Loaris Trojan Remover 1.2.8.4 Final

ကျနော်တို့ရဲ့ ဝင်းဒိုးတွေထဲမှာ Trojan လို့ခေါ်တဲ့ စက်ကိုလေးအောင်၊ ဟမ်းအောင် လုပ်တတ်တဲ့ ဗိုင်းရပ်စ်တမျိုးကို ဒီ Loaris Trojan Remover လေးက ဖယ်ရှားပေးနိုင်ပါတယ်..။ ဒီကောင်လေးက နောက်ဆုံးထွက် Update လေး Loaris Trojan Remover 1.2.8.4 Final ဗါးရှင်းပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ crack ဖိုင်ထည့်ပြီးလို့ ဒီကောင်လေးကို အသုံးပြုတော့မယ်ဆိုရင်တော့ အင်တာနက်ကို ပိတ်ထားရမှာပါ..။ ဒါမှ ဒီကောင်လေးကို အသုံးပြုလို့ ရပါလိမ့်မယ်..။ သူ့ရဲ့ Data Base ကို လုံးဝ Update မလုပ်ပါနဲ့..။ အင်တာနက်ကနေ Update လုပ်လိုက်တာနဲ့ ဒီကောင်လေးကို အသုံးပြုလို့ မရနိုင်တော့ပါဘူး..။ ဒါကြောင့် အသုံးပြုတဲ့ အခါတိုင်း အင်တာနက်ကို ပိတ်ထားပြီးမှ ဒီကောင်လေးကို အသုံးပြုရမှာပါ..။ ဒီနောက်ဆုံးထွက်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 20.6 MB ရှိပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး အောက်မှာ ကျနော် စမ်းသုံးထားတာကို ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဒေါင်းလော့ မယူတတ်သေးလို့ Error တက်တယ်လို့ ပြောတဲ့ သူများနဲ့ ဒေါင်းယူလို့ အဆင်မပြေသေးတဲ့ သူများကတော့ ကျနော့် Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို အရင်ဖတ်ပေးပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။
Loaris Trojan Remover 1.2.8.4 Final
Install ထည့်ပြီးတာနဲ့ ပိစ်ပစ်လိုက်ပြီး crack ဖိုင်လေးကို ဖူးသုံးလို့ ရအောင် အရင်ထည့်ပေးလိုက်ပါ..။ အရင်ပိုစ့်တွေမှာ crack ထည့်နည်းနဲ့ အတူတူပဲမို့ ဒီမှာတော့ ပုံအနည်းငယ်ကိုပဲ ပြပေးထားပါတယ်..။



crack ထည့်ပြီးလို့ ဒီကောင်လေးကို အသုံးပြုတဲ့ အခါမှာ အင်တာနက်ကို ပိတ်ထားလို့ အောက်ကပုံအတိုင်း အရင်ပေါ်လာပါလိမ့်မယ်..။ ကြတ်ခြေခတ်နဲ့ ဖျက်ပစ်လိုက်ပြီး Full Scan နဲ့ အသုံးပြုလို့ ရသွားပါပြီ..။ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။







Scan ပြီးသွားတဲ့အခါမှာတော့ အပေါ်ကပုံအတိုင်း Remove selected ကိုနှိပ်ပြီး ဒီကောင်လေး ရှာထားတဲ့ Trojan ဗိုင်းရပ်စ်တွေကို ဖျက်ပစ်လိုက်လို့ ရသွားပါပြီ..။ အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် OK ပေးပြီး မိမိတို့ရဲ့ စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်ပွင့်လာရင်တော့ Trojan တွေ မရှိတော့တဲ့အတွက် အရင်ကထက် ပိုမို သွက်လက်မြန်ဆန်နေပါလိမ့်မယ်..။

အားလုံးပဲ အဆင်ပြေကြပါစေ..။
http://lwinminbo.blogspot.com/2013/05/loaris-trojan-remover-1284-final.html