လည်တိုင်လေး ဖြူဝင်းလှပအောင်
By မိုရ်မိုရ် (YUFEL)
သင်ဟာ မျက်နှာ တစ်ခုတည်းသာ အလေးပေးပြီး မျက်နှာအောက်က အသားအရေကို လျစ်လျူရှု ထားမိ ပါသလား။ လူတွေက တစ်ယောက်နဲ့ တစ်ယောက် စကား ပြောတဲ့အခါ မျက်နှာကိုသာ ကြည့်နေကြတာ မဟုတ်ပါဘူး၊ သင့် လည် ပင်း နေရာကိုလည်း ကြည့်မိရင် ကြည့်မိ ကြပါလိမ့် မယ်။ မျက်နှာအရောင်နဲ့ ကိုက်ညီတဲ့ လှပ သန့်ရှင်း တဲ့ လည်တိုင်လေး ပိုင်ဆိုင်ချင် ရင်တော့ ဖော်ပြ ထားတဲ့ လွယ်ကူတဲ့ နည်း လမ်းလေးတွေကို လုပ်ဆောင် ကြည့်လိုက်ပါ။
၁။ နွားနို့ဖြင့် ချေးချွတ်ခြင်း
အဆင့် (၁)- လည်ပင်းကို နွားနို့နဲ့ သန့်စင်ပါ။ နွားနို့က အသားအရေကို သန့်စင်ပေးပြီး ဖြူဝင်းစေပါတယ်။
အဆင့် (၂)- ထို့နောက် သံလွင်ဆီ၊ သကြားနှင့် ရှောက်ရည် အရောနှင့် ချေးချွတ်ပါ။
အဆင့် (၃)- ရေဖြင့် ဆေးကြောပြီး အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ။
အထက်ပါ နည်းကို နေ့တိုင်း လုပ်ဆောင်ရင် နှစ်ပတ်အတွင်း သိသာ လာပါလိမ့်မယ်။ လည်ပင်း ကို ချေးချွတ် ပြီးပြီးချင်း နေရောင်ထဲ မထွက်ပါနှင့်။ အသားအရေကို ပိုပျက်စီး စေပါတယ်။ နောက်ပိုင်း နေပူ ထဲ ထွက်တိုင်း လည်ပင်းကို နေရောင်ကာ ခရင်မ် လိမ်းပေးတာက လည်ပင်း မည်းခြင်းကို သက်သာစေပါ တယ်။
၂။ မုန့်ဖုတ်ဆော်ဒါကို အသုံးပြုခြင်း
မုန့်ဖုတ် ဆော်ဒါက သဘာဝချေး ချွတ်ဆေး ဖြစ်ပြီးတော့ လည်ပင်းပေါ်က အမည်းကွက်တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါ သုံးဆနဲ့ ရေတစ်ဆတို့ကို ခပ်ပျစ်ပျစ် ဖြစ်အောင်ရောပြီး လည်ပင်း မှာ လိမ်းပါ။ ခြောက်အောင် ထားပြီး ရေနှင့်ဆေးချပါ။ ဤနည်းကို တစ်ပတ်လျှင် နှစ်ကြိမ် လုပ်ဆောင်ပါ။
၃။ အသားအရေ ဖြူဝင်းလာစေဖို့ သခွားသီးကို သုံးပါ။
သခွားသီးမှာ အသားအရေ ချောမွေ့စေတဲ့ ဓာတ်တွေ ပါဝင်ပါ တယ်။ ဆဲလ် အသေတွေကို ဖယ်ရှားပေးပြီး အသားအရေကို တောက်ပ စေပါတယ်။
- သခွားသီး အရည်ကို လည်ပင်း တစ်ခုလုံးကို လိမ်းပြီး ချေးချွတ်ပါ။ (၁၀) မိနစ်လောက် ထားပြီး ရေဖြင့်ဆေးပါ။ ဤနည်းကို နေ့စဉ် လုပ်ဆောင် နိုင်ပါတယ်။
- နောက်တစ်နည်း ကတော့ သခွားသီး အရည်နဲ့ ရှောက်ရည်ကို အညီအမျှရောပြီး ၀ါဂွမ်းလုံးလေးတွေကို အသုံးပြုပြီး လိမ်းပါ။ (၁၀) မိနစ်လောက်ထားပြီး ရေဆေးပါ။
၎။ လိမ္မော်ခွံကို အသုံးပြုခြင်း
လိမ္မော်သီးမှာပါတဲ့ ဗီတာမင် စီဓာတ်က အသားအရေကို သန့်စင်ပေးပြီး ပိုပြီး ဖြူဝင်းစေပါတယ်။
အဆင့် (၁)- လိမ္မော်ခွံ အချို့ကို အခြောက်ခံပါ။ အခွံများကို ဒီအတိုင်းသာ အခြောက်ထားပါ၊ နေရောင်နဲ့ အခြောက်မခံပါနဲ့၊ ဗီတာမင် စီဓာတ် ဆုံးရှုံးနိုင်လို့ ဖြစ်ပါတယ်။
အဆင့် (၂)- ထိုလိမ္မော်ခွံခြောက်များကို အမှုန့်ကြိတ်ပါ။ ထိုအမှုန့်များကို နွားနို့နှင့် ခပ်ပျစ်ပျစ်ရောပါ။
အဆင့် (၃)- လည်ပင်းတွင် လိမ်းပြီး (၁၅-၂၀) မိနစ်လောက် အခြောက်ခံပါ။ ထို့နောက် ရေဖြင့်ဆေးပါ။
၅။ ရှားစောင်းလက်ပပ်ကို သုံးခြင်း
ရှားစောင်းလက်ပပ် အရွက်မှ အနှစ်တွေကို ယူပါ။ လည်ပင်းတွင် လိမ်းပြီး မိနစ် (၂၀) ထားထားပါ။ ထို့နောက် ရေဆေးပါ။ ဒီနည်းကို နေ့စဉ် လုပ်ဆောင်နိုင်ပါတယ်။
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) မပျော်နိုင်သူတို့ရဲ့ လက္ခဏာ (၇) ချက် ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်
- (အနောကျသို့) လူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်