ချစ်တာကို လက်မခံလို့ မီးရှို့ခံရ...

တရုတ်နိုင်ငံက Tao ဆိုတဲ့ လူငယ်တစ်ယောက်ဟာ Zhou ဆိုတဲ့ မိန်းကလေးငယ် တစ်ဦးကို ချစ်ရေးဆိုခဲ့တယ်... ချစ်ရေးဆိုတာ မအောင်မြင်တဲ့အတွက် မိန်းကလေးငယ် နေထိုင်တဲ့ နေအိမ်ကိုလိုက်သွားတယ်...သူမကို ရုတ်တရက် ဖမ်းလိုက်တယ်... အဲဒီနောက် အသင့်ယူဆောင်လာတဲ့ မီးခြစ်ဆီ (Lighter Fluid)ဗူးထဲက ဓါတ်ဆီတွေကို သူမရဲ့ခေါင်းပေါ်ကို လောင်းချတယ်... တချိန်တည်းမှာပဲ ပါးစပ်က "သေ" ဆိုပြီးတော့ မိန်းကလေးကို ရက်ရက်စက်စက် မီးရှို့လိုက်တယ်... မီးလောင်နေတဲ့ တူမဖြစ်သူရဲ့ အော်သံတွေကို အိမ်ထဲက အဒေါ်ဖြစ်သူက ကြားတွေ့ပြီး...ရေးကြီး သုတ်ပြာနဲ့ လာပြီး စောင်နဲ့ မီးငြိမ်းသက်ခဲ့တယ်... အဲဒီနောက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့နဲ့ ရဲတွေကို အကြောင်းကြားခဲ့တယ်...


Zhou ကို ဆေးရုံရှိ အရေးပေါ်ဌာနကို တင်ခဲ့ရတယ်...သူမရဲ့ မျက်နှာတွေ... လည်ပင်တွေ... ရင်ဘက်တွေနဲ့ အခြားကိုယ်ခန္ဒာ အစိတ်အပိုင်းတွေကို ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းခဲ့ပြီး... နားရွက်တစ်ဖက်မှာ လုံးလုံးလျားလျား မီးလောင်ပျက်စီးသွားခဲ့တယ်...

သူမရဲ့ခန္ဒာကိုယ် ၃၀ ရာခိုင်းနှုန်းကို ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းခဲ့တယ်...
ကိုးကား...ChinaSmack/internet/ By Ko Myo