၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ အခြေခံပညာသူငယ်တန်း ကျောင်းသား၊ ကျောင်းသူများ ပြဋ္ဌာန်းစာ အုပ်ဖြင့် စာသင်ရတော့မည်မဟုတ်ဟုဆို
၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စ၍ အခြေခံပညာ သူငယ်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူများ သည် ပြဋ္ဌာန်းစာအုပ်ဖြင့် စာသင် ရတော့မည် မဟုတ်ကြောင်း သိရသည်။
ယင်းကဲ့သို့ သူငယ်တန်းတွင် ကျောင်းသားများကိုင် ပြဋ္ဌာန်းစာအုပ်များဖြင့် သင်ကြားခြင်း မပြုလုပ်ရ သည်မှာ နိုင်ငံတကာပညာရေး စနစ်ဖြစ်သော ၁၂ တန်းပညာရေး စနစ်အရ သူငယ်တန်း အဆင့်တွင် ကျောင်းဝင်သက် ခြောက်နှစ်ဖြစ်သည့်အတွက် သူငယ်တန်း အဆင့်တွင် သင်ကြားသောသင်ရိုးသည် အသက်အရွယ်နှင့် လိုက်ဖက်မှု ရှိရန်အတွက်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
“၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ KG တန်းတိုးမှာ မဟုတ်ပါဘူး။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတိုးမှာ ပါ။ KG တန်းကို Grade မသတ်မှတ်ဘူး။ သူငယ်တန်းက Grade-1 ပထမတန်းက Grade-2 စသဖြင့် ပေါ့။ ၂၀၁၆-၂၀၁၇ မှာ သူငယ်တန်းကပြဋ္ဌာန်း စာအုပ်တွေနဲ့ စာသင်ရမှာ မဟုတ်တော့ဘူး။ ဆရာတွေ ဆီမှာပဲပြဋ္ဌာန်းစာအုပ် လက်စွဲပဲ ရှိတော့မယ်” ဟု အခြေခံပညာ ဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ် ဦးက ပြောကြားသည်။
အမျိုးသား ပညာရေးဥပဒေအရ အခြေခံပညာရေးကို ၁၂ တန်းအထိ ပြောင်းလဲ သတ်မှတ်မည်ဖြစ်သည့် အတွက် မူလတန်းအဆင့်တွင် တစ်တန်း တိုးမြှင့်ရန်အတွက် KG တန်းကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ရောက်ရှိမှသာ တိုးမြှင့်သတ်မှတ်မည်ဖြစ်ကြောင်း၊ KG တန်းသို့ တက်ရောက်ရ မည့်ကျောင်းသားတစ်ဦး၏ အသက်သည် ငါးနှစ်ဖြစ်ပြီး သူငယ်တန်းသို့တက်ရောက်ရမည့် ကျောင်းသား တစ်ဦးသည် ခြောက် နှစ်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
“ဒီနှစ်ကတော့ သူငယ်တန်းကို လက်ရှိအတိုင်းပဲ ဆက်သွားဦးမယ်။ ၁၂ တန်းကို အကောင်အထည် ဖော်ဖို့အတွက် ရှေးရှုပြီး KG တန်းကို တိုးလိုက်ရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ ပညာရေးစနစ်ကလဲ ၁၂ တန်းပဲဖြစ်တယ်။ ဒါကြောင့် ဆရာတို့နိုင်ငံကလဲ လိုက်ညှိ ယူရတာပေါ့။ အာဆီယံနိုင်ငံတွေ ထဲမှာလဲ ဆရာတို့တစ်နိုင်ငံပဲ ကျန်တယ်။ အားလုံးက ၁၂ တန်းကို လုပ်နေကြတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာ မူလတန်းကျောင်းပေါင်း သုံးသောင်းကျော် ရှိနေသည့်အ တွက် ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်တွင် KG တန်းတိုးမြှင့်မည် ဆိုပါက စာသင်ခန်းများ ထပ်မံလိုအပ် မည်ဖြစ်သည့်အတွက် စာသင်နှစ်တစ်နှစ်လျှင် စာသင်ခန်းပေါင်း ငါးသောင်းကျော်ကို ငါးနှစ်အတွင်း တိုးချဲ့နိုင်ရန် ဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။
KG တန်း တိုးမြှင့်မည်ဆိုပါက မူလတန်းသို့ စတင်ဝင်ရောက်မည့် ကျောင်းသားတစ်ဦး၏ အသက်သည် ငါးနှစ်ဖြစ်ပြီး မူလတန်းပြီးဆုံးပါက အသက် ၁၀ နှစ်သို့ရောက်ရှိ မည်ဖြစ်ပြီး အလယ်တန်း ပြီးဆုံးပါက ၁၄ နှစ်အထိ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
Democracy Today Daily
မေလ (၄) ရက်၊ ၂၀၁၅ ခုနှစ်

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ပညာရေးလောကမှာ ဘာ့ကြောင့် အမျိုးသားကျောင်းဆရာတွေ နည်းပါးနေရတာလဲ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)အစာချေရည်ဆန်တက် ရောဂါရှိသူများ အစာအိမ် ဖြတ်ထုတ်ရန်မသင့် မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်
- (အနောကျသို့) ကလေးတွေ ပြောရဲဆိုရဲ ဖြစ်လာစေဖို့ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)အစာချေရည်ဆန်တက် ရောဂါရှိသူများ အစာအိမ် ဖြတ်ထုတ်ရန်မသင့် မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်