ဝတဲ့သူတွေ ပြိုင်တဲ့ ၀ယဉ်ကျေးမယ် ပြိုင်ပွဲ

By အသင်အောင် ခန္ဓာကိုယ် အချိုးအစား လှပသူတွေ ကတော့ လှယဉ်ကျေးမယ် ပြိုင်ပွဲကို ၀င်ရောက် ဆင်နွှဲ တတ်ကြ ပါတယ်။ ဒါပေမဲ့ အ၀ လွန်သူတွေ အတွက် ကတော့ ၀င်ရောက် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲ မရှိသလောက် ရှားပါးပါတယ်။ ဒီပြဿနာကို ပြေလည်စေဖို့ ဗြိတိန်မှာ အ၀လွန်တဲ့ သူတွေသာ ၀င်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အလှမယ်ပြိုင်ပွဲ တစ်ခု ကို ကျင်းပ ပြုလုပ်ခဲ့ပါ တယ်။ ဒီပြိုင်ပွဲကို အခြား အလှမယ်ပြိုင်ပွဲတွေလို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ စုစုပေါင်း ပြိုင်ပွဲ ၀င် (၃၀) ဦးရှိပြီး Size ၁၄ ကနေ ၂၆ အထိ ရှိသူတွေသာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရှိပါတယ်။ ပြိုင်ပွဲကို အဆင့်ဆင့် ကျင်းပပြီး ညနေခင်း ၀တ်စုံ ၀တ်ဆင် ခြင်း၊ ရေကူးဝတ်စုံ ၀တ်ဆင်ခြင်းစတဲ့ အရာတွေ ကိုလည်း ပြုလုပ်ရပါတယ်။ ပြိုင်ပွဲရဲ့ အလှမယ် ဆုကိုတော့ အသက် (၂၄)နှစ် အရွယ် အီမီလီဘလိတ်က ရရှိသွားခဲ့ပါတယ်။ Size ၁၆ ရှိတဲ့ အီမလီဘလိတ်ဟာ ဆွဲဆောင်မှု အားကောင်းခဲ့ပြီး အ၀ါရောင် ရေကူးဝတ်စုံနဲ့ လမ်းလျှောက်ခဲ့ရာမှာ လက်ခုပ်သံတွေ ရယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးဖိုင်နယ်မှာ အီမီလီဘလိတ်ဟာ အနီရောင်ဝတ်စုံနဲ့ လှသွေးကြွယ်ခဲ့ပြီး အလှမယ်ဆုကိုရခဲ့လို့ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ အီမီလီဘလိတ်က အိပ်မက်လိ...