယ်ကို သတိရှိရှိနဲ့ ထိန်းချုပ်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ မိမိကိုယ်ကိုသတိရှိလာခြင်းဟာဖြင့် ပြသနာထဲ တဝဲလည်လည် မဖြစ်ပဲ Solutionsတွေကိုပဲ အာရုံ စိုက်လာနိုင်ပါလိမ့်မယ်။ (Meditation လုပ်ခြင်းအားဖြင့် မိမိစိတ်ကို သိရှိလာပြီး ထိန်းကျောင်းတတ်လာပါလိမ့်မယ်။) (၃) လူတွေနဲ့ ပေါင်းသင်းဆက်ဆံပါ။  သူငယ်ချင်းမိတ်ဆွေတွေနဲ့ Activities တွေ ပူးပေါင်းပါဝင်ခြင်းက မိမိရဲ့ Stress တွေကိုလျော့ကျစေသလို သူတို့တွေစီကလည်း အကူညီကောင်းတွေ ရနိုင်ပါတယ်။ (၄) မိမိဝါသနာပါတာ၊ ပျော်ရွှင်တာတွေကို လုပ်ဖို့ အချိန်ပေးပါ။ ဒါကတော့ လူအများ မလုပ်မိကြတဲ့ အရာ