Steve Job ရဲ့ ပန်းသီးမှာ ပဲ့နေတဲ့ တစ်ကိုက်နဲ့ သမီးလေး Lisa
Steve Job ဟာ နည်းပညာလောကမှာ ပြတ်ပြတ်သားသား အနိုင်ယူပြီး အောင်မြင်မှုတွေ ရရှိပေမယ့် သူ့ရဲ့ လူမှုရေး ကိုယ်ရေးကိုယ်တာ ဘဝကတော့ ရှုပ်ထွေးမှု အနည်းငယ် ရှိပါတယ်။ ယင်း ဖြစ်ရပ်ကို The bite in the Apple ဆိုတဲ့ အမည်နဲ့ စာအုပ်ကိုလည်း သူ့ရဲ့ ရည်းစားဟောင်းက ထုတ်ရေးခဲ့ပါသေးတယ်။ ဖြစ်ပုံက ဒီလိုပါ။
၁၉၇၂ ခုနှစ်မှာတုန်းက Steve Job ဟာ အသက် ၁၇ နှစ် အရွယ်ဖြစ်ပြီး ရွယ်တူ ကောင်မလေးဖြစ်သူ Chrisann Brennan နဲ့ ချစ်ကြိုက်ကြပါတယ်။ အထက်တန်းကျောင်းမှာ ဖြစ်ပါတယ်။ တက္ကသိုလ် တက်တော့လည်း ဆက်ချစ်ကြပေမယ့် ချစ်သူ သက်တမ်းငါးနှစ်ပြည့်ပြီးတဲ့အခါမှာ Steve Job ဟာ သူမကို လမ်းခွဲလိုက် ပါတယ်။ Brennan ဟာ ကိုယ်ဝန်ရှိပြီဖြစ်ကြောင်း တာဝန်ယူပေးပါလို့ ပြောတာကြောင့် လမ်းခွဲလိုက်ခြင်း ဖြစ်ပါတယ်။ Steve Job ဟာ သူနဲ့ ရတဲ့ ကလေးမဟုတ်ကြောင်း တာဝန် မယူနိုင်ကြောင်း ပြောပြီး လမ်းခွဲခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတော့ Brennan ဟာ သမီးလေး Lisa ကို တစ်ယောက်တည်း မွေးရပါတော့တယ်။ သမီးလေး Lisa ကို သူ့သမီးမဟုတ်ဘူးလို့ လက်တွေ့မှာ ငြင်း ခဲ့ပေမယ့် Steve Job ဟာ ပစ်မထားနိုင်ပါဘူး။ Apple ကုမ္ဗဏီ စတင်ဖွံဖြိုးတိုးတက်စအချိန် ဝင်ငွေ အတော်အသင့်ရှိလာတော့ Brennan နဲ့ သမီးလေး နေဖို့ အမေရိကန်ဒေါ်လာ ၄သောင်းတန် အိမ်နဲ့ ကား နှစ်စီးကို ပေးပါတယ်။ Lisa ကို အမည်စွဲပြီးတော့ Lisa အမည်ရ ကွန်ပြူတာကိုလည်း ထုတ်ခဲ့ ပါသေးတယ်။
နောက်တော့ စတိဗ့်ဂျော့ဟာ Laurene Powell လို့ အမည်ရတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး သားသမီး ၃ ဦးတောင် ထွန်းကားပါတယ်။ ဒါပေမယ့် Lisa ဟာ သူ့ရဲ့ သမီးကြီး အဖြစ်နဲ့ပါ။ ၂၀၀၅ ခုနှစ် Apple အနေနဲ့ iPod ကို စတင်မိတ်ဆက်လိုက်တဲ့အချိန် Apple ကုမ္ဗဏီဟာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ဗဏီဖြစ်သွား ပါတယ်။ Steve Job ဟာလည်း ဘီလျံနာ ဖြစ်သွားပါတယ်။ အဲ့အချိန်ရောက်တဲ့အခါ ရည်းစားဟောင်းဖြစ်သူ Brennan ဟာ ငွေကြေး အဆင်မပြေကြောင်း၊ ကလေးကိုလည်း ခက်ခဲတဲ့ ဘဝမှာ မွေးခဲ့ရကြောင်း ယင်း အခက်အခဲနဲ့ နာကျင်မှုများအတွက် ဖြေသိမ့်ရန် အမေရိကန်ဒေါ်လာ သန်း ၃၀ ထောက်ပံ့စေလိုကြောင်း ဆက်သွယ်ပြောဆိုခဲ့ပါတယ်။ ၂၅ သန်းက သူမအတွက် ဖြစ်ပြီး ၅ သန်းက သမီးလေး Lisa အတွက်ဖြစ်ကြောင်း ဆိုပါတယ်။ Steve Job အနေနဲ့ Lisa ကို ဟားဗက် တက္ကသိုလ်တက်တော့ မှပဲ ကျောင်းစရိတ်ကို ထောက်ပံ့ပါတယ်။ ဒီတော့ အရင်က မိခင်ဖြစ်သူက ပင်ပန်းစွာ ကျွေးမွေးခဲ့ရကြောင်း ဆိုပါတယ်။
၂၀၀၅ ပြီးတော့ သက္ကရာဇ် ၂၀၀၉ ခုနှစ် အရောက်မှာလည်း အီးမေးလ် နောက်တစ်စောင်ပို့ပြီးတော့ ထပ်တောင်းပါတယ်။ ဒေါ်လာ ၁သောင်းလောက် လအနည်းငယ်စာ ထောက်ပံ့ပေးပါပေါ့။ အတော်လေး ဆင်းရဲနေပြီဖြစ်ကြောင်း Brennan က ဆိုပါတယ်။ ဘာကြောင့်မို့ Steve Job ဟာ မပေးတာလည်းလို့ စိတ်ဝင်စားကြပါတယ်။ မီဒီယာတွေအပေါ် သူပြန်ဖြေတဲ့စကားကတော့ Blackmail တွေကို သူ ပြန်မဖြေပါလို့ ဆိုပါတယ်။ Blackmail ဆိုတာ ခြိမ်းခြောက်ငွေတောင်းတဲ့ ငွေလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ စတိဗ့်ဂျော့ အနေနဲ့ အခြိမ်းခြောက်ခံရသလို ခံစားရတာကြောင့် သူ့အနေနဲ့ Brennan ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။
လူတွေထူးဆန်းစွာမေးခွန်းထုတ်တာက ဘာကြောင့်မို့ ရည်းစားဟောင်းဖြစ်သူ Brennan က တရားဆွဲပြီးငွေမတောင်းတာလဲပေါ့။ စတိဗ့်ဂျော့အနေနဲ့လည်း လုံးဝ ဂရုမစိုက်တာ မဟုတ်ပဲ ကြာကြာတစ်ခါ သမီးလေး Lisa ကို သွားရောက် ကြည့်ရှုရှာပါတယ်။ စတိဗ့်ဂျော့ ကွယ်လွန်တဲ့ ၂၀၁၁ ခုနှစ်မှာလည်း သူ့ဘေးမှာ သမီး Lisa ဟာ ရှိနေခဲ့ ပါတယ်။ Steve Job ဟာ ကင်ဆာနဲ့ ကွယ်လွန်ခဲ့တာပါ။ Lisa ကတော့ ယနေ့မှာ အသက် ၃၀ ကျော်ပြီး အိမ်ထောင်ကျနေပါပြီ။ ရည်းစားဟောင်း Brennan ကတော့ ယခု အသက် ၆၀ ကျော်သွားပါတယ်။ Lisa ရဲ့ အမေ ဖြစ်ပါတယ်။ Steve Job ကွယ်လွန်တော့ Brennan ဟာလည်း စာအုပ်တစ်အုပ်ထုပ်ပါတယ်။ The Bite in the Apple လို့ အမည်ရ ပါတယ်။ သမူ အနေနဲ့ စတိဗ်ဂျော့ဟာ ရက်စက်တတ်သူ တစ်ယောက်အဖြစ် ရှုမြင်ပြီး သူမဟာ Steve ရဲ့ ရက်စက်မှုကို ခံရတဲ့ သားကောင် တစ်ကောင်ပမာ သဘောထားပြီး စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ ယခု ထွက်ရှိမယ့်Steve Job ရုပ်ရှင်အသစ်မှာလည်း Steve Job ရဲ့ အချစ်ဇာတ်လမ်းကို အတော်လေးထည့်သွင်း ဖော်ပြ ပေးထား ပါတယ်။
ဒီတော့ လေ့လာသိရှိလိုက်ရတာကဗျာ။ Steve Job ဟာ ရက်စက်တတ်တဲ့သူလားပေါ့။ အဲ့လိုပြောရင်လည်း မှားနိုင်ပါတယ်။ သူ့သမီးကို ချစ်တဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် Brennan ကို မချစ်ဘူးလားပေါ့။ အထိုက်အလျောက် ရက်စက်တတ်သူ ဖြစ်ပါလိမ့်မယ်။ သူ့လိုပဲ စမတ်ကျပြီး ကမ္ဘာကျော် အောင်မြင်တဲ့ သူအချို့ဟာ နောက်ကွယ်မှာ ရှုပ်ထွေးတဲ့ လူမှုရေး ပြဿနာတွေ ရှိနေတတ်ပါတယ်။ လူတိုင်းတော့ မဟုတ်ပါဘူး။ မတ်ဇူကာဘတ်တို့ အတွဲဆိုရင် အတော်လေး ရိုးရှင်းပြီး ကြည်နူး ဖွယ် ကောင်းပါတယ်။ ဒီတော့ Steve Job ဟာ Morality အရ ကြည့်မယ်ဆိုရင် ကောင်းတဲ့ သူတစ်ယောက် လား၊ ကြိုးစားဖို့ လိုနေသေးတဲ့ သူတစ်ယောက်လား ဆိုတာကို လေ့လာကြည့်ဖို့အတွက် ကိုယ်သာ သူ့နေရာမှာဆို ဘယ်လိုဖြေရှင်းမလဲလို့ အတွေးတွေ ဝင်နေမိ ပါတယ်။
Dailymail
အောင်ခမ်း (MMAS)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
- (အရှေ့သို့) Sony Z2 & Z3 ရဲ့ Lollipop version 5.0.2 ကို အလွယ်တကူ Root လုပ်ကြမယ် Acer Aspire E1-510P-2671 Laptop Review အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်း
- (အနောကျသို့) Lollipop Firmware ( 5.0.1 ) For Samsung SM-N915F Acer Aspire E1-510P-2671 Laptop Review အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်း