သွားကိုက်ခြင်းအတွက် သဘာဝဆေးနည်းများ
သွားနာ၊ သွားကိုက်ခြင်းများနဲ့ ပတ်သက်ပြီး သဘာဝဆေးနည်း များကို မကြာခဏ တောင်းဆို လာကြသူများ အတွက် မျှဝေပေးလိုက် ပါတယ်။ (၁) တမာရွက်ကို ကျွမ်းအောင်လှော်၍ အမှုန့် ကြိတ်ပြီး ဆား အနည်းငယ်နှင့်အတူ သွား တိုက်ပေးသော် သွားကိုက်၊ သွားနာစတဲ့ သွားရော ဂါများ ကင်းဝေးစေ၍ သွားများကို ပိုမိုခိုင်မာ လာစေပြီး ဖြူစင်စေပါသည်။ (၂) သွားအတွက် အကောင်းဆုံးဆေးပင်မှာ ဒန္တသုခပင် ဖြစ်ပါသည်။ ဒန္တသုခပင်၏ ပဉ္စငါးပါးပြုတ်ရည်ကို ငုံပေးခြင်း၊ ပဉ္စငါးပါးကို ပြာချ၍ ၄င်းပြာဖြင့် သွားဖုံး၊ သွားကြားတို့ကို သိပ်ပေးခြင်း၊ ဒန္တသုခပင်၏ အမြစ်ကို အစိမ်းအတိုင်း ကြိတ်၍ သွားကြားကို သိပ်ပေးခြင်းတို့ဖြင့် သွားများကို ခိုင်မာစေ၍ သွားနာ၊ သွားကိုက်ခြင်း များကို သက်သာပျောက်ကင်းစေပါသည်။ (၃) နန်းလုံးကြိုင်ပင်၏ အခေါက်ကို ရေ ၃ခွက် ၁ခွက်ကျို၍ ၄င်းရေဖြင့် ပလုတ်ကျင်းခြင်း၊ ငုံခြင်းများ ပြု လုပ်ပေး ပါက သွားနာ၊ သွားကိုက်၊ သွားကျင်၊ သွားဖုံးရောင်ခြင်းများ ပျောက်ကင်းစေပါသည်။ (၄) ကစော့ခါးသီးပင်၏ အမြစ်ကို သွေး၍ သိပ်ပေးခြင်း၊ အမြစ်ကို အမှုန့်ကြိတ်၍ မှိုင်းတိုက်ကာ အခိုးအငွေ့ ကို ရှုခြင်းတို့ဖြင့် သွားကိုက်၊ သွားကျင်၊ သွားပိုးစား စသည့် သွားရောဂါများကို သ...