ဆာလဖာ ဓါတ်မတည့်သူများ ရှောင်ကျဉ်စရာ
Health Updates Journal No. 89
Sulphonamide ပါဝင်သော ပဋိဇီဝပစ္စည်းများရှောင်ကျဉ်ရပါမယ်။ Septrinလို့ လူသိများတဲ့ Trimethoprin sulfamethoxa zole၊ Erythromycin – sulfisoxazole ဆေးတွေကို ရှောင်ရပါမယ်။
သွေးလေးဘက်နာရောဂါတစ်မျိုး ဖြစ်တဲ့ Rheumatoid arthritis၊ Crohn’s disease၊ Ulcerative colitis အူရောင်ရောဂါတွေမှာ အသုံးပြုသော sulfasalazine ဆေးကို ရှောင်ရပါမယ်။ လက်ပရိုစီ၊ အရေပြားရောဂါများနှင့် အဆုတ်ရောင် ရောဂါများအတွက်သုံးတဲ့ Dapsoneကိုလည်း ဆာလဖာ ဓါတ်မတည့်သူများ ရှောင်ရပါမယ်။
Sulphonamide ပါဝင်သော ပဋိဇီဝဆေးများကို ဓါတ်မတည့်သော်လည်း အခြား Sulphonamide ပါဝင်သောဆေးများကို ဓါတ်မတည့် ခြင်းအဖြစ်နည်းတာကြောင့် စမ်းသပ် သုံးစွဲကြည့်သင့်ပါတယ်။
ဆီးချို၊ သွေးချိုထိန်း ဆေးတွေ ဖြစ်တဲ့ glyburide၊ glimepride၊ အကိုက်အခဲ ပျောက်ဆေး Celecoxib၊ ခေါင်းတစ်ခြမ်းကိုက်လျှင်သုံးတဲ့Sumatriptan၊ ဆီးဆေး Furo semide နှင့် Chlorothiazide စတဲ့ ဆေးတွေကို အမှန်တကယ်သုံးဖို့ လိုအပ်လာတဲ့အခါ စမ်းသပ်သုံးစွဲကြည့်သင့်ပါတယ်။
အစားအစာတွေမှာပါတဲ့ ကြာရှည်ခံပစ္စည်း sulfite ဟာ ဓါတ်မတည့်ခြင်းကိုဖြစ်စေတဲ့ sulphonamide နှင့် မတူပါဘူး။ sulfite ပါတဲ့ ကဏန်း၊ ပုဇွန်၊ ၀ိုင်၊ အသီးခြောက်၊ လက်ဖက်ခြောက်၊ ၀က်အူချောင်း၊ သံပရာအချိုစတဲ့ အစားအစာတွေကို စိတ်ချလက်ချစားသုံးနိုင်ပါတယ်။
ဇော်ကို
Source:WebMD
Health Updates Journal
- (အရှေ့သို့) အသက်ရှည်စေမယ့် လက်ဖက်ရည် ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ Fujifilm X Pro1 Review - Digital Camera ကမ္ဘာ့ အကောင်းဆုံး အလှအပရေးရာနည်း ၁၃ သွယ်Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)
- (အနောကျသို့) Samsung Galaxy S3 I747 သမားများ UCUEMJ2 Android 4.3 Firmware နဲ့ Update လုပ်နိုင် ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ Fujifilm X Pro1 Review - Digital Camera ကမ္ဘာ့ အကောင်းဆုံး အလှအပရေးရာနည်း ၁၃ သွယ်Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)