အတူတူပဲ...

သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက မြောက်ကိုရီးယားအနေနဲ့ ၁၀နှစ်အတွင်းမှာ နေကမ္ဘာကို လူပို့စေလွှတ်မယ်လို့ ကြေငြာတယ်...

ဒါကို သတင်းထောက်တစ်ဦးက ထပြီးမေးတယ်....


"လူပို့တာတော့ ဟုတ်ပါပြီ... ဒါပေမယ့် နေကမ္ဘာက အရမ်းပူပြင်းတော့ ခင်ဗျားလူတွေက ဘယ်လို ဆင်းသက်နိုင်မှာလဲဗျ..??" 🤓🤓🤓

ဒီမေးခွန်းကို ကြားတဲ့အခါ အားလုံးငြိမ်သက်သွားပြီး ဘယ်လိုပြန်ဖြေရမယ်ဆိုတာ ဘယ်သူမှ မသိဘူး ဖြစ်နေတယ်... 🤔🤔🤔

အဲဒီအချိန် ကင်ဂျုံအွန်းက တည်ငြိမ်စွာနဲ့ ဖြေလိုက်တယ်...

"ကျုပ်တို့က ညအချိန်မှာသာ ဆင်းသက်မှာပါ..." 😚😚😚

သူ့အစိုးရအဖွဲ့နဲ့ ပရိတ်သတ်ကြီး တစ်ခုလုံးရဲ့ ချီးမွမ်းသြဘာသံတွေက မိုးခြိမ်းသံတွေအလား ဆူညံပွက်လောရိုက်သွားတယ်... 🤗🤗🤗

တချိန်တည်းမှာပဲ ကင်ဂျုံအွန်းရဲ့ သတင်းစာရှင်းလင်းပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရွမ်းနဲ့ သူ့အစိုးရအဖွဲ့ကလည်း အိမ်ဖြူတော်မှာ ထိုင်ကြည့်နေကြတယ်...

မြောက်ကိုရီးယားခေါင်းဆောင် ပြန်ဖြေလိုက်တဲ့စကားကို အမေရိကန်သမ္မတက ကြားတဲ့အခါ မချိပြုံးနဲ့ ပြောလိုက်တယ်...

"တော်တော် ရှုးတဲ့ကောင်ပဲ!! ညဘက်မှာ 'နေ' မှ မရှိတာ.." 😎😎😎

ခုဆိုရင် သူ့အစိုးရတစ်ဖွဲ့လုံးရဲ့ ချီးမွမ်းသြဘာသံတွေက မိုးခြိမ်းသံတွေအလား ဆူညံပွက်လော ရိုက်သွားလေတော့သတည်း.....။ 🤗🤗🤗

😝😝😝😄😄😄😂😂😂😁😁😁



ကိုမျိုး
©google
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ »

Google Nik Collections...

Friday, July 28, 2017
ဓါတ်ပုံပြင်တဲ့နေရာမှာ pro ကျပြီး အချိန်ကုန်လည်း သက်သာ အသုံးပြုရတာလည်းလွယ်ကူ လူကြိုက်လည်းများတဲ့ Nik Collections ကို google ကနေ အခမဲ့ အသုံးပြုခွင့် ပေးထားပါတယ်... ဒီ collections မှာ Analog Efex Pro, Color Efex Pro, Silver Efex Pro, Viveza, HDR Efex Pro, Sharpener Pro နဲ့ Dfine ဆိုပြီး desktop plug-ins (၇)ခု ပါဝင်ပါတယ်... plug-ins တစ်ခုချင်းစီမှာ သူ့အစွမ်းနဲ့သူ ရှိပါတယ်... အသုံးပြုဖူးတဲ့ users တိုင်း သိပါတယ်...

Nik collections ကို အစပိုင်းမှာ အမေရိကန်ဒေါ်လာ $500 ပေးပြီး Users တွေက အသုံးပြုခဲ့ရပါတယ်... ၂၀၁၂ စက်တင်ဘာလမှာ Nik Software, Inc. ထံမှ google က ၀ယ်ယူခဲ့ပြီး ဒေါ်လာ $150 နဲ့ ပြန်လည်ရောင်းချခဲ့ပါတယ်... အဲဒီနောက် ၂၀၁၆ မတ်လကနေစပြီး users တွေကို အခမဲ့ အသုံးပြုခွင့်ပေးခဲ့ပါတယ်... တစ်ချိန်တည်းမှာပဲ ၂၀၁၆ ခုနှစ်အတွင်း ၀ယ်ယူအသုံးပြုခဲ့တဲ့ users တွေကိုလည်း google ကနေ refund ပြန်လုပ်ပေးမယ်လို့လည်း ကြေငြာခဲ့ပါတယ်...


Google အနေနဲ့ Nik collections ကို updates လုပ်ဖို့နဲ့ features အသစ်တွေ ထပ်ထည့်ဖို့တော့ အစီအစဉ် မရှိသေးပါဘူး...

Nik collections ကို Adobe Photoshop ဆိုရင် version CS4 ကနေ CC 2015 ထိ၊ Adobe Photoshop Elements မှာဆိုရင် version 9 ကနေ 13 အထိ (ဒါပေမယ့် HDR Efex Pro 2 တခုကတော့ compatible မဖြစ်ဘူးလို ဆိုပါတယ်)၊ Adobe Photoshop Lightroom တွေမှာဆိုရင် version 3 ကနေ 6/CC အထိ အသုံးပြုနေတဲ့ Users တွေ install လုပ်နိုင်ပါတယ်...

Mac OS အတွက်ယူရန်... https://dl.google.com/…/photos/nikcollection-full-1.2.11.dmg

Windows OS အတွက်ယူရန်... https://dl.google.com/…/photos/nikcollection-full-1.2.11.exe

(CB ကနေမေးလာတဲ့ မိတ်ဆွေနဲ့ မသိသေးတဲ့ မိတ်ဆွေတွေအတွက် ရည်ရွယ်ပါတယ်...)

Good luck...

ကိုမျိုး
ref;google/wikipedia
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Wrong key.....

Tuesday, July 04, 2017
ဘုရင်တစ်ပါးဟာ စစ်မြေပြင်ထွက်ခါနီး သူ့ရဲ့ အလွန်ချောမောလှပတဲ့ မိဖုရားကို အခန်းထဲထည့်ပြီး သော့ခတ်ထားလိုက်တယ်... အဲဒီနောက် သော့ကို သူ့ရဲ့ အကောင်းဆုံး သူငယ်ချင်းဖြစ်သူ လက်ထဲထည့်ပြီး... "ကျုပ် ၄ ရက်အတွင်းမှာ ပြန်မရောက်ခဲ့လို့ရှိရင် ကျုပ်ရဲ့မိဖုရားကို ခင်ဗျားပိုင်ပြီ..." ဆိုပြီး မှာခဲ့လိုက်တယ်...

ဒီလိုနဲ့ ဘုရင်လည်း သူ့ရဲ့စီးတော်မြင်းပေါ်တက်ပြီး စစ်မြေပြင်ခရီးကို စတင်ထွက်ခွာတယ်... နာရီဝက်လောက် ခရီးနှင်ပြီးတဲ့အချိန် အနောက်မှာ ဖုန်တွေတစ်ထောင်းထောင်းနဲ့ အသံတွေကို သတိပြုမိလိုက်တယ်... ဒါနဲ့ စီးတော်မြင်းကိုရပ်ပြီး ကြည့်လိုက်တဲ့အခါမှာ သူ့ဆီကို မြင်းဒုန်းစိုင်းနှင်လာတဲ့ သူ့ရဲ့ သူငယ်ချင်း ဖြစ်နေတယ်...

အနားရောက်ရောက်ချင်းမှာပဲ "ဘယ်လိုဖြစ်လာတာလဲ??..." ဆိုပြီး ဘုရင်က မေးလိုက်တယ်..

ဒီအခါ သူငယ်ချင်းဖြစ်သူက... "သော့ မှားနေလို့ပါဗျ..." ဆိုပြီး အမောတကြီးနဲ့ ပြောလိုက်သတည်းးး။

😝😝😜😜😂😂😄😄

ကိုမျိုး
ref;google
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.comFacebook Page  Twitter   Google+
အပြည့်အစုံသို့ >>

If you plant honesty, you will reap trust....

Wednesday, September 14, 2016
အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးဟာ သူ့အနေနဲ့ အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ကုမ္ပဏီလုပ်ငန်းတွေကို ဆက်ပြီး ဦးဆောင်နိုင်မယ့် သူကို ရွေးချယ်ဖို့ ဆုံးဖြတ်​လိုက်​တယ်....

ဒီလိုရွေးချယ်ဖို့အတွက် သူ့ရဲ့ဆွေမျိုးသားချင်းတွေနဲ့ စီနီယာ ညွှန်ကြားရေးမှူးတွေ ထဲကနေ ရွေးချယ် ရမယ့်အစား... ထူးထူးခြားခြား ဂျူနီယာကျတဲ့ လူငယ်ဝန်ထမ်းတွေ အားလုံးကို ခန်းမထဲ ခေါ်ပြီး စုရုံးခိုင်းလိုက်တယ်... အဲဒီနောက် အကြီးအကဲက...

"ငါ့အနေနဲ့ ကုမ္ပဏီကနေ အနားယူဖို့ အချိန်​ကျပြီ.. အဲဒီ​တော့ ငါ့နေရာမှာ ဆက်ခံမယ့်သူ နောက်ထပ် အမှုဆောင်အရာရှိချုပ်အသစ်ကို ရွေးချယ်ရမှာ ဖြစ်​တယ်​.. မင်းတို့ အားလုံးထဲက တစ်ယောက်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ထားတယ်..."

အကြီးအကဲရဲ့ စကားကြောင့် ၀န်ထမ်းတွေအားလုံး အံ့အားသင့်ပြီး ကြက်သေ သေသွားကြတယ်... အကြီးအကဲက ဆက်လက်ပြီး...

"ဒီကနေ့ မင်းတို့ တစ်ဦးချင်းစီကို အပင်မျိုးစေ့ တစ်စေ့စီ ပေးလိုက်မယ်... အရမ်းထူးခြားတဲ့ မျိုးစေ့တွေပေါ့ကွာ... အဲဒီမျိုးစေ့ကိုယူပြီး မင်းတို့ရဲ့အိမ်မှာ စိုက်ပျိုးပါ... ရေလောင်းပါ... ဒီနေ့ကစပြီး တနှစ်ပြည့်တဲ့အခါ ငါပေးလိုက်တဲ့ မျိုးစေ့ကနေ ပေါက်လာတဲ့ အပင်ကိုယူပြီး ငါ့ဆီကို ပြန်လာကြပါ... မင်းတို့ယူလာတဲ့ အပင်တွေကို ကြည့်ပြီး အကဲဖြတ်မယ်... အဲဒီနောက် ငါရွေးချယ်လိုက်တဲ့သူဟာ ဒီကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်အသစ် ဖြစ်လာလိမ့်မယ်..."

ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ပေးလိုက်တဲ့ မျိုးစေ့ကို ရရှိတဲ့သူတွေထဲမှာ 'ဂျင်မီ' လို့ ခေါ်တဲ့ ၀န်ထမ်းတစ်ယောက်လည်း ပါတယ်... ဂျင်မီဟာ စိတ်လှုပ်ရှားမှုအပြည့်နဲ့ မျိုးစေ့ကိုယူပြီး အိမ်ပြန် လာခဲ့တယ်... အိမ်ရောက်တော့ ဇနီးဖြစ်သူကို အဖြစ်အပျက်တွေအားလုံးကို ပြောပြတယ်... ဇနီးဖြစ်သူက မျိုးစေ့စိုက်ပျိုးမယ့် မြေအိုးကို ကူပြီးပြင်ဆင်ပေးတယ်... အဲဒီနောက် မျိုးစေ့ကို မြေအိုးထဲမှာ စိုက်ပျိုး လိုက်တယ်... နေ့စဉ်နေ့တိုင်း မျိုးစေ့ကို ရေလောင်းတယ်... အပင်ထွက်ပြီလား စောင့်ကြည့်တယ်... ဒီလိုနဲ့ ရက်သတ္တပတ် (၃)ပတ်လောက် ကြာတဲ့အခါ တခြားလုပ်ဖော်ကိုင်ဖက်တစ်ချို့က သူတို့ရဲ့ မျိုးစေ့တွေ အပင်စပေါက်လာတဲ့အကြောင်း ပြောဆိုလာကြတယ်...

ဂျင်မီကတော့ သူ့ရဲ့မျိုးစေ့ကို နေ့စဉ်နေ့တိုင်း ရေလောင်းလိုက်... စောင့်ကြည့်လိုက်နဲ့ လုပ်နေခဲ့တယ်... ဒါပေမယ့် အပင်ပေါက်လာမယ့် အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူး...

ဒီလိုနဲ့ ရက်သတ္တပတ် (၃)ပတ် (၄)ပတ်ကနေ (၅)ပတ်ထိ ကြာသွားပေမယ့် ဘာမှမထူးခြားပဲ မျိုးစေ့အတိုင်းသာ ရှိနေခဲ့တယ်...

ယခုဆိုရင် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက သူတို့ရဲ့ အပင်တွေအကြောင်းကို ပြောနေကြပြီ... ဂျင်မီကတော့ ခုချိန်ထိ သူ့မျိုးစေ့ အပင် ပေါက်မလာသေးတဲ့အတွက် စိတ်ထိခိုက်နေတယ်...

(၆)လကြာသည့်တိုင် အပင်ထွက်မလာ သေးတဲ့အတွက် မျိုးစေ့ဟာ သူ့​ကြောင့်​ အသက် မရှင်တော့ဘူးလားလို့ သံသယ၀င်​လာတယ်... ဒီအကြောင်းကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဖွင့်​မပြောပဲ နေခဲ့တယ်... ဒါပေမယ့် အပင် ပေါက်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မျိုးစေ့ကို မြေသြဇာကျွေး၊ ရေလောင်းမြဲ လောင်းပြီး ​စောင့်​ကြည့်​​နေခဲ့တယ်​...

ဒီလိုနဲ့ တနှစ်ကာလ ပြီးဆုံးသွားတဲ့ အခါမှာတော့ ဂျူနီယာဝန်ထမ်းငယ်တွေ အားလုံးဟာ အမှုဆောင် အရာရှိချုပ် ညွှန်ကြားထားတဲ့အတိုင်း သူတို့ စိုက်​ထားတဲ့ အပင်အိုးတွေကို ကုမ္ပဏီကို ယူလာကြတယ်...

ဂျင်မီကတော့ အပင်မ​ပေါက်​တဲ့ မျိုး​စေ့အိုးကို မယူသွား တော့ဘူးဆိုပြီး ဇနီးသည်ကို ပြောပြတယ်... ဒါပေမယ့် ဇနီးသည်က အိုးကိုယူသွားပြီး အဖြစ်အပျက်တွေ အားလုံးကို ရိုးရိုးသားသားနဲ့ အကြီးအကဲကို ရှင်းပြဖို့ ဂျင်မီကို အကြံပေးတယ်... ဂျင်​မီကလည်း သူ့ဘ၀မှာ အရှက်ရစရာ အကောင်းဆုံး ဖြစ်တော့မယ် ဆိုပြီး နေမထိထိုင်မသာ ဖြစ်နေတယ်... ဒါပေမယ့် ဇနီးသည် အကြံပေးတာကို လက်ခံလိုက်ပြီး အပင်မ​ပေါက်​တဲ့ မျိုး​စေ့အိုးကို ကုမ္ပဏီကို ယူသွားလိုက်တယ်... ကုမ္ပဏီကို ရောက်တဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေ စိုက်ပျိုးထားတဲ့ ပုံသဏ္ဍာန် အရွယ်အစား အမျိုးမျိုးနဲ့ လှပတဲ့ အပင်တွေကို တွေ့တဲ့ အခါ အံ့အားသင့်သွားတယ်... သူ့ရဲ့ မျိုး​စေ့အိုးကို ကြမ်းပြင်ပေါ်ကို ချလိုက်တယ်.... လုပ်ဖော်ကိုင်ဖက် အနည်းငယ်လောက်သာ စိတ်မကောင်းတဲ့ အမူအယာ ပြပြီး... အများစု ကတော့ သူ့ကိုကြည့်ပြီး လှောင်ပြောင်ရယ်​​မောကြတယ်...

မကြာခင် ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ရောက်လာတယ်... အခန်းကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး သူ့ဝန်ထမ်းငယ်တွေကို နှုတ်ဆက်လိုက်တယ်... ဂျင်မီက အနောက်မှာ အရာရှိမမြင်အောင် ပုန်းဖို့ လုပ်နေတယ်... အဲဒီနောက် အရာရှိက...

"ငါ့ဝန်ထမ်းတွေက အရမ်းကို ကောင်းမွန်လှပတဲ့ အပင်တွေကို စိုက်ပျိုးထားကြတာပဲ..."

ဒီလို​ပြော​နေရင်း ရုတ်တရက်ဆိုသလို အခန်းရဲ့ နောက်ဆုံးမှာ အပင်မရှိတဲ့အိုးနဲ့ အတူရှိနေတဲ့ ဂျင်မီကို အရာရှိချုပ်က သတိပြုမိလိုက်တယ်... သူ့ကို အခန်းအရှေ့ကို ခေါ်ထုတ်လာဖို့ ညွှန်ကြားရေးမှူး တစ်ယောက်ကို ပြောလိုက်တယ်... ဂျင်မီကတော့ အရမ်းကို ကြောက်လန့်နေတယ်... သူ့ရဲ့ မအောင်မြင်မှုကြောင့် အရာရှိချုပ်က သူ့ကို အလုပ် ထုတ်တော့မယ်လို့ ထင်နေတယ်...

ဒီလိုနဲ့ ဂျင်မီအခန်းအရှေ့ကို ရောက်တဲ့အခါ အရာရှိချုပ်က... "ငါ​ပေးလိုက်​တဲ့ မျိုးစေ့က ဘာဖြစ်လို့ အပင် မပေါက်ရတာလဲ...?" ဆိုပြီး မေးလိုက်​တယ်... ဂျင်မီလည်း အဖြစ်အပျက်​တွေကို အရာရှိကို ရိုးသားပွင့်​လင်းစွာ ​ပြောပြတယ်...

အရာရှိချုပ်လည်း ဂျင်မီကလွဲပြီး တခြားဝန်ထမ်းတွေ အားလုံးကို ထိုင်ခိုင်းလိုက်တယ်... အဲဒီနောက် ဂျင်မီကိုကြည့်ပြီး ၀န်ထမ်းတွေအားလုံးကို... "မင်းတို့အားလုံးရဲ့ နောင်လာမယ့် အမှုဆောင် အရာရှိချုပ်အသစ်..... သူကတော့ ဂျင်မီဖြစ်တယ်..." ဆိုပြီး ကြေညာလိုက်တယ်...

ဂျင်မီက သူ့အနေနဲ့ တခြားဝန်ထမ်းတွေလို မျိုးစေ့ကို အပင်ပေါက်အောင် မစွမ်းဆောင်နိုင်ပဲနဲ့ ဒီလို အမှုဆောင်အရာရှိချုပ်အသစ်အဖြစ် ခန့်အပ်လိုက်တာကို မယုံနိုင်ပဲဖြစ်နေတယ်....

တခြားဝန်ထမ်းငယ်တွေကလည်း အရာရှိချုပ်​ကို... "သူ(ဂျင်​မီ)က ဘယ်လိုဖြစ်လို့ ကျ​နော်​တို့ရဲ့ အမှုဆောင် အရာရှိချုပ်လောင်း ဖြစ်ရတာလဲ..." ဆိုပြီး သံသယနဲ့ မေးခွန်းထုတ်ကြတယ်...

ဒီအခါ အရာရှိချုပ်က...

"လွန်ခဲ့တဲ့ တနှစ်က ဒီအခန်းထဲမှာပဲ မင်းတို့အားလုံးကို မျိုးစေ့တစ်စေ့စီ ပေးခဲ့တယ်... အဲဒီမျိုးစေ့ကို မင်းတို့အိမ်မှာ ရေလောင်းစိုက်ပျိုးပြီး ​ပေါက်​လာတဲ့အပင်​ကို ဒီ​နေ့အချိန်​ ငါ့ဆီ ပြန်​ယူလာဖို့ မှာခဲ့တယ်... ဒါပေမယ့် အဲဒီမျိုးစေ့တွေ အားလုံးဟာ စိုက်ပျိုးလို့ မရနိုင်တော့တဲ့... မီးနဲ့ပြုတ်ထားတဲ့... မျိုးစေ့ အသေတွေသာ ဖြစ်တယ်... "

"ဒါပေမယ့် ဒီ​နေ့... ဂျင်မီကလွဲပြီး မင်းတို့အားလုံး အပင်တွေ ကိုယ်စီယူလာကြတယ်... ငါပေးလိုက်တဲ့ မျိုးစေ့ဟာ အပင်မပေါက်ဘူးလို့ မင်းတို့သိတဲ့အခါ တခြားအပင်ပေါက်တဲ့ မျိုးစေ့နဲ့ အစားထိုးပြီး စိုက်ပျိုးခဲ့ကြတယ်... ဂျင်မီသာ ငါပေးလိုက်တဲ့ မျိုးစေ့ကို ပြန်ယူလာလို့ သူဟာသတ္တိရှိပြီး ရိုးသားတဲ့သူ တစ်ယောက်သာလျှင်​ ဖြစ်တယ်..."

So, be careful what you plant now; it will determine what you will reap later.

ကိုမျိုး
©awesomequotes4u/google
lwanmapyay.blogspot.com
 --------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

The blind man with a lamp.....

Thursday, August 25, 2016
တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့မှာ နေထိုင်တဲ့ မျက်မမြင် လူတစ်ယောက် ရှိတယ်... သူဟာ ညဘက် အပြင်ထွက်တဲ့ အခါတိုင်း လက်ထဲမှာ မီးအိမ်ငယ် တစ်လုံးကို အမြဲတမ်း ယူဆောင်သွားလေ့ ရှိတယ်...

ညတစ်ညမှာတော့ မီးအိမ်ကို ဆွဲပြီး အပြင်ထွက်ချိန် သူသွားနေတဲ့ လမ်းမှာပဲ ဖြတ်လျှောက်လာတဲ့ လူတစ်စုက သူ့ကိုတွေ့တဲ့အခါ... " ခင်ဗျားက မျက်စိမှ မမြင်ရတာ... ဘာဖြစ်လို့ မီးအိမ်ကို ယူလာ ရတာလဲ... ယူလာလဲ ဘာမှမြင်ရမှာမှ မဟုတ်တာဗျာ..." လို့ပြောပြီး လှောင်ပြောင် ရယ်မောကြတယ်...

ဒီအခါ မျက်မမြင်က ယဉ်ကျေးသိမ်မွေ့စွာ ပြန်ပြောလိုက်တာက...

"ဒီမီးအိမ်က ကျုပ်အတွက် မဟုတ်ပါဘူးဗျာ... ခင်ဗျားတို့လို မျက်စိမြင်ရတဲ့ သူတွေအတွက်ပါ... မျက်မမြင် ဒုက္ခိတ တစ်ယောက် လာနေတာကို မတွေ့ပဲ ၀င်တိုက်မိမှာ စိုးလို့ပါ...."

Moral: Think twice before you speak...

ကိုမျိုး
©greenyatra/google
lwanmapyay.blogspot.com
 --------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

မွေးနေ့လက်ဆောင်....

Thursday, August 25, 2016
(ကျား) - "Happy Birthday!!! ဆွီတီ..."

(မ) - "ကျေးဇူးကမ္ဘာနော် ဘေဘီ... ဒါနဲ့ မွေးနေ့အတွက် ဘာလက်ဆောင် ယူလာပေးလဲ... ?"

(ကျား) - (လက်ညိုးညွှန်ပြီး) "ဟိုးးးမှာ ရပ်ထားတဲ့ BMW ကား အနီရောင်လေး တွေ့တယ် မဟုတ်လား?"

(မ) - "အိုးမိုင်ဂေါ့!!! တွေ့တယ်... တွေ့တယ်... မယုံနိုင်စရာပဲ... I love you so much, baby..."

(ကျား) - "အေး... ဟုတ်ပီ... အဲဒီကားနဲ့ အရောင်တူတဲ့ သွားတိုက်တံ တစ်ချောင်း ယူလာပေးတယ်..."

(မ) - "မိုးကြိုးပစ် :-( :-( :-( :'( :'( :'( !!!!"

:-P :-P :-P :-D :-D :-D :-P :-P :-P :-D :-D :-D

©google
lwanmapyay.blogspot.com
 --------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

'အာဘွား' - Kisses as Monthly Pay.....

Thursday, August 25, 2016
အခြားမြို့တစ်မြို့မှာ သွားရောက် အလုပ်လုပ်နေတဲ့ ခင်ပွန်းဖြစ်သူက သူ့မွေးရပ်မြေမှာရှိတဲ့ ဇနီးသည်ကို စာလှမ်းရေးတယ်....

"ချစ်ဇနီး..."

"ယခုတလော ကမ္ဘာ့စီးပွားရေး အကြပ်အတည်းက ကိုယ်တို့ကုမ္ပဏီကိုပါ လာပြီး ဂယက်ရိုက်နေလို့ ဒီလအတွက် လစာမပို့ပေးနိုင်ဘူးကွာ... အဲဒီအစား 'အာဘွား' အခါ ၁၀၀ ပို့ပေးလိုက်တယ်ကွာ..."

"မင်းဟာ ကိုယ်ရဲ့အချစ်ဆုံးပါ... ဒီလတော့ အဆင်ပြေသလို ကြည့်ပြီး နေလိုက်ပါအုံး... ကိုယ့်ကို နားလည်ပေးပါ..."

"မင်းရဲ့ ချစ်ခင်ပွန်း..."

ဒီအခါက ဇနီးဖြစ်သူက အောက်ပါအတိုင်း စာပြန်ရေးလိုက်တယ်...

"ဟေး! ဟန်နီ"

"'အာဘွား' အခါတစ်ရာ ပို့ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်...."

"အောက်က စာရင်းကတော့ ဒီလအတွက် 'အာဘွား' နဲ့ ပေးချေခဲ့ရတဲ့ ကုန်ကျစရိတ်တွေပါ..."

"၁။ နွားနို့ ၁ လစာအတွက် နို့ကုလားကို 'အာဘွား' ၂ ခါ..."

"၂။ လျှပ်စစ်မီတာ လာကောက်တဲ့ လူကြီးက မီတာခမပေးရင် မီးဖြတ်မယ်ပြောလို့ "အာဘွား" ၇ ခါ..."

"၃။ ကျမတို့ ငှားနေတဲ့အိမ် လခအတွက် အိမ်ပိုင်ရှင်ကို နေ့စဉ် "အာဘွား" ၂ ခါကနေ ၃ ခါ..."

"၄။ စူပါမားကတ် ပိုင်ရှင်ကတော့ ကျမပေးတဲ့ 'အာဘွား' ကို လက်မခံဘူး... ဒါနဲ့ ကျမလည်း တခြားဟာတွေ ပေးလိုက်ရတယ်... ရှင် သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်..."

"၅။ တခြား ဟိုနည်းနည်း ဒီနည်းနည်း ကုန်ကျစရိတ်တွေအတွက် 'အာဘွား' အခါ ၄၀..."

"ရှင် ကျမကို စိတ်မပူပါနဲ့!... ကျမမှာ ပေးဖို့ 'အာဘွား' ၃၅ ခါ ကျန်နေသေးတယ်..."

"ဒီလက်ကျန် 'အာဘွား' လေးနဲ့ ဒီလကုန်ထိတော့ ရပ်တည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."

"လာမယ့် လအတွက်လည်း ဒီလိုပဲ စီစဉ်လိုက်ရမှာလားဟင်???...

"ရှင့်ရဲ့ချစ်ဇနီး...."

:-D :-D :-D :-P :-P :-P :-D :-D :-D

ကိုမျိုး
©google
lwanmapyay.blogspot.com
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Please Take Time to Sharpen the Axe.....

Thursday, August 25, 2016
ထင်းခုတ်သမား တစ်ဦးဟာ သူဌေးဖြစ်သူရဲ့ အားပေး စကားကြောင့် နောက်ရက်ကစပြီး ထင်းတွေကို ကြိုးစားပမ်းစား ခုတ်တယ်.... ပထမနေ့မှာ ထင်းအရေအတွက် အတော်များများကို ခုတ်နိုင်ခဲ့တယ်...

ဒုတိယမြောက်နေ့မှာလည်း ပိုပြီးတော့တောင် ကြိုးစားပမ်းစား ခုတ်ခဲ့တယ်... ဒါပေမယ့် ပထမရက်လောက် ထင်းအရေအတွက်များများ မရခဲ့ဘူး...

ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ရက်ပေါင်းစွာ ဆထက်တံပိုး ကြိုးစားပြီး ထင်းတွေ ခုတ်လာခဲ့တယ်... ကြိုးစားသလောက်လည်း ရလာဒ်က ပိုပိုပြီး နည်းနည်းလာတယ်...

ဒီအခါ ထင်းခုတ်သမားက သံသယစိတ်ဝင်ပြီး... "ငါ့ခွန်အားတွေ ဆုံးရှုံးကုန်လို့ ဖြစ်ရမယ်..." ဆိုပြီး သူ့ကိုယ့်သူ ထင်မြင်ယူဆလိုက်တယ်...

နောက်တစ်နေ့ နံက်မှာ ထင်းခုတ်သမားဟာ သူဌေးဖြစ်သူထံသွားပြီး အဖြစ်အပျက်တွေ အားလုံးကို ပြောပြပြီး တောင်းပန်တယ်...

ဒီအခါ သူဌေးဖြစ်သူက... "မင်းရဲ့ ရဲတင်းကို မသွေးဖြစ်တာ ဘယ်လောက်ကြာပြီလဲကွ...?" လို့ ဆိုပြီး ထင်းခုတ်သမားကို မေးလိုက်တယ်...

ဒီအခါ ထင်းခုတ်သမားက... "ရဲတင်းသွေးဖို့ ဟုတ်လား သူဌေး...? ကျွန်တော့မှာ နေ့စဉ် ထင်းတွေကို ကြိုးစားပမ်းစားခုတ်ရင်း အလုပ်များနေလို့ ရဲတင်းသွေးဖို့တောင် အချိန် မရှိပါဘူးခင်ဗျာ...." ဆိုပြီး ပြန်ဖြေလိုက်လေ သတည်း...။

'Our lives are like that... We sometimes get so busy that we don't take time to sharpen the axe...!!!

:'( :'( :'( :-( :-( :-( :'( :'( :'(

ကိုမျိုး
©Teluguone/google
lwanmapyay.blogspot.com
 --------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ကြမ်းပြင် မခြောက်သေးလို့ပါ...

Thursday, August 25, 2016
ရဲစခန်းမှူးနဲ့ သူ့တပည့် စက်နဲ့စကားပြောနေသည်....

(တပည့်)... "မြို့ထဲမှာ အမျိုးသမီးတစ်ဦး သူ့ယောက်ျားကို ခုလေးတင် ပစ်သတ်လိုက်တယ် ဆရာ..."

(စခန်းမှူး)... "ဘာဖြစ်လို့ ပစ်သတ်တာလဲကွ...?"

(တပည့်)... "သူ ခုလေးတင် တိုက်ချွတ်ထားတဲ့ ကြမ်းပြင်ပေါ်ကို လမ်းတက်လျှောက်လို့တဲ့ ဆရာ..."

(စခန်းမှူး)... "ဒါဆို အဲဒီအမျိုးသမီးကို ဖမ်းပြီးပြီလား...?"

(တပည့်)... "ကြမ်းပြင် မခြောက်သေးလို့ မဖမ်းရသေးဘူး ဆရာ..."

:-D :-D :-D :-P :-P :-P :-D :-D :-P :-P :-P

ကိုမျိုး
©google
lwanmapyay.blogspot.com
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Who do you love more, Mum or Dad...?

Thursday, August 25, 2016
(အဖေ).... "ငါ့သား မင်းမာမီနဲ့ဒက်ဒီ ဘယ်သူ့ကို ပိုချစ်သလဲကွ?..."

(သား).... "နှစ်ယောက်စလုံးပါ"

(အဖေ).... "ကောင်းပြီလေ.... ဒါဆိုရင် ဒက်ဒီက စင်ကာပူကို အလည်သွားမယ်... မင်းမာမီက ဂျပန်ကို အလည်သွားမယ်ဆိုပါစို့ မင်းဘယ်နိုင်ငံကို ရွေးမလဲ?..."

(သား).... "ဂျပန်နိုင်ငံပါ..."

(အဖေ).... "ဒါဆို မင်းရဲ့မာမီကို ပိုပြီးချစ်တယ်လို့ ဆိုလိုချင်တာလား?..."

(သား)... "မဟုတ်ပါဘူး ဒက်ဒီ... သားက ဂျပန်နိုင်ငံကို သဘောကျလို့ပါ..."

(အဖေ).... "ဟုတ်ပါပြီကွာ... ဒါဆိုရင် ဒက်ဒီက ဂျပန်ကို သွားမယ်... ပြီတော့ မင်းမာမီက စင်ကာပူကို သွားမယ် ဆိုရင်ရောကွာ... မင်း ဘယ်နိုင်ငံကိုရွေးမလဲ???...."

(သား).... "စင်ကာပူပါ"

(အဖေ).... (ဒေါသထွက်တဲ့ လေသံနဲ့) "ဘာကွ!!! ဘာဖြစ်လို့???..."

(သား)... "ဘာဖြစ်လို့လဲဆိုတော့... သား အရင်တစ်ခေါက်က ဂျပန်နိုင်ငံကို ရောက်ဖူး သွားလို့ပါ...ဒက်ဒီ..."

:-P :-P :-P :-D :-D :-D :-P :-P :-P :-D :-D :-D

ကိုမျိုး
©google
lwanmapyay.blogspot.com
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

နာမည် မေ့နေလို့ပါ...

Thursday, August 25, 2016
လူတစ်ယောက်က အဖိုးအိုကို မေးတယ်... "အဖိုးက အသက် (၉၀) တောင် ကျော်နေပြီ အဖိုးရဲ့ဇနီးကို ခုချိန်ထိ 'ဒါလင်' 'ဟန်နီ' 'အချစ်ကလေး' လို့ ခေါ်တုန်းပဲနော်... အဲဒီ လျှို့ဝှက်ချက်လေး ပြောပြပါလား အဖိုး?..."

ဒီအခါ အဖိုးအိုက... "ဒီလိုပါကွယ်... လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး အဖိုး သူ့နာမည်ကို မေ့နေလို့ပါ... မေးလည်း မမေးရဲတော့လို့ပါကွယ်..."

:-D :-D :-D :-P :-P :-P :-D :-D :-D :-P :-P :-P

ကိုမျိုး
Pic@google
lwanmapyay.blogspot.com
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>
                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...