True love.....
တစ်ခါတုန်းက... ရွာတစ်ရွာမှာ အလွန်ဆင်းရဲ နွမ်းပါးတဲ့ ဇနီးမောင်နှံနှစ်ဦး နေထိုင်ကြတယ်...
တနေ့မှာတော့... ဇနီးသည်ဟာ သူမရဲ့ ဆံပင်တွေ အရမ်းရှည်နေပြီး ရှုပ်ထွေး နေလို့ ခင်ပွန်းဖြစ်သူကို ခေါင်းဖြီးဘီး တစ်ချောင်း ဝယ်ခိုင်းတယ်...
ဒီအချိန်မှာ ဇနီးသည်ထံက စကားကို ကြားလိုက်တဲ့ ခင်ပွန်းဖြစ်သူဟာ စိတ်ထိခိုက်သွားပြီး... သူမအတွက် ခေါင်းဖြီးဘီး ဝယ်ဖို့ အဆင်မပြေတဲ့ အကြောင်း .... မကြာခင်က ပျက်သွားတဲ့ သူ့ရဲ့ နာရီကြိုးလေး ပြင်ဖို့အတွက်တောင် ငွေကြေး အလုံအလောက် မရှိတဲ့ အကြောင်း ဇနီးသည်ကို ပြောဆို ရှင်းပြ လိုက်တယ်...
ဇနီးဖြစ်သူကလည်း သူမ လိုချင်တဲ့ ပစ္စည်း အတွက် ခင်ပွန်းသည်ကို ဆက်ပြီး အတင်းအကျပ် မတောင်းဆိုတော့ဘူး...
ဒီလိုနဲ့.....
တစ်နေ့... ခင်ပွန်းဖြစ်သူဟာ အလုပ်ကို သွားနေရင်း လမ်းဘေးက နာရီဆိုင် တစ်ဆိုင်မှာ သူ့နာရီကြိုး အပျက်လေးကို စျေးပေါပေါနဲ့ ရောင်းလိုက်တယ်... ပြီးတော့ ဇနီးသည်အတွက် ခေါင်းဖြီးဘီး တစ်ချောင်း ဝယ်လိုက်တယ်...
ခင်ပွန်းသည်ဟာ ညနေပိုင်း အလုပ်ပြီးလို့ အိမ်ကိုပြန်လာတယ်... ဇနီးသည်ကို ပေးဖို့အတွက် လက်ထဲမှာလည်း ဘီးအသစ်လေးကို အဆင်သင့် ကိုင်လာတယ်...
ဒီလိုနဲ့... အိမ်ရောက်တဲ့အခါ ဇနီးဖြစ်သူ ဆံပင်အတိုနဲ့ ဖြစ်နေတာကို မြင်လိုက်တော့ သူ အရမ်း အံ့အားသင့် သွားတယ်... အရမ်းလည်း စိတ်ထိခိုက်သွားတယ်... ဇနီးသည်ရဲ့ လက်ထဲမှာ နာရီကြိုး အသစ်လေး တစ်ချောင်း ကိုင်ထား တာကိုလည်း တွေ့လိုက်တယ်...
ဇနီးဖြစ်သူဟာ ခင်ပွန်းသည်အတွက် နာရီကြိုး အသစ်တချောင်း ဝယ်ပေးဖို့ ငွေလိုနေတဲ့အတွက် သူမ အလွန်နှစ်သက်တဲ့ ဆံပင်တွေကို ဖြတ်ပြီး ရောင်း ချခဲ့တာပါ...
နောက်ဆုံးတော့ ဇနီးမောင်နှံ နှစ်ဦးဟာ...
သူတို့အကြား တစ်ဦးရဲ့ဆန္ဒကို တစ်ဦးက အပြန်အလှန် ဖြည့်ဆည်းပေးတဲ့ လုပ်ရပ်လေးတွေကို ကြည့်ပြီး မျက်ဝန်းကိုယ်စီမှ မျက်ရည်များ စဉ်ဆက်မပြတ် စီးဆင်း လျက်..........။
အချစ်ဆိုတာ....
"ကိုယ်ချစ်"တော့ 'ဗလာ'...
"သူချစ်"တော့ 'တစ်စုံတရာ'...
"နှစ်ခု"ပေါင်းတော့ 'အရာအရာ'... ဖြစ်ပါသတဲ့....။
စစ်မှန်တဲ့ အချစ်နဲ့ အေးအတူ ပူအမျှ သက်ဆုံးတိုင်အောင် အပြန်အလှန် ချစ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်......
To love + To be loved = Everything...!
ref:internet/google
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း
- (အရှေ့သို့) iDevice users များအတွက် အင်တာနက် စာမျက်နှာပေါ်က စာသားတွေနဲ့ Camera roll/Photo app ထဲက ဓာတ်ပုံတွေကို PDF files အဖြစ် ပြုလုပ် သိမ်းဆည်းနည်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta) မမြင်ရသော ဆေးဝါးများ Acer Aspire E1-510P-2671 Laptop Review ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...
- (အနောက်သို့) Never lie to a woman... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta) မမြင်ရသော ဆေးဝါးများ Acer Aspire E1-510P-2671 Laptop Review ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...